home

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

သတိမေ့တတ်လာတယ်ဆိုတာ တစ်နည်းအားဖြင့် မှတ်ဉာဏ်ချို့ယွင်းလာတာပါပဲ။ အဖြစ်အများဆုံး အမျိုးအစားကတော့ အယ်ဇိုင်းမား ရောဂါပါ။ အယ်ဇိုင်းမားဆိုတာ သတိချို့ယွင်းတဲ့ ရောဂါတစ်မျိုးပါ။ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ချို့တဲ့လာပြီး နောက်ဆုံးကျရင် တစ်ကိုယ်ရည်အလုပ်တွေကိုပါ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဘယ်လို ကုသကြမလဲဆိုတာကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

အယ်ဇိုင်းမားက မှတ်ဉာဏ်ချို့ယွင်းတတ်ပေမယ့် မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမားတော့ မဟုတ်ပါဘူး။ နားရှုပ်သွားလားမသိ။ မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာတစ်ခုပါ။ အယ်ဇိုင်းမားဆိုတာကတော့ ရောဂါပေါ့။ ဒါပေမယ့် မှတ်ဉာဏ်ချို့ယွင်းတဲ့လူတွေရဲ့ ၆၀-၈၀ ရာခိုင်နှုန်းက အယ်ဇိုင်းမားကြောင့် ဖြစ်တာဆိုတော့ မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမားလို့ တန်းပြီးသတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့သော မှတ်ဉာဏ်ချို့ယွင်းတဲ့ အကြောင်းရင်းတွေက ကုသလို့ရပါတယ်။ အယ်ဇိုင်းမားလို့ ယူဆပြီး လူနာကို အိမ်မှာပဲ ထားလိုက်မယ်ဆိုရင်တော့ ကုလို့ရရဲ့သားနဲ့ မကုလိုက်ရတာမျိုး ဖြစ်တတ်တာကြောင့် ဒီနှစ်မျိုး ဘာကွာလည်းဆိုတာ သိဖို့ လိုပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာသက်သက်ပါ။ မှတ်ဉာဏ်ချို့ယွင်းစေတဲ့ အကြောင်းရင်းတွေက တစ်ခုမကရှိပါတယ်။ ဒီထဲမှာ အယ်ဇိုင်းမားလည်းပါပြီး သူက အဖြစ်အများဆုံးပါပဲ။ လူတစ်ယောက်ထဲမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ပြဿနာ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါကိုတော့ mixed dementiaလို့ ခေါ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတာကို အသက်ကြီးလာတာကြောင့် ဖြစ်တာလို့ ပုံသေသတ်မှတ်လို့ […]

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မှတ်ဉာဏ်ချို့တဲ့ရောဂါကို တိုက်ရိုက် ကာကွယ်ဖို့ခက်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လို စဖြစ်မလဲဆိုတာကို သိဖို့ ခက်ခဲနေလို့ပါ။ လေဖြတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ချို့တဲ့ခြင်းကိုတော့ လေမဖြတ်အောင် နှလုံးရောဂါနဲ့ လေဖြတ်စေနိုင်တဲ့ အခြေခံအကြောင်းအရင်းတွေကို ရှောင်ရှားရင်းနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကယ်၍သင့်မှာ ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဘာရှိနေသလဲဆိုတာ မသိရင်ပဲဖြစ်ဖြစ်၊ မှတ်ဉာဏ်ချို့တဲ့ရောဂါကို ကာကွယ်ချင်လို့ပဲဖြစ်ဖြစ် အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ ၁ - ဆေးလိပ် သောက်ခြင်းမှ ရှောင်ကျဉ်ပါ။ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးများစွာထဲက တစ်ချက်ကတော့ သွေးကြောနံရံတွေကို ကျဉ်းစေပါတယ် ၊ သွေးကြောနံရံတွေ ကျဉ်းလာတဲ့အခါ နှလုံးရောဂါနဲ့ လေဖြတ်စေနိုင်တဲ့ ရာခိုင်နူန်းကိုတက်စေနိုင်ပါတယ်။ ဒီအချက်တွေက မှတ်ဉာဏ်ချို့တဲ့ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဆေးလိပ်မီးခိုးတွေထဲမှာ အိုမင်းရင့်ရော်ခြင်းကို အားပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီးပါပါတယ်။ မျက်ဉာဏ်ချို့တဲ့ခြင်းကို ဒါတွေကလည်း အားပေးပါတယ်။ ၂ - ကိုယ်အလေးချိန် ထိန်းပါ။ ကိုယ်အလေးချိန် လိုတာထက်ပိုများနေတာက […]

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

အခုလေးတင် မြင်လိုက်၊ ကြားလိုက်၊ လုပ်လိုက်တဲ့အရာတစ်ခုကို ခဏနေတော့ မေ့သွားတာမျိုး ဖြစ်ဖူးလား၊ ကိုယ့်ကိုယ်ကိုယ် သတိထားမိလား။ ဒါဆိုရင်တော့ သင့်မှာ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ လက္ခဏာရှိနေနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေမှာတော့ မေ့တတ်တဲ့အကျင့်ရှိတာ သိပ်ပြဿနာမရှိပေမဲ့ ဒါဟာ တခြားသော စိတ်နဲ့ခန္ဓါ ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ရုတ်တရက်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ အခြေအနေတွေကို မေ့သွားတတ်တာ၊ စဉ်းစားလို့ မပေါ်တော့တာကို ခေါ်တာဖြစ်ပါတယ်။ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ မေးပြီးသားမေးခွန်းကို ထပ်ခါတလဲလဲ ပြန်မေးတတ်တာ အခုလေးတင် ထားခဲ့လိုက်တဲ့ ပစ္စည်းကို ဘယ်နားမှာထားခဲ့မှန်း စဉ်းစားရခက်တာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မေ့လွယ်တာ အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် မကြာခဏ မေ့တတ်လာတာလဲ။ အသက်ကြီးလာတာ၊ အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာတာ၊ ဦးနှောက်အကျိတ်၊ […]

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Pick’s disease (ပစ်ခ်ရောဂါ) ကဘာလဲ။ ပစ်ခ်ရောဂါ ဆိုတာ အယ်ဇိုင်းမားနှင့် ဆင်တူတဲ့ စိတ်မူမမှန်ရောဂါ တစ်ခု ဖြစ်ပြီး အဖြစ်နည်းပါးပါတယ်။ ဒီရောဂါကြောင့် စိတ်ခံစားမှုတွေ၊ အပြုအမူ၊ စရိုက်လက္ခဏာ နဲ့ ဘာသာစကားတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဦးနှောက်ရှေ့ခြမ်းမူမမှန်ဖြစ်ခြင်း as frontotemporal dementia (FTD) သို့မဟုတ် ဦးနှောက်ရှေ့ခြမ်းယိုယွင်းမှု frontotemporal lobar degeneration (FTLD) လို့လည်းခေါ်ကြပါတယ်။ လိုအပ်တဲ့ အာဟာရတွေကို ရွှေ့ပြောင်းဖို့အတွက် သင့်ဦးနှောက်ဟာ သယ်ပို့စနစ်တစ်ခုကို အသုံးပြုပါတယ်။ ဒီစနစ်ကို ပရိုတင်းဓါတ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး မီးရထားလမ်းလိုမျိုး ယှက်ဖြာနေပါတယ်။ ဘယ်လို အာဟာရတွေဟာ ဘယ်နေရာကို သွားရမယ် ဆိုတာကို ဒီစနစ်ထဲမှာ ညွှန်ပြထားပါတယ်။ အာဟာရတွေ သွားလာတဲ့ လမ်းကြောင်းကို ဖြောင့်ဖြူးနေစေဖို့ ထောက်ပံ့ပေးတဲ့ […]

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) ကဘာလဲ။ အယ်လ်ဇိုင်းမားရောဂါ ဆိုတာက တဖြည်းဖြည်းချင်းဆိုးလာသောရောဂါတစ်မျိုးပါ။ မှတ်ဉာဏ်နှင့် အခြားစိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခေါင်းရှုပ်ထွေးခြင်း မှတ်မိရန်ခက်ခြင်းဖြင့် ရောဂါလက္ခဏာတွေစပြတတ်ပါတယ်။။ တဖြည်းဖြည်းနှင့် ဘဝ၏ အရေးကြီးပုဂ္ဂိုလ်များကိုပါမေ့ခြင်းနှင့် ပြုမူနေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ဖြစ်သွားတတ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည် စိတ်ကစဉ့်ကလျားရောဂါ( ဦးနှောက်ချို့ယွင်းမှုကြောင့် မှတ်ဉာဏ်နှင့် ဆက်ဆံရေးပျက်စီးသွားသောရောဂါ) ဖြစ်စေသော အဖြစ်များဆုံးအကြောင်းအရင်းတစ်ခုဖြစ်သည်။ အယ်လ်ဇိုင်းမားရောဂါ တွင် ဦးနှောက်ရှိဆဲလ်များသေဆုံးပြီး မှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များပျက်ယွင်းစေတာမျိုးခံစားရနိုင်ပါတယ်။ အယ်လ်ဇိုင်းမား၏ လက်ရှိကုသမှုများသည် ရောဂါလက္ခဏာများကို ယာယီသာသက်သာစေပါလိမ့်မယ်။ အချို့လူနာတွေမှာတော့ လုပ်ငန်းဆောင်တာများကို အချိန်ကြာကြာပိုလုပ်နိုင်အောင် ကူညီပေးပါတာမျိုးရှိနိုင်ပါတယ်။။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သောကုထုံးမရှိသည့်အတွက်ကြောင့် လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အကူအညီ အထောက်အပံ့များကို အမြန်ဆုံးရယူသင့်ပါတယ်။ Alzheimer’s Disease (အယ်လ်ဇိုင်းမားရောဂါ(စိတ်ချို့ယွင်းမှု ရောဂါတစ်မျိုး)) က ဘယ်လောက်အဖြစ်များသလဲ အယ်လ်ဇိုင်းမားရောဂါသည် အလွန်အဖြစ်များသော ရောဂါတစ်မျိုးပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းနည်းလမ်းဖြင့်တော့ ရောဂါမဖြစ်အောင် […]

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Amnesia (အတိတ်မေ့ရောဂါ) ကဘာလဲ။ အတိတ်မေ့ရောဂါ ဆိုတာ မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ် ။ အတိတ်မေ့ရောဂါ ဖြစ်လာပြီဆိုရင်တော့ အကြောင်းအရာ အချက်အလက်တွေ ၊ ကိုယ်ရေးကိုယ်တာ၊ အတွေ့အကြုံတွေကိုပါ မေ့လျော့ဆုံးရှုံး သွားတတ်ကြပါတယ် ။ မှတ်ဉာဏ်ချို့ယွင်းသော ရောဂါ၊ လေဖြတ်ခြင်း၊ ဦးခေါင်းထိခိုက် ဒဏ်ရာရခြင်း စတဲ့ ကျန်းမာရေး အခြေအနေ တွေဟာ အတိတ်မေ့ရောဂါ ကိုဖြစ်စေနိုင်ပါတယ် ။ မှတ်ဉာဏ် ဆုံးရှုံးမှု ပြင်းထန်လာပြီ ဆိုရင်တော့ အတိတ်မေ့ရောဂါဟာ နောက်ထပ်မှတ်ဉာဏ်တွေမှတ်နိုင်စွမ်းကိုလည်း အားနည်းစေနိုင်ပါတယ် ။ အတိတ်မေ့ရောဂါမှာ ခဏတာမေ့တာနဲ့ အမြဲမေ့တာ စတဲ့အခြေအနေတွေ ဖြစ်နိုင်တယ် ။ အတိတ်မေ့ရောဂါ ကိုသေချာဂရုစိုက်ကုသဖို့ အရေးကြီးပါတယ်။ Amnesia (အတိတ်မေ့ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အတိတ်မေ့ရောဂါဟာ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လေဖြတ်ခြင်း ၊ဦးခေါင်းထိခိုက် ဒဏ်ရာရခြင်း စတဲ့ အလွန်ပြင်းထန်တဲ့ […]

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy