backup og meta

သင့်ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ


Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ

    ဦးနှောက်ဟာ သင့်ကိုယ်ခန္ဓါမှာ အရှုပ်ထွေးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီမှာ သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဗဟုသုတတွေ ပါဝင်နေပါတယ်။ သင့်ကို ခံစားမှုတွေ၊ ထိန်းချုပ်မှုတွေ၊ အပြုအမူတွေ လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

    ဦးနှောက်ဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိရတဲ့ ဆန်းကြယ်တဲ့အရာတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးကို ဖတ်မိရင်တော့ သူဘယ်လို အလုပ်လုပ်တယ် ဆိုတာ အကြမ်းဖျင်း နားလည်နိုင်ပါတယ်။

    ဦးနှောက်၏ အစိတ်အပိုင်းများ

    ဦးနှောက်ဟာ စက်တခုနဲ့ တူပါတယ်။ သင်စကားပြောနိုင်အောင်၊ သင်ဘာမြင်နေတယ် ဘာတွေးနေတယ်ဆိုတာကို နားလည်အောင် ကူညီပေးတဲ့ အစိတ်အပိုင်းများစွာ ရှိပါတယ်။ အောက်ပါအစိတ်အပိုင်းတွေဟာ လူသိအများဆုံး နေရာတွေဖြစ်ပါတယ်။

    အမစ်ဒါလာ

    ဒီအစိတ်အပိုင်းဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ သင့်ကို သတိပေးပါတယ်။ သင့်ကို ထိခိုက်စေမယ့် အရာတွေကို (ဥပမာ မီးဖိုအပူ) ကြောက်ရွံ့တဲ့ ခံစားမှု ရုတ်တရက် ဖြစ်ပေါ်အောင် လုပ်ပေးပါတယ်။ တချို့အရာတွေကို မကြောက်ရွံ့အောင် (ကြွက်၊ ပိုးဟပ်) သင့်ကို သင်ကြားပေးပါတယ်။

    ရှေ့ပိုင်းအလွှာ

    ဦးနှောက်ရဲ့ ရှေ့ပိုင်းအလွှာဟာ သင့်ကို ဆုံးဖြတ်ချက်တွေ၊ အကြံဉာဏ်တွေထွက်အောင်၊ ပြသနာတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးပါတယ်။ တခါတလေ ဖိစိးမှုရှိတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ amygdala ကိုပါ ထိန်းချုပ်နိုင်အောင် အကူအညီပေးပါတယ်။

    ယာယီမှတ်ဉာဏ်သိုမှီးနိုင်အောင် အကူအညီ ပေးတဲ့အပြင် ကြာမြင့်ပြီဖြစ်တဲ့ မှတ်သားမှု တွေကိုပါ ပြန်လည်မှတ်မိစေပါတယ်။

    အရှေ့ပိုင်း cingulate အလွှာ

    ဒီနေရမှာ တာဝန်များစွာ ရှိပါတယ်။ သူတို့ဟာ အရာတချို့ကို အာရုံစိုက်ရတဲ့အခါ (ဥပမာ လုပ်ငန်းတာဝန်တခုခု၊ စာမေးပွဲ) စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို စုစည်းထိန်းချုပ်နိုင်အောင် အကူအညီပေးပါတယ်။ အမှားတွေကို သိစေပါတယ်။ စိတ်စေ့ဆော်မှုကို ဖြစ်စေပါတယ်။

    သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း စတဲ့ အလိုအလျောက်လုပ်ငန်းတွေကိုပါ အကူအညီပေးပါတယ်။

    ဟစ်ပိုကမ်းပတ်

    ဒီနေရာဟာ မှတ်ဉာဏ်အသစ်တွေကို ဖန်တီးပေးပါတယ်။ အဲဒီနေရာထိခိုက်ရင် ယခင်က မှတ်ဉာဏ်အဟောင်းတွေ၊ စွမ်းရည်တွေကိုပဲ မှတ်မိနေတတ်ပါတယ်။ အကြောင်းအရာအသစ်တွေကို မမှတ်မိပါဘူး။

    ဦးနှောက်ရဲ့ တည်ဆောက်ပုံ

    ဦးနှောက်မှာ အစိတ်အပိုင်းများရှိပြီး လုပ်ငန်းတာဝန်အလိုက် စုစည်းလုပ်ဆောင်ပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကတော့ ဦးနှောက်ရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ ဦးနှောက် အနောက်ပိုင်းဆိုပြီး ခွဲခြားနိုင်ပါတယ်။

    ဦးနှောက်ရှေ့ပိုင်း

    အရှေ့ပိုင်းကို prosencephalon လို့လည်း ခေါ်ပြီး ရှေ့အကျဆုံးအပိုင်းမှာ ဦးနှောက်ကြီး (Cerebrum) ပါဝင်ပါတယ်။ ဦးနှောက်ကြီးဟာ အကြီးဆုံး အပေါ်ပိုင်း အကျဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သင်ဦးနှောက် အကြောင်း စဉ်းစားလိုက်တာနဲ့ မြင်ယောင်လာတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

    မှတ်ဉာဏ်တွေ သိုမှီးနိုင်အောင်၊ စီမံချက်တွေ ချမှတ်နိုင်အောင်၊ မိတ်ဆွေတွေကို မှတ်မိအောင် ကူညီပါတယ်။ သင့်ဝန်းကျင်က အရာတွေကိုလည်း တွေးတော ပုံဖော်နိုင်ပါတယ်။

    ဦးနှောက်ကြီးကို အပေါ်ပိုင်းကနေ အမြောင်းနဲ့ ၂ပိုင်းခွဲနိုင်ပါတယ်။ ဘယ်ဘက်အပိုင်းဟာ ခန္ဓါကိုယ်ညာပိုင်းကို ထိန်းချုပ်ပြီး ညာဘက်အပိုင်းဟာ ခန္ဓါကိုယ်ဘယ်ဘက်အပိုင်းကို ထိန်းချုပ်ပါတယ်။

    ဦးနှောက်ကြီးရဲ့ ဘယ်ဘက်ပိုင်းဟာ စကားလုံးတွေကို ဖန်တီးရာနေရာဖြစ်ပြီး ညာဘက်ပိုင်းကတော့ တွေးတောဆင်ခြင်တဲ့ စွမ်းရည်ကို ဖြစ်ပေါ်စေတဲ့ အပိုင်း (ဥပမာ စာဖတ်ခြင်း၊ သင်္ချာတွက်ခြင်း) လို့ သိကြပါတယ်။

    ဦးနှောက်အလယ်ပိုင်း

    အလယ်ပိုင်းမှာ အလိုအလျောက် လှပ်ရှားမှုတွေ (ဥပမာ မီးဖိုခလုတ်ဖွင့်တာ၊ ခဲတံသုံးပြီး ပုံဆွဲတာ၊ မျက်လုံး ရွေ့လျားတာ စတာတွေ ပါဝင်ပါတယ်။

    ဦးနှောက်နောက်ပိုင်း

    ကျောရိုးမကြီးအာရုံကြော အပေါ်ပိုင်း၊ ဦးနှောက်ပင်စည်နဲ့ ဦးနှောက်ငယ်တို့ ပါဝင်ပါတယ်။ အသက်ရှင်မှုဆိုင်ရာ ထိန်းချုပ်တဲ့ လုပ်ငန်းတွေ (သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ အသက်ရှူနှုန်း) စတာတွေ ပါဝင်ပါတယ်။

    အလိုအလျောက် လေ့ကျင့်သင်ယူတဲ့ လုပ်ငန်းတွေ ဥပမာ ကြက်တောင်ရိုက်ခြင်း၊ စန္ဒယားတီးခြင်း စတာတွေအတွက် အကူအညီပေးပါတယ်။

    အတွေးအခေါ်များ၏ သွင်ပြင်အနေအထား

    ဦးနှောက်တခြမ်းစီမှာ မတူညီတဲ့ တာဝန်ပေါင်းများစွာ ပါတဲ့ အပိုင်း၄ပိုင်း ရှိပါတယ်။

    အရှေ့ပိုင်းများ

    ဦးနှောက်တခြမ်းစီမှာ အရှေ့ပိုင်းတခုစီ ရှိပါတယ်။ ဒီအပိုင်းတွေဟာ နဖူးနောက်တည့်တည့်မှာ ရှိပါတယ်။ တွေးတောခြင်း၊ စီမံချက်ချခြင်း၊ အနာဂတ်ကို စဉ်းစားခြင်း၊ ပြသနာမျးကို ဖြေရှင်းခြင်း၊ လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း စတာတွေ ပါဝင်ပါတယ်။ ယာယီမှတ်ဉာဏ်ကို အသုံးပြုပါတယ်။

    မိုတာဧရိယာဟာ သိစိတ်နဲ့ထိန်းချုပ်တဲ့ လှုပ်ရှားမှုတွေ ဥပမာ ဓါးသုံးခြင်း၊ မီးဖွင့်ခြင်း စတာတွေနဲ့ အဓိက အလုပ်လုပ်ပါတယ်။ ဘရိုကာဧရိယာကတော့ သင့်အတွေးတွေကို စကားလုံးအနေနဲ့ ပြောနိုင်အောင် အကူအညီပေးပါတယ်။

    ဘေးဘက်အပေါ်ပိုင်းများ

    ဘေးဘက်အပိုင်းတွေဟာ အရှေ့ပိုင်းတွေရဲ့ နောက်မှာ တည်ရှိပါတယ်။ အာရုံခံနေရာလို့ ခေါ်ပြီး သင်စားတဲ့ အစာရဲ့ အရသာ အထိအတွေ့၊ အပူချိန်၊ ခြေလက်တွေရဲ့ ထိမိခံစားမှု စတာတွေကို သိစေတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

    နောက်ဘက်အပိုင်းများ

    ဦးနှောက်ရဲ့ အနောက်ပိုင်းမှာရှိပါတယ်။ သင် ပုံရိပ်တခုခုကို မြင်ရတဲ့အခါ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်စေပါတယ်။ သင်မြင်ရတဲ့ပုံနဲ့ မှတ်ဉာဏ်ထဲကပုံကိုလည်း ဆက်စပ်မိစေပါတယ်။

    ဘေးဘက်အောက်အပိုင်းများ

    ဘေးအပေါ်ပိုင်းနဲ့ အရှေ့ပိုင်းရဲ့ အောက်ဘက်မှာရှိပါတယ်။ မှတ်ဉာဏ်တွေ အလုပ်လုပ်ခြင်း၊ အရသာခံခြင်း၊ အသံ အနံ့ အထိအတွေ့ စတာတွေကို ခံစားနိုင်ခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ်။

    ဆက်စပ်စေခြင်း

    ဦးနှောက်မှာ အများအလုပ်လုပ်တဲ့ ဆဲလ်တွေဟာ အာရုံကြောဆဲလ်တွေ ဖြစ်ပါတယ်။ အာရုံကြောဆဲလ်တွေကို ဖြတ်သန်းသွားတဲ့ အချက်ပြမှုတွေကို ခံစားမှု၊ အပြုအမူ၊ လှုပ်ရှားမှု၊ အတွေးအခေါ်၊ အာရုံခံစားမှု၊ မှတ်ဉာဏ် စတာတွေအဖြစ် ပြောင်းလဲပေးပါတယ်။

    အာရုံကြောဆဲလ်ကို အစိတ်အပိုင်း ၃ခုနဲ့ ဖွဲ့စည်းထားပါတယ်။

    ဆဲလ်ခန္ဓါကိုယ်။ ဆဲလ်ကို ရှင်သန် အလုပ်လုပ်နိုင်အောင် ထိန်းချုပ်ပေးပါတယ်။

    အခက်အလက်များ။ ဆဲလ်ခန္ဓါကိုယ်ရဲ့ အကိုင်းအခက်များသဖွယ်ဖြစ်ပါတယ်။ အာရုံကြောတွေက အချက်ပြမှုတွေကို လက်ခံရယူပါတယ်။

    အေဇွန်။ ဆဲလ်ခန္ဓါကိုယ်ကို ဖြတ်သွားတဲ့ အချက်အလက်တွေကို တခြား အာရုံကြောဆဲလ်တွေ၊ ကြွက်သားဆဲလ်တွေ၊ နှလုံးဆဲလ်တွေ၊ အသည်းဆဲလ်တွေနဲ့ တခြားဆဲလ်တွေဆီ လက်ဆင့်ကမ်းပေးပါတယ်။ သူသယ်ပို့ပေးရတဲ့ အချက်အလက်နေရာကို လိုက်ပြီး အေဇွန်တွေဟာ အတိုအရှည် ကွဲပြားပါတယ်။

    အဓိက အာရုံကြောလျှပ်ကူးပစ္စည်းများ

    အာရုံကြောဆဲလ်ဟာ အချက်ပြမှုတခုကို လက်ခံပြီးတဲ့အခါ သူ့ရဲ့ အကိုင်းအခက်တွေကတဆင့် အာရုံကြောဆဲလ်ရဲ့ ခန္ဓါကိုယ်ကို လက်ဆင့်ကမ်းပေးပြီး အေဇွန်တွေဆီ ရောက်စေပါတယ်။ အေဇွန်တွေရဲ့ အဆုံးမှာ ကြားခံနယ်လေးတွေ ရှိပါတယ်။

    သူတို့ဆီ အချက်အလက်တွေရောက်လာတဲ့အခါ လျှပ်ကူး ပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။ သူတို့တွေဟာ အနီးဆုံးဆဲလ်တွေရဲ့ လက်ခံတဲ့ အစိတ်အပိုင်းတွေဆီ ရောက်သွားစေပါတယ်။ ရောက်သွားတဲ့အခါ အဲဒီဖြစ်စဉ်ဟာ အလားတူ ပြန်လည်စတင်ပါတယ်။

    အဆုံးသတ်မှာ လျှပ်ကူးပစ္စည်းတွေဟာ အချက်ပြမှုတွေကို တခြား အသည်းဆဲလ်တွေ၊ အရေပြားဆဲလ်တွေဆီကို ရောက်သွားစေပါတယ်။

    အောက်ပါတို့ဟာ အချက်ပြမှုတွေကို လက်ဆင့်ကမ်းပေးတဲ့ အဓိက လျှပ်ကူးပစ္စည်းဓါတ်တွေပဲ ဖြစ်ပါတယ်။

    Serotonin။ monoamine လျှပ်ကူးအမျိုးအစား ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ သွေးကြောတွေကို ညှစ်ထုတ်ပေးပြီး ခန္ဓါကိုယ်အပူချိန်ကိုလည်း ထိန်းချုပ်ပေးပါတယ်။

    Dopamone။ လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ထိန်းချုပ်ပေးပါတယ်။

    Gamma-aminobutyric acid။ ကြွက်သားများ လှုပ်ရှားမှုနဲ့ အရာဝတ္တုများ မြင်ရချိန်မှာ ထိန်းချုပ်ပေးပါတယ်။

    Glutamate။ အချက်အလက် လက်ဆင့်ကမ်းရာမှာ အတွေ့ရအများဆုံး အာရုံကြော လျှပ်ကူးပစ္စည်းဖြစ်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကကျပြီး အာရုံကြောဆဲလ် တွေကြားထဲ လျှပ်စစ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။

    ဦးနှောက်ဟာ ကိုယ်ခန္ဓါရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ သင့်ရဲ့စိတ်နဲ့ ကိုယ်ခန္ဓါကို ထိန်းချုပ်ပေးပါတယ်။ အချက်ပြမှုတွေ ထုတ်လွှတ်ပေးပါတယ်။

    ဒီအချက်အလက်တွေဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းအနှံ့ကို ရောက်သွားပြီး သင့်ရဲ့ လူပီသမှုအတွက် အရေးပါတဲ့အရာတွေ အပြုအမူတွေကို လုပ်ဆောင်နိုင်စေပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement