အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ ကိုက်လန်ကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုက်လန်ရွက်ကြော်ကို စားပေးတာကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် နည်းလမ်း တစ်ရပ်ပါ။ နောက်တစ်ချက် ကိုက်လန်မှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကလည်း အဆာခံနိုင်စေပြီး ခဏခဏ မစားမိအောင် ကူညီပေးသလို အမျှင်ဓာတ် ပါဝင်နေတာကြောင့်လည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ဆိုရင် ကိုက်လန်ရွက် စားပေးလို့ ရပါတယ်။
ဝိတ်ကျစေဖို့ အများဆုံး စားကြတဲ့ ဟင်းနုနွယ်က သံဓာတ်ကို ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်က အပေါ်မှာ ပြောခဲ့သလို သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဗီတာမင် A၊ C၊ E၊ Kနဲ့ ဖောလိတ်၊ သံဓာတ်၊ ကော့ပါး၊ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
နှမ်းစေ့က ခါးသက်သက် အရသာ ရှိတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် နှမ်းကို စားသုံးပေးတာကလည်း သွေးချိုကို ထိန်းညှိပေးနိုင်တဲ့ အစားအစာ တစ်မျိုးပါ။ နှမ်းစေ့ မစားချင်ဘူးဆိုရင်လည်း နှမ်းဆီကို စားပေးလို့ ရပါတယ်။
ကဲ …. သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ဆိုရင် အခုပြောခဲ့တာလေးတွေထဲက စိတ်ကြိုက်ဖြစ်တဲ့ အစားအစာလေးတွေကို နေ့စဉ် စားသုံးမှုလေးထဲမှာ ထည့်စားသုံးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။