backup og meta

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

    လက်ပ်တော့ကို တစ်ချိန်လုံး အသုံးပြုရလို့ပဲဖြစ်ဖြစ်၊ တစ်ချိန်လုံး ဖုန်းသုံးလို့ဖြစ်ဖြစ်၊ ဂိမ်း တစ်ချိန်လုံး ဆော့လို့ဖြစ်ဖြစ် မျက်ရိုးကိုက်လာပါတယ်။ မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ရှင်းပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

    မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

    ခေါင်းကိုက်ခြင်းက အမျိုးအစားတွေ တော်တော်များများ ရှိပါတယ်။ ဒီလို ခေါင်းကိုက်မှုထဲမှာ မျက်ရိုးကိုက်တာကလည်း ခေါင်းကိုက်ခြင်း တစ်မျိုးပါပဲ။ စာတွေ အကြာကြီး ဖတ်ပြီးချိန် ဒါမှမဟုတ် ကွန်ပျူတာ စခရင်မ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးတဲ့နောက်မှာ မျက်ရိုးနဲ့အတူ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။

    ဒီလို မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ မျက်ရိုးကိုက်တာနဲ့အတူ အမြင်အာရုံတွေ ဝေဝါးတာ၊ မျက်သားခြောက်တာ၊ ဇက်ကြောနာတာ၊ ပခုံးတောင့်တင်းတာ၊ မျက်လုံးနောက်ဘက်နားက ကိုက်သလို ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

    မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက မျက်လုံးတွေကို အချိန်ကြာမြင့်စွာ မနားမနေ အသုံးပြုပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ ခရီးတာဝေးဝေးကို ကားတောက်လျောက် မောင်းပြီးချိန်နဲ့ ကွန်ပျူတာ အပါအဝင် ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အချိန်အကြာကြီး စိုက်ကြည့်ပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောကြရင် မျက်လုံးကို အားစိုက်ပြီး လုပ်ရတဲ့ ဘယ်အလုပ်တွေကြောင့်မဆဆို ဖြစ်တတ်ပါတယ်။

    မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ မျက်လုံးကို ပြည့်ပြည့်ဝဝ အနားယူပြီးချိန်မှာ မျက်လုံးက နေလို့ထိုင်လို့ ကောင်းသွားပြီး မျက်ရိုးကိုက်တာကနေစတဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်မှာပါ။

    ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ

    မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ

    • မျက်လုံးတွေ နာကျင်တာ၊ ညောင်းတာ၊ မျက်စိတွေ ပူတာ၊ မျက်လုံးတွေ ယားတာ
    • မျက်ရည်တွေ ကျတာ၊ မျက်သားခြောက်တာ
    • အမြင်အာရုံတွေ ဝါးတာ ဒါမှမဟုတ် နှစ်ထပ်တွေ မြင်တာ
    • ခေါင်းကိုက်တာ
    • ဇက်ကြောနာတာ၊ ပခုံးနဲ့ ခါးနာကျင်တာ
    • အလင်းဒဏ် မခံနိုင်တာ
    • အာရုံစိုက်ဖို့ ခက်တာ
    • မျက်လုံးတွေ ဆက်ဖွင့်မထားနိုင်လောက်အောင် ပင်ပန်းတာကို ခံစားရနိုင်ပါတယ်။

    ဘယ်လိုသက်သာအောင် လုပ်မလဲ။

    မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာက ပုံမှန်အားဖြင့် အနားယူလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် မျက်လုံးတွေကို အနားမပေးတမ်း အသုံးပြုမယ်ဆိုရင်တော့ ပြန်ဖြစ်နိုင်ပါတယ်။

    တကယ်လို့ မသက်သာဘူးဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။

    • ပါရာစီတမောအပါအဝင် အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ။
    • မျက်လုံးကို မှိတ်ပြီး အနားယူပါ။
    • ဖုန်း၊ ကွန်ပျူတာ စခရင်မ်ကို မကြည့်ဘဲ နေပါ။
    • ကိုယ်နေဟန်ထား မှန်မှန်နဲ့ ကွန်ပျူတာကို အသုံးပြုပေးပါ။
    • မျက်လုံးပေါ်ကို ရေအေးဝတ်တင်ပါ။ ဒါမှမဟုတ် ကြွက်သားတွေ ပြေလျော့စေဖို့ လက်ဖဝါးနှစ်ဖက်ကို အပူတိုက်ပြီး မျက်လုံးမှာ ကပ်ထားပါ။
    • မျက်ရိုး၊ နားထင်နဲ့ ဇက်ကြောတလျှောက်ကို ခပ်ဖြည်းဖြည်း နှိပ်ပါ။ ဒါမှမဟုတ် အကြောလျှော့ပါ။

    ဒီလိုနည်းလမ်းတွေ လုပ်ဆောင်ကြည့်ပေမယ့် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ကြည့်ဖို့ ပြောပါရစေ။ မျက်ရိုးကိုက်တာနဲ့အတူ ခေါင်းကိုက်တာကို ခံစားရမယ်ဆိုရင် သက်သာစေဖို့ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တကယ်လို့ သေချာ ဂရုမစိုက်ဘူး ဆိုရင် ရေရှည်မှာ အာရုံစိုက်ဖို့ ခက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement