မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်
ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ဦးခေါင်းနဲ့ ဇက်ကြောတစ်ဖက်တည်းကနေ တဆစ်ဆစ်နာကျင်ပြီး ကိုက်ခဲသလို ခံစားရတဲ့ အခြေအနေပါ။ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းပြင်းထန်တဲ့ အခြေအနေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်တာက ကြီးကောင်ဝင်ချိန်မှာ စပြီး ခံစားရတာ များပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်ပြီး အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသား ၁၅ ဦးမှာ ၁ ဦးနှုန်း အဖြစ်များပါတယ်။ ဒီတစ်ခေါက်တော့ မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။ https://hellosayarwon.com/brain-ns/headaches-and-migraines/migraine-causes/ မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဖြစ်နေတာလား မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အခြေခံအကျဆုံး လက္ခဏာကတော့ ခေါင်းကိုက်တာပါ။ ခေါင်းတစ်ခြမ်းတည်းက ကိုက်နေပြီး လှုပ်လိုက်တိုင်း၊ ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဆောင်လိုက်တိုင်းမှာ […]