ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

အတက်ရောဂါ

သင့်တွင်အတက်ရောဂါရှိပါက ဘယ်လိုတက်တက်ကြွကြွနေထိုင်မလဲ။

ယေဘုယျအားဖြင့်ဆိုရလျှင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက်ကောင်းပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကြံ့ခိုင်မှု ၊ စွမ်းအင်များနဲ့ စိတ်ဓါတ်အင်အားများကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုများကို သက်သာစေပါတယ် ။ ဒါ့အပြင် အတက်ရောဂါများနဲ့တက်ခြင်းရဲ့ဆိုးကျိုးများမှသက်သာစေပြီး တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကိုကောင်းစေပါတယ်။ တက်ခြင်းနှင့် လေ့ကျင့်ခန်းများ ။ လေ့လာမှုတွေအရ အတက်ရောဂါရှိတဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာတက်တာကို တွေ့ရခဲပါတယ် ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ဦးနှောက်ထဲရှိ တက်စေတာကို ထိန်းချုပ်နိုင်ကြပါတယ် ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ EEG ပေါ်တွင် ပုံမမှ်ခြင်းများဟာသိသိသာသာလျော့နည်းလာပြီး တက်စေတာကို လျော့နည်းစေပါတယ် ။ ခန္ဓါကိုယ်နှင့် စိတ်ဓါတ်ကြံ့ခိုင်မှုများဟာ တက်ခြင်းကို လျော့နည်းစေပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာသင့်ကိုနေထိုင်ကောင်းစေပြီး တက်ခြင်းကိုထိန်းချုပ်ရာတွင်တိုးတက်လာစေပါတယ် ။ အလားတူပင် တက်ခြင်းရဲ့ဆိုးကျိုးများဖြစ်တဲ့ကြွက်သားများနာကျင်ခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများမှလည်း သက်သာစေပါတယ် ။ လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါတွေဖြစ်တဲ့ နှလုံးနှင့်သွေးလမ်းကြောင်းရောဂါများ ၊ ဆီးချိုသွေးချို နှင့် […]


အတက်ရောဂါ

တက်ခြင်းမှကာကွယ်ပေးနိုင်သော ဦးနှောက်လေ့ကျင့်ခန်းများ

တက်တဲ့ကိစ္စတွေကမိနစ်အနည်းငယ်အတွင်းမှာပင် ဖြစ်ပွားနိုင်ပါတယ် ။ ဒါကြောင့် တက်ခြင်းကိုထိန်းချုပ်ရန်နှင့် ကာကွယ်ရန်နည်းလမ်းတွေကို သိထားဖို့လိုပါတယ် ။ ဦးနှောက်ကိုလေ့ကျင့်ပေးခြင်းနဲ့အသက်ရှူလေ့ကျင့်ခန်းတွေဟာ သင့်ကိုတက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ် ။ ၁ ။ အသက်ရှူနည်း ။ တက်ခြင်းစပြီးဖြစ်ပွားလျှင် တက်ခြင်းမှာကာကွယ်ရန် အသက်ရှူနည်းဟာ အရေးကြီးပါတယ် ။ လူနာတွေဟာ အသက်ရှူခြင်းကို ထိန်းချုပ်ခြင်းဖြင့် ရောဂါမှသက်သာလာနိုင်ပြီး သဘာဝနည်းအတိုင်း တက်ခြင်းကို ရပ်တန့်နိုင်မှာဖြစ်ပါတယ် ။ သင့်ရဲ့ခန္ဓါကိုယ် သို့ စိတ်ထဲတွင်တစ်ခုခုမှားယွင်းနေသည်သို့မဟုတ်တစ်ခုခုကြောင့်တက်တော့မယ်လို့ခံစားနေရလျှင် လေ့ကျင့်ခန်းတွေကို စလုပ်သင့်ပါပြီ ။ ဖြစ်နိုင်မယ်ဆိုရင် အရင်ဆုံး ထိုင်ဖို့သက်တောင့်သက်သာရှိစေတဲ့နေရာကို အရင်ဆုံးရှာရပါမယ် ။ ထို့နောက်လေကို မှန်မှန်နဲ့ပြင်းပြင်းနှာခေါင်းမှတစ်ဆင့်ရှူသွင်းရပါမယ် ။ သင့်ရဲ့ရင်ဘတ်ကြွက်သားတွေကိုအသုံးပြုပြီး ခပ်မြန်မြန်နဲ့ခပ်ပြင်းပြင်းအသက်ရှူခြင်းအစား ခပ်တိုတိုနဲ့နည်းနည်းခြင်းစီပဲအသက်ရှူခြင်းဟာလည်း အသုံးဝင်ပါတယ် ။ အသက်ရှူသွင်းပြီးတဲ့အခါမှာ အနားယူ၍ တခါအသက်ရှူထုတ်တိုင်း ၃ စက္ကန့် မှ၄ စက္ကန့်အထိရေတွက်ရပါမယ် ။ ဒီလိုလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာအသက်ကို မှန်မှန်ပဲရှူနေရပါမယ် ။ အရေးအကြီးဆုံးအချက်ကတော့ အများကြီး […]


အတက်ရောဂါ

အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများ

အတက်ရောဂါဆိုတာ ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှု ပျက်စီးတဲ့အခါ ဖြစ်တတ်တဲ့ ဦးနှောက်မူမမှန် လက္ခဏာရပ်ဖြစ်ပါတယ်။ ဒီရောဂါဟာ လူတစ်ယောက်ကို လဲကျစေ, ကတုန်ကယင်ဖြစ်စေပြီး လက်ရှိဘာဖြစ်နေလဲဆိုတာ မသိနိုင်လောက်အောင် အာရုံကို ပျက်ယွင်းစေပါတယ်။ အောက်ပါတွေကတော့ အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများ ဖြစ်ပါတယါ။ ၁။ အတက်ရောဂါကိုဘယ်လို တားဆီးနိုင်သလဲ? အောက်ပါ နည်းလမ်းများအားဖြင့်တားဆီးနိုင်ပါတယ်။ - ကိုယ်ဝန်နှင့်ကလေးမွေးဖွားချိန်မှာ တက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင်နှင့်ကလေး ကျန်းကျန်းမာမာ ဖြစ်စေဖို့ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလမ်းညွှန်ချက်တွေ အတိုင်းလိုက်နာရန်အရေးကြီးပါတယ်။ - ဦးနှောက်ဒဏ်ရာဟာ အတက်ရောဂါအဖြစ် အများဆုံးအကြောင်းဖြစ်ပါတယ်။ အားကစားလုပ်နေစဉ် သို့မဟုတ် ကားမောင်းနေစဉ်ဦးနှောက်ဒဏ်ရာရခြင်းကို တားဆီးဖို့အတွက် ခမောက်သို့မဟုတ်လုံခြုံပစ္စည်းကိရိယာများဝတ်ဆင်ပါ။ သွေးတိုးခြင်းနှင့် ကူးစက်ရောဂါတွေကလည်း အတက်ရောဂါဖြစ်ဖို့ ဦးနှောက်အပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ ထိုကဲ့သို့သောပုံမမှန်မှုတွေက်ု သေချာအောင်ကုသပါ။ - အတက်ရောဂါဟာ လေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။ ရောဂါကို ကာကွယ်တားဆီးဖို့တတ်နိုင်သမျှလေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏အခွင့်အလမ်းတွေကိုလျှော့ချဖို့ကြိုးစားပါ။ - ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ဒီရောဂါကို တားဆီးနိုင်ပါတယ် -သင်ရဲ့ လက်ကိုဆေးကြောခြင်းနှင့်အစားအစာသန့်ရှင်းအောင် ပြင်ဆင်ထားရန်လိုပါတယ်။ ၂။ အတက်ရောဂါကို […]


အတက်ရောဂါ

တက်တတ်သောသူတို့အတွက် ဘဝနေထိုင်နည်းများ

သင့်ရဲ့နေထိုင်မှုကို ပြုပြင်ပြောင်းလဲပြီး အတက်ရောဂါ ဝက်ရူးပြန်တာကို ထိန်းချုပ်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေနဲ့ သင့်ရောဂါကို ကူညီနိုင်ပါလိမ့်မယ်   ၁။ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်ပြီး မှတ်စု လုပ်ထားပါ။ သင့်ရဲ့ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်ပြီး မှတ်စု လုပ်ထားပါ်တာဟာ အရေးကြီးပါတယ်။ဥပမာ ဘယ်ချိန်မှာဖြစ်တာ ဘယ်လိုဖြစ်တာ ဖြစ်ရင်ဘယ်လိုရပ်ဖို့လုပ်သလဲ ။ မဖြစ်ခင် ဘယ်လိုထူးထူးဆန်းဆန်း ခံစားရသလဲ သင့်ရဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ဆရာဝန်ကို နားလည်စေနိုမယ့် အချက်တွေ သင်ဒီရောဂါပျောက်ဖို့ သောက်နေတဲ့ဆေးဆိုးကျိုးတွေ လက္ခဏာတွေ အာနိသင်တွေ အချိန်တွေ ဖြစ်ပွားချိန်မှာ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ထူးခြားခံစားရမှုတွေ စတာတွေဖြစ်ပါတယ်။ ၂။ ဆရာဝန်နှင့် အချိန်မှန် ပြသခြင်း သင်ဆရာဝန်နဲ့ မမကြာမကြာ သွူားရောက်ပြသပြီးတော့ : သင့်ရဲ့ ဝက်ရူးပြန်ခြင်း တက်ခြင်းနဲ့ပတ်သက်တဲ့ မှတ်စုကို ပြသပါ သင့်ရောဂါအခြေအနေတိုးတက်ဖို့ ထိုသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ သင့်ရောဂါကို […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

သင့်ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ

ဦးနှောက်ဟာ သင့်ကိုယ်ခန္ဓါမှာ အရှုပ်ထွေးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီမှာ သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဗဟုသုတတွေ ပါဝင်နေပါတယ်။ သင့်ကို ခံစားမှုတွေ၊ ထိန်းချုပ်မှုတွေ၊ အပြုအမူတွေ လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ဦးနှောက်ဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိရတဲ့ ဆန်းကြယ်တဲ့အရာတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးကို ဖတ်မိရင်တော့ သူဘယ်လို အလုပ်လုပ်တယ် ဆိုတာ အကြမ်းဖျင်း နားလည်နိုင်ပါတယ်။ ဦးနှောက်၏ အစိတ်အပိုင်းများ ဦးနှောက်ဟာ စက်တခုနဲ့ တူပါတယ်။ သင်စကားပြောနိုင်အောင်၊ သင်ဘာမြင်နေတယ် ဘာတွေးနေတယ်ဆိုတာကို နားလည်အောင် ကူညီပေးတဲ့ အစိတ်အပိုင်းများစွာ ရှိပါတယ်။ အောက်ပါအစိတ်အပိုင်းတွေဟာ လူသိအများဆုံး နေရာတွေဖြစ်ပါတယ်။ အမစ်ဒါလာ ဒီအစိတ်အပိုင်းဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ သင့်ကို သတိပေးပါတယ်။ သင့်ကို ထိခိုက်စေမယ့် အရာတွေကို (ဥပမာ မီးဖိုအပူ) ကြောက်ရွံ့တဲ့ ခံစားမှု ရုတ်တရက် ဖြစ်ပေါ်အောင် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Cerebral Aneurysm (ဦးနှောက်အတွင်းရှိသွေးကြော ဖောင်းလာခြင်း။)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cerebral Aneurysm (ဦးနှောက်အတွင်းရှိသွေးကြော ဖောင်းလာခြင်း။) ကဘာလဲ။ Cerebral aneurysm ဆိုတာ ဦးနှောက်အတွင်းရှိ သွေးကြောတွေထဲမှာ ဖောင်းလာတာ၊ ပူဖောင်းကဲ့သို့ ဖြစ်လာခြင်းကို ခေါ်ပါတယ်။ အကိုင်းမှာ တွဲလောင်းကျနေတဲ့ ဘယ်ရိသီးနဲ့ တစ်ခါတစ်လေ တူနိုင်ပါတယ်။ ဦးခေါင်းသွေးကြော ဖောင်းလာခြင်း မှ သွေးယိုစိမ့်နိုင်ခြင်း(သို့) သွေးကြော ပေါက်ထွက်ခြင်းတွေ ဖြစ်နိုင်ပြီး ဦးနှောက်အထဲကို သွေးယိုတာတွေ ဖြစ်နိုင်ပါတယ်။ဦးနှောက်သွေးကြော ပေါက်ခြင်းဟာ ဦးနှောက်နဲ့ ဦးနှောက်ကို ကာထားပေးတဲ့ ပါးလွှာတဲ့ တစ်ရှုးကြားရှိနေရာ မှာ ဖြစ်တတ်ပါတယ်။ ဦးနှောက်သွေးကြောဖောင်းလာခြင်းဟာ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဖောင်းလာတဲ့ သွေးကြောတွေ ပေါက်ကွဲသွားရင်တော့ လေဖြတ်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း စတဲ့ အရေးပေါ် အခြေအနေ တွေ ဖြစ်လာနိုင်ရူံမက ချက်ချင်း မကုသပါက သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။ Cerebral Aneurysm (ဦးနှောက်အတွင်းရှိသွေးကြော […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Cerebral Circulatory Disorders (ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cerebral Circulatory Disorders (ဦးနှောက်နှင့်သွေးကြောဆိုင်ရာ ရောဂါများ ) ကဘာလဲ။ ဦးနှောက်သွေးကြောဆိုသည်မှာ သင့်ဦးနှောက်အတွင်း စီးဆင်းနေသောသွေးကို ဆိုလိုသည်။ ကျန်းမာသော ဦးနှောက်လုပ်ငန်းစဉ် လုပ်နိုင်ရန်အတွက် သွေးစီးဆင်းမှုကောင်းရန် လိုအပ်ပါသည်။ လှည့်ပတ်နေသောသွေးများသည် သင့်ဦးနှောက်အား လိုအပ်သည့် လုပ်ငန်းစဉ်များကိုလုပ်နိုင်ရန် အောက်စီဂျင်နှင့် အာဟာရများကို ထောက်ပံ့ပေး၏။ သွေးသည် ဦးနှောက်ဆီသို့ အောက်စီဂျင်နှင့် ဂလူးကို့စ်ကို ထောက်ပံ့ပေး၏။ ဦးနှောက်သည့် သင့်ခန္ဓါကိုယ်အလေးချိန်၏ အပိုင်းသေးသေးလောက်သာ ရှိသော်လည်း လုပ်ငန်းလုပ်ဖို့ရာ စွမ်းအင်အများကြီးလို၏။ အရီဇိုးနားတက္ကသိုလ်ရှိ ဒေးဗစ်ဓါတ်ခွဲခန်းအရ နှလုံးသွေးပန့်နှုန်း၏ ၁၅ %သည် ဦးနှောက်၏ အောက်စီဂျင်နှင့် ဂလူးကို့စ်လိုအပ်ချက်ကို ထောက်ပံ့ရသည်ဟုဆိုသည်။ တခြားနည်းဖြင့်ပြောရလျှင် ၎င်းကျန်းမာနေစေရန် သွေးအမြောက်အများလိုအပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဦးနှောက်၏ဇီဝရုပ်ဖြစ်ပျက်ဖို့ရာ လိုအပ်သည့်ပမာဏကို မထောက်ပံ့နိုင်တော့အောင် သွေးစီးဆင်းမှု မလုံလောက်သည့်အခါမျိုးရှိတတ်သည်။ ထိုအခြေအနေသည် အောက်စီဂျင်ထောက်ပံ့မှု မလုံလောက်ဖြစ်စေပြီး ဦးနှောက် Hypoxia ရနိုင်သည်။ ထိုကနေမှ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြောအားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့်သဘာဝနည်းလမ်း ၉ ခု

အခု တစ်ခေါက်မှာတော့ အာရုံကြောအားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့်သဘာဝနည်းလမ်း တွေအကြောင်း ပြောပြပေးချင်ပါတယ်။ လူ့ခန္ဓါကိုယ်မှာ အာရုံကြောစနစ်က အရေးကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းစေ့ဆော်မှုတွေကို တုံ့ပြန်ပြီး အမျိုးမျိုးသောစိတ်ခံစားမှုတွေနဲ့ လုပ်ဆောင်ချက်တွေဖြစ်လာစေဖို့ အာရုံကြောစနစ်ရဲ့တာဝန်ဖြစ်ပါတယ်။ အသက်ရှူခြင်းကအစ ခန္ဓါကိုယ်လှုပ်ရှားမှုတွေ၊ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးတဲ့ လုပ်ဆောင်ချက်လည်းရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ်အားကောင်းနေဖို့ အရေးကြီးပါတယ်။ အာရုံကြောစနစ်ကို အားနည်းစေတဲ့အကြောင်းရင်းများ အာရုံကြောစနစ်အတွက် လိုအပ်တဲ့ဗီတာမင်တွေနဲ့ပရိုတင်းဓါတ်တွေမပါဝင်တဲ့ စားသောက်ပုံအလေ့အထ နေထိုင်မှုပုံစံ စိတ်ပင်ပန်းမှုဒဏ်မခံနိုင်ခြင်းက အာရုံကြောမှာ အားနည်းစေပါတယ်။ ချစ်သူနဲ့လမ်းခွဲရတာမျိုးနဲ့တခြားကိုယ်ရေးကိုယ်တာပြဿနာတွေလိုမျိုး စိတ်ခံစားချက်ပြဿနာတွေ ကြောင့် အာရုံကြောစနစ်ကိုထိခိုက်စေနိုင်တဲ့ စိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ ငွေရေးကြေးရေးပြဿနာတွေကြောင့်လည်း အာရုံကြောစနစ်ထိခိုက်စေတဲ့စိတ်ဖိစီးမှုတွေ ဖြစ်စေပါ တယ်။ သတ်မှတ်အချိန်ကာလတစ်ခုအတွင်း လျာထားချက်မပြည့်မီတာ၊အလုပ်ပတ်ဝန်းကျင်မှာ စိတ်ကျေနပ်မှုမရှိတာလိုမျိုး အလုပ်နဲ့ပတ်သက်တဲ့ဖိစီးမှုတွေ တာရှည်ခံစားနေရတဲ့အခါ ကျန်းမာရေးကို မကောင်းတဲ့သက်ရောက်မှုတွေဖြစ်စေနိုင်ပြီး အာရုံကြောစနစ်ကို ဖိအားဖြစ်စေပါတယ်။ စိတ်ဒဏ်ရာ အာရုံကြောတွေ၊ ကြွက်သားတွေမှာ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Encephalomalacia (ဦးနှောက်တစ်ရှူးပျော့ရောဂါ)

Encephalomalacia (ဦးနှောက်တစ်ရှူးပျော့ရောဂါ)ဆိုတာဘာလဲ။ Encephalomalacia ဟာ ရောင်ခြင်း၊ သွေးထွက်ခြင်းတွေကြောင့် ဦးနှောက်တစ်ရှူး နေရာကွက်ပြီး ပျော့သွားခြင်းပဲဖြစ်ပါတယ်။ ပျော့သွားခြင်းဟာ ဦးနှောက် အစိတ်အပိုင်းတစ်ခုခု (သို့) ဒီထက်ပိုများနိုင်ပါတယ်။ ရှားပါးတဲ့ အခြေအနေတွေမှာတော့ ဦးနှောက် ပျက်စီးခြင်းဟာ ဦးနှောက်အတွင်းမှာရှိတဲ့ အရာတွေ အတော်များများကြောင့် ဖြစ်နိုင်ပါတယ်။ သူဟာ ကိုယ်အင်္ဂါ အခြားအစိတ်အပိုင်းတွေကိုလည်းထိခိုက်နိုင်ပြီး frontal lobe, occipital lobe, parietal lobe နဲ့ temporal lobe တွေမှာလည်း တစ်ရှူးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီရောဂါဟာ ထိခိုက်တဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ခုခုကို လုံးဝရပ်တန့်သွားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေရော ကလေးတွေမှာပါ ဖြစ်နိုင်ပြီး မိခင်ဝမ်းအတွင်းမှာရှိစဉ်တည်းက ဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဦးနှောက်ပျော့ခြင်းလို့ ခေါ်ပါတယ်။ ဦးနှောက် အစိတ်အပိုင်း ထိခိုက်မှုကြောင့် ဖြစ်တာဖြစ်လို့ သူ့ကို အမျိုးအစား နှစ်မျိုး […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Stuttering (စကားထစ်ခြင်း)

Stuttering(စကားထစ်ခြင်း) ဆိုတာဘာလဲ။ Stuttering ဟာ အသံ၊ စကားလုံးတွေ ထပ်ခါထပ်ခါ ပြောခြင်း ဖြစ်ပြီး ပုံမှန်အတိုင်းမပြောနိုင်တဲ့ စကားထစ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို စကားပြော ထစ်အမှုတွေဟာ ရုန်းကန်နေရတဲ့ အခြေအနေတွေဖြစ်တဲ့ မျက်တောင် အမြန်ခတ်ခြင်း၊ နှုတ်ခမ်းတုန်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ စကားထစ်ခြင်းဟာ အခြားသူတွေနဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်စေပြီး လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို နိမ့်ကျစေပါတယ်။ စကားထစ်သူတွေဟာ ဘာကိုပြောရမလဲဆိုတာ သိပေမယ့် ပြောဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။ ဥပမာ သူတို့ဟာ စကားလုံး၊ စကားပိုင်းတစ်ခုကို ကြာရှည်စွာ ပြောခြင်း၊ ထပ်ခါထပ်ခါပြောခြင်းတွေ ပြုလုပ်နိုင်ပေမယ့် အချို့ စကားလုံးတွေကို အသံမထွက်နိုင်ပါဘူး။ စကားထစ်ခြင်းဟာ ကလေးငယ်တွေမှာ စကားပြောမှုသင်ယူစဉ် အဖြစ်များပါတယ်။ ကလေးငယ်တွေမှာ သူတို့ပြောချင်တဲ့အရာကို လိုက်ပြောနိုင်တဲ့ ဘာသာစကားစွမ်းဆောင်ရည် တိုးတက်မှုမရှိရင် စကားထစ်နိုင်ပါတယ်။ ကလေးငယ် အများစုဟာ ဒီလိုဖွံ့ဖြိုးစဉ် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း