စိတ်ဖိစီးမှု များတာက အမျိုးအစား – ၂ ဆီးချိုရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကြောင့် သွေးတွင်းသကြားဓာတ် မကျစေဖို့ဆိုရင် စိတ်ကို အနားပေးတဲ့အနေနဲ့ လမ်းလျှောက်ပါ။ ဒီလို လမ်းလျှောက်ပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ ဆီးချိုရှိပေမယ့်လည်း ကျန်းမာပျော်ရွှင်နေစေဖို့ လမ်းပုံမှန် လျှောက်ပေးပါ။
လေ့ကျင့်ခန်း လုပ်တာက ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေတာမျိုး မရှိဘူးဆိုရင်တော့ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အိပ်ရေးမဝတာကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
- နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေ နည်းစေတယ်
ဆီးချို ရှိသူတွေက သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ မျက်လုံး၊ ခြေဖဝါး၊ ကျောက်ကပ် ပြဿနာတွေပါ။ အာရုံကြောတွေလည်း ပျက်စီးစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ လမ်းလျှောက်တာတွေက အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်မအာင် ကာကွယ်ပေးနိုင်ပါတယ်။
- အင်ဆူလင် တုံ့ပြန်မှု ကောင်းစေတယ်
ဆီးချို ရှိသူတွေက တင်ဆူလင် တုံ့ပြန်မှု အားနည်းတတ်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် လမ်းလျှောက်ပေးတာက အကောင်းဆုံး နည်းလမ်းပါ။ ဒါကြောင့် အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ဆိုရင် လမ်းလျှောက်ပေးပါ။
တစ်နေ့တာမှာ လမ်းဘယ်လောက်ထိ လျှောက်ပေးရမလဲ
ဆီးချို ရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် တစ်နေ့တာကို မိနစ် ၃၀၊ တစ်ပတ်ကို ၅ ကြိမ် လျှောက်ပါ။ တစ်ဆက်တည်း မိနစ် ၃၀ မလျှောက်ဖြစ်ဘူးဆိုရင် တစ်ခါကို ၁၀ မိနစ်နှုန်းနဲ့ ၃ကြိမ် ခွဲလျှောက်တာ၊ ၁၅ မိနစ် ၂ ကြိမ် လျှောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ လမ်းလျှောက်တဲ့အခါ ခပ်သွက်သွက်လေး လျှောက်ပေးပါ။ လမ်းလျှောက်ပြီး မိနစ်အနည်းငယ်ကြာရင် ချွေးစို့လာရပါမယ်။ ပြင်ညီထက် ကုန်းတွေမှာ လျှောက်ပေးပါ။ ဒါမှ လေ့ကျင့်ခန်းလုပ်သလို အကျိုးကျေးဇူးရမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။