ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Hemiplegia (ခန္ဓါကိုယ်တစ်ခြမ်းအားနည်းရောဂါ)

Hemiplegia ဆိုတာဘာလဲ။ Hemiplegia သို့ hemiparesis ဟာ ကိုယ်ခန္ဓါ တစ်ခြမ်း အားနည်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ထိခိုက်တဲ့နေရာပေါ် မူတည်ပြီး ဘယ်ဘက် (သို့) ညာဘက် ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ဦးနှောက်အတွင်း လေဖြတ်တဲ့နေရာဟာ ကိုယ်ခန္ဓါ အားနည်းမှုဖြစ်တဲ့ အစိတ်အပိုင်းကို ဆုံးဖြတ်ပေးပါတယ်။ ဦးနှောက် ဘယ်ဘက်ကို ထိခိုက်မိခြင်းဟာ ညာဘက်အားနည်းစေပြီး ညာဘက်ကို ထိခိုက်မိခြင်းကတော့ ဘယ်ဘက်ကို အားနည်းစေပါတယ်။ လူနာမှာ Hemiplegia ရှိမယ်ဆိုရင် သူတို့ဟာ အားနည်းတဲ့ အပိုင်းကို လှုပ်နိုင်ဆဲဖြစ်ပေမယ့် ကြွက်သားအားနည်းသွားတာဖြစ်ပါတယ်။ အချို့လူတွေမှာတော့ လုံးဝလှုပ်နိုင်ခြင်း မရှိပါဘူး။ မွေးရာပါ Hemiplegia ဟာ မမွေးခင်၊ မွေးနေစဉ်နဲ့ မွေးပြီးချိန်တွေမှာ ဦးနှောက် ထိခိုက်မှုကြောင့် ဖြစ်ပါတယ်။ နောက်မှဖြစ်တဲ့ Hemiplegia ကတော့ နောက်မှ ဖျားနာခြင်း (သို့) […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြောကိုဖုံးအုပ်ထားသော အလွှာပျက်စီးသော ဗီဇရောဂါ (Adrenoleukodystrophy)

အာရုံကြောကိုဖုံးအုပ်ထားသော အလွှာပျက်စီးသော ဗီဇရောဂါ(Adrenoleukodystrophy) ဆိုတာဘာလဲ။ Adrenoleukodystrophy (Schilder-Addison complex၊ adrenomyeloneuropathy၊ ALD) ဟာ ပြင်းထန်ပြီး သေစေနိုင်တဲ့ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ အက်ဒရီနယ်ဂလင်း အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အာရုံကြော ဆဲလ်တွေရဲ့ အကာအရံအလွှာ မိုင်လင် (Myelin) ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်ကို ပိတ်ဆို့ခြင်းပဲဖြစ်ပါတယ်။ မိုင်လင် (myelin) ဟာ ဖက်တီးအက်ဆစ်တွေကို ဖြိုခွဲပြီး အာရုံကြောဆိုင်ရာ ဆက်သွယ်ခြင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကာ အာရုံကြောတွေကြားက သတင်းအချက်အလက် သယ်ပို့တဲ့ ဖြစ်စဉ်ကို ပုံမှန်အတိုင်း ဖြစ်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ဒီအလွှာ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်နိုင်ပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။ ကလေးမွေးသူ ၁၇,၀၀၀ ကနေ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကဘာလဲ။ နဖူး၊ခေါင်းနဲ့လည်ပင်းနောက်ကျောတစ်ဝိုက် တောင့်တင်းနေမယ်၊ဦးခေါင်းတစ်ခုလုံးတင်းကျပ်ပြီးနာနေမယ်၊ညှစ်ထားသလိုနာနေမယ်ဆိုရင်တင်းအားများခေါင်းကိုက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ တစ်လမှာဖြစ်တဲ့အကြိမ်၁၅ကြိမ်ထက်နည်းမယ်ဆိုရင် လတ်တလောရုတ်တရက် ခေါင်းကိုက်ခြင်းလို့ သတ်မှတ်ပြီးဒီထက်ပိုမယ်ဆိုရင်တော့နာတာရှည်ခေါင်းကိုက်ခြင်းလို့သတ်မှတ်ပါတယ်။ Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပြီးဘယ်အရွယ်မဆိုဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေကိုလျှော့ချခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများTension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ ခေါင်းအရှေ့ခြမ်း၊ထိပ်(သို့)ဘေးဘြက်ခမ်းတွေမှာတင်းငြ်္ပီးနာခြင်း အိပ်ရေးမဝခြင်း မောပန်းခြင်း ဆတ်ဆတ်ထိမခံဖြစ်ခြင်း အာရုံစိုက်မရဖြစ်ခြင်း အသံ၊အလင်းဒဏ်ကိုမခံနိုင်ခြင်း ကြွက်သားများနာခြင်း ခေါင်းတစ်ခုလုံးထုံထိုင်းနေခြင်း နဖူးကြောများတင်းနေခြင်း နဖူးနှင့်ဦးရေပြားများအထိမခံနိုင်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအချက်တွေထဲကတစ်ချက်ချက်ရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။ သင့်ရဲ့နေ့စဉ်ဘဝကိုထိခိုက်လာမယ်ဆိုရင် တစ်ပတ်မှာနှစ်ကြိမ်ထက်ပိုပြီးခေါင်းကိုက်ပျောက်ဆေးသောက်နေရမယ်ဆိုရင် ခေါင်းကိုက်တဲ့ပုံစံရုတ်တရက်ကြီးပြောင်းသွားမယ်ဆိုရင် ရုတ်ချည်းဆိုးရွားသွားရင် ဖျားတာ၊ဇက်ကြောတက်တာ၊စိတ်ရှုပ်ထွေးတာ၊တက်တာ၊နှစ်ထပ်မြင်တာ၊အားနည်းတာ၊ထုံတာ၊စကားပြောရခက်တာတွေဖြစ်လာမယ်ဆိုရင် ထိခိုက်ဒဏ်ရာရပြီးနောက်မှခေါင်းကိုက်တာမျိုး(သို့)ပိုဆိုးလာတာမျိုးဆိုရင်သွားပြသင့်ပါတယ်။ အကြောင်းရင်းများTension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတာအတိအကျမသိရသေးပါဘူး။ ပြဿနာတွေ၊ အခက်အခဲတွေကိုရင်မဆိုင်နိုင်ခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်အများဆုံးဖြစ်နိုင်ပါတယ်။ အလုပ်၊ကျောင်းစာ၊မိသားစု၊သူငယ်ချင်းဆက်ဆံရေးအဆင်မပြေမှုတွေကြောင့်စိတ်ဖိစီးနိုင်ပါတယ်။ ဦးခေါင်း၊ လည်ပင်းနောက်ခြမ်း တောင့်တင်းခြင်းကိုဖြစ်စေနိုင်တဲ့အခြားအကြောင်းရင်းတွေကတော့ ပြည့်ပြည့်ဝဝအနားမယူရခြင်း ကိုယ်နေဟန်ထားမမှန်ခြင်း စိတ်ဖိစီးမှုများခြင်း၊စိတ်ဓါတ်ကျခြင်း စိုးရိမ်စိတ်များခြင်း မောပန်းနွမ်းနွယ်ခြင်း ဆာလောင်မွတ်သိပ်ခြင်း သံဓါတ်ချို့တဲ့ခြင်း   ဖြစ်နိုင်ခြေများငါ့ဆီမှာ Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အကြောင်းအများကြီးရှိပါတယ်။ အမျိုးသမီးတွေ (အမျိုးသမီးထုရဲ့ ၉၀ရာခိုင်နှုန်းမှာတွေ့နေရပါတယ်။) သက်လတ်ပိုင်းအရွယ်တွေမှာပိုဖြစ်နိုင်ပါတယ်။ ရောဂါအဖြေရှာခြင်းနှင့် ကုသမှုယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Vertigo (ချာချာလည်မူးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vertigo (ချာချာလည်မူးခြင်း) ကဘာလဲ။ တစ်ကိုယ်လုံးချာချာလည်နေခြင်း ဒါမှမဟုတ် ဘေး ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေသလိုမျိုး ခံစားရခြင်းဖြစ်ပါတယ်။ သင့်ဘေးပတ်လည်မှာရှိတဲ့အရာတွေအားလုံး လည်နေတယ်လို့ခံစားရခြင်းဖြစ်ပါတယ်။ အမျိုးမျိုးသော နေမကောင်းခြင်းတွေနှင့် အခြားကျန်းမာရေးပြဿနာတွေရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ Vertigo (ချာချာလည်မူးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ အရမ်းအဖြစ်များပါတယ်။ ယင်းကိုဖြစ်စေတဲ့ နေမကောင်းခြင်းတွေကို ကုသခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။ ဆက်လက်သိရှိလိုတဲ့အချက်တွေအတွက်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   လက္ခဏာများVertigo (ချာချာလည်မူးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ ချာချာလည်နေခြင်း တိမ်းခြင်းစောင်းခြင်း ယိမ်းထိုးလှုပ်ရမ်းခြင်း ဟန်ချက်မထိနိးနိုင်ခြင်း တစ်ဖက်ဖက်ကိုစောင်းသွားခြင်း မအီမသာဖြစ်ခြင်း မျက်ဆံအထက်ဘယ်ညာ အထိန်းအကွပ်မဲ့ မြန်မြန်ယိမ်းခြင်း ခေါင်းကိုက်ခြင်း ချွေးထွက်ခြင်း နားအူခြင်း (သို့) အကြားအာရုံဆုံးရှုံးခြင်း ဒီလက္ခဏာတွေဟာ မိနစ်ပိုင်းကနေ နာရီပိုင်းအထိကြာနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။   အကြောင်းရင်းများVertigo (ချာချာလည်မူးခြင်း) […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Amnesia (အတိတ်မေ့ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amnesia (အတိတ်မေ့ရောဂါ) ကဘာလဲ။ အတိတ်မေ့ရောဂါ ဆိုတာ မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ် ။ အတိတ်မေ့ရောဂါ ဖြစ်လာပြီဆိုရင်တော့ အကြောင်းအရာ အချက်အလက်တွေ ၊ ကိုယ်ရေးကိုယ်တာ၊ အတွေ့အကြုံတွေကိုပါ မေ့လျော့ဆုံးရှုံး သွားတတ်ကြပါတယ် ။ မှတ်ဉာဏ်ချို့ယွင်းသော ရောဂါ၊ လေဖြတ်ခြင်း၊ ဦးခေါင်းထိခိုက် ဒဏ်ရာရခြင်း စတဲ့ ကျန်းမာရေး အခြေအနေ တွေဟာ အတိတ်မေ့ရောဂါ ကိုဖြစ်စေနိုင်ပါတယ် ။ မှတ်ဉာဏ် ဆုံးရှုံးမှု ပြင်းထန်လာပြီ ဆိုရင်တော့ အတိတ်မေ့ရောဂါဟာ နောက်ထပ်မှတ်ဉာဏ်တွေမှတ်နိုင်စွမ်းကိုလည်း အားနည်းစေနိုင်ပါတယ် ။ အတိတ်မေ့ရောဂါမှာ ခဏတာမေ့တာနဲ့ အမြဲမေ့တာ စတဲ့အခြေအနေတွေ ဖြစ်နိုင်တယ် ။ အတိတ်မေ့ရောဂါ ကိုသေချာဂရုစိုက်ကုသဖို့ အရေးကြီးပါတယ်။ Amnesia (အတိတ်မေ့ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အတိတ်မေ့ရောဂါဟာ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လေဖြတ်ခြင်း ၊ဦးခေါင်းထိခိုက် ဒဏ်ရာရခြင်း စတဲ့ အလွန်ပြင်းထန်တဲ့ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Coma (ကိုမာဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Coma (ကိုမာဝင်ခြင်း) ကဘာလဲ။ ကိုမာဆိုတာ အချိန်ကြာရှည် သတိလစ်မေ့မြော နေတာကို ခေါ်တာပါ။ ကိုမာ ဝင်နေတဲ့လူတွေဟာ အိပ်နေတာနဲ့ တူပါတယ်။ ဒါပေမဲ့ ဆူညံသံတွေ၊ အခြားလှုံ့ဆော်မှုတွေနဲ့ နာကျင်ခြင်း လိုဟာမျိုးတွေတောင် မတုံပြန်နိုင်တော့ပါဘူး။ အချိန်တွေ ကြာလာရင်တော့ တဖြည်းဖြည်းနဲ့ သတိပြန် ရလာနိုင်ပါတယ်။ ဒါပေမဲ့လည်း အချို့လူတွေဟာ မနိုးတစ်ဝက် နိုးတစ်ဝက်နဲ့ နေသွားကြရပါတယ်။ Coma (ကိုမာဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကိုမာဝင်တာက အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဘေးဖြစ်စေသော အရာများကို ရှောင်ကြဉ်ခြင်းအားဖြင့် ဖြစ်နိုင်ချေကို လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်ဖြင့် ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများComa (ကိုမာဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုမာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ • မျက်လုံးများ ပိတ်နေခြင်း • တုံ့ပြန်နိုင်မှုများ မကောင်းတော့ခြင်း။ ဥပမာအားဖြင့် အလင်းနှင့် ဆူညံသံများကို မတုံ့ပြန်နိုင်တော့ခြင်း […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ကဘာလဲ။ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုသည်မှာ ဦးခေါင်းတစ်ဖက် ထဲကို ထိခိုက်စေသော ပြင်းထန်သည့် ခေါင်းကိုက်ခြင်း ဖြစ်ပါ သည်။ ၎င်းသည် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း နှင့် အလင်း အထိမခံနိုင်ခြင်းတို့နှင့် တွဲ၍ဖြစ်ပွားလေ့ ရှိပါသည်။ ခေါင်းတစ် ခြမ်းကိုက်ခြင်းသည် နာရီများစွာမှ ရက်များစွာအထိ ကြာနိုင် သည်။ ထိုရောဂါသည် အချိန်မီ ကောင်းစွာ မကုသပါက အလုပ်လုပ်နိုင်မှုစွမ်းရည် နှင့် နေ့စဉ် လှုပ်ရှားမှုများကို ထိခိုက် စေနိုင်သည်။ မှန်ကန်သော ကုသမှုနှင့် အိမ်သုံးကုထုံးများ၊ လူနေမှု ပုံစံပြောင်းလဲခြင်းများဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။ Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ မည်သူမဆို ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်နိုင်ပါသည်။ သို့ သော် အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ အဖြစ် […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Forgetfulness (သတိမေ့တတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Forgetfulness (သတိမေ့တတ်ခြင်း) ကဘာလဲ။ သတိမေ့တတ်ခြင်းသည် အသက်ကြီးခြင်း၏ ပုံမှန် အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ အသက်ကြီးလာသောအခါ ဦးနှောက် အပါအဝင် ခန္ဓါကိုယ် အစိတ်အပိုင်းအားလုံးတွင် ပြောင်းလဲမှု များ ဖြစ်ပွားသည်။ အချို့လူများသည် သူတို့ပြုလုပ်ခဲ့သည် များကို မှတ်မိရန် အချိန်ပိုကြာသည်။ ထိုသို့ဖြစ်ခြင်းသည် ပုံမှန် မေ့လျော့မှု လက္ခဏာတစ်ခု ဖြစ်ပြီး ဆိုးရွားသော ပြဿနာ မဟုတ်ပါ။ သတိမေ့တတ်ခြင်းသည် အယ်လ်ဇိုင်းမား ရောဂါ သို့မ ဟုတ် အခြားအခြေအနေများ၏ ပထမ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ Forgetfulness (သတိမေ့တတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ သတိမေ့တတ်ခြင်းသည် အသက်ကြီးသူများတွင် အများ ဆုံး ဖြစ်ပွားသည်။ သို့သော်လည်း ငယ်ရွယ်သောသူများတွင် သတိမေ့တတ်မှု ဖြစ်နိုင်သည်။ အချို့လူနာများသည် ဦးခေါင်း ဒဏ်ရာရဖူးခြင်းနှင့် ပြင်းထန်သော စိတ်ဒဏ်ရာများ ရှိနေတတ်ကြသည်။ အမျိုးသားများထက် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Hepatic Encephalopathy (အသည်းကြောင့်ဖြစ်သော ဦးနှော်က်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatic Encephalopathy (အသည်းကြောင့်ဖြစ်သော ဦးနှော်က်ရောဂါ) ကဘာလဲ။ အသည်းကြောင့်ဖြစ်သော ဦးနှောက်ရောဂါဆိုသည်မှာ အသည်း ပျက်စီးသော သူများတွင် အပြုအမူ၊ စိတ်အခြေအ နေနှင့် အာရုံကြောစနစ် ပြောင်းလဲမှုဖြစ်ခြင်းကို ခေါ်ပါသည်။ သွေးလည်ပတ်မှုစနစ် နှင့် ဦးနှောက်တွင် အမိုနီးယား (ammonia) များခြင်းသည် ဤပြောင်းလဲမှုများကို ဖြစ်စေသည်ဟု ထင်ပါသည်။ အစာ အိမ်နှင့် အူအတွင်းရှိ ဘက်တီးရီးယားသည် အမိုနီးယားကို ပြုလုပ်သည်။ အများအားဖြင့် အသည်းသည် အမိုနီးယားကို ဓါတ်ပြောင်းလဲပစ်သည် (အမိုနီးယားကို အန္တရာယ် မရှိ အောင်လုပ်ခြင်းဖြစ်သည်)။ သို့သော်လည်း အသည်းရောဂါ ရှိသူများသည် အသည်းအလုပ်မလုပ်ခြင်းကြောင့် အမိုနီးယား များ ပိုများနေပါသည်။ အမိုနီးယားသည် သွေးတွင်းဝင်ကာ ဦးနှောက်သို့ရောက်ရှိသည်။ ဦးနှောက် လုပ်ငန်းများကို နှောင့် ယှက်ပြီး ရောဂါလက္ခဏာများကို ဖြစ်စေသည်။ Hepatic Encephalopathy […]


ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း