backup og meta

ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ်

    ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ် လို့ ပြောရတာက ရေခဲကို တော်တော်များများကတော့ ဒဏ်ရာအနာတရ ဖြစ်တဲ့အခါ ရောင်ရမ်းတာတွေ မရှိစေဖို့ ကပ်ကြသလို အအေးထဲ ထည့်ဖျော်ကြတာလည်း ရှိပါတယ်။ တကယ်တော့ ရေခဲကို အလှအပအတွက် သုံးပေးလို့ ရပါသေးတယ်။ ရေခဲမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေဟာ မျက်နှာလေး လှပဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါဆိုရင်တော့ ရေခဲက မျက်နှာလေးလှဖို့ ဘာတွေ အသုံးဝင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။

    ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ်

    ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ် ဆိုတော့ ဘယ်လိုနေရမလဲဆိုပြီး တွေးနေပြီလား။ ဒါဆိုဖတ်ကြည့်လိုက်နော်။

  • မျက်ကွင်းညိုခြင်း
  • မျက်ကွင်းညိုခြင်း ဖြစ်ရခြင်းဟာ သွေးလည်ပတ်စီးဆင်းမှုမှာ ပြဿနာရှိတာကြောင့် ဖြစ်ပါတယ်။ ဒီလို မျက်ကွင်းညိုတာတွေအတွက်လည်း ကောင်းမွန်တဲ့ skin careတွေ သုံးလို့ ရသလို ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။

    ရေခဲအတုံးသေးလေးတွေ ပြုလုပ်တဲ့အခါမှာ ရေခဲပြုလုပ်မယ့် ရေထဲကို နွားနို့လေး နည်းနည်းလောက်ထည့်ပေးပါ။ နွားနို့နည်းနည်းပါဝင်တဲ့ ရေခဲတုံးလေး ရပြီဆိုရင်တော့ ရေခဲတုံးကို ပလတ်စတစ် ဒါမှမဟုတ် အဝတ်စတစ်မျိုးမျိုးလေးနဲ့ ထုပ်ပြီး မျက်ကွင်းညိုတဲ့ နေရာတဝိုက်မှာ ကပ်ထားပေးပါ။ အေးလာတဲ့အထိပဲ ရပါတယ်။ ဒီလိုလေး လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာစေမှာပါ။

    • အရေးအကြောင်း

    အသက်အရွယ်အရ အရေးအကြောင်းတွေ ဖြစ်လာတာကို ရှောင်လွှဲလို့ မရပေမယ့် အရွယ်မတိုင်ခင်ကတည်းက အရေးအကြောင်းတွေ မဖြစ်အောင်တော့ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ဒီ အတွက် ရေခဲက စွမ်းဆောင်နိုင်ပါတယ်။ မျက်နှာကို ရေကျက်သီးနွေး ဒါမှမဟုတ် ရေအေးလေး သုံးပြီးတော့ မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ ရေခဲတုံးလေးတွေကို အဝတ်စလေးနဲ့ ထုပ်ပြီး အရေးအကြောင်းရှိတဲ့ နေရာတွေမှာ ညင်ညင်သာသာလေး ရွေ့လျားပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လောက်ဆိုရင်တောင် သိသာပါတယ်။

  • မိတ်ကပ်
  • မိတ်ကပ်လေး တစ်နေကုန် မျက်နှာမှာ ရှိနေစေချင်တယ်ဆိုရင်တော့ ရေခဲလေး သုံးလို့ ရပါသေးတယ်။ အောက်ခံမိတ်ကပ်မလိမ်းခင်မှာ primer လိမ်းကြသလိုမျိုးပါပဲ မိတ်ကပ်မလိမ်းခင်မှာ ရေခဲလေး မျက်နှာမှာ ကပ်ထားပေးပါ။ ဒီလို လုပ်ပေးတာက ချွေးပေါက်တွေကို ကျဉ်းစေပြီး အဆီမပြန်စေတာမို့ မိတ်ကပ်ကွက်ခြင်း၊ ပျက်ခြင်းမရှိဘဲ တစ်နေကုန် လှပနေမှာပါ။

    • မျက်နှာအဆီပြန်ခြင်း

    မျက်နှာအဆီတဝင်းဝင်း ဖြစ်လို့ မလှဘူး ထင်နေရင်တော့ အဆီပြန်ခြင်းတွေကို နှုတ်ဆက်လိုက်ဖို့ ဝန်မလေးသင့်ပါဘူး။ အဆီပြန်တဲ့ အသားအရေက ဝက်ခြံလည်း ဖြစ်စေနိုင်ပါတယ်။ ရေခဲတုံးလေးတွေကို ထုပ်ပြီး မျက်နှာမှာ ကပ်ပေးပါ။ အထူးသဖြင့် T zone မှာပါ။ ခပ်အေးအေးလေး ဖြစ်တဲ့အထိ ကပ်ထားပေးပါ။ ဒါဆိုရင် အဆီပြန်ခြင်းတွေ ကင်းဝေးမှာပါ။ အကယ်လို့ မျက်နှာကို စိုစိုအိအိလေး ဖြစ်ချင်တယ်ဆိုရင်တော့ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပေးပါ။

    သတိထားရမှာက သိပ်အေးလွန်းရင်တော့ မျက်နှာ စပ်ဖျင်းဖျင်းဖြစ်တာ၊ ယားယံတာ၊ အသားခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။

    • ဝက်ခြံနဲ့ အမာရွတ်

    ရေခဲကတော့ ဝက်ခြံကြောင့် ‌ရောင်ရမ်းတာတွေနဲ့ ဝက်ခြံထပ်မထွက်စေဖို့ အစွမ်းဆောင်ပေးနိုင်ဆုံး ပစ္စည်းပါပဲ။ ပြင်ပဒဏ်ရာကြောင့် ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ပျောက်စေပါတယ်။ သတိထားရမှာကတော့ ဝက်ခြံက ဘက်တီးရီးယားတွေကြောင့် ပြည်တည်သလို အဆံဖြူဖြူတွေ ရှိနေပြီး ရောင်ရမ်းနေတယ်ဆိုရင် ရေခဲကပ်တဲ့အခါမှာ အထူးသတိထားပါ။ ဝက်ခြံအတွက် ရေခဲကပ်မယ်ဆိုရင်တော့ ကြာချိန်(၁) မိနစ်ထက် မပိုပါစေနဲ့နော်။ တစ်မိနစ်လောက် ကပ်ပြီးတဲ့အခါမှာ ကိုယ်နဲ့တည့်တဲ့ အဆီလေး တစ်မျိုးမျိုး လိမ်းထားတာမျိုး လုပ်နိုင်ပါတယ်။

    ကဲ..အခုဆိုရင် ရေခဲက ပေးစွမ်းနိုင်တဲ့ အလှအပတွေကို သိရပြီဆိုတော့ မျက်နှာလေး လှပသွားအောင် အိမ်မှာ လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement