Stuttering ဟာ အသံ၊ စကားလုံးတွေ ထပ်ခါထပ်ခါ ပြောခြင်း ဖြစ်ပြီး ပုံမှန်အတိုင်းမပြောနိုင်တဲ့ စကားထစ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို စကားပြော ထစ်အမှုတွေဟာ ရုန်းကန်နေရတဲ့ အခြေအနေတွေဖြစ်တဲ့ မျက်တောင် အမြန်ခတ်ခြင်း၊ နှုတ်ခမ်းတုန်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ စကားထစ်ခြင်းဟာ အခြားသူတွေနဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်စေပြီး လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို နိမ့်ကျစေပါတယ်။
စကားထစ်သူတွေဟာ ဘာကိုပြောရမလဲဆိုတာ သိပေမယ့် ပြောဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။ ဥပမာ သူတို့ဟာ စကားလုံး၊ စကားပိုင်းတစ်ခုကို ကြာရှည်စွာ ပြောခြင်း၊ ထပ်ခါထပ်ခါပြောခြင်းတွေ ပြုလုပ်နိုင်ပေမယ့် အချို့ စကားလုံးတွေကို အသံမထွက်နိုင်ပါဘူး။
စကားထစ်ခြင်းဟာ ကလေးငယ်တွေမှာ စကားပြောမှုသင်ယူစဉ် အဖြစ်များပါတယ်။ ကလေးငယ်တွေမှာ သူတို့ပြောချင်တဲ့အရာကို လိုက်ပြောနိုင်တဲ့ ဘာသာစကားစွမ်းဆောင်ရည် တိုးတက်မှုမရှိရင် စကားထစ်နိုင်ပါတယ်။ ကလေးငယ် အများစုဟာ ဒီလိုဖွံ့ဖြိုးစဉ် စကားထစ်ခြင်းကို ဖြစ်တတ်ကြပါတယ်။
တခါတရံ စကားထစ်ခြင်းဟာ အသက်ကြီးလာသည်အထိ ရှိတတ်ပါတယ်။ ဒီလိုစကားထစ်ခြင်းမျိုးဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းနဲ့ အခြားလူတွေနဲ့ ဆက်သွယ်ခြင်းတွေမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။
Stuttering ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Stuttering ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
· စကားတစ်လုံး၊ တစ်ကြောင်း၊ တစ်ပိုင်းကို စတင်ပြောနိုင်ဖို့ ခက်ခဲခြင်း
· စကားလုံးတစ်လုံးပြောစဉ် ကြာရှည်ခြင်း
· စကားလုံး၊ စကားသံတစ်ခုကို ထပ်ခါထပ်ခါ ပြောခြင်း
· အချို့စကားသံတွေကို မထွက်နိုင်ခြင်း၊ စကားလုံးပြောနေစဉ် ရပ်ခြင်း
· နောက်တစ်လုံးပြောဖို့ အခက်အခဲဖြစ်စဉ်မှာ စကားလုံးအပိုတွေ ထည့်ပြောခြင်း
· ဖိစီးမှု၊ တင်းကျပ်မှု အပိုဖြစ်ခြင်း (သို့) စကားလုံးတစ်လုံးပြောဖို့ မျက်နှာ၊ ကိုယ်ခန္ဓါအပေါ်ပိုင်း လှုပ်ရှားခြင်း
· စကားပြောစဉ် စိတ်လှုပ်ရှားခြင်း
· ထိရောက်စွာ ဆက်သွယ်နိုင်တဲ့ စွမ်းရည် ကန့်သတ်မှု ရှိခြင်း
စကားထစ်ခြင်းရဲ့ ခက်ခဲမှုတွေဟာ အောက်ပါအချက်တွေကို ဖြစ်စေနိုင်ပါတယ်။
· မျက်လုံးမြန်မြန်ခတ်ခြင်း
· နှုတ်ခမ်း၊ မေးရိုး တုန်ခြင်း
· ခေါင်းတစ်ဆတ်ဆတ်လှုပ်ခြင်း
· လက်သီးဆုပ်ခြင်း
စိတ်လှုပ်ရှားရင်၊ ပင်ပန်းရင်၊ စိတ်ဖိစီးရင် (သို့) သတိထားနေရင်၊ လေနေရင် စကားထစ်ခြင်း ပိုဆိုးနိုင်ပါတယ်။ အုပ်စုတစ်စုရှေ့မှာ စကားပြောခြင်း၊ ဖုန်းပြောခြင်းတွေဟာ စကားထစ်သူတွေအတွက် ခက်ခဲစေပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
· ခြောက်လထက်ပိုကြာခြင်း
· အခြား စကားပြော (သို့) ဘာသာစကားဆိုင်ရာ ပြဿနာ ရှိခြင်း
· မကြာခဏ ဖြစ်လာပြီး အသက်ကြီးချိန်အထိ ရှိခြင်း
· ကြွက်သားကျုံ့ခြင်း၊ စကားပြောစဉ် ရုန်းကနေနေရခြင်း
· ကျောင်း၊ အလုပ်၊ လူမှုရေး ဆက်ဆံမှုတွေကို ထိခိုက်ခြင်း
· စိတ်ပူခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ကြောက်ခြင်း၊ စကားပြောခြင်း လိုအပ်တဲ့ အခြေအနေတွေကို ရှောင်ကျဉ်ခြင်း
· ကြီးမှ စဖြစ်လာခြင်း
သုတေသီတွေက ဆက်တိုက် စကားထစ်ခြင်းရဲ့ အခြေခံအချက်ကို လေ့လာနေကြဆဲဖြစ်ပါတယ်။ အချက်အလက်များစွာ ပါဝင်နိုင်ပါတယ်။ စကားထစ်ခြင်းရဲ့ ဖြစ်နိုင်တဲ့ အချက်တွေကတော့
Stuttering ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
စကားပြောဆိုမှု ကျွမ်းကျင်ပညာရှင်ဟာ ကလေးငယ်ကို အသံထွက် စာဖတ်စေပြီး စကားထစ်ခြင်းကို အတည်ပြုနိုင်ပါတယ်။ ကျွမ်းကျင်သူက ကလေးပြောနေပုံကို ဗီဒီယိုရိုက်ထားခြင်း၊ အသံသွင်းထားခြင်း တွေပြုလုပ်ပြီး ကလေးရဲ့ စကားပြောဆိုတဲ့ ပုံစံကို စစ်ဆေးနိုင်ပါတယ်။
သင့်ကလေးဟာ ကိုယ်ခန္ဓါ စစ်ဆေးမှုလိုအပ်ပြီး အခြားကျန်းမာရေး ပြဿနာတွေကိုဖြစ်တဲ့ အသံပြဿနာတွေကို ဖယ်ထုတ်ဖို့ အတွက် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ အသက်ကြီးသူဖြစ်ပြီး စတင်စကားထစ်လာတယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။ အသက်ကြီးမှ စကားထစ်လာသူတွေဟာ များသောအားဖြင့် ထိခိုက်မိခြင်း၊ ရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါသိရှိစေဖို့ ဆရာဝန်က ကိုယ်ခန္ဓါစစ်ဆေးမှုကို ပြုလုပ်ပြီး မေးခွန်းအနည်းငယ်မေးကာ သင်ပြောတာကို နားထောင်မှာ ဖြစ်ပါတယ်။
စကားထစ်ခြင်းကို ကုသမှုကတော့ မိဘတွေအတွက် နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ ကလေးငယ်အတွက် စကားပြောကုထုံးတွေပဲဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကလေးငယ်ကို တတ်နိုင်သမျှ ဖြောင့်ဖြောင့်တန်းတန်း စကားပြောနိုင်စေဖို့ပဲဖြစ်ပါတယ်။
မတူညီတဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကြောင့် နည်းလမ်းတစ်ခု (သို့) နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုခြင်းဟာ လူတစ်ယောက်အတွက် အကျိုးရှိပေမယ့် အခြားတစ်ယောက်အတွက် အကျိုးမရှိခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ကုသနည်းတွေကတော့
• Controlled fluency: ဒီကုထုံးကတော့ စကားပြောခြင်းကို နှေးကွေးစေပြီး စကားထစ်တဲ့အချိန်မှာ သတိထားစေတဲ့ နည်းပဲဖြစ်ပါတယ်။ စကားကို ဒီကုထုံးစတင်စဉ်မှာ ဖြည်းညင်းစွာပြောပြီး အချိန်ကြာလာတာနဲ့ အမျှ သဘာဝကျတဲ့ စကားပြောပုံကို ပြောလာနိုင်မှာ ဖြစ်ပါတယ်။
• စက်ပစ္စည်းများ : စက်ပစ္စည်းများ အတော်များများရရှိနိုင်ပါတယ်။ Delayed audio feeback ဟာ စကားနှေးကွေးစွာပြောဖို့ လိုအပ်ခြင်း (သို့) ပြောတဲ့ စကားတွေဟာ စက်ကိုဖြတ်ပြီး ပုံပျက်စေမှာဖြစ်ပါတယ်။ အခြားနည်းလမ်းတစ်ခုကတော့ သင်အခြားသူတွေနဲ့ ပုံမှန်အတိုင်းစကားပြောနေသလိုမျိုး ဖြစ်စေမယ့် စက်ဖြစ်ပါတယ်။ အချို့စကားပြောစက်တွေဟာ နေ့စဉ် လှုပ်ရှားမှု ပြုလုပ်နေစဉ်မှာ အသုံးပြုနိုင်ပါတယ်။
• Cognitive behavioral therapy: ဒီလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတဲ့ နည်းလမ်းဟာ စကားထစ်ခြင်းကို ပိုဆိုးစေတဲ့ အရာတွေကို သိရှိစေပြီး တွေးတောပုံကို ပြောင်းလဲဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဟာ သင့်ကို စကားထစ်ခြင်းကို ပိုဆိုစေတဲ့ အခံရှိတဲ့ စိတ်ဖိစီးမှု၊ စိတ်ပူခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့ကျခြင်းတွေကို သက်သာစေပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stuttering ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။