(၄) မျက်လုံးနီရဲခြင်း
မျက်လုံးအတွင်းဘက်မှာ နီရဲပြီး နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ မျက်တော့ကော့ဆေးတွေနဲ့ Liner ပစ္စည်းတွေ မသန့်ရှင်းတာကြောင့်ပါ။ မျက်တောင်ကော့ဆေးတွေ စုတ်တံလေးတွေမှာ ဘက်တီးရီးယားတွေ ရှိနေနိုင်ပြီး မျက်စိထဲကို ဝင်တာကြောင့်ပါ။ အထူးသတိပြုဖို့တော့ လိုပါတယ်နော်။
(၅) ဝက်ခြံ
ဝက်ခြံကတော့ မသန့်ရှင်းကြောင့်ဖြစ်တဲ့ အလှအပပျက်စီးရခြင်း အကြောင်းရင်းမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာကို သန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့သာ ထိဖို့ လိုပါတယ်။ မဟုတ်ရင် ဘယ်လိုမှ မပျောက်နိုင်ပါဘူး။ လက်သည်းအပါအဝင် မိတ်ကပ်သုံးပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ ရှိနေခြင်းဟာ ဝက်ခြံဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေကြောင့် အဆီပြန်တာတွေ ပိုဖြစ်နိုင်ပြီး အဆီပြန်လိုက် ဝက်ခြံထွက်လိုက် သံသရာလည်နေမှာမို့ သန့်ရှင်းအောင် ထားပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။