အသီးအရွက်၊ အသီးအနှံ၊ ကောက်နှံတွေကို မျှတအောင်စားပြီး အာဟာရပြည့်ဝအောင်နေပါ။
စိတ်ဖိစီးရင် အိပ်ပျော်ဖို့ ခက်တယ်ဆိုပေမယ့် အိပ်ရေးဝတဲ့အခါ စိတ်ကြည်တာကြောင့် စိတ်ဖိစီးမှုတွေကို ပိုပြီး ကိုင်တွယ်နိုင်ပါလိမ့်မယ်။
ခေါင်းကိုက်တာ သက်သာစေဖို့ဆိုရင်တော့
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အခါ ခဏလေးနားပြီး အသက်ကို ပုံမှန်ပြန်ရှူပါ။ ၁ကနေ ၁၀အထိ ဖြည်းဖြည်းချင်းရေရင်း အသက်ရှူသွင်း ရှူထုတ် လုပ်နေပါ။
- အကြောလျှော့ပါ။ နှိပ်နယ်ပါ။
တင်းနေတဲ့ ဇက်ကြောတွေ ပြေလျော့အောင် ခေါင်းလေးလှည့်ပြီး အကြောလျှော့ပါ။ နားထင်တွေ၊ နဖူးတွေ၊ မျက်ရိုးတွေကို ခပ်ဖြည်းဖြည်း နှိပ်ပေးပါ။
နားထင်၊ နဖူးနဲ့ မျက်ရိုးတစ်ဝိုက်ကို ရေခဲဝတ်လေး ကပ်ပေးပါ။ အအေးဓာတ်ကြောင့် လူလည်း လန်းလာသလို ကိုက်ခဲတာတွေလည်း သက်သာလာပါလိမ့်မယ်။
- အကိုက်အခဲပျောက်ဆေး သောက်ပါ။
ဒါကတော့ အမြန်ဆုံး နည်းလမ်းပါ။ ပါရာစီတမော ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေး တစ်မျိုးကို သောက်ချလိုက်တာကလည်း မိနစ်ပိုင်းအတွင်း အမြန်ဆုံး သက်သာသွားမယ့်နည်းလမ်းပဲ ဖြစ်ပါတယ်။
ဖုန်းသုံးတာ၊ screen ကြည့်တာတွေကို ခဏရပ်ပြီး အနားယူပါ။ မိနစ် ၂၀လောက် တစ်ရေးတမော အိပ်လိုက်ပါ။ အထူးသဖြင့် ဆေးသောက်ပြီး ခဏလောက် အိပ်လိုက်ရင် ပြန်နိုးလာတဲ့အခါ သက်သာနေပါပြီ။
စိတ်ဖိစီးမှုဆိုတာ ရှောင်ဖို့ခက်ပါတယ်။ ဒါပေမယ့် မကြာခဏ စိတ်ဖိစီးလာတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မကြာခဏ ခံစားနေရပြီဆိုရင်တော့ စနစ်တကျ ကုသဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။