ယောဂလေ့ကျင့်တာက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။
ချင်း (ဂျင်း) က ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် ချင်း (ဂျင်း) ရေနွေးကြမ်း သောက်တာကလည်း နည်းလမ်းကောင်းပါ။ ချင်း (ဂျင်း) မှုန့်ကို စားပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် နည်းလမ်းကောင်းပါ။
ရေဓာတ်နည်းနေတာကလည်း ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ဆိုရင် ရေအေးအေးလေး တစ်ခွက်လောက် သောက်ပေးလိုက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
ခေါင်းတစ်ခြမ်း ကိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက အိပ်ရေးပျက်တာ များတာကြောင့်ပါ။ ဒါကြောင့် ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် အိပ်ရေးဝဝလေး အိပ်ပေးတာမျိုး လုပ်ပေးပါ။ အိပ်ရေးဝတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း နောက်တစ်ခုကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဝင်လေထွက်လေကို မှတ်ရင်း အသက်မှန်မှန်ရှူတာပါ။
ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ကြည့်ပါ။
ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့
ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဆိုရင်
- လာဗင်ဒါဆီ ရှူပေးပါ
- ယောဂ လေ့ကျင့်ပါ
- ချင်း (ဂျင်း) စားပါ
- ရေသောက်ပါ
- အိပ်ရေးဝဝအိပ်ပါ
- အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။