ကျန်းမာတဲ့ ကိုယ်အလေးချိန်က ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးသလို မကြာခဏ ခေါင်းတစ်ခြမ်း ကိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အဝလွန်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာတွေက ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်ကလည်း များနေမယ်၊ ခဏခဏလည်း ခေါင်းတစ်ခြမ်း ကိုက်နေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာတဲ့ နည်းလမ်းနဲ့ ကိုယ်အလေးချိန် လျှော့ပါ။
- လတ်ဆတ်တဲ့ အသီးအနှံတွေ စားပါ
နေ့စဉ် စားသုံးမှုမှာ အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စားပေးတာက ခေါင်းတစ်ခြမ်း ကိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့ နိုက်ထရိတ်တွေ၊ tyramine၊ beta-phenylethylamine၊ လူလုပ်အချိုဓာတ်တွေ ပါဝင်နေသလို တာရှည်ခံအောင် ပြုပြင်ထားမှုတွေက အာဟာရတန်ဖိုးလျှော့ကျစေပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။
- စိတ်ဖိစီးမှုတွေ မများပါစေနဲ့
လူတိုင်းမှာ အတိုင်းအတာတွေ မတူပေမယ့် စိတ်ဖိစီးမှုတွေက ရှိနေနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေက များလာလေလေ ခေါင်းတစ်ခြမ်းကိုက်တာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားလုပ်ဆောင်ရင်း စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
- ကဖင်းတွေ အလွန်အကျွံ မသောက်ပါနဲ့
လက်ဖက်ရည်တွေ၊ ကော်ဖီတွေနဲ့ ဆိုဒါတွေမှာပါတဲ့ ကဖင်းက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းက သင့်တင့်တဲ့ ပမာဏပဲ သောက်မယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာကိုတောင် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် များများသောက်မယ်၊ သောက်လက်စကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာ ပိုဆိုးသွားနိုင်ပါတယ်။
အလုပ်တွေ များလို့ ဆိုပြီး မနက်စာမစားတာ၊ အလုပ်တွေ လုပ်ရင်း အချိန်ကျော်သွားလို့ဆိုပြီး နေ့လယ်စာနဲ့ ညစာ ပေါင်းစား လိုက်တာတွေက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး အဆာခံပြီးနေတာက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်သလို တစ်ကြိမ်တည်းမှာ အများကြီးစားတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် အစားအစာကို အချိန်မှန်မှန်နဲ့ နည်းနည်းချင်းစီ အကြိမ်ရေများများလေး စားပေးပါ။
- ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေတဲ့ အချက်တွေကို မှတ်ထားပါ။
မိုက်ဂရင်း ရှိသူတွေမှာ ကိုယ့်လက္ခဏာတွေနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ထားသင့်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ဘယ်ရက်က ခေါင်းကိုက်တယ်။ ဘာလုပ်လိုက်တာကြောင့် ကိုက်တယ် (ဥပမာ ကော်ဖီတွေ အများကြီး သောက်မိတာ၊ အိပ်ရေးမဝတာ)၊ ဘာဆေးတွေ သောက်လိုက်ရတယ် စသဖြင့်။ ဒီလိုမှတ်ထားတာက ကိုယ့်ရဲ့ ရောဂါအခြေအနေကို ထင်သာမြင်သာ ရှိစေပြီး ဘာတွေရှောင်ရမလဲဆိုတာကို အလွယ်တကူသိစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေ မတူညီကြလို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။