ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

အတက်ရောဂါ

အတက်ရောဂါအတွက် ရှေးဦးသူနာပြုနည်းလမ်းများ

တက်တယ်ဆိုတာဟာ အချိန်ကိုက် သင့်တော်တဲ့ ရှေ့ဦးပြုစုမှုမပေးဘူးဆိုရင် တော်တော်လေးကို အသက်အန္တရယ်ရှိပါတယ်။ တက်ခြင်းရဲ့ ရှေးဦးပြုစုနည်းတွေကို သိရှိခြင်းက မဖြစ်သင့်သည်များမဖြစ်လာဖို့အတွက် အရေးပါ ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အောက်တွင် ဖော်ပြပေးပ့ါမယ်။   တက်ခြင်းအမျိုးမျိုးအတွက် ရှေးဦးကုသနည်းများ တက်ခြင်း အမျိုးအစား များစွာရှိပါတယ်။ အများစုကတော့ မိနစ်အနည်းငယ်သာ ကြာပါတယ်။ အောက်ဖော်ပြသည့် အကြောင်းအရာများကတော့ ဘာကြောင့်ပဲတက်တက် အသုံးပြုနိုင်မယ့် ရှေးဦးပြုစုနည်းတွေပါ။ လည်းပင်း၊ လည်ဂုတ်တစ်ဝိုက်ရှိ အဝတ်များကို ချောင်ချောင်ချိချိ ဖြစ်အောင် လုပ်ပေးပါ။ ယင်းက အသက်ရှုချောင်စေပါလိမ့်မယ်။ မာသော၊ ချွန်ထက်သော ပစ္စည်းများကို လူနာအဝေးတွင်ထားပေးပါ။ လူနာကိုတော့ မရွေ့ဖို့ မမေ့ပါနှင့်။ သတိပြန်မလည်လာမချင်း လူနာနှင့်အတူတူ ရှိနေပေးပါ။ သတိရလာပြီဆိုရင်တော့ သက်တောင့်သက်သာ လုံလုံခြုံခြုံထိုင်နိုင်အောင်လုပ်ပေးရပါမယ်။ လူနာက စကားပြန်ပြောနိုင်လာ၊ တုံပြန်နိုင်လာရင် သူတို့ဘာဖြစ်သွားတယ်ဆိုတာ အေးအေးလူလူ ပြောပြပေးပါ။ […]


အတက်ရောဂါ

ကီတုံးထုတ်ပေးတဲ့ အစားအစာတွေက တက်ခြင်းအတွက် ဘယ်လိုအကျိုးတွေရရှိစေမှာလဲ

တက်တာကို သက်သာစေမယ့် စားသောက်ခြင်းကို ရှာဖွေနေမယ်ဆိုရင်တော့ ကီတုံးထုတ်ပေးသော အစားအစာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တက်တတ်တဲ့လူတွေအတွက် အထူးစီစဉ်ထားတဲ့ စားသောက်ခြင်းပါ။ တက်ခြင်းအတွက်လည်း ကောင်းကျိုးတွေရှိတယ်ဆိုတာလည်း သက်သေပြပြီးထားပါ 1.ကီတုံးထုတ်ပေးသော အစားအစာတွေဆိုတာဘာလဲ။ ကီတုံးထုတ်ပေးသော အစားအစာများ (KD) ဆိုတာ အဆီများများ၊ ကာဗွန်ဟိုက်ဒရိတ်နည်းနည်းနဲ့ အသားဓါတ် ထိန်းထိန်းသိမ်းသိမ်းပါဝင်တဲ့ ဝက်ရူးပြန်ကုသနည်းတစ်ခုပါ။ ဆေးဝါးတိုက်ကျွေခြင်းကဲ့သို့သော အခြားကုသနည်းတွေ အလုပ်မဖြစ်တော့ရင် ရွေးချယ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ကီတုံးထုတ်ပေးသော အစားအစာတွေက ကလေးတွေအတွက်ကုသနည်းဖြစ်ပေမယ့်လည်း လူကြီးတွေမှာ အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ယင်းကုသနည်းက ကျွမ်းကျင်သူတို့ရဲ့ အကူအညီလိုအပ်ပါတယ်။ 2. ထိုကုသနည်းက ဘယ်လို အလုပ်ဖြစ်တာလဲ။ ပုံမှန်အားဖြင့် ကာဗွန်ဟိုက်ဒရိတ်ကရတဲ့ သကြားဓါတ်တွေဟာ ခန္ဓါကိုယ်အတွက် စွမ်းအင်ပါ။ ခန္ဓါကိုယ်က အဆီတွေကို စွမ်းအင်အတွက် အသုံးပြုတဲ့ အခါမှာတော့ သကြားဓါတ်တွေအစား ကီတုံးတွေကို ထုတ်လုပ်လာပါတယ်။ ၂၀၁၅တွင် ပြုလုပ်သော သုသေတနအရ အထက်ပါကုသနည်းကြောင့် […]


အတက်ရောဂါ

အတက်ကျဆေးတွေရဲ့ ဓါတ်ပြုမှုတွေကို ဘယ်လိုကာကွယ်မလဲ

ဆေးအချင်းချင်းဓါတ်ပြုခြင်းများဟာ အတက်ရောဂါကုသမှုခံယူနေရတဲ့လူတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ် ။ အတက်ရောဂါတွင်သောက်သည့်ဆေးများသည် အချို့ဆေးတွေရဲ့အာနိသင်တွေကိုလျော့ကျစေပါတယ် ။ ဒါအပြင် ဆေးအချို့ဟာ အတက်ရောဂါဆေးတွေနဲ့အာနိသင်တူကြပါတယ် ။ ဒါဆိုရင် အခြေအနေဟာ ပိုမိုဆိုးဝါးသွားစေနိုင်ပါတယ် ။ သို့ပေမယ့် ကျွမ်းကျင်သူများကတော့ ဆေးအချင်းချင်းသက်ရောက်မှုများမှုရှောင်ကျဉ်ရန် နည်းများကို ပြောပြထားပါတယ် ။   ၁ ။ သင့်ဆရာဝန်နဲ့မကြာခဏဆက်သွယ်ပါ။ သင်သုံးစွဲနေတဲ့ဆေးတွေအကြောင်းကိုဆရာဝန်ကိုပြောပြဖို့အရေးကြီးပါတယ် ။ ညွှန်ကြားထားတဲ့ဆေးတွေကပဲဆေးအချင်းချင်းသက်ရောက်မှုတွေဖြစ်နိုင်တာမဟုတ်ပါဘူး ။ ညွှန်ကြားခြင်းမရှိတဲ့ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုး တွေဖြစ်စေနိုင်ပါတယ် ။ ဆေးမသုံးစွဲခင်မှာ ဆေးအညွှန်းကိုသေချာဖတ်သင့်ပါတယ် ။ အကယ်၍ ဓါတ်မတည့်မှုကို တွေ့ရှိခဲ့လျှင်တော့ ဓါတ်ပြုမှုဟာ အသေးစားလေးပင်ဖြစ်စေကာမူ ဘာမှမလုပ်သေးပဲ ဆရာဝန်ကိုမေးမြန်းရပါမယ် ။ အခြားတစ်ဖက်မှာတော့ ညွှန်ကြားထားတဲ့ရှောင်ရမယ့်ဆေးတွေကိုရှောင်ကျဉ်ပြီးသောက်သုံးရမယ့်ဆေးတွေကိုသောက်သုံးရပါမယ် ။ ဆရာဝန်ကိုမပြောပဲဆေးသုံးစွဲမှုကိုရပ်တန့်ခြင်းမျိုးမလုပ်ရပါဘူး ။   ၂ ။ သင့်ရဲ့ဆေးဝါးများကို ကိုယ်တိုင်ရှာဖွေလေ့လာပါ ။ ဆေးအစားထိုးခြင်း သို့ ဆေးအသစ်သုံးစွဲခြင်းမပြုမီမှာ ဆေးဝါးအကြောင်းကိုသေချာရှာဖွေရန်လိုအပ်ပါတယ် ။ ဆေးတစ်ခုချင်းစီရဲဓါတ်ပြုနိုင်မှုအကြောင်းများ ၊ ဓါတ်ပြုမှုရဲ့ရလာဒ်များကို […]


အတက်ရောဂါ

မတက်ခင် ဖြစ်လာမယ့် လက္ခဏာတွေကို ဘယ်လိုသတိထားနိုင်သလဲ

အတက်ရောဂါကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ရုတ်တရက် ဆက်ကာဆက်ကာ တက်တတ်ပါတယ်။ မတက်ခင်ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားခြင်းဖြင့် အန္တရာယ်ရှိတဲ့အရာတွေနဲ့ ဒဏ်ရာအနာတရဖြစ်ခြင်းကနေ ရှောင်နိုင်ပါတယ်။ တက်တာဟာ သင်အိပ်နေချိန်ပဲဖြစ်ဖြစ်၊ နိုးနေချိန်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါတွေက အတက်ရောဂါ အမျိုးအစားတွေဖြစ်ပြီး လက္ခဏာတွေကတော့ အနည်းငယ်စီ ကွဲပြားနိုင်ပါတယ်။ အတက်ရောဂါက အဓိကအားဖြင့် ၂မျိုးရှိတယ်။ - တစ်နေရာပဲကွက်ပြီး အတက်ရောဂါ - တစ်ကိုယ်လုံးပါတဲ့ အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ ဖြစ်နေချိန်မှာ သင်ဟာသတိကောင်းနေပါမယ်။ တစ်နေရာပဲကွက်ပြီး အတက်ရောဂါရဲ့ လက္ခဏာတွေထဲမှာ အောက်ပါ အခြေအနေတွေပါဝင်ပါလိမ့်မယ်။ - ဖော်ပြရခက်တဲ့ ထူးဆန်းတဲ့ ခံစားချက် - လူကမြင့်တက်နေသလို ခံစားရခြင်း။ ဒါက ရိုလာကိုစတာစီးနေချိန်မှာ ဗိုက်ထဲမှာဖြစ်တဲ့ ခံစားချက်နဲ့ ဆင်တူပါတယ်။ - အရင်တစ်ခါက ဖြစ်ခဲ့ဖူးသလို ပြန်ခံစားမိခြင်း - ပုံမှန်မဟုတ်တဲ့ အနံ့နဲ့ အရသာကို ခံစားမိနေခြင်း - ခြေ၊ လက်တွေကို ပင်အပ်နှင့်ထိုးသလို […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Mad Cow Disease (နွားရူးပြန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mad Cow Disease (နွားရူးပြန်ရောဂါ) ကဘာလဲ။ Mad cow ရောဂါဆိုသည်မှာ ကျွဲနွားများတွင် ဦးနှောက်နှင့် အာရုံကြောမကြီးကိုထိခိုက်ပျက်စီးစေသောသေနိုင်သည့်ရောဂါဖြစ်သည်။ ၎င်းကို Bovine Spongiform Encephalopathy (BSE) ဟုလည်းခေါ်သည်။ လူများတွင် mad cow ရောဂါမဖြစ်နိုင်ပေ။ သို့သော် လူများတွင်ဖြစ်နိုင်သော Mad cow ရောဂါလည်း ရှိသည်။ Varient Creutzfeldt-Jakob (VCID) ရောဂါဟုခေါ်ပြီး သေစေနိုင်သည်။ Mad Cow Disease (နွားရူးပြန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ထိုရောဂါ၏ပထမဆုံးဖြစ်ပွားသောလူနာကို ၁၉၉၆ တွင်စတင်တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် ထိုရောဂါဖြစ်ပွားသောလူနာအနည်းငယ်ကို ဆက်လက်တွေ့ရှိရသည်။ အများစုသည် အင်္ဂလန်နိုင်ငံ၏ ဒေသများတွင် တွေ့ရှိရသည်။ ၎င်းရောဂါသည်ပြင်းထန်သော်လည်း ရှားပါးသည်။ တစ်နှစ်လျင် လူတစ်သန်းတွင် တစ်ယောက်လောက်သာ ဖြစ်နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားပြီး၊ အသက်ကြီးသူများတွင်ဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကိုဖြစ်စေနိုင်သောအကြောင်းရင်းများကိုလျော့ချခြင်းဖြင့် ရောဂါဖြစ်ခြင်းကိုထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Memory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Memory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း) ကဘာလဲ။ မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုသည်မှာ အချက်အလက်၊ အကြောင်းအရာ၊ အတွေ့အကြုံ၊များကဲ့သိုသော မှတ်ဉာဏ်များပျောက်ဆုံးခြင်းဖြစ်သည်။ မှတ်ဉာဏ်ပျောက်တတ်သောသူများသည် များသောအားဖြင့် အချိန်အတိုင်းအတာတစ်ခုတွင် ဖြစ်ပေါ်သည်။ သူတို့ကိုယ်သူတို့လည်း မှတ်မိပြီး၊ အသစ်သင်ယူခြင်းနှင့် မှတ်ဉာဏ်အသစ်ပြုလုပ်ခြင်းများတွင် အခက်အခဲရှိနိုင်သည်။ Memory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ မှတ်ဉာဏ်ပျောက်ဆုံးခြင်းသည် အလွန်အဖြစ်များသော ကျန်းမာရေးအခြအနေဖြစ်သည်။ ငယ်ရွယ်သူများထက် အသက်ကြီးသူများတွင်ပိုဖြစ်သည်။ သို့သော် အသက်အရွယ်မရွေးတွင် ဖြစ်နိုင်ပါသည်။ ၎င်းကို အဖြစ်များစေနိုင်သော အချက်များကို ရှောင်ခြင်းဖြင့် ဖြစ်ပွားခြင်းကိုထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများMemory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာအောက်ပါအတိုင်းဖြစ်သည်။ – မှတ်ဉာဏ်အသစ်များကို မမှတ်မိခြင်း – ယခင်က အဖြစ်အပျက်များကိုမမှတ်မိခြင်း၊ – မမှန်ကန်သော မှတ်ဉာဏ်အသစ်များ ဖန်တီးခြင်း၊ သို့မဟုတ် အသိမှားယွင်းနေခြင်း။ – စိတ်ရှုပ်ထွေးခြင်း၊ သေချာစွာမသိခြင်း။ အထက်တွင်ဖော်ပြထားသော အချက်များမဟုတ်ပဲ အခြားသော လက္ခဏာများလည်း ရှိနိုင်သည်။ […]


ပါကင်ဆန်ရောဂါ

Parkinson's Disease (ပါကင်ဆန်ရောဂါ)

ပါကင်ဆန်ရောဂါ ဆိုသည်မှာ dopamine (ဒိုပါမင်း)ဟုခေါ်သည့် ဦးနှောက်တွင်းရှိ ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးသည့် ဆဲလ်များ ထိခိုက်မှုခံရတဲ့ အာရုံကြောရောဂါတစ်မျိုးဖြစ်ပါတယ်။ Dopamine နည်းလာသည်နှင့်အမျှ လူတစ်ယောက်ရဲ့လှုပ်ရှားမှုများ၊ ကိုယ်ခန္ဓာဟန်ချက်ညီအောင် ထိန်းချုပ်ရခြင်းတို့တွင် အားနည်းပျက်စီးလာပါတယ်။ ပါကင်ဆန်ရောဂါ က ဘယ်လောက်အဖြစ်များသလဲ အသက်၆၀ အထက် လူကြီးများဟာ ရောဂါဖြစ်နိုင်ချေပိုများပါတယ် ။ သို့သော် လူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ယောက်ျားလေးများဟာ မိန်းကလေးများထက်ပိုပြီး အဖြစ်များပါတယ်။ ပါကင်ဆန်ရောဂါ ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါဘူး။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့.. သင့်ရဲ့လက်များနဲ့လက်ချောင်းများဟာ ဘာမှမလုပ်ဘဲ တုန်နေခြင်း လမ်းလျှောက်တဲ့အခါ ခြေလှမ်းများစိပ်နေခြင်း၊ လျှပ်တိုက်လျှောက်ရခြင်း၊ အထိုင်အထခက်ခဲနေခြင်း ခန္ဓာကိုယ်ရှိ ကြွက်သားများတောင့်တင်းနေ၍ လှုပ်ရှားရန်ခက်ခြင်း ၊ နာကျင်နေခြင်း ခန္ဓာကိုယ်ပုံစံအနေအထားမမှန်ခြင်း မျက်တောင်ခတ်ခြင်း ၊ ပြုံးခြင်း၊ လမ်းလျှောက်ရာတွင် လက်လွှဲခြင်းတို့တွင် အခက်အခဲရှိခြင်း စကားမပြောခင် တုံ့ဆိုင်းနေတတ်ခြင်း ၊ […]


ဦးနှောက်အာရုံကြောကျန်းမာရေး

Neurofibromatosis (အာရုံကြောတစ်ရှူးများတွင် အလုံးအကျိတ်ဖြစ်သော မျိုးရိုးဗီဇရောဂါ)

Neurofibromatosis ဆိုတာ Neurofibromatosis ဆိုတာ မျိုးရိုးလိုက်တဲ့အာရုံကြောစနစ် ပုံမှန်မဟုတ်တဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ဒီရောဂါက ဖွံ့ဖြိုးကြီးထွားမှုနဲ့ အာရုံကြောဆဲလ်တစ်ရှုးတွေဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဒီရောဂါကိုneurofibromatosis type 1(NF1) andneurofibromatosistype 2 (NF2) နဲ့ ရှားပါးတဲ့ neurofibromatosisရောဂါတစ်မျိုးတို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါအကြောင်းကိုတော့ လူသိပ်မသိကြပါဘူး။neurofibromatosis type 1(NF1) ကအဖြစ်များပါတယ်။ ရောဂါလက္ခဏာများ neurofibromatosisရောဂါ မျိုးရဲ့ရောဂါလက္ခဏာတွေက တစ်ခုနဲ့တစ်ခုမတူပါဘူး။ Neurofibromatosis 1 Neurofibromatosis 1 (NF1) ကများသောအားဖြင့်မွေးကတည်းက (သို့)မွေဒပြီးသိပ်မကြာခင်ကာလမှာကတည်းကပေါ်လာတတ်တာဖြစ်ပါတယ်။မွေးကင်းစအရွယ်ကနေ အသက် ၁၀ နှစ်အတွင်းမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အရေပြားပေါ်မှာကော်ဖီရောင် အစက်အပြောက်လေးတွေထွက်လာတာပဲဖြစ်ပါတယ်။ လူအများစုမှာ အဆိုပါလက္ခဏာလိုမျို းအရေပြားပေါ်မှာ အညိုရောင်ဖျော့ဖေျာ့ အစက်အပြောက်လေးတွေထွက်ပေါ်တတ်ပြီး အန္တရာယ်တော့မရှိပါဘူး။မွေးကတည်းကအရေပြားပေးမှာ အစက်အပြောက်တွေပါလာတတ်သလိုမွေးပြီးတစ်နှစ်အတွင်းမှာလည်းပေါ်လာတတ်ပါတယ်။ နာက်ပိုင်းမှာ အမြဲတမ်းလိုလို အရေပြားပေါ်မှာ အစက်အပြောက်လေးတွေဖြစ်သွားတတ်ပါတယ်။ အညိုရောင်အစက်အပြောက်တွေက ချိုင်းကြား (သို့)ပေါင်ခြံဗတွမှာ ထွက်ပေါ်လေ့ရှိပါတယ်။ အညိုရောင်အစက်အပြောက်တွေက အသက် ၃ နှစ်ကနေ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဆယ်ကျော်သက်တွေမှာ နာတာရှည်ခေါင်းကိုက်ခြင်းတွေကို ဘိုတောက်စ်ဘတ်တီးရီးယား နဲ့ ဘယ်လိုသက်သာစေမလဲ

နာတာရှည် ခေါင်းကိုက်ခြင်းတွေဟာ ကြောက်စရာကောင်းပါတယ်။ သူတို့ဟာ သင့်ရဲ့ ပညာရေးနဲ့ အလုပ်ကို ထိခိုက်စေရုံသာမက လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးတွေပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါတယ်။ နာတာရှည် ခေါင်းကိုက်ခြင်းဟာ ကုသရခက်ခဲပြီး ကုသမှုအတော်များများနဲ့ မပျောက်ကင်းနိုင်ပါဘူး။ ဒါပေမယ့် ၂၀၁၀ မှစပြီး သိပ္ပံပညာရှင်တွေဟာ အစွမ်းထက်တဲ့ ကုသနည်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ Botox injection ပဲ ဖြစ်ပါတယ်။ Botox ဘိုတောက်စ်ဘက်တီးရီးယား ဆိုတာ ဘာလဲ။ Clostridium botulinum ဟာ အစာတွေထဲမှာ ပါဝင်ပြီး သေစေနိုင်တဲ့ အဆိပ်ကို ထုတ်ပေးနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို အနည်းငယ်သာ အသုံးပြုမယ်ဆိုရင် ဒီအဆိပ်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သူ့ကို Botox နာမည်နဲ့ ထုတ်လုပ်ကြပါတယ်။ Botox ကို အောက်ပါအခြင်းအရာတွေ ကုသဖို့ […]


အတက်ရောဂါ

သင့်တွင်အတက်ရောဂါရှိပါက ဘယ်လိုတက်တက်ကြွကြွနေထိုင်မလဲ။

ယေဘုယျအားဖြင့်ဆိုရလျှင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက်ကောင်းပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကြံ့ခိုင်မှု ၊ စွမ်းအင်များနဲ့ စိတ်ဓါတ်အင်အားများကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုများကို သက်သာစေပါတယ် ။ ဒါ့အပြင် အတက်ရောဂါများနဲ့တက်ခြင်းရဲ့ဆိုးကျိုးများမှသက်သာစေပြီး တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကိုကောင်းစေပါတယ်။ တက်ခြင်းနှင့် လေ့ကျင့်ခန်းများ ။ လေ့လာမှုတွေအရ အတက်ရောဂါရှိတဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာတက်တာကို တွေ့ရခဲပါတယ် ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ဦးနှောက်ထဲရှိ တက်စေတာကို ထိန်းချုပ်နိုင်ကြပါတယ် ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ EEG ပေါ်တွင် ပုံမမှ်ခြင်းများဟာသိသိသာသာလျော့နည်းလာပြီး တက်စေတာကို လျော့နည်းစေပါတယ် ။ ခန္ဓါကိုယ်နှင့် စိတ်ဓါတ်ကြံ့ခိုင်မှုများဟာ တက်ခြင်းကို လျော့နည်းစေပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာသင့်ကိုနေထိုင်ကောင်းစေပြီး တက်ခြင်းကိုထိန်းချုပ်ရာတွင်တိုးတက်လာစေပါတယ် ။ အလားတူပင် တက်ခြင်းရဲ့ဆိုးကျိုးများဖြစ်တဲ့ကြွက်သားများနာကျင်ခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများမှလည်း သက်သာစေပါတယ် ။ လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါတွေဖြစ်တဲ့ နှလုံးနှင့်သွေးလမ်းကြောင်းရောဂါများ ၊ ဆီးချိုသွေးချို နှင့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း