backup og meta

တက်ခြင်းကို သက်သာစေဖို့ စားသောက်နည်းများ


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တက်ခြင်းကို သက်သာစေဖို့ စားသောက်နည်းများ

    အစားအစာအမျိုးမျိုးမှ သင့်တင့်မျှတတဲ့ အာဟာရ ရရှိခြင်းက အချို့လူများအတွက် တက်နိုင်ခြေကို လျော့ချပေးတယ်လို ယုံကြည်ရပါတယ်။ သင်က တက်တတ်တဲ့ လူဆိုရင်တော့ အစားအစားတွေကို ချင့်ချိန်စားဖို့ လိုအပ်ပါတယ်။

    သင့်တင့်မျှတစွာ စားသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။

    သင့်တင့်မျှတစွာ စားသောက်ခြင်းက သင့်ရဲ့ အရေးကြီးတဲ့ အာဟာရဓါတ်တွေနဲ့ စွမ်းအင်လိုအပ်ချက်တွေကို မျှမျှတတရှိအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ အိပ်ချိန်၊အိပ်ပုံမှန်အောင်နဲ့ တက်ကြွနေအောင်၊ ကျန်းမာသန်စွမ်းနေအောင် လုပ်ပေးတယ်ဆိုတာလဲ သက်သေပြပြီးပါပြီ။ သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာဟာ သင့်အလုံးစုံကျန်းမာခြင်းအတွက် အလွန့်အလွန် အရေးကြီးပါတယ်။

    အိပ်စက်ခြင်းကို အကျိုးပြုသဖြင့် အိပ်ရေးမဝတာကြောင့်ဖြစ်တတ်တဲ့ တက်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ သင့်တင့်မျှတစွာ စားသောက်မယ်ဆိုရင် သင်ပိုပြီး အကောင်းမြင်လာရုံသာမက၊ အာရုံလည်းစိုက်နိုင်လာပါလိမ့်မယ်။ ဒါ့အပြင် သင့်ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပြီး တက်ခြင်းကိုလည်း ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

    ၁။ သင့်တင့်မျှတစွာ စားသောက်ခြင်း ဆိုတာဘာလဲ။

    သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာ ကာဘွန်ဟိုက်ဒရိတ်၊ အဆီဓါတ်၊ အသားဓါတ်၊ အသီးအရွက်တွေစားရတာနဲ့ အရည်များများသောက်ပေးရတာကို ခေါ်တာပါ။

    • ကာဘွန်ဟိုက်ဒရိတ်က အာလူး၊ ပေါင်မုန့်၊ ပါစတာနှင့် ထမင်းတို့မှာ ပါဝင်ပါတယ်။ ယင်းတို့က နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ဖို့ စွမ်းအင်ပေးတဲ့ အရင်းအမြစ်တွေပါ။
    • အဆီဓါတ်က အဆီရည်၊ ငါးကြီးဆီ၊ အခွံမာသီးများနှင့် အစိများတွင် ပါဝင်ပါတယ်။ ယင်းက အရေးကြီးတဲ့ သက်စောင့်ဓါတ်တွေကဲ့သို့သော အာဟာရဓါ တ်တွေကို စုပ်ယူဖို့ကူညီပေးပြီး ခန္ဓါကိုယ်ကို နွေးနေစေဖို့လည်း ပြုလုပ်ပေးပါတယ်။
    • အသားဓါတ်တွေကို နို့၊ ချိစ်၊ အသားငါး၊ တို့ဟူး၊ ပဲနဲ့ ဥမျိုးစုံတို့မှ ရရှိနိုင်ပါတယ်။ ယင်းက ကြွက်သားတွေကို ထောက်ပံဖို့ တည်ဆောက်ဖို့ ကူညီပေးပါတယ်။ ဟော်မုန်း၊ အင်ဇိုင်း၊ သွေးနီဥနဲ့ကိုယ်ခံအားတွေ တည်ဆောက်တဲ့ နေရာမှာလည်း ပါဝင်ပါသေးတယ်။
    • အသီးအရွက်တွေကတော့ ဓါတ်သတ္ထုဓါတ်တွေနဲ့ သက်စောင့်ဓါတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ သူတို့က ရောဂါပိုးမွှားများ၊ ဆဲလ်တွေပျက်စီးခြင်းများမှ ကာကွယ်ပေးနိုင်ပါတယ်။
    • ရေဓါတ်ခန်းခြောက်ခြင်းကြောင့်လည်း တက်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ၂လီတာခန့် သောက်ပေးဖို့လည်း အရေးကြီးပါတယ်။

    ၂။ ဘာတွေစားရမယ်ဆိုတာ သိရှိခြင်း

    သင့်တင့်မျှတစွာ စားသောက်ခြင်းဆိုတာ သိရှိသွားပေမယ့်လည်း ကိုယ်ဘာတွေစားရမယ်၊ ဘာတွေက သင့်တော်မယ်ဆိုတာ သိရှိသင့်ပါသေးတယ်။

    • စွမ်းအင်ဖြည်းဖြည်းမှန်မှန် ထုတ်ပေးသော အစားအစာများ။ ဆန်စပါးများနှင့် ပေါင်မုန့်များ; basmati ၊ long-grain and brown rice; ပါစတာနှင့် ခေါက်ဆွဲများ ; ဂျုံများနှင့် နှံစားပင်များ ; ပဲစေ့၊ပဲတောင့်၊ ပဲသီးနှင့် ပဲပင်များ ; ဒိန်ချဉ် ; အခွံမာသီးများ ; အာလူးများ၊ မျောက်ဥ၊ ကျွေးဥ၊ ဝဥ ; အားလူးအမျိုးစားအသစ်များ ; အစိမ်းရောင်ရှိသော အသီးအရွက်များ၊ မုန်လာဥ၊ ကြက်သွန်ဥနှင့် ခရမ်းချဉ်သီးကဲ့သို့ ကစီဓါတ်မပါသည့် အသီးအရွက်များ ; ပန်းသီး၊ သစ်တော်သီး နှင့် ဘယ်ရီသီးအများစု
    • အခြားအဆီများထက်စာရင် omega-3 အဆီများကို ပိုမိုမှီဝဲသင့်ပါတယ်။ ယင်းတို့က နှလုံးနဲ့ အရေပြားတို့အတွက် အကျိုးရှိပြီး စွမ်းအင်ကိုလည်း မြှင့်တင်ပေးပါသေးတယ်။ မက်ကရယ်ငါး၊ ဆာဒင်းငါး၊ ပင်လယ်ငါးသလောက်၊ ငါးပါးနီ စတဲ့ အဆီများတဲ့ ငါးတွေမှာ omega-3 မြင့်မားစွာပါဝင်ပါတယ်။ omega-3 ပါဝင်တဲ့ အခြားသော အစားအစာတွေကတော့ နှမ်းကြတ်စေ့၊ လျှော်ပင်စေ့ နဲ့ သစ်ကြားသီးတို့ပဲ ဖြစ်ပါတယ်။
    • ဓါတ်သတ္ထုနှင့် သက်စောင့်ဓါတ်များ။ စားသုံးသင့်တဲ့ အရေးကြီး သက်စောင့်ဓါတ်ကတော့ ဗီတာမင်ဒီပဲ ဖြစ်ပါတယ်။ ယင်းက ကယ်ဆီယမ်တွေကို စုပ်ယူဖို့ ကူညီပေးပြီး ကျန်းမာသန်စွမ်းတဲ့ အရှိုးတွေကို တည်ဆောက်ပေးပါတယ်။ ထိုဗီတာမင်ဒီကိုတော့ ဥများ၊ အဆီများသော ငါများ၊ ငါးကြီးဆီ၊ နှံစားပင်၊ ပေါင်မုန့်ထောပတ်သုတ်နဲ့ နို့ထွက်ပစ္စည်းများမှာ တွေ့ရှိနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ ပြုလုပ်ပေးမည်မဟုတ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement