backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား

ဆီးချိုလို့ ပြောလိုက်ရင် လူတိုင်းတော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရင်လောက်တော့ မစိမ်းတော့ဘူးပေါ့။ ဆီးချိုရောဂါ ဆိုတာကို မစိမ်းတော့ပေမယ့် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားတာ အားလုံး မှန်တယ်လို့တော့ မဆိုလိုပါဘူး။ ဒီတော့ ကိုယ်တိုင်မှာ သိထားတဲ့ ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပြီး သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိနေတာပါ။ စားလိုက်တဲ့အစားအစာတွေထဲက ကစီဓာတ်တွေနဲ့ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲရာမှာ ထိခိုက်မှု ရှိနေတဲ့ အခြေအနေ တစ်ရပ်ပါ။

ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား

ကဲ …… ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား ဆိုတာ ဆန်းစစ်ကြည့်လိုက်စို့နော်။

# ဆီးချိုဆိုတာက အချိုစားလို့ ဖြစ်တာ

ဆီးချိုဆိုတာ အချိုစားလို့ ဖြစ်တာမျိုး မဟုတ်ပါဘူး။ ဆီးချိုဖြစ်စေနိုင်တဲ့ အကြောင်းအရာက စားသောက်မှုပုံစံ တစ်ခုထဲကြောင့် မဟုတ်ပါဘူး။ မျိုးရိုးလိုက်တာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ စိတ်ဖိစီးမှု များတာလိုမျိုး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

# ဆီးချိုဆိုတာက တစ်မျိုးပဲ ရှိတာလား

ဆီးချိုဆိုတာက တစ်မျိုးပဲ ရှိတာမျိုး မဟုတ်ပါဘူး။ ဆီးချိုဆိုတဲ့နေရာမှာ

# ဆီးချိုရှိရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ဆီးချိုမှာလည်း အခြားရောဂါတွေလိုပဲ အစပျိုး လက္ခဏာတွေ ရှိပါတယ်။ လက္ခဏာတွေအနေနဲ့

  • ဆီးခဏခဏ သွားတာ
  • ရေအရမ်းဆာတာ
  • အစားပြည့်ပြည့်ဝဝ စားထားပါရက် ခဏခဏ ဗိုက်ဆာတာ
  • ပြင်းပြင်းထန်ထန် ခြေကုန် လက်ပမ်းကျတာ
  • အမြင်အာရုံတွေ ဝါးတာ
  • အနာကျက်နှေးတာ
  • အစားတွေ ပိုစားပါရက် ကိုယ်အလေးချိန် ကျလာတာ
  • ခြေလက်တွေ ထုံကျဉ်တာ၊ အာရုံသိ မရှိတာ

# ဆီးချိုက ကုသ ပျောက်ကင်းနိုင်တယ်

ဆီးချိုက နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်ပြီး အခုထိ ဆီးချိုကို ကုသပျောက်ကင်းစေနိုင်တဲ့ ကုထုံး မရှိသေးပါဘူး။ ဒါပေမယ့် ဆေးဝါးတွေ၊ မှန်ကန်နေထိုင်ပုံတွေနဲ့ဆိုရင်တော့ ဆီးချိုရောဂါကို ထိန်းထားနိုင်ပါတယ်။

# ဆီးချိုက ဘယ်သူတွေမှာ ဖြစ်နိုင်လဲ

ဆီးချိုက လူတိုင်းလိုလိုမှာ ဖြစ်နိုင်ပေမယ့် အခုလို လူတွေမှာတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ဆီးချိုအကြို လက္ခဏာ ခံစားနေရသူတွေ
  • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေသူတွေ
  • အသက် ၄၅ နှစ် အထက် ရှိသူတွေ
  • ဆီးချိုရှိတဲ့ မျိုးရိုးရှိရင်
  • အထိုင်များတဲ့သူတွေ
  • ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်ဖူးရင်
  • ဆေးလိပ်သောက်ရင် စတာတွေပါ။
  • # ဆီးချိုရဲ့ နောက်ဆက်တွဲ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ

    ဆီးချိုရောဂါကို အချိန်ကြာမြင့်စွာ ခံစားလာရတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့

    • အမြင်အာရုံ ထိခိုက်တာ
    • ရုတ်တရက် နှလုံးရပ်တာ
    • လေဖြတ်တာ
    • ကျောက်ကပ် ထိခိုက်တာ
    • ခြေလက်တွေ ထုံကျဉ်တာ
    • ဝမ်းချုပ်တာ
    • သွေးကြောလေးတွေ ပျက်စီးတာ
    • အာရုံကြောလေးတွေ ပျက်စီးတာ
    • သွေးမစီးဆင်းနိုင်တာကြောင့် ခြေထောက်ပုပ်တာတွေ ဖြစ်နိုင်ပါတယ်။
    • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Aye Thi Mon


      Aye Thi Mon မှ ရေးသားသည်။ · 10/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement