backup og meta

ဆယ်ကျော်သက်တွေမှာ နာတာရှည်ခေါင်းကိုက်ခြင်းတွေကို ဘိုတောက်စ်ဘတ်တီးရီးယား နဲ့ ဘယ်လိုသက်သာစေမလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 29/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တွေမှာ နာတာရှည်ခေါင်းကိုက်ခြင်းတွေကို ဘိုတောက်စ်ဘတ်တီးရီးယား နဲ့ ဘယ်လိုသက်သာစေမလဲ

    နာတာရှည် ခေါင်းကိုက်ခြင်းတွေဟာ ကြောက်စရာကောင်းပါတယ်။ သူတို့ဟာ သင့်ရဲ့ ပညာရေးနဲ့ အလုပ်ကို ထိခိုက်စေရုံသာမက လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးတွေပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါတယ်။ နာတာရှည် ခေါင်းကိုက်ခြင်းဟာ ကုသရခက်ခဲပြီး ကုသမှုအတော်များများနဲ့ မပျောက်ကင်းနိုင်ပါဘူး။

    ဒါပေမယ့် ၂၀၁၀ မှစပြီး သိပ္ပံပညာရှင်တွေဟာ အစွမ်းထက်တဲ့ ကုသနည်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ Botox injection ပဲ ဖြစ်ပါတယ်။

    Botox ဘိုတောက်စ်ဘက်တီးရီးယား ဆိုတာ ဘာလဲ။

    Clostridium botulinum ဟာ အစာတွေထဲမှာ ပါဝင်ပြီး သေစေနိုင်တဲ့ အဆိပ်ကို ထုတ်ပေးနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို အနည်းငယ်သာ အသုံးပြုမယ်ဆိုရင် ဒီအဆိပ်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သူ့ကို Botox နာမည်နဲ့ ထုတ်လုပ်ကြပါတယ်။

    Botox ကို အောက်ပါအခြင်းအရာတွေ ကုသဖို့ အသုံးပြုကြပါတယ်။

    · မျက်နှာ အရေးအကြောင်းများ

    · ဆီးမထိန်းနိုင်တဲ့ ဆီးအိမ်

    · Alignment မမှန်သော မျက်လုံး

    · အလွန် လက်မောင်းအောက် ချွေးထွက်ခြင်း

    · လည်ပင်းနှင့် ပုခုံးကြွက်သားများ ကျုံ့ခြင်း

    · ထိန်းချုပ်မရနိုင်သော မျက်တောင် ခတ်ခြင်း

    · နာတာရှည် ခေါင်းကိုက်ခြင်း –

    အသက် ၁၈ နှစ်အောက် (သို့) အခြား ခေါင်းကိုက်မှုတွေ ဖြစ်တဲ့ ပေါ်လိုက်ပျောက်လိုက် ခေါင်းကိုက်ခြင်း၊ cluster headache၊ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းတွေဟာ ကုသမှုနဲ့ မသင့်လျော်ပါဘူး။

    ကိုယ်ခန္ဓါအတွင်းကို ထိုးသွင်းလိုက်မယ်ဆိုရင် Botox ဟာ အာရုံကြောတွေကို ပိတ်ဆို့ပြီး ထိုးလိုက်တဲ့နေရာက ကြွက်သားအချို့ကို သေစေတာမို့ လူနာရဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

    နာတာရှည် ခေါင်းကိုက်ခြင်းတွေကို ကုသဖို့အတွက် Botox ထိုးသွင်းခြင်းကို သုံးလတစ်ခါ ပြုလုပ်ကြပါတယ်။ ၂ ခါကနေ ၄ ခါအထိ ပြုလုပ်ရပြီး ဆေးတစ်ခါ ထိုးသွင်းခြင်းဟာ ပုံမှန်အားဖြင့် ၁၅ မိနစ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။

    Botox ဆေးထိုးမှုရဲ့ ဆိုးကျိုးတွေကြောင့် သူ့ကို နောက်ဆုံးကုသမှုအဖြစ် စဉ်းစားကြပါတယ်။ ဆရာဝန်တွေက လူနာတွေမှာ နာတာရှည် ခေါင်းကိုက်ခြင်းကို သက်သာစေဖို့ လူနေမှုပုံစံတွေ ပြောင်းလဲခြင်း၊ ဆေးတွေ ဖြစ်တဲ့ cyproheptadine, topiramate, amitriptyline သို့ gabapentin တို့ကို အစပိုင်းမှာ အသုံးပြုစေမှာ ဖြစ်ပါတယ်။

    Botox ထိုးသွင်းမှုကို အထက်ပါ ကုသမှုတွေ အစွမ်းမထက်မှသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

    Botox ရဲ့ ဆိုးကျိုးများ

    ဆိုးကျိုးတွေကတော့

    · ကြွက်သားတောင့်တင်းခြင်း

    · ဗိုက်နာခြင်း

    · လည်ပင်း၊ ခါးနာခြင်း

    · မျက်လုံးခြောက်ခြင်း၊ မျက်ရည်အထွက်များခြင်း

    · မျက်ခွံကျခြင်း

    · ဓါတ်မတည့်ခြင်း

    · အနီကွက်ပေါ်ခြင်း၊ ယားယံခြင်း

    · မြိုချခြင်း၊ အသက်ရှူရ ခက်ခဲခြင်း

    နာတာရှည်ခေါင်းကိုက်ခြင်းတွေကို ကာကွယ်ခြင်း

    ခေါင်းကိုက်ခြင်းတွေကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

    · နေ့စဉ် လုံလောက်စွာ အိပ်စက်ခြင်း

    · စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျခြင်းကို ရှောင်ကျဉ်ခြင်း

    · မလိုအပ်ပဲ ခေါင်းကိုက်ပျောက်ဆေးများသောက်ခြင်းမှ ရှောင်ကျဉ်ခြင်း

    · ကျန်းမာအောင် နေထိုင်ခြင်း

    · ဓါတ်မတည့်စေသော အချက်များကို ရှောင်ကျဉ်ခြင်း

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 29/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement