home

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်ကို သွားတဲ့ သွေးကြောပိတ် ဒါမှမဟုတ် ပေါက်တဲ့အခါ လေဖြတ်ရောဂါ ဖြစ်တတ်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကုသမှု လိုအပ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ သွေးကြောဖောင်းတာ၊ သွေးကြောနံရံတွေ အားပျော့ပြီး ဖောင်းလာတာကလည်း ဖောက်ထွက်ပြီး အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ သွေးကြောဖောင်းခြင်း အကြောင်းတွေ၊ ကုသနည်းတွေ၊ ပြန်လည်ထူထောင်ရေး နည်းလမ်းတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။ ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၁ နှစ်ဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။   ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

အသက်လေး ငယ်ငယ်လေးနဲ့ လေဖြတ်သွားတယ်။ ဟိုကလေးမလေးပေါ့ ဟိုနေ့က ဦးနှောက်သွေးကြောပေါက်ပြီးဆုံးသွားတာ စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးပါသလား။ ကိုယ်က သွေးကြောပေါက်တာ၊လေဖြတ်တာတွေက လူကြီးတွေနဲ့ပဲဆိုင်တယ်လို့ သိထားတာလေ။ ခုဘယ်လိုဖြစ်ရတာလဲလို့ မသိချင်ဘူးလား။ ဒါဆိုရင်တော့ ဆက်ကြည့်ရအောင်။ ဦးနှောက်သွေးကြောပေါက်တာက သွေးကြောဖောင်းရာက ဖြစ်တာပါ။ ဆေးပညာအရ Brain Aneurysmလို့ခေါ်ပါတယ်။ သွေးကြောဖောင်းနေတာလေးက ဘယ်ရီသီးလေး တွဲလောင်းကျနေတာလေးနဲ့ တူလို့ Berry Aneurysmလို့လည်း ခေါ်ပါသေးတယ်။ ဘာလို့ဖြစ်ရတာလဲ။ ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သွေးကြောနံရံတွေ အားပျော့ပြီး သွေးဖိအားဒဏ်ကို မခံနိုင်ဘဲ ဖောင်းလာတယ်၊ ပေါက်လာတယ်လို့တော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြီးတော့ ဒီရောဂါက လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာပိုဖြစ်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဒါတွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။ မွေးစမှာ -မွေးရာပါ connective tissueရောဂါ: Ehlers-Danlos syndromeဒီရောဂါမှာဆိုရင် သွေးကြောနံရံတွေ အားနည်းပြီး […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်တော့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ လူတော်တော်များများက လေဖြတ်မှာကို ကြောက်ကြပါတယ်။ တစ်ခါတစ်ရံ သာမန်ခေါင်းကိုက်ချိန်မှာ ခေါင်းများ လျှော်မိခဲ့ရင် လေဖြတ်တော့မလားဆိုပြီး တွေးပူတတ်ကြပါတယ်။ လေဖြတ်ပြီဆိုရင် ဦးနှောက်ကသွေးကို အလုံအလောက်မရတဲ့အတွက် အချိန်မီမကုနိုင်ရင် ဦးနှောက်ပျက်စီးတာ၊ မသန်စွမ်းဖြစ်သွားတာ၊ အသက်သေဆုံးတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အချိန်မီသိရအောင် အောက်က အတိုကောက် စာလုံးတွေနဲ့ မှတ်ထားရအောင်။                                                  F   A   S   T   Face      (မျက်နှာ)  ပြုံးပြီး […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ရှေ့မှာရေးခဲ့တဲ့ “လေဖြတ် တယ်ဆိုတာ”  ဆောင်းပါးကို ဖတ်ဖူးထားရင် အခုဆောင်းပါးကို ဖတ်တဲ့ အခါ ပိုပြီး သဘောပေါက်လွယ်ပါလိမ့်မယ်။ CVA ( cardiovascular accident ) ဦးနှောက်သွေးကြောပြတ်ခြင်း ခေါ် လေဖြတ်ခြင်းကို ကုသဖို့ရာမှာ ဦးနှောက်သွေးကြောပိတ်တာလား၊ ပေါက်တာလား ဆိုတာ သိဖို့လိုပါတယ်။ ဒီအကြောင်းရင်းခံ နှစ်မျိုး ကုသနည်း မတူကြလို့ပါ။ လူတစ်ယောက် လေဖြတ်ပြီဆိုတာနဲ့ ၁နာရီအတွင်း ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး သွေးကြောပိတ်တာလား ပေါက်တာလား ခွဲဖို့လိုပါတယ်။ ဒါ့ကြောင့်မို့လို့ လေဖြတ်ရင် တခြား ဘာမှလုပ်မနေဘဲ ဆေးရုံကြီးကိုသာ အချိန်မီအောင် အမြန်ပြေးဖို့ တိုက်တွန်းကြတာပါ။ ဒါဆို ကွန်ပျူတာဓာတ်မှန် မရှိတဲ့နေရာတွေမှာ ဘယ်လိုခွဲလဲ ဆိုပြီးမေးစရာဖြစ်လာပါတယ်။ အဲ့ဒီလိုမရှိတဲ့ နေရာမှာဆိုရင်တော့ ဖြစ်လာတဲ့ ရောဂါလက္ခဏာ ရဲ့ အဆိုးဘက်ကိုရွေ့တဲ့ အချိန် အနှေးအမြန်ကို ကြည့်ပြီးဖြစ်ဖြစ်၊ […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

မြန်မာလို အလွယ်ပြောနေကြတဲ့ လေဖြတ်တယ်ဆိုတာ ဘယ်လိုဖြစ်လာသလဲဆိုတော့ မြန်မာအယူက ဝါယောဓာတ် အထောက်အပံ့ကြောင့် ကိုယ်တွေလက်တွေ လှုပ်ရှားနိုင်တယ် ဆိုပြီး ယူဆကြတဲ့အတွက်  မလှုပ်နိုင်တော့အခါ ဝါယောဓာတ် အထောက်အပံ့ ရပ်သွားပြီမို့ လေဖြတ်တယ်လို့ သိမ်းကြုံးပြီး ပြောကြတာပါပဲ။ ဒါကို အနောက်တိုင်းဆေးပညာမှာ ဘယ်လို သတ်မှတ်သလဲ လေ့လာကြည့်ရအောင်။   အနောက်တိုင်းဆေးပညာ အယူမှာတော့ ကိုယ်လက်လှုပ်ရှားမှုကို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းက ထိန်းချုပ်တာဖြစ်လို့ မလှုပ်နိုင်တော့တဲ့အခါ ဦးနှောက်အာရုံကြောရောဂါလက္ခဏာစု ဆိုပြီး အကြမ်းဖျင်း ယူဆကြပါတယ်။ အဲ့ဒီမှာမှ အကြောင်းအရင်းကို လိုက်ပြီး အမျိုးအစား အများကြီး ပြန်ခွဲပါတယ်။ အခုပြောပြမယ့် အကြောင်းအရာကတော့ မြန်မာတွေ လေဖြတ်တယ် ဆိုပြီး အသိများကြတဲ့  CVA (CardioVascular Accident ) အကြောင်းပါပဲ။ သူ့ရဲ့ ဆိုလိုရင်းကတော့ ဦးနှောက်ကြွက်သားတွေ ပုံမှန်လုပ်ငန်းဆောင်တာ လုပ်နေနိုင်အောင် […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျန်းမာရေးအခြေအနေကို စိမ်းတဲ့သူမရှိလောက်ပါဘူး။ ကိုယ်တစ်ခြမ်းဖြစ်ဖြစ် အောက်ပိုင်းဖြစ်ဖြစ် အားနည်းသွားတာ လှုပ်ရှားလို့ မရတော့တဲ့ ကျန်းမာရေး ပြဿနာလောက် စိတ်ညစ်စရာကောင်းတာမရှိဘူးလေ။ လူတိုင်းတော်တော်များများက လေဖြတ်တယ်လောက်သာ သိထားကြပေမယ့် လေဖြတ်တ ာဘယ်နှစ်မျိုးရှိလဲဆိုတာတော့ သိကြတဲ့သူရှားပါတယ်။ အကြမ်းပြောရမယ်ဆိုရင် လေဖြတ်တာကိ ုအဓိက ၂ မျိုးခွဲလို့ရပါတယ်။ Ischaemic stroke - ဦးနှောက်သွေးကြောပိတ်သွားလို့ ဦးနှောက်ဆဲလ်လေးတွေဆီသွေးမရောက်တော့ဘဲ ပုပ်ပြီးလေဖြတ်တာနဲ့ Hemorrhagic stroke - ဦးနှောက်သွေးကြော သွေးယိုပြီးထွက်လာတဲ့ သွေးခဲက ဦးနှောက်ဆဲလ်ကိုပိမိပြီး လေဖြတ်တာဆိုပြီး ၂ မျိုးရှိပါတယ်။ ဒီနေ့ပြောပြမယ့် ဆောင်းပါးလေးကတော့ အဖြစ်များတဲ့ Hemorrhagic stroke အကြောင်းပဲ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke ) ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke ) ကို ၂ […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

အချိန်ရှိခိုက် လုံ့လစိုက်ပါတဲ့။ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အလုပ်ကြိုးစားကြတာ တကယ်အကျိုးရှိပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းတာကြောင့် ကျန်းမာရေးမှာတော့ အနုတ်လက္ခဏာမပြအောင် ဂရုစိုက်သင့်ပါတယ်။ အခုပဲ သုတေသနတွေ့ရှိချက်တွေကပြောနေပါပြီ၊ အလုပ်လုပ်ချိန်အရမ်းများတာကလေဖြတ်နိုင်ခြေပိုများပါတယ်လို့။ တစ်နှစ်ကို အနည်းဆုံး ရက် ၅၀လောက် တစ်နေ့ကို ၁၀ နာရီကျော်အလုပ်လုပ်ခဲ့တဲ့သူတွေဟာလေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်ပိုများတယ်လို့Stroke ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ ဒီလိုနှုန်းနဲ့ အလုပ်လုပ်တာ ၁၀ နှစ်ကျော်ပြီဆိုရင်တော့လေဖြတ်အန္တရာယ် ၄၅ ရာခိုင်နှုန်းလောက် ပိုများသွားနိုင်တယ်လို့ သိရပါတယ်။ " ၁၀ နှစ်ကြာ အလုပ်ချိန်များခဲ့တာနဲ့လေဖြတ်အန္တရာယ်ဆက်နွှယ်မှုက အသက် ၅၀အောက်အရွယ်တွေမှာ ပိုသိသာပါတယ်" လို့Paris Hospital, Versailles and Angers University မှ သုတေသီAlexis Descatha ကပြောပါတယ်။ သုတေသနမှာ အသက် ၁၈ နှစ်ကနေ ၆၉ […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

“ဝုန်း” “ဒီမှာ လူတစ်ယောက်တက်နေလို့” “ခြေမကို ချိုး ခြေမကို ချိုး” “လျှာကိုက်မိနေပြီ။ သော့ရှိရင်ပေးကြပါ။” “အားလုံး တစ်ချက်လောက်ဖယ်ပေးကြပါ။ ကျွန်တော်ဆရာဝန်ပါ။ လူနာကိုနည်းနည်း ခုံနဲ့လွတ်တဲ့နေရာရွှေ့ပြီး ဘေးစောင်းလေးထားပေးပါ။ ခုနပြောတဲ့ခြေမချိုးတာတွေ သော့ပါးစပ်ထဲထည့်ဖို့တွေမလုပ်ကြပါနဲ့။ အလကားပဲ။ အကျိုးမရှိပါဘူး။” YBS ယာဉ်တစ်စီးပေါ်တွင်ဖြစ်နေသော အသံများဖြစ်သည်။ ခရီးသည်တစ်ဦး ကားစီးရင်းတက်သွားသည်ကိုဝိုင်းဝန်းပြုစုရန်ကြိုးစားနေသော အသံများဖြစ်သည်။ လူအများစုမှာ သူတို့ယုံကြည်လက်ခံထားသည့်အတိုင်းဝိုင်းဝန်းပြုစုရန်ကြိုးစားနေသည်ကိုကားပေါ်တွင်ပါလာသော ဆရာဝန်တစ်ဦးက ပြန်ရှင်းပြနေခြင်းဖြစ်သည်။ ဘာကြောင့်တက်ရသလဲ။ အတက်ရောဂါဖြစ်စေနိုင်သော အကြောင်းတရားများစွာရှိပါသည်။ ကလေးငယ်များတွင်အဖျားကြီးခြင်းကြောင့်တက်ခြင်းရှိတတ်သည်။ ထိုအဖျားကြီးခြင်းကြောင့်တက်ခြင်းသည်အသက်၆ နှစ်ကျော်လောက်တွင်ပြန်ကောင်းသွားတတ်သည်။ သို့သော်တခြားဦးနှောက်အမြှေးရောင်ခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ခြင်းများ ဖြစ်လျှင်လည်း ဖျားပြီး တက်တတ်ရာ ထိုရောဂါများမဟုတ်မှသာ ရိုးရိုးဖျားခြင်းကြောင့်တက်ခြင်း (febrile convulsion) ဟုသတ်မှတ်ကြရသည်။ ဆရာဝန်က သေချာစွာ စစ်ဆေးပြီးမှသတ်မှတ်ရသည်။ ထို့အကြောင်းများအပြင်ကလေးများတွင်ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်း၊ မွေးစဉ်အခါက ဦးနှောက်ခိုက်ထားခြင်း၊ သူငယ်နာ (cerebral palsy) ရှိခြင်း၊ခေါင်းထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးခြင်း၊ ကျောက်ကပ်ရောင်ပြီး သွေးတိုး၍တက်ခြင်း၊ မွေးရာပါနှလုံးရောဂါဖောက်ချိန်တွင်ကိုယ်ခန္ဓါများ ပြာနှမ်း၍ တက်ခြင်း၊ လူကြီးများတွင်လည်း ဖြစ်တတ်သောဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတစ်ချို့ […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

မိတ်ဆွေအနေနဲ့ လေဖြတ်ရောဂါခံစားခဲ့ရပေမယ့် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရပြီ။ ဒါပေမယ့် သင့်ခန္ဓါကိုယ်တခုလုံးက သံချောင်းလို မာတောင့်နေတယ်၊တင်းနေတယ်။ ဟို အရင်တုန်းကလို စိတ်သွားတိုင်းကိုယ်ပါ လှုပ်လှုပ်ရှားရှားလည်း မလုပ်နိုင်ဘူး။ ဒါမျိုးကို လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းခြင်းလို့ ခေါ်ပါတယ်။ ကံကောင်းတဲ့အချက်က ခန္ဓါကိုယ်ပြန်လည်သန်စွမ်းထူထောင်ရေး ကျွမ်းကျင်သူဆရာဝန်တွေက သင့်ကို ကူညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း ကြွက်သားတောင့်တင်းခြင်းကို ကုသရာမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ လေဖြတ်ဝေဒနာအိပ်မက်ဆိုးကနေ ရုန်းထွက်လာခဲ့ပြီးနောက်မှာ ပြန်လည်ကြံ့ခိုင်သန်စွမ်းရေး အစီအစဉ်တွေ ပြုလုပ်နိုင်စေဖို့အတွက် ကျွမ်းကျင်သူပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ အဆိုပါကျွမ်းကျင်သူပညာရှင်ဟာ သင့်ကို အကူအညီများစွာပေးမှာဖြစ်ပြီး အချို့သောလှုပ်ရှားမှုတွေကို မူလကအတိုင်း ပြန်လည်လုပ်ဆောင်နိုင်စေဖို့၊သင့်ခြေလက်တွေ ပြန်လည်ကျန်းမာသန်စွမ်းလာစေဖို့၊လှုပ်ရှားနိုင်တဲ့ အတိုင်းအတာ ပိုမိုကျယ်ပြန့်များပြားလာစေဖို့နဲ့ ကြွက်သားတွေ (ထာဝရ)တိုသွား၊ကျုံ့သွားခြင်းကို ကာကွယ်နိုင်ဖို့ ကူညီပေးမှာပါ။ ကျွမ်းကျင်သူပညာရှင်ရဲ့ အကူအညီနဲ့ ဖြစ်စေ၊အထူးစီမံထားတဲ့ စက်ကိရိယာတွေရဲ့ […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းဟာ ကာယကံရှင်ကိုသာမက အိမ်ထောင်ဖက်၊မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းကြား ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်ပြီးနာလန်ထချိန်ဟာ အင်မတန်မှ ခက်ခဲပင်ပန်းလှပါတယ်။ သူတို့တတွေ တွေ့ကြုံရင်ဆိုင်ရမယ့် အခက်အခဲ၊ပြဿနာတွေကို သင့်အနေနဲ့ သိရှိစေနိုင်ဖို့ ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ရပါတယ်။ သင့်အိမ်ထောင်ဖက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ လေဖြတ်ခြင်းဟာ သင့်ကိုရော၊သင့်အိမ်ထောင်ဖက်ကိုပါ ထိခိုက်စေပါတယ်။ နာကျင်ခြင်း၊ကြွက်သားတောင့်တင်းခြင်း၊ခေါင်းကိုက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သင်ခံစားရပါမယ်။ အဝတ်အစားလဲတာ၊စားတာသောက်တာ၊အညစ်အကြေးစွန့်တာ အစရှိတဲ့ နိစ္စဓူဝပြုဖွယ်တွေကို သင့်အနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အိမ်ထောင်ဖက်ပေါ် မှီခိုရတော့မှာဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပါတော့တယ်။ သင့်စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်တဲ့ ဦးနှောက်ရဲ့ အချို့သော အစိတ်အပိုင်းတွေကိုလည်း လေဖြတ်ခြင်းဝေဒနာက ဖျက်ဆီးပစ်လိုက်မှာပါ။ ဒီလိုဆိုရင် သင်နဲ့ သင့်အိမ်ထောင်ဖက်တို့အကြား ရင်းရင်းနှီးနှီး ဆက်ဆံမှုကိုလည်း အထိုက်အလျောက် ထိခိုက်စေပါလိမ့်မယ်။ လေဖြတ်ဝေဒနာခံစားရပြီးနောက်မှာ သင့်ရဲ့အနေအထားကလည်း ပြောင်းလဲသွားပါပြီ။ သင့်အိမ်ထောင်ဖက်ဟာ […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဘိုးတော့စ်အကြောင်း သင်ကြားဖူးနားဝရှိပါလိမ့်မယ်။ ဒီစာလုံးကို ကြားလိုက်ရတဲ့အချိန်မှာ သင့်ခေါင်းထဲပထမဆုံး ဝင်ရောက်လာတာ ဘယ်အရာပါလဲ။ အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုတွေ၊အသားအရေ ထိန်းသိမ်းမှုတွေ၊မျက်နှာပေါ်က အရေးကြောင်းကို ကုသခြင်းတွေ စတာတွေ သင့်ခေါင်းထဲဝင်လာဖို့ များပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာတော့ အထက်ပါ လူသိများပြီးသား အချက်တွေကို ဆွေးနွေးမှာ မဟုတ်ပါဘူး။ သင်မသိသေးတဲ့ ဘိုးတော့စ်ရဲ့ နောက်ထပ်အကျိုးကျေးဇူးတမျိုးကို ဒီဆောင်းပါးလေးကနေ မျှဝေပေးမှာ ဖြစ်ပါတယ်။ ဒါကတော့ လေဖြတ်ရောဂါအတွက် ဘိုးတော့စ်ကုထုံးပဲ ဖြစ်ပါတယ်။ ဘိုးတော့စ်ဆိုတာဘာလဲ။ ဘိုးတော့စ်လို့လူသိများတဲ့ Botulinum toxin type A ဟာ Clostridium botulinum ဘက်တီးရီးယား ကနေ ထုတ်လုပ်တဲ့ အံ့အားသင့်ဖွယ်အဆိပ်တမျိုးဖြစ်ပြီး အပြင်းထန်ဆုံးအဆိပ်တွေအနက် တခုအပါအဝင်ဆိုလည်း မမှားပါဘူး။ အသက်အန္တရာယ်အထိ ရန်ရှာနိုင်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ဘိုးတော့စ်အဆိပ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ မျက်နှာ၊မေးစေ့၊လည်ပင်းနဲ့ ရင်ဘတ်က […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon