backup og meta

မျက်ခုံးတက်တူးထိုးခြင်းအကြောင်း သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ခုံးတက်တူးထိုးခြင်းအကြောင်း သိထားသင့်သမျှ

    အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက်မဖြစ်မနေခွဲစိတ်ပြုပြင်တာမျိုးတွေတင်မဟုတ်ဘဲ အလှအပအတွက် ခွဲစိတ်ပြုပြင်တာတွေတောင်ရှိလာနေပါတယ်။ အလှအပအတွက်ပြုပြင်ဖန်တီးမှုတွေကလည်း တိုးတက်လာတဲ့ခေတ်နဲ့အညီ အမှီတိုးတက်လာတယ်လို့ပဲပြောရမလားပါ။ မျက်လုံး မျက်ရစ်ဖော်တာ၊ မျက်ခုံးတက်တူးထိုးတာ၊ နှာတံဖော်တာ၊မေးရိုးကို V shape လုပ်တာ၊ အမာရွတ်ဖျောက်တာတွေအပြင် အမျိုးမျိုးသောခွဲစိတ်ပြုပြင်မှုတွေကိုပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။ အခုတစ်ခေါက်တော့ မျက်ခုံးကမလှလို့ ပါးလို့ဆိုပြီး စိတ်ညစ်နေတာကြောင့် မျက်ခုံးပြုပြင်ချင်သူတွေအတွက် မျက်ခုံးတက်တူးထိုးတာနဲ့ ပတ်သက်ပြီး သိသင့်သမျှတွေကိုပြောပြပေးချင်ပါတယ်။

    မျက်ခုံးတက်တူးထိုးတယ်ဆိုတာက

    မျက်ခုံးတက်တူးထိုးတယ်ဆိုတာက ကြာရှည်ခံတာမျိုးတော့မဟုတ်ပမယ့် အချိန်အခိုက်အတန့်ခံတဲ့ အလှအပဆိုင်ရာပြုပြင်မှုတစ်ရပ်ပါ။ အရေပြားအပေါ်ယံအလွှာထဲကို ထိုးဖောက်ပြီး အရောင်ထည့်သွင်းတဲ့ အသေးစားအလှပြုပြင်မှုတစ်ရပ်ပါ။ ဒီထည့်သွင်းလိုက်တြ့ အရောင်က လူတစ်ယောက်ချင်းစီရဲ့ အရေပြားအမျိုးအစားပေါ်မူတည်ပြီး တစ်နှစ်ကနေ ၂ နှစ်လောက်အထိခံပါတယ်။ တစ်နှစ်ကျော် ၂ နှစ်လောက်ဖြစ်လာတဲ့အခါ အချိန်ကြာလာတာကြောင့်ကတစ်ကြောင်း နေရောင်နဲ့ထိတွေ့တာကြောင့်တစ်ကြောင်း မျက်ခုံးအရောင်က အစိမ်းရောင် ဒါမှမဟုတ် လိမ္မော်ရောင်ပြောင်းသွားတာမျိုးရှိနိုင်ပါတယ်။ မျက်ခုံးတက်တူးထိုးထားရင် အားသာချက်တစ်ခုကနေ့စဉ် မျက်ခုံးမွှေးဆွဲတာလိုမျိုးပြင်ဆင်မှုမလုပ်ရတာပါပဲ။

    မျက်ခုံးတက်တူးထိုးတော့မယ်ဆိုရင်

    မျက်ခုံးတက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီလား လေဒီ။ ဒါလေးအရင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။

    • မျက်ခုံးတက်တူးက ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ထိုးတဲ့ အခြားတက်တူးတွေလိုမျိုး တာရှည်မခံပါဘူး။ အရေပြားအမျိုးအစားပေါ်မှာ မူတည်ပြီး တစ်နှစ်ကနေနှစ်နှစ်အထိပဲခံပါတယ်။
    • မျက်ခုံးတက်တူးက မျက်နှာပေါ်မှာထိုးရတာဖြစ်တာကြောင့် ရှက်ပြီးဖွက်ထားလို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒါကြောင့် မထိုးခင်မှာ အဆင်ပြေမလားဆိုတာကို အရင်ဆုံးသေချာစဉ်းစားပါ။
    • မျက်ခုံးတက်တူးက အရောင်ထည့်သွင်းထားတဲ့ အလှအပပြုပြင်မှုဖြစ်တာကြောင့် အစစ်အတိုင်းဖြစ်ဖို့တော့ မလွယ်ကူပါဘူး။
    • မျက်ခုံးတက်တူးမထိုးခင်မှာ အွန်လိုင်းကနေဖြစ်ဖြစ် နီးစပ်ရာသူငယ်ချင်းတွေကနေပဲဖြစ်ဖြစ် မျက်ခုံးတက်တူးထိုးပေးနိုင်တဲ့ ကျွမ်းကျင်သူကိုသေချာရှာပါ။
    • ဆေးခန်းက သန့်ရှင်းမှုရှိရဲ့လားဆိုတာကိုသေချာစစ်ဆေးပါ။
    • မျက်ခုံးတက်တူထိုးတာက အပ်ချွန်ချွန်လေးတွေကို အသုံးပြုပြီး အရေပြားအပေါ်ယံလွှာထဲကို အရောင်ထိုးသွင်းပြုပြင်တဲ့ အလှအပပြုပြင်မှုတစ်ခုဆိုပေမယ့် အခြားတက်တူးတွေထိုးသလိုမျိုး နာကျင်မှုရှိနိုင်ပါတယ်။ ထုံဆေးသုတ်ပြီး ထိုးပေးတယ်ဆိုပေမယ့်လည်း နာကျင်မှုကတော့ ရှိနိုင်ပါတယ်။
    • အဆီပြန်တဲ့အသားအရေမျိုးဆိုရင်တော့ မျက်ခုံးတက်တူးထိုးရတာ ခက်ခဲနိုင်ပါတယ်။
    • တက်တူးထိုးနေစဉ်မှာ ဖိအားတစ်ခုခုရှိနေသလိုမျိုး ခံစားရနိုင်သလို အရေပြားကို ကုတ်ခြစ်နေသလိုခံစားမှုမျိုးခံစားရနိုင်ပါတယ်။
    • ထိုးပြီးစမှာ မျက်ခုံးနေရာကအရောင်အရမ်းတောက်နေတာမျိုးဖြစ်နေနိုင်ပါတယ်။ ၄- ၅ ရက် တစ်ပတ်လောက်ကြာတဲ့အခါ အရောင်ကတဖြည်းဖြည်းကျသွားပြီး ပုံမှန်ဖြစ်သွားပါလိမ့်မယ်။
    • အရေပြားကို အပ်ချွန်ချွန်လေးနဲ့ထိုးပြီး လုပ်ထားတဲ့ အလှပြုပြင်မှုဖြစ်တာကြောင့် အနာကျက်ချိန်ဆိုတာရှိပါတယ်။ အနာကျက်တဲ့ဖြစ်စဉ်ကလည်း တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။
    • မျက်ခုံးတက်တူးက အရေပြားအောက်ဘက် ၁ မီလီမိတာအထိပဲ အပ်ချွန်ချွန်လေးနဲ့ထိုးသွင်းလုပ်ဆောင်တဲ့ တက်တူးဖြစ်တာကြောင့် အရောင်ပျက်သွားတာမျိုးမဖြစ်အောင် မျက်ခုံးတက်တူးထိုးထားပြီး ၅ ရက်ကနေ ၇ ရက်အတွင်းရေမထိအောင်နေရပါမယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement