ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ကဘာလဲ။ ဦးနှောက်တွင်းသွေးယိုခြင်းဟာ ဦးနှောက်တစ်သျှူးများထဲသို့ သွေးကြောပေါက်ကာ သွေးများရုတ်တရတ်စီးဝင်ခြင်းဖြစ်ပြီး ဦးနှောက်ကိုထိခိုက်စေပါတယ်။ ထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေက ဦးနှောက်တစ်သျှူးတွေကို သွားရောက်ထိခိုက်စေပြီးရောင်ရမ်းခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကိုဦးနှောက်ဖောရောင်ခြင်းလို့ခေါ်လေ့ရှိတယ်။ သွေးတွေစုသွားတဲ့အခါ သွေးလုံးကြီးတစ်ခုဖြစ်လာကာ ဘေးပတ်ဝန်းကျင်မှတစ်သျူးများကိုဖိပြီး ဆဲလ်များကိုသေစေနိုင်ပါတယ်။ သွေးယိုခြင်းကဦးနှောက်ထဲမှာဖြစ်နိုင်တယ်၊ ဦးနှောက်နဲ့အမြှေးပါးကြား၊ အမြှေးပါးနှစ်လွှာကြား၊ ဒါမှမဟုတ် ဦးနှောက်အမြှေးပါးနဲ့ ဦးခေါင်းခွံကြားမှာဖြစ်နိုင်ပါတယ်။ ဦးနှောက်သွေးယိုခြင်းဟာ ချက်ခြင်းကုသမှုလိုအပ်သော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အများစုမှာ ထာဝရချို့ယွင်းမှု အနည်းနဲ့အများဖြစ်သွားနိုင်ပါတယ်။ တချို့လူတွေမှာတော့ လုံးဝပြန်ကောင်းနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ လေဖြတ်ခြင်း၊ ဦးနှောက်လုပ်ငန်းဆောင်တာများချို့ယွင်းခြင်း၊ ဆေးကုသမှုများ၏ ဘေးထွက်ဆိုးကျိုးကိုခံစားရခြင်းတို့ဖြစ်နိုင်ပါတယ်။ သေနိုင်ပြီး ချက်ခြင်းကုသမှုပေးနေရင်းနဲ့တောင်မှ တိမ်းပါးသွားတာမျိုးရှိနိုင်ပါတယ်။ Brain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး သွေးယိုစေတဲ့အခြေအနေတွေကိုရှောင်ခြင်းဖြင့် ဖြစ်ရပ်ကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများBrain Hemorrhage (ဦးနှောက်တွင်းသွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့လက္ခဏာတွေကတော့ – ရုတ်တရတ်ပြင်းထန်စွာခေါင်းကိုက်ခြင်း လက်၊ ခြေထောက်တို့တွင်အားလျော့သွားခြင်း ပျို့ခြင်း၊ အန်ခြင်း နိုးကြားမှုမရှိခြင်း၊ နုန်းခွေခြင်း စကားပြောရခက်ခဲခြင်း၊ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Brain - eating Amoeba (ဦးနှောက်စားအမီဘားကောင်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) ကဘာလဲ။ Naegleria fowleri ခေါ် ဦးနှောက်စားအမီဘားကောင်သည် မျိုးစိတ်ကြီး Naegleria ၏ မျိုးပေါင်းစု Percolozoa တွင် ပါဝင်ပါသည်။ ထိုအကောင်များဟာ ဆဲလ်တစ်ခုတည်းပါ သက်ရှိတွေဖြစ်ပြီး ၁၉၆၅နှစ်တွင် တွေ့ရှိခဲ့ပါသည်။ သြော်စတြေးလျတွင် ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်သော်လည်း အမေရိကားမှာ ဆင့်ကဲပြောင်းလဲခဲ့တာပါ။ Naegleria fowleri မျိုးစိတ်တစ်ခုတည်းကသာ လူတွေကို ကူးစက်တာဖြစ်ပါတယ်။ Brain – eating Amoeba (ဦးနှောက်စားအမီဘားကောင်) က ဘယ်လောက်အဖြစ်များသလဲ Naegleria fowleri အမီဘားကောင်တွေဟာ အတွေ့ရများသော်လည်း ဦးနှောက်ကိုထိတာတော့ ရှားပါတယ်။ အမီဘားကြောင့် ဦးနှောက်ထိခြင်းကို မူလအမီဘားဦးနှောက်အမြှေးရောင်ရောဂါ(PAM) လို့ခေါ်ပါတယ်။ တစ်နှစ်ကို လုံးဝမဖြစ်တာလည်းရှိသလို အများဆုံး ၈ကြိမ်ထိဖြစ်ပွားနိုင်ပါတယ်။ အမြဲလိုလို ဂျူလိုင်လကနေ စက်တင်ဘာလအတွင်း ဖြစ်ပွားတတ်ပါတယ်။ လူတော်တော်များများက ယင်းအမီဘားကောင်အတွက် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Polio (ပိုလီယို)

အဓိပ္ပါယ်ဖွင့်ဆိုချက်Polio (ပိုလီယို) ကဘာလဲ။ ပိုလီယိုသည် အလွန်ကူးစက်လွယ်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး မစင်မှတစ်ဆင့်သို့မဟုတ် ပိုးရှိသော ရေ၊ အစာ ကိုစားမိခြင်းမှတစ်ဆင့် တစ်ဦးကိုတစ်ဦး ပျံ့နှံ့စေတတ်ပါသည်။ ခန္ဓါကိုယ်အတွင်း ဝင်ရောက်လာသည်နှင့် ထိုပိုးသည် အူအတွင်း၌ ပွားများလာပြီး ထိုမှနေ၍ အာရုံကြောစနစ်ဆီ ထိုးဖောက်ဝင်ရောက်ကာ လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ ပိုလီယိုည် အသက်ရှုပြဿနာများကိုလည်း ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ သေဆုံးစေတတ်ပါသည်။ Polio (ပိုလီယို) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် သိပ်ဖြစ်လေ့မရှိပါ။ ကလးများတွင် အဖြစ်များပါသည်။ ယနေ့အခါတွင် ထိထိရောက်ရောက် ကာကွယ်ဆေးပေးနိုင်မှုကြောင့် ပိုလီယိုကပ်ရောဂါသည် အတော်လေးကို ပျောက်ကွယ်သွားပြီဖြစ်သည်။ ဆရာဝန်အများစုမှာ ပိုလီယိုရောဂါတစ်ဦးတစ်ယောက်မျှပင် တွေ့ရသည်မရှိတော့ပါ။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPolio (ပိုလီယို) ရဲ့လက္ခဏာတွေကဘာတွေလဲ ပိုလီယို ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ ၃၈ ဆဲလ်စီးရပ်အထက်ဖျားခြင်း လည်ချောင်းနာခြင်း ခေါင်းကိုက်ခြင်း ဗိုက်နာခြင်း ကြွက်သားများ ကိုက်ခဲခြင်း ဖျားနာသလို ခံစားရခြင်း အန်ခြင်း ပိုပြင်းထန်သည့်လက္ခဏာများမှာ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Alzheimer's Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး))

အဓိပ္ပါယ်ဖွင့်ဆိုချက်Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ကဘာလဲ။ အယ်လ်ဇိုင်းမားရောဂါ ဆိုတာက တဖြည်းဖြည်းချင်းဆိုးလာသောရောဂါတစ်မျိုးပါ။ မှတ်ဉာဏ်နှင့် အခြားစိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခေါင်းရှုပ်ထွေးခြင်း မှတ်မိရန်ခက်ခြင်းဖြင့် ရောဂါလက္ခဏာတွေစပြတတ်ပါတယ်။။ တဖြည်းဖြည်းနှင့် ဘဝ၏ အရေးကြီးပုဂ္ဂိုလ်များကိုပါမေ့ခြင်းနှင့် ပြုမူနေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ဖြစ်သွားတတ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည် စိတ်ကစဉ့်ကလျားရောဂါ( ဦးနှောက်ချို့ယွင်းမှုကြောင့် မှတ်ဉာဏ်နှင့် ဆက်ဆံရေးပျက်စီးသွားသောရောဂါ) ဖြစ်စေသော အဖြစ်များဆုံးအကြောင်းအရင်းတစ်ခုဖြစ်သည်။ အယ်လ်ဇိုင်းမားရောဂါ တွင် ဦးနှောက်ရှိဆဲလ်များသေဆုံးပြီး မှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များပျက်ယွင်းစေတာမျိုးခံစားရနိုင်ပါတယ်။ အယ်လ်ဇိုင်းမား၏ လက်ရှိကုသမှုများသည် ရောဂါလက္ခဏာများကို ယာယီသာသက်သာစေပါလိမ့်မယ်။ အချို့လူနာတွေမှာတော့ လုပ်ငန်းဆောင်တာများကို အချိန်ကြာကြာပိုလုပ်နိုင်အောင် ကူညီပေးပါတာမျိုးရှိနိုင်ပါတယ်။။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သောကုထုံးမရှိသည့်အတွက်ကြောင့် လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အကူအညီ အထောက်အပံ့များကို အမြန်ဆုံးရယူသင့်ပါတယ်။ Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) က ဘယ်လောက်အဖြစ်များသလဲ အယ်လ်ဇိုင်းမားရောဂါသည် အလွန်အဖြစ်များသော ရောဂါတစ်မျိုးပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းနည်းလမ်းဖြင့်တော့ ရောဂါမဖြစ်အောင် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Horner's syndrome (ဟော်နားစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဟော်နားစ် ဆင်ဒရုန်း ဆိုတာဘာလဲ။ ဦးနှောက်ကနေ မျက်နှာနဲ့မျက်လုံးကို သွားတဲ့ခန္ဓါကိုယ်တစ်ခြမ်းမှာရှီတဲ့အာရုံကြောလမ်းကြောင်း ပျက်စီးသွားခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာပေါင်းစုဖြစ်ပါတယ်။ မျက်လုံးအာရုံကြောဆိုင်ရာလေဖြတ်ခြင်းလို့လည်း ခေါ်ပါတယ်။ ဟော်နားစ် ဆင်ဒရုန်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ ရှားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဟော်နားစ် ဆင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ မျက်နှာတစ်ဘက်ခြမ်းကိုပဲ ထိခိုက်လေ့ရှိပါတယ်။ ဟော်နားစ် ဆင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- မျက်လုံးသူငယ်အိမ်ကျဉ်းခြင်း မျက်လုံးနှစ်ခုသူငယ်အိမ်အရွယ်အစား သိသိသာသာကွာခြားနြေခ်င်း မှုန်မှုန်မွားမွှားအလင်းရောင်မှာ သူငယ်အိမ်ကျယ်ဖို့နှောင့်နှေးခြင်း အနည်းငယ်သာကျယ်ခြင်း အပေါ်မျက်ခွံကျခြင်း အောက်မျက်ခွံအနည်းငယ်တက်နေခြင်း မျက်နှာတစ်ခြမ်းလုံးချွေးမထွက်ြခ်ငး အကွက်များပေါ်ခြင်း လက္ခဏာများ အထူးသဖြင့်မျက်ခွံကျခြင်းနဲ့ ချွေးမထွက်ခြင်းက သိပ်မသိသာပြီး ရောဂါအတည်ပြုဖို့ခက်ပါတယ်။ ကလေးတွေမှာ ထပ်တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့- တစ်နှစ်အောက်ကလေးတွေမှာ ဖြစ်တဲ့အခြမ်းမျက်လုံးမျက်ဆန် အရောင်ဖျော့ခြင်း ပူခြင်း၊ မောပန်းခြင်းနဲ့ စိတ်ခံစားချက်အပြောင်းအလဲမှာ သာမန်အတိုင်းဖြစ်ပေါ်လေ့ရှိတဲ့ မျက်နှာနီခြင်းကင်းမဲ့ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ အကြောင်းအများကြီးကြောင့် ဖြစ်နိုငပြီး အချို့တွေက အခြားအကြောင်းတွေထက် ပိုဆိုးရွားတတ်ပါတယ်။ လျင်မြန်တိကျတဲ့ရောဂါအတည်ပြုမှုရဖို့ အရေးကြီးပါတယ်။ ရုတ်တရက်ရောဂါလက္ခဏာတွေပေါ်လာခဲ့မယ်ဆိုရင် […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းများ

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းတွင် ဖြစ်နေသော လက္ခဏာများထက် ဖြစ်စေသော အကြောင်းရင်းက ပိုအရေးပါပါသည်။ ထို့ကြောင့် ကုသမှုများပြုလုပ်ရာတွင်လည်း ဖြစ်နေသော လက္ခဏာများသက်သာစေရန်ထက် နာကျင်မှုကို ဖြစ်စေသော အဓိကအကြောင်းရင်းများကို ပျောက်ကင်းစေရန် ဦးတည်ပါသည်။ အောက်ပါတို့သည် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို အဖြစ်များစေသော အခြေအနေ ၆ခု ဖြစ်ပါသည်။ ခါးဆစ်များကျွံခြင်း ခါးဆစ်များကျွံခြင်းဟုဆိုရာတွင် အာရုံကြောများညှပ်ခြင်း၊ ခါးဆစ်များ နေရာချော်ခြင်း၊ မညီလာဘဲ ဖောင်းထွက်ခြင်း၊ ပျက်စီးခြင်း၊ ပဲ့ကျိုးခြင်း တို့အကျုံးဝင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခါးဆစ်များအထဲပိုင်းတွင်ရှိသော ပစ္စည်းများသည် အကြောင်းအမျိုးမျိုးကြောင့် အပြင်ဘက်အလွှာကို ကျွံပြီး ဖောက်ထွက်လာခြင်းကြောင့် အာရုံကြောများကို ထိခိုက်ခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် ခါးဆစ်ကျွံခြင်းကြောင့် အများဆုံးဖြစ်ရပါသည်။   ခါးဆစ်များကြားရှိ ချပ်ပြားများ ပျက်စီးသွားခြင်း ယင်းဖြစ်စဉ်သည် အသက်ကြီးလာခြင်းကြောင့်ဖြစ်သော သဘာဝဖြစ်စဉ်တခုဖြစ်ပြီး အချို့လူများတွင် အာရုံကြောများထိုခိုက်မှုကြောင့် နာကျင်မှု ဝေဒနာများခံစားရနိုင်ပါသည်။ အဆိုပါချပ်ပြားများသည်အသက်ကြီးလာသော အခါ အားနည်းလာပြီး လှုပ်လီလှုပ်လဲ့ဖြစ်လာပြီး တပြိုင်နက်တည်းမှာပင် ထိုချပ်ပြားများထဲမှ ရောင်ရမ်းမှုကိုဖြစ်စေသော ပရိုတင်းဓါတ်များထွက်လာပြီး […]


အတက်ရောဂါ

သင့်တွင်အတက်ရောဂါရှိပါက ယဉ်မောင်းနှင်ရာတွင်လုံခြုံစိတ်ချရစေရန်

အတက်ရောဂါရှိတဲ့သူတွေအတွက် မောင်းနှင်ရခြင်းသည် ခက်ခဲသောအလုပ်တစ်ခုဖြစ်ပါတယ် ။ တစ်ချို့လူနာများဆိုလျှင် တက်ခြင်းကိုထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ယာဉ်များမောင်းနှင်ခြင်းမှတားမြစ်ထားရပါတယ် ။ မောင်းနှင်ရာတွင်စိတ်ချရစေမည့်နည်းလမ်းများကိုလေ့လာခြင်းဖြင့် မောင်းနှင်ရာတွင်တက်ခြင်းမှကာကွယ်နိုင်ပါတယ် ။     တက်ခြင်းနှင့်ယာဉ်များမောင်းနှင်နိုင်စွမ်းရှိခြင်း ။ သင်တက်သောအခါတွင် သင့်ရဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု တွေမရှိတော့ပါဘူး ။ အာရုံခံစားမှုနဲ့သင်ပြုမူတဲ့ပုံစံတွေဟာလည်းပြောင်းလဲသွားပါတယ်။ ဒါမှမဟုတ်သင်ဟာ ရုတ်တရက်သတိမေ့သွားတဲ့အထိဖြစ်နိုင်ပါတယ် ။ ရလာဒ်အနေနဲ့ကတော့ ကားမောင်းနေစဉ်မှာတက်ခြင်းဟာ ကားကိုထိန်းချုပ်နိုင်မှုမရှိတော့ပဲ ယာဉ်တိုက်မှုတွေဖြစ်စေနိုင်ပါတယ် ။ သင်နဲ့အခြားလူများကိုပါ ထိခိုက်နာကျင်စေနိုင်ပါတယ် ။ သင့်ရဲ့ယာဉ်များကိုမောင်းနှင်ရန်စွမ်းရည်ကတော့အောက်ပါအချက်များအပေါ်မှာမူတည်ပါတယ် ။ - တက်စေတဲ့အကြောင်းအရင်း ။ - သင်တက်သော ပုံစံအမျိုးအစား ။ - လိုင်စင်ရပြီးသားကဲသို့သော ဥပဒေများ ။ - သင့်ကိုသတိလက်လွတ်ဖြစ်စေတဲ့တက်ခြင်းမဖြစ်ပဲနေနိုင်သော အချိန်ပမာဏ ။   သင်သိသင့်သော ယဉ်မောင်းရာတွင်အန္တရာယ်ကင်းစေမည့်နည်းများ ။ သင့်မှာအတက်ရောဂါရှိတာကိုသိရတဲ့အခါမှာ သိသင့်သည်များကိုသိထားဖို့လိုအပ်ပါတယ် ။ ဒါကြောင့်သင်ဟာကားမောင်းလိုင်စင်ကိုဖြည့်တဲ့အခါတွင် အတက်ရောဂါရှိကြောင်း တင်ပြဖို့အရေးကြီးပါတယ် ။ ဒီလိုတင်ပြဖို့အတွက် ဆရာဝန်ဆီမှထောက်ခံစာတစ်စောင်လိုအပ်ပါတယ် ။ မထိန်းချုပ်နိုင်တဲ့အတက်ရောဂါရှိတဲ့သူတွေဟာကားမောင်းတဲ့အခါ မတော်တဆဖြစ်ရန် အခွင့်အလမ်းများတာကြောင့် သင်ကားမောင်းနိုင် ၊ မမောင်းနိုင်ကြောင်း ဆရာဝန်ရဲ့အတည်ပြုချက်ရရှိဖို့လိုအပ်ပါတယ် […]


အတက်ရောဂါ

အတက်ကျဆေးတွေရဲ့ ဓါတ်ပြုမှုတွေကို ဘယ်လိုကာကွယ်မလဲ

ဆေးအချင်းချင်းဓါတ်ပြုခြင်းများဟာ အတက်ရောဂါကုသမှုခံယူနေရတဲ့လူတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ် ။ အတက်ရောဂါတွင်သောက်သည့်ဆေးများသည် အချို့ဆေးတွေရဲ့အာနိသင်တွေကိုလျော့ကျစေပါတယ် ။ ဒါအပြင် ဆေးအချို့ဟာ အတက်ရောဂါဆေးတွေနဲ့အာနိသင်တူကြပါတယ် ။ ဒါဆိုရင် အခြေအနေဟာ ပိုမိုဆိုးဝါးသွားစေနိုင်ပါတယ် ။ သို့ပေမယ့် ကျွမ်းကျင်သူများကတော့ ဆေးအချင်းချင်းသက်ရောက်မှုများမှုရှောင်ကျဉ်ရန် နည်းများကို ပြောပြထားပါတယ် ။   ၁ ။ သင့်ဆရာဝန်နဲ့မကြာခဏဆက်သွယ်ပါ။ သင်သုံးစွဲနေတဲ့ဆေးတွေအကြောင်းကိုဆရာဝန်ကိုပြောပြဖို့အရေးကြီးပါတယ် ။ ညွှန်ကြားထားတဲ့ဆေးတွေကပဲဆေးအချင်းချင်းသက်ရောက်မှုတွေဖြစ်နိုင်တာမဟုတ်ပါဘူး ။ ညွှန်ကြားခြင်းမရှိတဲ့ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုး တွေဖြစ်စေနိုင်ပါတယ် ။ ဆေးမသုံးစွဲခင်မှာ ဆေးအညွှန်းကိုသေချာဖတ်သင့်ပါတယ် ။ အကယ်၍ ဓါတ်မတည့်မှုကို တွေ့ရှိခဲ့လျှင်တော့ ဓါတ်ပြုမှုဟာ အသေးစားလေးပင်ဖြစ်စေကာမူ ဘာမှမလုပ်သေးပဲ ဆရာဝန်ကိုမေးမြန်းရပါမယ် ။ အခြားတစ်ဖက်မှာတော့ ညွှန်ကြားထားတဲ့ရှောင်ရမယ့်ဆေးတွေကိုရှောင်ကျဉ်ပြီးသောက်သုံးရမယ့်ဆေးတွေကိုသောက်သုံးရပါမယ် ။ ဆရာဝန်ကိုမပြောပဲဆေးသုံးစွဲမှုကိုရပ်တန့်ခြင်းမျိုးမလုပ်ရပါဘူး ။   ၂ ။ သင့်ရဲ့ဆေးဝါးများကို ကိုယ်တိုင်ရှာဖွေလေ့လာပါ ။ ဆေးအစားထိုးခြင်း သို့ ဆေးအသစ်သုံးစွဲခြင်းမပြုမီမှာ ဆေးဝါးအကြောင်းကိုသေချာရှာဖွေရန်လိုအပ်ပါတယ် ။ ဆေးတစ်ခုချင်းစီရဲဓါတ်ပြုနိုင်မှုအကြောင်းများ ၊ ဓါတ်ပြုမှုရဲ့ရလာဒ်များကို […]


အတက်ရောဂါ

မတက်ခင် ဖြစ်လာမယ့် လက္ခဏာတွေကို ဘယ်လိုသတိထားနိုင်သလဲ

အတက်ရောဂါကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ရုတ်တရက် ဆက်ကာဆက်ကာ တက်တတ်ပါတယ်။ မတက်ခင်ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားခြင်းဖြင့် အန္တရာယ်ရှိတဲ့အရာတွေနဲ့ ဒဏ်ရာအနာတရဖြစ်ခြင်းကနေ ရှောင်နိုင်ပါတယ်။ တက်တာဟာ သင်အိပ်နေချိန်ပဲဖြစ်ဖြစ်၊ နိုးနေချိန်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါတွေက အတက်ရောဂါ အမျိုးအစားတွေဖြစ်ပြီး လက္ခဏာတွေကတော့ အနည်းငယ်စီ ကွဲပြားနိုင်ပါတယ်။ အတက်ရောဂါက အဓိကအားဖြင့် ၂မျိုးရှိတယ်။ - တစ်နေရာပဲကွက်ပြီး အတက်ရောဂါ - တစ်ကိုယ်လုံးပါတဲ့ အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ တစ်နေရာပဲကွက်ပြီး အတက်ရောဂါ ဖြစ်နေချိန်မှာ သင်ဟာသတိကောင်းနေပါမယ်။ တစ်နေရာပဲကွက်ပြီး အတက်ရောဂါရဲ့ လက္ခဏာတွေထဲမှာ အောက်ပါ အခြေအနေတွေပါဝင်ပါလိမ့်မယ်။ - ဖော်ပြရခက်တဲ့ ထူးဆန်းတဲ့ ခံစားချက် - လူကမြင့်တက်နေသလို ခံစားရခြင်း။ ဒါက ရိုလာကိုစတာစီးနေချိန်မှာ ဗိုက်ထဲမှာဖြစ်တဲ့ ခံစားချက်နဲ့ ဆင်တူပါတယ်။ - အရင်တစ်ခါက ဖြစ်ခဲ့ဖူးသလို ပြန်ခံစားမိခြင်း - ပုံမှန်မဟုတ်တဲ့ အနံ့နဲ့ အရသာကို ခံစားမိနေခြင်း - ခြေ၊ လက်တွေကို ပင်အပ်နှင့်ထိုးသလို […]


အတက်ရောဂါ

အတက်ရောဂါရှိသော လူတစ်ယောက်အတွက် ရှောင်ကျဉ်ရမည့် အစားအစာများ

အစားအစာတွေကနေ အတက်ရောဂါကို ဖြစ်စေသလားဆိုတာ လုံလောက်တဲ့သုတေသနမရှိသေးပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့ အတက်ရောဂါကို ပိုဆိုးစေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတွေတော့ရှိပါတယ်။ ၁။ ဂလူတန် တကယ်လို့သင့်မှာ အတက်ရောဂါရှိနေမယ်ဆိုရင် ဂလူတန် နဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ အချို့တွေအတွက် အစာအိမ်ပြဿနာနဲ့ ဓါတ်မတည့် ပြဿနာတွေပေါ်နိုင်ပါတယ်။ ပြီးတော့ ရောင်ရမ်းမှုတွေလည်းဖြစ်စေနိင်တဲ့ အတွက်, တက်ခြင်းကိုစဖြစ်စေနိုင်ပါတယ်။ Gluten ဂလူတန် မပါတဲ့အစာတွေစားခြင်းက သင့်ရောဂါကို အချိန်တိုနဲ့ ပျောက်စေနိုင်ပါတယ်။ ဒီgluten ကိုအစေ့စံပါတဲ့အစာတွေမှာ တွေ့ရတတ်ပါတယ်။ ဒါ့ပြင် စည်သွပ်ဘူး, ဆော့စ်, အသုပ်, အပင်ထွက် အစားအသောက်တွေနဲ့ ဘီယာမှာတောင် တွေ့နိုင်ပါတယ်။ ၂။ နို့ထွက်ပစ္စည်းများ နို့ထွက်ပစ္စည်းများဟာ ပြဿနာပေးနိုင်တဲ့ အစားအသောက်ထဲမှာပါဝင်ပါတယ်။ ကလေးရော လူကြီးမှာပါ အလာဂျီနဲ့ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဖြစ်နေပြီဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်တာကောင်းပါတယ်။ တကယ်လို့ သင်ကရေခဲမုန့်လို ဒိန်ချဉ်လိုအရာတွေ, အရောင်ချွတ်ပြီးသားသကြားတွေထည့်ထားတဲ့ အစားအသောက်တွေအများကြီးစားမိတယ်ဆိုရင် သင့် အတက်ရောဂါကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း