အတက်ရောဂါ

လူတစ်ယောက်က အကြိမ်ကြိမ်အခါခါ တက်နေရင် သူ့မှာ အတက်ရောဂါရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဘာအကြောင်းရင်းမှ မရှိဘံ တက်နိုင်သလို ဦးနှောက်ထိထားတာ၊ လေဖြတ်ထားတာ၊ အတက်ရောဂါအခံရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းတွေကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အတက်ရောဂါ

အတက်ရောဂါ ဆိုတာ

လမ်းမှာ လူတစ်ယောက် တက်သွားရင်ဖြစ်ဖြစ်၊ အမျိုးထဲမှာ အတက်ရောဂါ ရှိတဲ့သူ ရှိနေရင်ဖြစ်ဖြစ် တက်သွားတဲ့အချိန်မှာ ခံရတဲ့သူရော၊ ဘေးကကြည့်တဲ့သူပါ ဘယ်လောက် သက်သောင့်သက်သာ မဖြစ်လိုက်သလဲဆိုတာ ခံစားမိမှာပါ။ တက်တာဟာ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း လက္ခဏာလေးတွေ ကွဲပါတယ်။ အင်မတန်မှ နက်နဲတဲ့ ရောဂါဖြစ်ပါတယ်။ အတက်ရောဂါ ဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အတက်ရောဂါ ဆိုတာ ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။ တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါ လို့ ခေါ်တဲ့ Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ […]

အတက်ရောဂါ ကို ရှာဖွေမည်။

အတက်ရောဂါ

ဝက်ရူးပြန်ရောဂါအတွက် သဘာဝကုသနည်းလမ်းများ

ဝက်ရူးပြန်ရောဂါကုသနည်းလမ်းတွေမှာ သဘာဝနည်းလမ်းတွေလဲပါဝင်ပါတယ်။ လူတိုင်းအတွက် အလုပ်မဖြစ်နိုင်သော်လည်း ဆရာဝန်တွေက သဘာဝနည်းတွေကို ကြိုးစားကြည့်ဖို့ အကြံပြုလေ့ရှိကြပါတယ်။ ထိုသဘာဝနည်းတွေမှာ ဘယဆေးတွေ၊ ဗီတာမင်တွေ၊ ဘိုင်အိုဖိဘက်နဲ့ အပ်စိုက်ခြင်းတို့ပါဝင်ပါတယ်။ ၁။ ဘယဆေးနည်းများ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဘယဆေးအချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ပြာမှုန့် ဂရောင်းဆယ်အပင် Hydrocotyle မြင်းခွာရွက် ကျီးပေါင်းပင် Mugwort ပျိုးပင်မြက် ပျိုနီပန်းပင် Scullcap အပင် Tree of Heaven Valerian သစ်ခွ ဘယဆေးတွေမှာ ခေါင်းကိုက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ အစာနှင့်အူလမ်းကြောင်း ပြဿနာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတက်ရောဂါတွေအတွက်တော့ ထိရောက်မှုရှိလှပါတယ်။ အချို့ ဘယဆေးတွေဟာ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုနိုင်သော်လည်း အချို့ဆေးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ အောက်ပါတို့ပါဝင်ပါတယ်။ ဂျင်ကိုအပင်နှင့် စိန့်ဂျွန်အပင် ကာဗာငရုတ်ကောင်း၊ စူကာပန်း၊ Valerian သစ်ခွ ကြက်သွန်ဖြူ ကမ်မိုမိုင်းအပင် ၂။ ဗီတာမင်များ ကျန်းမာတဲ့ […]


အတက်ရောဂါ

အတက်ရောဂါရှိတဲ့ ကလေးငယ်ကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ

ကလေးမှာ ဝက်ရူးပြန်ရောဂါရှိနေပြီဆိုတာဟာ သင့်အတွက် စိတ်ထိခိုက်ပူပန်စရာတစ်ခုပါပဲ။ ဒါပေမယ့်လည်း ဘာတွေပဲဖြစ်ဖြစ် ကလေးအတွက် သင်ကြံ့ကြံ့ခိုင်ပေးရပါတော့မယ်။ ရောဂါအကြောင်း ကောင်းကောင်းသိအောင်လုပ်ပြီး ကလေးကို ဘယ်လိုကူညီပံ့ပိုးပေးရမယ်ဆိုတာ သိအောင်ပြုလုပ်ခြင်းက သင်အကောင်းဆုံးလုပ်နိုင်မယ့် အရာပါပဲ။ ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့ လိုအပ်သလဲ။ ကလေးကိုကူညီပံ့ပိုးပေးဖို့ ပထမဦးဆုံးလိုအပ်တဲ့အရာက ရောဂါအကြောင်းကို သိရှိနားလည်ခြင်းပါပဲ။ ဝက်ရူးပြန်ရောဂါအမျိုးမျိုးရှိပါတယ်။ ဝက်ရူးပြန်ရောဂါရှိနေပြီဆိုရင် တက်နိုင်ပါတယ်။ အသက်အရွယ်မရွေးတက်နိုင်ပါတယ်။ အသက်အရွယ်နဲ့လိုက်ပြီး တက်ပုံတက်နည်းတွေလဲကွဲပြားနိုင်ပါတယ်။ တက်နေပြီဆိုရင် အသက်ရှူတဲ့ပုံစံတွေ၊ မျက်ခွံနဲ့ နှုတ်ခမ်းလှုပ်ရှားပုံတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ခြေထောက်တွေ စက်ဘီးနင်းသလို လှုပ်ရှားခြင်း၊ တဆတ်ဆတ်တုန်နေခြင်းနဲ့ ခြေတွေ၊လက်တွေတောင့်တင်းခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ ကလေးရောဂါနဲ့ ပတ်သတ်ပြီး ကူညီပေးနိုင်မယ့်လူတော့ ကလေးအထူးကုဆရာဝန်တွေပဲဖြစ်ပါတယ်။ ကလေးမှာ ဝက်ရူးပြန်ရောဂါရှိတာ သေချာအောင် မတက်ခင်၊တက်နေစဉ်နဲ့ တက်ပြီးနောက်တွေမှာ ဘာတွေဖြစ်လဲဆိုတာကို မေးမြန်းပါလိမ့်မယ်။ ဗီဒီယိုရိုက်ထားတာရှိရင်လည်း ကြည့်ပါလိမ့်မယ်။ စစ်ဆေးမှုတွေ လုပ်ပေးမယ်ဆိုရင်တောင်မှ ကလေးရောဂါကို အဆုံးအဖြတ်ပေးဖို့ ဆေးမှတ်တမ်းတွေလိုအပ်နေနိုင်ပါတယ်။ ကလေးကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ။ ကလေးအစီအစဉ်တွေမှာ […]


အတက်ရောဂါ

ဝက်ရူးပြန်နေတဲ့သူတွေ့ရင် ဘာတွေလုပ်ရမလဲ

လူတစ်ယောက်ဝက်ရူးပြန်နေပြီဆိုရင် သူရဲ့ကံကြမ္မာဟာ သင်အဲဒီဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဘာလုပ်နိုင်သလဲဆိုတာပေါ်မှာ မူတည်နေပါတယ်။ ဆိုးဆိုးရွားရွားတက်တာလဲဖြစ်နိုင်သလို၊ အနည်းငယ်တက်တာလဲဖြစ်နိုင်ပါတယ်။ သင်တစ်ခုခုပြုလုပ်လိုက်ခြင်းက သူတို့အသက်ကို ကယ်တင်ပေးသလိုအထိ ဖြစ်သွားနိုင်ပါတယ်။ ဝက်ရူးပြန်နေတဲ့သူကို ထိခိုက်ဒဏ်ရာမရရှိအောင် ကာကွယ်ပေးပါ။ ဝက်ရူးပြန်ပြီဆိုတာနဲ့ ကြွက်သားထိန်းချုပ်နိုင်စွမ်းတွေ၊ စကားပြောနိုင်စွမ်းတွေ၊ အမြင်တွေနဲ့ အသိတရားတွေ ခဏတာပျက်ယွင်းသွားပါလိမ့်မယ်။ အချို့အခြေအနေတွေမှာဆိုရင် စက္ကန့်၊မိနစ်နဲ့ချီပြီး အသိတရားကင်းမဲ့ကာ တစ်ကိုယ်လုံး ပြင်းထန်စွာ လှုပ်ခါနေတာကို တွေ့မြင်နိုင်မှာပါ။ ထိုသို့ဖြစ်နေခြင်းဟာ တခြားအရာတွေကို ထိမိခိုက်မိနိုင်တာကြောင့် လူနာထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။ တက်နေတဲ့သူတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ လဲမကျသွားအောင် တတ်နိုင်သမျှမြန်မြန်ထိန်းထားပေးလိုက်ပါ။ ဒါမှမဟုတ် ကြမ်းပြင်ကို ဖြည်းဖြည်းချင်းလဲကျသွားအောင် ထိန်းထားပေးလိုက်ပါ။ ပြီးနောက် လူနာဝက်ရူးပြန်နေစဉ်အတွင်းမှာ သူ့ထိခိုက်မိနိုင်ခြေရှိမယ့် ပစ္စည်းတွေကို အဝေးသို့ရွှေ့ပေးထားပါ။ ကြမ်းပြင်ပေါ်လဲကျနေတဲ့ ဝက်ရူးပြန်သူတစ်ယောက်နဲ့ ကြုံပြီဆိုရင်တော့ တစ်ဖက်စောင်းပြီးလှဲနေတဲ့ပုံစံ ဖြစ်အောင်လုပ်လိုက်ပါ။ အရည်တွေ ပါးစပ်ထဲကထွက်သွားအောင်ဖြစ်ပါတယ်။ သူတို့ကို အတင်းမဖိပါနှင့်။ သူတို့ရဲ့ လည်ပင်းကြယ်သီးတွေ ဖြုတ်ပေးနိုင်ပါတယ်။ ဝက်ရူးပြန်နေတဲ့သူကို […]


အတက်ရောဂါ

ဝက်ရူးပြန်ရှိနေတဲ့ ကိုယ့်ဘဝလက်တွဲဖော်ကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ

ကိုယ့်ဘဝလက်တွဲဖော်မှာ ဝက်ရူးပြန်ရောဂါရှိပြီလား။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး လက်တွဲဖော်က သူ့ကိုယ်သူ စိတ်ဓာတ်ကျနေပြီလား၊ စိတ်ပျက်နေပြီလား။ ကူညီပံ့ပိုးပေးချင်ပေမယ့်လည်း ဘာလုပ်လို့၊ဘာကိုင်ရမှန်းမသိဖြစ်နေလား။ အောက်ပါနည်းလမ်းတွေနဲ့ အတူ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်လာနိုင်ပါမယ်။ ပွင့်ပွင့်လင်းလင်းစကားပြောကြပါ။ မိမိကြင်ဖော်က ဘာတွေဖြတ်သန်းရတော့မယ်၊ ဘယ်လိုတွေခံစားရတော့မယ်ဆိုတာ နားလည်ထားဖို့အရေးကြီးပါတယ်။ အဲဒါမှ မှန်မှန်ကန်ကန်ကူညီပေးနိုင်မှာပါ။ အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ပုံမှန်စကားပြောနေကျပုံစံအတိုင်းသာ ပြောပေးပါ။ သို့မှသာ သူ့ရဲ့ကြောက်စိတ်တွေနဲ့ စိုးရိမ်မှုတွေပြောပြတဲ့နေရာမှာ သက်သောင့်သက်တာရှိတယ်လို့ခံစားရမှာပါ။ သင့်စိတ်ခံစားမှုတွေ မသိုဝှက်ထားဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ချစ်သူ ဝက်ရူးပြန်နေတာကို မြင်မိပြီး ကြောက်စရာကောင်းတယ်လို့ထင်ရင်လည်း ပြောပြလိုက်ပါ။ သူကိုသင် ရိုးရိုးသားသား ပြုမူဆက်ဆံမယ်ဆိုရင် သူလည်းသင့်ကို ပြန်ရိုးသားပေးပါလိမ့်မယ်။ မိမိကြင်ဖော်ကို အရက်မသောက်ဖို့ပြောပေးပါ။ အရက်သောက်မသောက်က သူ့တို့ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း အရက်ရဲ့ ဝက်ရူးပြန်ရောဂါပေါ်မှာရှိသော သက်ရောက်မှုတွေ ပြောပြပြီး အရက်မသောက်ဖို့ တိုက်တွန်းပေးပါ။ ဝက်ရူးပြန်ရှိတဲ့လူဟာ တစ်နေ့ကို အရက် ၁ယူနစ်ကနေ ၂ယူနစ်အထိသာ သောက်သုံးသင့်ပါတယ်။ […]


အတက်ရောဂါ

အတက်ရောဂါသည်ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ဘယ်လိုလုပ်ပေးရမလဲ

ဝက်ရူးပြန်ရောဂါရှိတဲ့ လူတစ်ယောက်ဟာ အိပ်နေရင်းနဲ့ တက်တတ်ပါတယ်။ တစ်ခါတစ်လေ ညဘက်တက်ခြင်း (Nocturnal seizure) လို့ သတ်မှတ်ကြပါတယ်။ မိဘတစ်ယောက်အနေနဲ့ မိမိကလေး အိပ်နေရင်း တက်နေလား၊မတက်ဘူးလားဆိုတာ သိဖို့လိုအပ်ပြီး အချိန်မှီ ကူညီပေးဖို့လည်းလိုအပ်ပါတယ်။ ညဘက်တက်ခြင်း (Nocturnal seizure) ဆိုတာ ဘာလဲ။ ညဘက် ဒါမှမဟုတ် အိပ်နေရင်းနဲ့ တက်ခြင်းဟာ ဝက်ရူးပြန်ခြင်းတစ်မျိုးပါပဲ။ အိပ်နေရင်းနဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ၊ အပြုအမူမျိုးတွေ ပါဝင်ပါတယ်။ ညဘက်တက်နေမယ်ဆိုရင် အိပ်နေရာကနေ အကြောင်းပြချက်မရှိဘဲ သူ့အလိုအလိုနိုးလာတတ်ပါတယ်။ ခဏခဏနိုးလားပါမယ် ဒါမှမဟုတ် လန့်အော်ခြင်း၊ လက်နဲ့ခြေထောက်တို့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ ပြင်းထန်စွာ ရိုက်နှက်လျက်ရှိပြီး စိတ်ရှုတ်ထွေးစွာရှိနေတတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်မဟုတ်တဲ့ အိပ်ခြင်းမျိုးမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဆိုလိုတာကတော့ စအိပ်ပျော်တဲ့အချိန်မှာ ဖြစ်တတ်တာပါ။ ညဘက်တက်၊မတက်ကို အောက်ပါလက္ခဏာများဖြင့် ကြည့်ရှုစစ်ဆေးကြည့်နိုင်ပါတယ်။ ပုံမှန်မဟုတ်သော အိပ်ချင်စိတ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ရာထဲသေးပေါက်ချခြင်းတို့က […]


အတက်ရောဂါ

ဆယ်ကျော်သက်အရွယ်အတက်ရောဂါသည်လေးတွေကို ကူညီပံ့ပိုးခြင်း

အတက်ရောဂါရှိနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို နည်းမှန်လမ်းမှန်နဲ့ ကူညီပံ့ပိုးပေးဖို့ရာ မိဘများအတွက် လွန်စွာခက်လှပါတယ်။ ကိုယ်ရင်သွေးကို ကာကွယ်စောင့်ရှောက်ပေးချင်သော်ငြားလည်း အပြည့်အဝမထိန်းကျောင်းနိုင်ကြရှာပါဘူး။ အောက်ပါဆောင်းပါးမှာတော့ သင့်ဆယ်ကျော်သက်အရွယ်ရင်သွေးကြီးကို စိတ်မညစ်စေပဲ ဘယ်လိုကူညီထောက်ပံ့ပေးရမယ်ဆိုတာ ဖော်ပြပေးသွားမှာပါ။ အတက်ရောဂါဆိုတာဘာလဲ။ ဦးနှောက်နဲ့အာရုံကြောချို့ယွင်းတဲ့ အခြေအနေတစ်မျိုးပါပဲ။ အတက်ရောဂါဟာ ဦးနှောက်ကနေစတာ များပါတယ်။ ဦးနှောက်မှာ ကိုယ်ခန္ဓါကိုယ်၏ လုပ်ငန်းဆောင်တာ၊ အာရုံခံစားမှုနဲ့ အတွေးတွေကို လျှပ်စစ်သတင်းပို့ချက်တွေသုံးပြီး ထိန်းချုပ်နေတဲ့ အာရုံကြောဆဲလ်ပေါင်းသန်းနဲ့ချီပြီး ရှိပါတယ်။ ယင်းသတင်းပို့ချက်တွေကို ပြတ်တောက်စေတဲ့ ချို့ယွင်းချက်တွေရှိနေပြီဆိုရင်တော့ အတက်ရောဂါ ဒါမှမဟုတ် ဝက်ရူးပြန်ခြင်း ဖြစ်ပွားနိုင်ပါပြီ။ ဆယ်ကျော်သက်အရွယ်အတက်ရောဂါသည်လေးကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲ။ ကိုယ်စိတ်ပူတဲ့ကိစ္စတွေကို တခြားလူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကလေးဝက်ရူးပြန်နေမှာစိုးရိမ်တယ်ဆိုရင် မိသားစုဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ထားသင့်ပါတယ်။ သို့မှသာ သူတို့က သင်သိသင့်သိထိုက်တာတွေပြောပြပေးနိုင်မှာ ဖြစ်သလို အကြံဉာဏ်တွေလည်း ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးအတွက် အတက်ရောဂါအထူးပြုသူနာပြုတစ်ယောက် ရှာထားသင့်ပါတယ်။ သူတို့က အတွေ့အကြုံတွေ အများကြီးရှိပြီး သင့်ကို […]


အတက်ရောဂါ

ဝက်ရူးပြန်တတ်တဲ့ကလေးတွေကို ကျောင်းမှာအဆင်ပြေအောင် ဘာတွေပံ့ပိုးပေးရမလဲ

အတက်ရောဂါရှိတဲ့ ကလေးတိုင်နီးပါး ကျောင်းကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျောင်းမှာဘေးကင်းလုံခြုံနိုင်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ထိုသို့သိထားဖို့က အတက်ရောဂါရှိနေတဲ့ ကလေးကို ဘယ်လိုပံ့ပိုးပေးရမယ်ဆိုတာနဲ့ပတ်သတ်တဲ့ အသိပညာတွေရှိထားဖို့လိုပါတယ်။ ကလေး၏ဆရာ/ဆရာမဖြင့် ဆွေးနွေးတိုင်ပင်ပါ။ ကလေးရဲ့ ဆရာ/ဆရာမတို့ဖြင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သို့မှသာ သူတို့က ကလေးရဲ့ လိုအပ်ချက်တွေကို ကူညီပေးနိုင်မှာပါ။ ကလေးတက်ရင် ဘယ်လောက်ပြင်းထန်သလဲနဲ့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ တိတိပပသိရှိထားသင့်ပါတယ်။ သူတို့ကို လုပ်ပေါ်ကိုင်ဖက်လိုပေါင်းပေးဖို့ အကြံပြုပါတယ်။ အတက်ရောဂါက ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်နေပြီဆိုရင်တော့ သူတို့အတွက် ပြုလုပ်ထားတဲ့ ပညာသင်ကြားခြင်းပုံစံကို တောင်းဆိုနိုင်ပါတယ်။ ဆရာဝန်နဲ့ ဆရာ/ဆရာမကို ဆက်သွယ်ပေးထားတာ အကြံကောင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆက်သွယ်ထားမှပဲ သိချင်သည်များကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်လို့ပါ။ ကျောင်းနေဖော်ကျောင်းနေဖက်တွေက ကလေးရဲ့ အတက်ရောဂါအကြောင်း သိနေအောင်လုပ်ပါ။ ကလေးက အချိန်မရွေးတက်နိုင်ပါတယ်။ ဘယ်အချိန်မှာတက်မယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဒါကြောင့် ကျောင်းနေဖော်ကျောင်းနေဖက်တွေဟာ ထိုရောဂါကိုအကြောင်းကို သိထားဖို့လိုပါတယ်။ ဒါမှ အချိန်မှီကူညီနိုင်မှာပါ။ […]


အတက်ရောဂါ

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း))

အဓိပ္ပါယ်ဖွင့်ဆိုချက်Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကဘာလဲ။ ရှုပ်ထွေးလှတဲ့တစ်ဝက်တစ်ပျက်တက်ခြင်းဆိုသည်မှာ အာရုံစူးစိုက်မှုချို့ယွင်းပြီးသတိလက်လွတ်တက်ခြင်းမျိုးဖြစ်ပါတယ်။ ဒီလိုတက်ခြင်းဟာဦးနှောက်ရဲ့နေရာတစ်နေရာကနေစပြီးများသောအားဖြင့် ဦးနှောက်ရဲ့ဘေးဘက်ဖြစ်လေ့ရှိပါတယ် Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) က ဘယ်လောက်အဖြစ်များသလဲ တက်တဲ့လူများတွင်ယခုပုံစံမျိုးဟာအဖြစ်အများဆုံးဖြစ်ပါတယ်။ ဒီလိုတက်ခြင်းဟာ ဦးနှောက်လေဖြတ်ထားတဲ့လူတွေမှာတွေ့ရလေ့ရှိပါတယ်။ တက်တဲအြခါ ခြေ ၊ လက်တွေနဲ့ အခြားအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုဟာမထိန်းချုပ်နိုင်အောင်ဖြစ်လာတတ်ပါတယ်။ ယခုလိုတက်ခြင်းဟာ အချိန်အရမ်းတိုပြီး တက်တဲ့လူဟာလည်း ပတ်ဝန်းကျင်ကိုသတိထားမိမှာမဟုတ်ပါဘူး။ သူတို့ဟာအချိန်ခဏလေး သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရောဂါကိုသက်သာအောင်ကုသနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEpilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့အများကြီးရှိပါတယ်။ သို့သော်လည်းရောဂါလက္ခဏာများဟာ တက်နေတဲ့အချိန်မှာသာဖြစ်လေ့ရှိပြီး အခြားအချိန်မှာမဖြစ်ပါဘူး။ တက်တဲ့အခါလည်းမိနစ်အနည်းငယ်သာကြာတတ်ပါတယ်။ဦးနှောက်ရဲ့ထိပ်ပိုင်းမှစပြီးဖြစ်တဲ့တက်ခြင်းဟာ ဦးနှောက်ဘေးဘက်မှစဖြစ်တဲ့တက်တာထက် ပိုပြီးအချိန်တိုလေ့ရှိပါတယ်။ ရောဂါလက္ခဏာများဟာ ရုတ်တရက်ပေါ်လာပြီး တက်တဲ့ရောဂါရှိတဲ့လူဟာလည်း သူ့မှာရောဂါလက္ခဏာတွေဖြစ်နေမှန်းသတိထားမိမှာမဟုတ်ပါဘူး။ ထိုသူများဟာ.. တစ်နေရာရာကို အိပ်မက်မက်နေသလိုစိုက်ကြည့်နေခြင်း ၊ မတုံ့ပြန်နိုင်ခြင်း၊ အိပ်နေရာမှာရုတ်တရက်နိုးလာခြင်း၊ ပါးစပ်များကိုထက်ခါထက်ခါလှုပ်နေခြင်း၊ နှုတ်ခမ်းများပိတ်လိုက်ဖွင့်လိုက်လုပ်နေခြင်း၊ လေ ၊ […]


အတက်ရောဂါ

သင့်တွင်အတက်ရောဂါရှိပါက ယဉ်မောင်းနှင်ရာတွင်လုံခြုံစိတ်ချရစေရန်

အတက်ရောဂါရှိတဲ့သူတွေအတွက် မောင်းနှင်ရခြင်းသည် ခက်ခဲသောအလုပ်တစ်ခုဖြစ်ပါတယ် ။ တစ်ချို့လူနာများဆိုလျှင် တက်ခြင်းကိုထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ယာဉ်များမောင်းနှင်ခြင်းမှတားမြစ်ထားရပါတယ် ။ မောင်းနှင်ရာတွင်စိတ်ချရစေမည့်နည်းလမ်းများကိုလေ့လာခြင်းဖြင့် မောင်းနှင်ရာတွင်တက်ခြင်းမှကာကွယ်နိုင်ပါတယ် ။     တက်ခြင်းနှင့်ယာဉ်များမောင်းနှင်နိုင်စွမ်းရှိခြင်း ။ သင်တက်သောအခါတွင် သင့်ရဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု တွေမရှိတော့ပါဘူး ။ အာရုံခံစားမှုနဲ့သင်ပြုမူတဲ့ပုံစံတွေဟာလည်းပြောင်းလဲသွားပါတယ်။ ဒါမှမဟုတ်သင်ဟာ ရုတ်တရက်သတိမေ့သွားတဲ့အထိဖြစ်နိုင်ပါတယ် ။ ရလာဒ်အနေနဲ့ကတော့ ကားမောင်းနေစဉ်မှာတက်ခြင်းဟာ ကားကိုထိန်းချုပ်နိုင်မှုမရှိတော့ပဲ ယာဉ်တိုက်မှုတွေဖြစ်စေနိုင်ပါတယ် ။ သင်နဲ့အခြားလူများကိုပါ ထိခိုက်နာကျင်စေနိုင်ပါတယ် ။ သင့်ရဲ့ယာဉ်များကိုမောင်းနှင်ရန်စွမ်းရည်ကတော့အောက်ပါအချက်များအပေါ်မှာမူတည်ပါတယ် ။ - တက်စေတဲ့အကြောင်းအရင်း ။ - သင်တက်သော ပုံစံအမျိုးအစား ။ - လိုင်စင်ရပြီးသားကဲသို့သော ဥပဒေများ ။ - သင့်ကိုသတိလက်လွတ်ဖြစ်စေတဲ့တက်ခြင်းမဖြစ်ပဲနေနိုင်သော အချိန်ပမာဏ ။   သင်သိသင့်သော ယဉ်မောင်းရာတွင်အန္တရာယ်ကင်းစေမည့်နည်းများ ။ သင့်မှာအတက်ရောဂါရှိတာကိုသိရတဲ့အခါမှာ သိသင့်သည်များကိုသိထားဖို့လိုအပ်ပါတယ် ။ ဒါကြောင့်သင်ဟာကားမောင်းလိုင်စင်ကိုဖြည့်တဲ့အခါတွင် အတက်ရောဂါရှိကြောင်း တင်ပြဖို့အရေးကြီးပါတယ် ။ ဒီလိုတင်ပြဖို့အတွက် ဆရာဝန်ဆီမှထောက်ခံစာတစ်စောင်လိုအပ်ပါတယ် ။ မထိန်းချုပ်နိုင်တဲ့အတက်ရောဂါရှိတဲ့သူတွေဟာကားမောင်းတဲ့အခါ မတော်တဆဖြစ်ရန် အခွင့်အလမ်းများတာကြောင့် သင်ကားမောင်းနိုင် ၊ မမောင်းနိုင်ကြောင်း ဆရာဝန်ရဲ့အတည်ပြုချက်ရရှိဖို့လိုအပ်ပါတယ် […]


အတက်ရောဂါ

မတက်ခင် ဖြစ်လာမယ့် လက္ခဏာတွေကို ဘယ်လိုသတိထားနိုင်သလဲ

အတက်ရောဂါကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ရုတ်တရက် ဆက်ကာဆက်ကာ တက်တတ်ပါတယ်။ မတက်ခင်ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားခြင်းဖြင့် အန္တရာယ်ရှိတဲ့အရာတွေနဲ့ ဒဏ်ရာအနာတရဖြစ်ခြင်းကနေ ရှောင်နိုင်ပါတယ်။ တက်တာဟာ သင်အိပ်နေချိန်ပဲဖြစ်ဖြစ်၊ နိုးနေချိန်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါတွေက အတက်ရောဂါ အမျိုးအစားတွေဖြစ်ပြီး လက္ခဏာတွေကတော့ အနည်းငယ်စီ ကွဲပြားနိုင်ပါတယ်။ အတက်ရောဂါက အဓိကအားဖြင့် ၂မျိုးရှိတယ်။ - တစ်နေရာပဲကွက်ပြီး အတက်ရောဂါ - တစ်ကိုယ်လုံးပါတဲ့ အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ ဖြစ်နေချိန်မှာ သင်ဟာသတိကောင်းနေပါမယ်။ တစ်နေရာပဲကွက်ပြီး အတက်ရောဂါရဲ့ လက္ခဏာတွေထဲမှာ အောက်ပါ အခြေအနေတွေပါဝင်ပါလိမ့်မယ်။ - ဖော်ပြရခက်တဲ့ ထူးဆန်းတဲ့ ခံစားချက် - လူကမြင့်တက်နေသလို ခံစားရခြင်း။ ဒါက ရိုလာကိုစတာစီးနေချိန်မှာ ဗိုက်ထဲမှာဖြစ်တဲ့ ခံစားချက်နဲ့ ဆင်တူပါတယ်။ - အရင်တစ်ခါက ဖြစ်ခဲ့ဖူးသလို ပြန်ခံစားမိခြင်း - ပုံမှန်မဟုတ်တဲ့ အနံ့နဲ့ အရသာကို ခံစားမိနေခြင်း - ခြေ၊ လက်တွေကို ပင်အပ်နှင့်ထိုးသလို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်