၁။ ရှားစောင်းလက်ပပ်
သဘာဝ ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်တွေဟာ အရေပြားကို အေးမြပြီး ကြည်လင်စေတယ်။ ညိုညစ်ညစ်နေတဲ့ ဖြစ်နေတဲ့ အသားအရောင်ကို မူလအရောင်အတိုင်း ပြန်လည် ဝင်းပလာစေတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးလို့ နွေရာသီမှာ ဖြစ်တတ်တဲ့ နေလောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးမှာ ပူစရာမလိုတော့ဘူးပေါ့။
လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်ကို လိမ်းပေးလို့ ရသလို ရှားစောင်းလက်ပပ် ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်၊ ကိုယ်လိမ်း Lotion တွေ အသုံးပြုလို့လည်း ရပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် တံတောင်ဆစ်ကို မှန်မှန်လိမ်းပေးမယ်ဆိုရင်တော့ သိသိသာသာ အသားအရောင် ပြောင်းလဲလာတာကို တွေ့ရမှာပါ။

၂။ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ
လိမ္မော်သီး၊ သံပရာသီး အစရှိတဲ့ အသီးအနှံတွေမှာ စစ်ထရစ်အက်ဆစ် (Citrus Acid) သဘာဝအချဉ်ဓါတ်တွေ အများအပြားရှိပါတယ်။ ဒီအချဉ်ဓာတ်တွေမှာ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ကွာကျသွားစေပြီး အသားအရေကို ဝင်းပသွားစေတဲ့ အာနိသင်တွေ ပါဝင်နေပါတယ်။
အသုံးပြုဖို့အတွက် ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်သီးတစ်လုံးကို ခွက်တစ်လုံးမှာ အရည်ညှစ်ထားလိုက်ပါ။ ရလာတဲ့ အရည်ကို ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်လေးနဲ့ စိမ်ပြီး တံတောင်ဆစ်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ တစ်နေ့ကို ကိုယ်တတ်နိုင်သလောက် အကြိမ်ရေများများ လုပ်ပေးလို့လည်း ရပါတယ်။
၃။ နနွင်းမှုန့်
အိန္ဒိယလူမျိုးတို့ရဲ့ ဟင်းပွဲတိုင်းမှာ မပါမဖြစ် ထည့်သွင်းတဲ့ ဟင်းခတ်မှုန့်ပါပဲ။ အနံ့ပြင်းလို့ တော်တော်များများက မကြိုက်ကြပေမဲ့ နနွင်းမှုန့်မှာလည်း ဆေးဖက်ဝင်အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် ရေနည်းနည်းနဲ့ ရောပြီး ရလာတဲ့ အနှစ် ပျစ်ပျစ်လေးကို မည်းနေတဲ့ တံတောင်ဆစ်တွေကို ဖြူစင်ဝင်းပလာစေဖို့ သုံးလို့ရပါတယ်။
နနွင်းမှုန့်အနှစ်ကို တံတောင်ဆစ်ပေါ်မှာ ခပ်များများ သုတ်လိမ်းထားပြီး ၁၀မိနစ်လောက် ထားထားပေးပါ။ ပြီးသွားရင် ရေနဲ့ ပြောင်အောင် သေချာဆေးပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်နေ့တစ်ကြိမ် သုံးပေးရုံနဲ့ လုံလောက်ပါတယ်။
၄။ မုန့်ဖုတ်ဆိုဒါ
ဖြူစင်ဝင်းပစေတဲ့ သဘာဝအစွန်းချွတ်ဆေးအဖြစ် လူသိများတဲ့ မုန့်ဖုတ်ဆိုဒါကို တံတောင်ဆစ်တွေ တိုက်ချွတ်တဲ့ နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ မုန့်ဖုတ်ဆိုဒါက အရေပြားပေါ်က ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျသွားစေပြီး အသားအရောင်ကို ဖြူစင်ဝင်းပလာစေနိုင်ပါတယ်။
ဘယ်လိုအသုံးပြုရမလဲဆိုရင် ခွက်ထဲကို ကိုယ်လိုသလောက် မုန့်ဖုတ်ဆိုဒါထည့်ပြီး ရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ထည့်ပြီး မွှေပါ။ မွှေရင်းနဲ့ မပျစ်မကျဲအနေအထားလောက် ရလာရင် ရေထည့်တာ ရပ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို တံတောင်ဆစ်ပေါ်မှာ သုတ်လိမ်းထားပါ။ ၁၀မိနစ်မှ ၁၅မိနစ်ခန့်ကြာရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးရပါမယ်။ တစ်ပတ်ကို ၂ကြိမ်ထိ သုံးပေးလို့ ရပြီး မျက်နှာအသားအရေပေါ်မှာတော့ အသုံးပြုလို့ မရပါဘူး။
တံတောင်ဆစ်တွေ မမည်းစေဖို့ ဘယ်လိုကာကွယ်မလဲ။
၁။ အပြင်ကို ထွက်တော့မယ်ဆိုရင် တံတောင်ဆစ်ကိုလည်း နေလောင်ကာလိမ်းဆေး လိမ်းသွားပါ။
၂။ အဝတ်အစားကို လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ ချည်သားလက်ရှည်တွေ ဝတ်ပေးပါ။

၃။ ရေချိုးအပြီးနဲ့ ညအိပ်ခါနီးမှာ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။
၄။ ရေချိုးတဲ့အချိန်မှာလည်း သေချာဆပ်ပြာနဲ့ ကြေးတွန်းပြီး တိုက်ပေးပါ။
၅။ တံတောင်ဆစ်နဲ့ စားပွဲခုံကို ဖိပြီး ထိုင်တာ၊ တွန်းတိုက်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပေးရမယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။