အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆိုရီရေးစစ်ရောဂါ

Psoriasis အရေပြားရောဂါအတွက် ရောင်ခြည်ပြကုသမှု

Psoriasis သည် အရေပြား ယားယံပြီး အင်ပြင်ထကာ အရေပြား တွင် အဖြူရောင် သို့မဟုတ် ငွေရောင် အနာဖေးများ ဖြစ်လာသည့် အရေပြား ရောဂါဖြစ်ပါသည်။ နာတာရှည်ရောဂါ ဖြစ်ပြီး ရောဂါ လက္ခဏာများမှာ ပျောက်လိုက်ပေါ်လိုက်နှင့် တသက်လုံး ဖြစ် သည့် ရောဂါဖြစ်ပါသည်။ ထို့ကြောင့် ရောဂါစဖြစ်သည်နှင့် နောက် တစ်ကြိမ်ဖြစ်လာမည်ကို တွေးထားရမည်ဖြစ်ပြီး သင့်အနေဖြင့် ရောင်ခြည်ပြ ကုသမှု့ကို စဉ်းစားနိုင်ပါသည်။ ဤဆောင်းပါး သည် သင့်ကို phototherapy ဟုခေါ်သော ရောင်ခြည်ပြ ကုသမှု့ အကြောင်းကို တင်ပြပါမည်။   Psoriasis အရေပြား ရောဂါအတွက် ဓါတ်ရောင်ခြည် ကုသမှု့ သည် မည်သို့ အသုံးဝင်သနည်း။ Psoriasis အရေပြား ရောဂါသည် သင်၏ ကိုယ်ခံအားစနစ်တွင် ပြ ဿနာဖြစ်သောကြောင့် ဖြစ်လာရခြင်း […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပြောင်းလဲမှုများအတွက် အိမ်တွင်းကုထုံးများ

သင့်အရေပြားဟာ အချိန်တိုင်း တသမတ်တည်း ရှိနေမှာ မဟုတ်ပါဘူး။ အသက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော် လူပျိုဖော်ဝင်ချိန်၊ ဝက်ခြံ၊ ဓါတ်မတည့်မှု စတဲ့ အခြေအနေ အချိန်အခါ အမျိုးမျိုးကြောင့် အရေပြားပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ကံကောင်းတဲ့အချက်ကတော့ အရေပြားပြောင်းလဲမှု အများစုက ကျန်းမာရေးကို မထိခိုက်စေနိုင်သလို သင့်ကို အနှောင့်အယှက်မဖြစ်စေသရွေ့ ကုသမှုခံယူဖို့ လိုမှာမဟုတ်ပါဘူး။ အကယ်၍ ကုသမှုနဲ့ပတ်သက်ပြီး သိချင်တာတွေရှိမယ်ဆိုရင်တော့ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ အသုံးဝင်သည့် အိမ်တွင်းကုထုံးများ ၁။ အရေပြားကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းပါ သင့်အရေပြားကို သန့်စင်စေဖို့ ရေနွေး၊ အပျော့စား ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် သန့်စင်ဆေးရည်များ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ မျက်နှာနဲ့ ခန္ဓါကိုယ်အတွက် မတူညီတဲ့ သန့်စင်ပစ္စည်းတွေ ခွဲခြားအသုံးပြုဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။ မျက်နှာသန့်စင်ရာမှ အတင်းပွတ်တိုက်ပစ်တာမျိုး မပြုလုပ်သင့်ပါဘူး။ အရေပြားကို သန့်စင်ပေးခြင်းအားဖြင့် […]


အရေပြားရောင်ရမ်းခြင်းများ

အရေပြား အဆီပြန်ရောင်ရမ်းခြင်း

အရေပြား အဆီပြန်ရောင်ရမ်းခြင်း ဆိုတဲ့ ဝေါဟာရဟာ သင့်အတွက် အစိမ်းသက်သက် ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သင့်လိုပဲ လူအတော်များများသည်လည်း ဒီရောဂါအကြောင်း စုံစုံလင်လင် သိမထားကြပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှ အရေပြားအဆီပြန်ရောင်ရမ်းခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အရေပြား အဆီပြန်ရောင်ရမ်းခြင်း အရေပြား အဆီပြန်ရောင်ရမ်းခြင်း ဟာ လူသိနည်းသလောက် အလွန်အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဓါတ်မတည့်တုံ့ပြန်မှု၊ နှင်းခူရောဂါတို့နဲ့ ဆင်တူပေမယ့် သင့်ကျန်းမာရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါဟာ သင့်ကို စိတ်မသက်မသာဖြစ်စေပြီး နေရထိုင်ရခက်စေမယ့် အရေပြားပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေကြောင့် သင့်ကိုယ်သင် သန့်သန့်ရှင်းရှင်းမရှိသလို ခံစားရနိုင်ပါတယ်။ အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ သူ့အလိုလို သက်သာသွားနိုင်ပေမယ့် ရောဂါလက္ခဏာတွေ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ကာလရှည်ကြာ ဖြစ်လေ့ရှိတာများပါတယ်။ ဆောင်းရာသီလို ရာသီဥတုအေးပြီး ခြောက်သွေ့တဲ့အချိန်တွေမှာတော့ ရောဂါပြန်ထလာလေ့ရှိပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါ

မှိုကြောင့်ဖြစ်သော အရေပြားရောဂါ တစ်မျိုး ဖြစ်တဲ့ အရေပြားမှိုရောဂါ သည် အရေပြားရောဂါများတွင် အတွေ့ရများသော ရောဂါဖြစ်ပါသည်။ အရေပြားရောဂါ ဖြစ်စေ သော မှိုအမျိုးအစား များစွာရှိပြီး အရေပြား ယားယံခြင်း၏ အဓိက လက်သည်လည်း ဖြစ်ပါသည်။ အရေပြားမှိုရောဂါ မှိုပိုးများသည် dead keratin ဟုခေါ်သော ပရိုတိန်းကို အမှီပြု နေထိုင်ကြပြီး ယင်းပရိုတိန်းမှာ အရေပြား၊ ဆံပင်နှင့် လက်သည်း များကို ဖြစ်ပေါ်စေပါသည်။ မှိုရောဂါကို ဖြစ်ပွားနေသော မှိုပိုးအမျိုး အစားပေါ် မူတည်ပြီး ခွဲခြားထားပါသည်။ မှိုပိုးများသည် အများ အားဖြင့် ခြေမ၊ လိင်အင်္ဂါတဝိုက်၊ ရင်သားအောက်ဘက် စသော စိုထိုင်းစ များသောနေရာများတွင် ပေါက်ပွားကြပါသည်။ အဓိက မှိုရောဂါ ဖြစ်စေသော အုပ်စု နှစ်စုရှိပြီး ပထမအုပ်စုကို တစေးမှို (yeasts)၊ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားကို ထိခိုက်စေနိုင်သည့် အရာ ၁၂မျိုး

ဆပ်ပြာ၊ အလှကုန်နဲ့ အစွန်းချွတ်ဆေးတွေကြောင့် အရေပြားနီရဲယားယံတတ်သလို ဝက်ခြံတွေလည်း ထွက်လာနိုင်ပါတယ်။ သင့်အနေနဲ့ တစ်ကိုယ်ရည်အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေကို အာရုံစိုက်ဖို့ အချိန်မပေးနိုင်တာမျိုး ဖြစ်နေတတ်ပါတယ်။ လုံးဝအသုံးမပြုရသေးတဲ့ပစ္စည်းတွေ၊ ရက်လွန်ပစ္စည်းတွေတောင် သင့်ဆီမှာ ရှိနေနိုင်ပါတယ်။ ဘယ်အရာတွေက သင့်အရေပြားကို ထိခိုက်စေနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ၁။ ဆပ်ပြာ ဆပ်ပြာမှာ အရေပြား၊ မျက်စိ၊ အဆုတ်တို့ကို ထိခိုက်စေနိုင်တဲ့ ဖော်မဲလ်ဒီဟိုဒ် ဒြပ်ပေါင်းပါဝင်ပါတယ်။ ဆပ်ပြာဟာ အရေပြားမှာ နှင်းခူဖြစ်စေနိုင်သလို မကြာခဏ အသုံးပြုမယ်ဆိုရင် အရေပြား ခြောက်သွေ့ကွဲအက်တဲ့ဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို အချိန်မီမကုသဘူးဆိုရင် သွေးထွက်ခြင်းကဲ့သို့ ပိုမိုဆိုးရွားတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဆပ်ပြာအစား အမွှေးရနံ့နဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ သို့မဟုတ် အနည်းငယ်သာပါဝင်တဲ့ သန့်စင်ဆေးရည်များကို အသုံးပြုသင့်ပါတယ်။ ၂။ အစွန်းချွတ်ဆေး ဘက်စုံအသုံးပြုနိုင်တဲ့ သန့်စင်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်အထည် […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားအရောင်နက်ခြင်းအမျိုးအစားအမျိုးမျိုး

အရေပြားအရောင်ပိုမဲနေခြင်းက သင်အခြားသူများနှင့်တွေ့ချိန်တွင်သင့်အားအရှက်ရစေသည်။ ထိုသို့မဲနေခြင်းကသင့်အားမထိခိုက်စေသည်ကိုသိသော်လည်း ထိုအခြေအနေအတွက် ကုသမှုကိုရှာပြီး မိမိကိုယ်ကိုယုံကြည်မှုပြန်လိုချင်ြက်သည်။ ထိုအခါ အရေပြားအရောင်ပိုမဲသည့်ပုံစံများကိုသိဖို့လိုပြီး သင်တွင်ဖြစ်နေသောပြသာနာကမည်သို့ဖြစ်သည်ကိုသိသင့်သည်။ အရေပြားအရောင်ပိုမဲနေခြင်းဆိုတာဘာလဲ။ အရေပြားအရောင်ပိုမဲနေခြင်းသည် အရေပြားတွင်ဖြစ်သောပြသာနာတစ်မျိုးဖြစ်ပြီး သေးသော သို့မဟုတ် ကြီးသောအကွက်မဲများဖြစ်နေခြင်းအဓိကအားဖြင့်မျက်နှာအရေပြားတွင်ဖြစ်နေခြင်းဖြစ်သည်။ အရေပြားပေါ်ရှိဆိုးဆေးမယ်လနင်များခြင်းကြောင့်ဖြစ်နိုင်သည်။ ယူဆချက်အရထိုသို့ဖြစ်ခြင်းသည် သင်တွင်ပြင်းထန်သောကျန်းမာရေးပြသာနာရှိခြင်းမဟုတ်ဟုဆိုလိုသော်လည်းသင့်အားစိတ်ပူပန်မှုဖြစ်စေသည်။ သို့သော် အချို့သောကိစ္စများတွင် အခြားရောဂါအခြေအနေတစ်ခုကြောင့်ထိုသို့ပေါ်ခြင်းဖြစ်နိုင်သည်။   အရေပြားပေါ်တွင်အရောင်ပိုမဲနေခြင်းပုံစံဘာတွေရှိသလဲ။ မယ်လက်မာသို့မဟုတ် ခိုလက်စမာ မယ်လက်မာသည် ကြီးသောအနက်ကွက်များ မျက်နှာပေါ်တွင် အဓိကအားဖြင့်ပါးပေါ် နှာခေါင်းပေါ် နှဖူးပေါ် နှုတ်ခမ်းအပေါ် နှင့် အခြားခန္ဓါကိုယ်အစိတ်အပိုင်းများ ဥပမာ လက်ဖျံပေါ်တွင်ပေါ်နေခြင်းဖြစ်သည်။ ထိုမယ်လက်မာများသည် အရေပြားအပေါ် ၊အတွင်းလွာ သို့မဟုတ် အရောဖြစ်နိုင်သည်။ အမျိုးသမီးများတွင်ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင်ပိုဖြစ်နိုင်သည်။ အချက်အလက်အားဖြင့်ကိုယ်ဝန်ဆောင်သောမိန်းမများတွင် ၉၀ရာခိုင်နှုန်းထိဖြစ်တတ်သည်။ ထိုကြောင့်ထိုမက်လက်မာကို ကိုယ်ဝန်ဆောင်မျက်နှာဖုံးဟုပင်ညွန်းဆိုတတ်ကြသည်။ မယ်လက်မာဖြစ်စေသောအကြောင်းမှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေတားဆေးသောက်နေချိန်အတွင်း ဟော်မှန်းများပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ သို့သော်ကိုယ်ဝန်ဆောင်ချိန်အပြီး သန္ဓေတားဆေးဆက်မသောက်ချိန်တို့တွင်သူ့အလိုလိုပြန်ကောင်းသွားတတ်သည်။ အရောင်အစက်များ။ အရောင်အစက်များ- နေကြောင့်ဖြစ်သော အသက်ကြီး၍ဖြစ်သော အသဲကြောင့်ဖြစ်သောအမဲစက်များ တင်းတိပ်များပါဝင်သည်- သည်နေရောင်ကိုအချိန်အကြာကြီးထိတွေ့မှုများခြင်းကြောင်ဖြစ်သည်။ဥပမာ လက်နှင့်မျက်နှာ။ ထိုအရာများကို အရေပြားပေါ်တွင် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်လုံးအလှခြယ်ပစ္စည်းအမျိုးမျိုး

ယခုအခါမျက်လုံးကိုအလှဖော်သည့်နည်းလမ်းအများအပြားရှိလာပြီးဖြစ်ပြီး ဖြည့်ပေးသော ဖေလာကနည်းလမ်းတစ်မျိုးဖြစ်သည်။ ဒီဆောင်းပါးသည် မျက်လုံးဖေလာပုံစံမျိုးစုံအကြောင်း သတင်းအချက်အလက်ပေးသည်။ ၁။ ဟိုင်ယာလူရိုနစ်အက်စစ် အရေးအကြောင်းဖြည့်ဖေလာများ။ အရေးအကြောင်းများကိုဖြည့်ပေးသော အသုံးများဆုံးအရာက ဟိုင်ယာလူရိုနစ်အက်စစ်ဖြစ်သည်။ ပုံစံတစ်ခုခြင်းဆီက တစ်မျိုးစီအလုပ်လုပ်ပြီး မတူညီသောရလဒ်များကိုပေးသည်။ ဆိုးကျိုးများကရှားသော်လည်းဆေးထိုးသောနေရာတွင် နီခြင်းယောင်ခြင်း များဖြစ်နိုင်သည်။ ဖြည့်စွက်ပေးသောထိုအရာများက အရေပြားပေါ်တွင် သေးငယ်သောအမာရွက်များအဖြစ်ကျန်နိုင်သည်။ အချိန်နှင့်အမျှတိုးတက်လာသော်လည်း ပြသာနာတစ်ခုအဖြစ်ရှိနေသေးသည်။ ထိုရလဒ်သည် လပေါင်းများစွာမှ တစ်နှစ်နှစ်နှစ်ထိခံနိုင်သည်။ အချို့သောလေ့လာချက်များအရ ခဏခဏထိုးခြင်းကြောင့် ခန္ဓါကိုယ်မှ သဘာဝအတိုင်း ကောလန်းဂျင်းကိုထွက်လာစေသည်ဟုဆိုသည်။ ထိုအရာက သကြားဓါတ်နှင့် အရေးအကြောင်းများကိုနည်းအောင်ကီူပေးသည်။ အချို့သောသက်သေပြချက်က တဖြည်းဖြည်းချင်း တူညီသောပုံရအောင်လိုအပ်သော ဖြည့်စွက်အာဟာရနည်းလာလိမ့်မည်ဟုဆိုသည်။ ဟိုင်ယာလူရိုးနစ်အက်စစ် အရေးအကြောင်းဖြည့်စွက်ခြင်းတွင် ဘဲလန့် ဟိုင်လာဖောင် ဂျူဗီဒန် ဘိုလူမာ အိပ်စီ ဂျူဗီဒန် အိပ်စီ ဂျူဗီဒန် အထရာအိပ်စီ ဂျူဗီဒန် ဘိုဘဲလာအိပ်စီ ပရီဘဲလာစစ် ရက်စတာလိမ်း ရက်စတာလိမ်းအယ် ရက်စတာလိမ်းလိစ် ရက်စစ် ရက်စတာလိမ်း ရီဖိုင် ရက်စတာလိမ်း ဒီဖိုင် […]


အသားအရေ ထိန်းသိမ်းခြင်း

အရောင်ပိုနက်တဲ့ အာရှသားတို့ရဲ့ အရေပြား

ဥရောပမျိုးနွယ်စုနှင့်ဆန့်ကျင်စွာ အာဆီယမ်အရေပြားသည် ပိုအဆီများပြီး မယ်လနင်ပိုများများပါတတ်သည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုလိုက်လျောမှုရှိအောင်နေရခြင်းနှင့် အရေပြားအရောင်ဆိုးဆေးပါဝင်မှုနှုန်းမတူခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် အာဆီယမ်အရေပြားသည် ဖျားချိန် ထိခိုက်ချိန်တို့တွင် ပိုနက်တတ်သည်။ အရေပြားအခြေအနေကိုနားလည်မှ ထိုသို့နက်ခြင်းကိုထိရောက်စွာကုသနိုင်လိမ့်မည်။ အသားအရည်ပိုနက်ခြင်းဆိုတာဘာလဲ။ အသားအရည်နက်ခြင်းသည် အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ဖြစ်သောနေရာတွင် မယ်လနင်များစွာထုတ်ခြင်းကြောင့်ပုံမှန်ထက်ပိုနက်နေခြင်းဖြစ်သည်။ ဖြစ်သောနေရာအပေါ်မူတည်ပြီး အသားအရေနက်ခြင်းသည် မည်သည့်နေရာတွင်မဆို လက် လည်ပင်း နှင့်အဓိကအာဖြင့်မျက်နှာတွင်အထိဖြစ်တတ်သည်။ ထိုအခြေအနေကအဖြစ်များပြီး အန္ဓါရယ်မရှိသော်လည်း အာဆီယမ်ထုံးတမ်းအရ အပြစ်အနာမရှိ ကြွေထည်ကဲ့သို့အသားအရည်ကိုကြိုက်သောကြောင့်ဒီအခြေအနေကြောင့်စိတ်ရှုပ်ရတတ်သည်။ အသားအရောင်ပိုနက်ခြင်းကိုဖြစ်စေသောအကြောင်းကဘာလဲ။ လေ့လာချက်များအရ အဓိကသုံးချက်ကြောင့်ဖြစ်သည်။ မယ်လက်မာ။ ဒီအခြေအေနေကိုနေရောင်ထိပြီး အဓိကမျက်နှာတွင် အညှိရောင်အကွက်များဖြစ်ခြင်းမှစသတိထားမိတတ်သည်။ မယ်လက်မာကို ကိုယ်ဝန်ချိန်ပြရုပ်ဟုခေါတတ်သည် အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ရှိနေသောမိန်းမများ၊ မဟော်မှန်းဖြည့်စွက်ဆေးသောက်နေသူများ သို့မဟုတ် သန္ဓေတားဆေးသောက်နေသူများတွင်အဖြစ်များသည်။ မယ်လက်မာသည် ကိုယ်ဝန်ဆောင်ပြီးပါက သူ့အလိုလိုပျောက်သွားတတ်သည်။ သို့သော် ဒီအခြေအနေသည်မည်သူမဆိုတွင်ဖြစ်နိုင်သည်။ အသက်အလယ်အလတ် အရေပြားအရောင်နက်သူများတွင်ပိုဖြစ်နိုင်သည်။ အချို့သောညွန်ကြားချက်ပါသောလိမ်းဆေးများဖြင့်ကုသနိုင်သည်။ နေရောင်ကြောင့်ပျက်စီးခြင်း။ အရင်ထဲကနက်နေသောနေရာတွင်ပိုမဲလာခြင်းက နေရောင်ကြောင့်အဓိကဖြစ်နိုင်သည်။ အာဆီယမ်အရေပြားပေါ်တွင် အမဲစက်ဖြစ်စေသော အဓိကအကြောင်းအရင်းတစ်ရပ်လဲဖြစ်သည်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ

မျက်နှာအဆီပြန်သောကြောင့် သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် အဆီပြန်သောအသားအရေဆိုတာ ဘာလဲ၊ ဘယ်အရာတွေက အဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာ သင့်အသွင်အပြင်ကို ဘယ်လိုပြောင်းလဲစေသလဲ စတာတွေကို နားလည်ရန်လိုအပ်ပါလိမ့်မယ်။ ကဲ ... အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ များကို လေ့လာလိုက်ရအောင်နော်။ အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ များကတော့ အဆီပြန်သောအသားအရေဆိုတာ ဘာလဲ။ အဆီပြန်သော အသားအရေ ဆိုတာက နဖူး၊ ပါး၊ နှာခေါင်းနဲ့ မေးစေ့မှာ အဆီပြန်ခြင်းကို ဆိုလိုပါတယ်။ မျက်နှာသစ်ပြီး မကြာမီအဆီပြန်တာကြောင့် လက်နဲ့ကိုင်လိုက်တဲ့အခါ စေးကပ်ကပ်ခံစားမှုမျိုးခံစားရမှာပါ။ အဆီပြန်သော အသားအရေက အထူးသဖြင့် အမျိုးသမီးငယ်များမှာ အဖြစ်များပြီး အရေပြားထိန်းသိမ်းရာမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် အဆီပြန်ပါသလဲ။ အဆီကို အရေပြားထဲရှိ အဆီဂလင်းကနေ  ထုတ်လုပ်ပေးပါတယ်။ အရေပြားကို မခြောက်သွေ့အောင်နဲ့ ပျော့ပျောင်းစေဖို့ ခန္ဓာကိုယ်က ပြုလုပ်ပေးတဲ့ ပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ သို့သော်လည်း အဆီဂလင်းက […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေပြန်လည်ပြုပြင်သော နည်းလမ်းများအကြောင်း

အရေပြားဟာ ကိုယ်ခန္ဓါရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဒိုင်းသဖွယ် ကာကွယ်ထားပါတယ်။ အိုမင်းလာတဲ့ အရေပြားဟာ အိုမင်းလာတဲ့ ဆဲလ်အလွှာများနဲ့အတူ ထူထဲကာ အရေးအကြောင်းများ၊ ချိုင့်ခွက်များ ဖြစ်ပေါ်လာပါတယ်။ ဒီပြသနာအတွက် ဖြေရှင်းနည်းကတော့ အရေပြားကို အသစ်ပြန်လည်ဖြစ်စေဖို့ပါပဲ။ အရေပြားကို အသစ်ပြန်လည်ပြုပြင်ခြင်းအကြောင်း တီးခေါက်မိနိုင်ဖို့ ဒီဆောင်းပါးကို ဆက်လက်ဖတ်ကြည့်ပါ။ အရေပြားအသစ်ပြန်လည်ဖြစ်စေခြင်းဆိုတာ ဟောင်းသွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေနဲ့ အစားထိုးစေပြီး အသားအရေကို နုပျိုပြီး ချောမွေ့စေခြင်းပါပဲ။ ဒီနည်းလမ်းမှာ ကော်လဂျင်အမျှင်တွေကို ပြန်လည်ထုတ်လုပ်ခြင်းလည်း ပါဝင်ပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး အပေါက်ကလေးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ အရေပြားမှာ အပေါ်ယံအလွှာ၊ ဒုတိယအလွှာ၊ အောက်ဆုံး တစ်သျှူးအလွှာဆိုပြီး ၃ပိုင်းရှိပါတယ်။ အပေါ်ယံအလွှာဟာ နေ့စဉ် ဆဲလ်အသစ်တွေ မွေးထုတ်ပေးပါတယ်။ ဒါပေမယ့် ဆဲလ်အဟောင်းတွေကို မဖယ်ထုတ်နိုင်ရင် အသစ်ဖြစ်တာ နည်းပါတယ်။ တချို့ကုန်ပစ္စည်းတွေဟာ ဆဲလ်အသေတွေ ဖယ်ရှားပေးဖို့၊ ဆဲလ်အသစ်တွေဖြစ်လာစေဖို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း