အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်လည်ပြီးပြန်လာရင် အသားအရေကို ဒီလိုလေးထိန်းသိမ်းပါ

တစ်နှစ်မှာတစ်ခါပဲကျတဲ့ သင်္ကြန်မှာ ဘာလုပ်မယ်လို့ စဉ်းစားထားလဲ .....Hello ဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးရေ.... လူငယ်ပီပီ သင်္ကြန်လည်မှာလား။ ဒါမှမဟုတ် တည်ငြိမ်ရင့်ကျက်သူတစ်ယောက်လိုမျိုး တရားစခန်းပဲဝင်မှာလား။ ပထမအဖြေကိုရွေးခဲ့သူတွေ ဒီဆောင်းပါးကို ဆက်ဖတ်လို့ရပြီနော်။ တရားစခန်းဝင်မယ့်သူတွေကိုတော့ ချီးကျူးလေးစားပါတယ်နော်။ သာဓုလည်းလည်းခေါ်ရင်းပေါ့။ သင်္ကြန်လည်မှာလား သင်္ကြန်ကို အကြိုကနေစလို့ အတက်နေ့အထိလည်လို့မဝကြဘူးနော်။နွေပူပူမှာရေပက်ခံရင်ပဲဖြစ်ဖြစ်ရေပက်ရင်ပဲဖြစ်ဖြစ်သေချာတာကတော့ရေနဲ့ထိမယ်၊နေနဲ့ထိမယ်ပေါ့နော်။ တစ်ချက်တစ်ချက်တိုက်ခတ်တဲ့လေကတောင် အသားအရေကို အစစ်လာထိဦးမှာနော်။ ဒီလိုဆိုတော့ အသားအရေထိခိုက်မယ်ဆိုတာကလည်းပြောနေစရာတောင်မလိုအောင်ပါနော်။ ဒီတာ့ သင်္ကြန်လည်းပြီး အသားလည်း မဲကျန်ခဲ့တာမျိုးဖြစ်နိုင်တာပေါ့။ ဒီလိုဆိုတော့ သင်္ကြန်ကို လည်လို့ဖြစ်ပါမလားလို့တွေးနေလား။ လည်ပါ ဒါပေမယ့် ညအိမ်ပြန်ရောက်ရင် အသားအရေထိန်းသိမ်းမှုလေးလုပ်ပေါ့။ သင်္ကြန်ရေကြောင့် အသားအရေမထိခိုက်စေဖို့ သင်္ကြန်လည်တဲ့အခါ အသားအရေကို မထိခိုက်စေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို ဂရုစိုက်ပေးပါနော်။ ရေများများသောက်ပါ - သင်္ကြန်လည်ရင်းပျော်လွန်းလို့ မေ့တတ်တာတစ်ခုကရေသောက်ဖို့ပါ။ အချိုရည်ေလးသောက်လိုက်၊ မုန့်လေးစားလိုက်၊ပျော်လို့ သီချင်းလေးဆိုလိုက်ရေပက်လိုက်၊ရေပက်ခံလိုက်လုပ်နေရင်းနဲ့ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ရေသောက်နည်းတာက အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်ထွက်လည်ရင်ဖြစ်ဖြစ်၊ မဏ္ဍပ်ထိုင်ရင်ဖြစ်ဖြစ်ရေဗူးလေးယူသွားနော်။ရေသောက်ဖြစ်အောင်သောက်ပါ။ အင်္ကျီလက်ရှည်ဝတ်ပါ - လှချင်လို့ အတိုအပြတ်လေးတွေဝတ်ချင်မှာ သိပေမယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်လည်ရင် ရေစိုခံမိတ်ကပ်လူးမယ့်လေဒီလေးတို့ ဒါလေးတော့ သိထားဖို့လိုပါမယ်နော်

ရေတွေ စိုမယ့် သင်္ကြန်မှာ အလှမပျက်စေဖို့ရေစိုခံမိတ်ကပ်လူးပြီး သင်္ကြန်လည်ဖို့ စဉ်းစားနေတယ်ဟုတ်။ သင်္ကြန်မှာရေစိုခံမိတ်ကပ်လေးလူးပြီး အလှမပျက်ဘဲ သင်္ကြန်လည်ဖို့စဉ်းစားထားတယ်ဆိုရင်တော့ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ ရေစိုခံမိတ်ကပ်နဲ့အသားအရေ ရေတွေစိုမယ့် သင်္ကြန်မှာ မျက်တောင်ကော့်ဆေး၊ အိုင်းလိုင်နာကနေစလို့ ဖောင်ဒေးရှင်းအဆုံးရေစိုခံကို သုံးဖို့စဉ်းစားတာက မှန်ကန်တဲ့ရွေးချယ်မှုပါ။ ဒါပေမယ့် မှန်ကန်တဲ့ရွေးချယ်မှုနောက်မှာ လိုက်နာရမယ့် အချက်တွေကို မလိုက်နာရင်တော့ ထိခိုက်မှုကို ခံစားရမှာက ကိုယ်တိုင်ပါနော်။ရေစိုခံမိတ်ကပ်က ပုံမှန်လူးနေကျမိတ်ကပ်တွေထက် အသားမှာ ပိုစွဲစေမှာဖြစ်သလို ဖျက်ရတာလည်းခက်ခဲမှာပါ။နောက်တစ်ခုကချွေးပေါက်တွေမှာ ပိတ်ဆို့မှုပိုဖြစ်နိုင်တယ်။ အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်သလို ဝက်ခြံထွက်တာကိုလည်း ပိုဖြစ်စေနိုင်ပါတယ်နော်။ ဒါကြောင့် သင်္ကြန်လည်ပြီးပြန်လာရင် မိတ်ကပ်တွေကိုသေချာဖျက်သင့်ပါတယ်နော်။ သဘာဝပစ္စည်းလေးတွေသုံးပြီးရေစိုခံမိတ်ကပ်ကို ဒီလိုဖျက်ပါ ဆီ ဆီသုံးပြီးရေစိုခံမိတ်ကပ်တွေကို ဖျက်လို့ရပါတယ်နော်။ ဘာဆီတွေကိုသုံးရမလဲဆိုရင်တော့ အုန်းဆီ၊ သံလွင်ဆီ၊အယ်လ်မွန်ဆီ၊ ဂျိုဂျိုးဘားဆီတို့ပါ။ အသားအရေကိုခြောက်သွေ့စေခြင်းမရှိဘဲရေစိုခံမိတ်ကပ်တွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။ မိတ်ကပ်တွေကိုဖယ်ရှားပေးတဲ့အပြင် အသားအရေကို အစိုဓါတ်ပါထိန်းပေးမှာပါ။ ဂွမ်းစမှာ ဆီစွတ်ပြီး မျက်နှာကို အပေါ်ဘက်ကိုဆွြဲပီးဖျက်ပေးပါ။ ဒါမှချွေးပေါက်ထဲမှာ မိတ်ကပ်တွေ ကြွင်းကျန်မနေမှာပါ။ အသားအရေကခြောက်သွေ့မယ် ဒါမှမဟုတ် […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ် ဘာကြောင့် လိမ်းသင့်တာလဲ။

နွေရာက်လာလို့ တစ်နေ့တခြားအပူချိန်တွေက ပိုပူလာပါတယ်။ မနက်ခင်း ၇ နာရီ နည်းနည်းလောက်ကျော်လာတာနဲ့အမျှ အပူချိန်က တဖြည်းဖြည်းချင်းမြင့်တက်လာနေပါပြီ။ ဒီအပူချိန်က တစ်နေကုန် ညနေ ၄ နာရီအထိကို အငြိုးတကြီးနဲ့ ပူနေတော့တာပါ။ နေပူတာက အသားတွေ မည်းတယ်ဆိုတာကတော့ ကလေးပိစိလေးတွေတောင် သိတဲ့ကိစ္စပါနော်။ နေပူတာသိပေမယ့် တစ်ချိန်လုံးအိမ်ထဲမှာနေလို့မဖြစ်တော့ အပြင်က ထွက်ရဦးမယ်ပေါ့။ ဒီတော့ အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့ စဉ်းစားရပြီလေနော်။ ကိုယ့်အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ချင်တယ်ဆိုရင် နေလောင်ကာခရင်မ် အကြောင်းကို သိထားဖို့လိုပါမယ်။ နေရောင်ခြည်က ဆိုးကျိုးပေးတာလား နေရောင်ခြည်က သက်ရှိတွေ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့အရာတစ်ခုပါ။ ဗီတာမင်ဒီ (Vitamin D) ကိုရရှိစေတဲ့ အရင်းအမြစ်တစ်ခုပေါ့။ မနက်ခင်းနေရောင်ခြည်က အကျိုးပြုတယ်ဆိုပေမယ့် တစ်နေ့တာလုံးရဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်စေတာအမှန်ပါ။ တစ်နှစ်ပတ်လုံးမှာ နေရောင်ခြည်ကို အများအပြားရရှိတဲ့ မြန်မာနိုင်ငံမှာဆိုရင် နေရောင်ကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

အိုမင်းရင့်ရော်ခြင်းကို မြန်စေတဲ့ အစားအစာ (၇)မျိုး

ဇရာဆိုတာ လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့် လောကဓမ္မတာ ဖြစ်စဉ်ပါပဲ။ အသက်ကြီးလာလို့ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပြလာတာ ကိစ္စမရှိပေမဲ့ ငယ်ငယ်လေးနဲ့ လူက ကြည့်လိုက်တာ အိုနေသလိုဖြစ်နေရင်တော့ တော်တော်လေးကို ကြည့်ရဆိုးစေနိုင်တာပေါ့။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ စားသောက်တဲ့ အစာအာဟာရတွေကြောင့်လည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်သလို မြန်စေနိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒါဆို ဘယ်လိုအစားအစာတွေကို သင့်ကို အချိန်တိုအတွင်း အိုမင်းစေနိုင်သလဲဆိုတာ ပြောပြပေးမယ်နော်။ ၁။ အာလူးကြော် ကလေး၊ လူငယ်၊ လူကြီးမရွေး ကြိုက်ကြတဲ့ အစားအစာပါ။ ဆီများများနဲ့ ဟင်းခတ်မှုန့်၊ ဆားတွေနယ်ပြီး ကြော်လှော်ထားတာဆိုတော့ အရသာကလည်း ရှယ်ပဲပေါ့။ ကိုယ်ကတော့ အာလူးကြော်ကို ကြိုက်ပေမဲ့ ကိုယ့်ခန္ဓါကိုယ်ကတော့ မကြိုက်ပါဘူးနော်။ အထူးသဖြင့် အာလူးကြော်တွေက အချိန်အကြာကြီး မီးပြင်းပြင်း၊ ဆီများများနဲ့ ကြော်ထားတဲ့အတွက် အရေပြားဆဲလ်တွေကို […]


အခြားအရေပြားပြဿနာများ

အရေပြား ကျန်းမာရေးအတွက် ရန်သူတော် ခရမ်းလွန်ရောင်ခြည်

အသားအရေကို ပျက်စီးမှာ စိုးရိမ်တဲ့ သူတိုင်း ခရမ်းလွန်ရောင်ခြည် ကို ကြောက်လန့်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသားအရေကို မွဲခြောက်သွားစေဖို့၊ ထိခိုက်ပျက်စီးစေဖို့၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေဖို့ ကောင်းကောင်းဒုက္ခပေးနိုင်တာကိုး။ တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပအတွက်သာ မကပါဘူး။ အရေပြား ကျန်းမာရေး အတွက်ပါ အရေးကြီးပါတယ်၊၊ အရေပြားကင်ဆာတွေ ဖြစ်နိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ အပြင်ထွက်တဲ့အချိန်တိုင်း နေလောင်ကာလိမ်းဆေးတွေ မဖြစ်မနေ လိမ်းဖို့ လိုအပ်တာပါ။ ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မည်းပြာပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပနဲ့ ကျန်းမာရေးကို စိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည် အကြောင်းပဲ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ဆိုတာ ဘာလဲ။ နေကနေ ကမ္ဘာမြေပေါ်ကို […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားခြင်းရဲ့ ကောင်းကျိုး

ပြင်ပက နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်၊ အညစ်အကြေး၊ လေထုညစ်ညမ်းမှုတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အစရှိတာတွေကြောင့် အရေပြားပေါ်က ဆဲလ်တွေဟာ ပျက်စီးလာတတ်ပါတယ်။ အရေပြားက သဘာဝအတိုင်း ကြေးချွတ်ရာမှာ ရက် ၃၀ခန့် ကြာပြီးမှ ဆဲလ်အသေတွေကို ကောင်းကောင်းဖယ်ရှားနိုင်တာပါ။ နောက်ထပ်ဆဲလ်အသစ်တွေ ထွက်လာဖို့အတွက် အရေပြားပေါ်က ဒီလို ပျက်စီးသွားတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဆဲလ်အသေတွေက သူ့အလိုလို မကွာကျဘဲ စုပုံသွားတဲ့အခါ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ဖို့ နှောင့်နှေးသွားပါတယ်။ ဒီအခါ အသားအရေက မွဲခြောက်ခြောက်နဲ့ ကြမ်းတမ်းလာမယ်။ အသားအရောင်မှိန်လာပြီး အဖြူဖတ်တွေ ကွာကျလာမယ်။ ချွေးပေါက်ေတွ ကျယ်လာပြီး ဖုန်နဲ့ အညစ်အကြေးတွေ၊ အဆီတွေ ခိုအောင်းဖို့ ပိုလွယ်ကူသွားတဲ့အတွက် ဝက်ခြံ၊ အဆီဖု၊ အမည်းစက်တွေ ထွက်ဖို့ ပိုလွယ်ကူသွားနိုင်ပါတယ်။ အရေပြားဆဲလ်အသေတွေ တိုက်ချွတ်ပေးခြင်း (Exfoliation) ရဲ့ အားသာချက်တွေ ပုံမှန်ရေချိုးတဲ့အခါ […]


အခြားအရေပြားပြဿနာများ

ခြေဖနောင့်ကွဲတာကို ဖြေရှင်းပေးမယ့် နည်းလမ်းများ ။ ။

ခြေထောက်တွေ အသားမာတက်ပြီး ခြေဖနောင့်ကွဲတာမျိုးတွေကို စိတ်ညစ်ရတဲ့ အခိုက်အတန့် ရှိခဲ့ဖူးကြမှာပါ။ တော်တော်များများကလည်း ခြေထောက်ကို အချိန်ပေးပြီး သန့်ရှင်ရေး မလုပ်ကြဘူးဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ ခြေဖနောင့်မှာ ဆဲလ်သေတွေပုံထပ်ပြီး အထူကြီးဖြစ်လာတာကနေ ခြေဖနောင့်ကွဲတာတွေ စဖြစ်တော့တာပါပဲ ။ ခြေဖနောင့်ကွဲတာရဲ့ အကျည်းတန်ဆုံးအချိန်ကို ပြောပါဆိုရင် ကွဲနေတဲ့အကြောင်းလေးတွေကြားထဲမှာ ချေးတွေဝင်ပြီး အမည်းကြောင်းတွေဖြစ်နေတဲ့အချိန်ပါပဲ။ အဆိုးဝါးဆုံးအချိန်ဆို ကွဲနေတဲ့ အသားကြောင်းထဲမှာ ဖုန်တွေကပ်ပြီး ပိုးတွေဝင်ကာ လမ်းတောင်မလျှောက်နိုင်အောင်နာတဲ့ အချိန်ပါပဲ။ စိတ်အညစ်ရဆုံးကတော့ ဒေါက်ဖိနပ်လှလှလေးတွေ ကိုယ့်မှာစီးချင်ပေမယ့် ကွဲနေတဲ့ အကျည်းတန်ခြေဖနောင့်ကြောင့် နောက်ပိတ်ဖိနပ်တွေကိုပဲ ကျိတ်မှိတ်စီးခဲ့ရတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ ဒါဆို ဒီလို လူကိုလည်း ဒုက္ခပေး၊ စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေ၊ လူတိုင်းလည်း ကြုံဖူးနေကြဖြစ်တဲ့ ခြေဖနောင့်ကွဲတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ။ ခြေဖနောင့်ကွဲတာဟာ ပိုးဝင်ပြီး ရောင်ရမ်းတာမျိုးမဖြစ်ခဲ့ဘူးဆိုရင် ဆရာဝန်ဆီ သွားစရာမလိုဘဲ […]


ဝက်ခြံ

တင်ပါးပေါ်က ဝက်ခြံတွေကို သဘာဝအတိုင်းသက်သာစေဖို့ နည်းလမ်း(၉)ချက်

ဝက်ခြံပေါက်တဲ့အချိန်ဆိုရင် တော်တော်လေး စိတ်ညစ်ရတယ်နော်။ ဘက်တီးရီးယားပိုးတွေ၊ အဆီ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေက မွေးညှင်းပေါက်ထဲ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံေတွ ပေါက်လာနိုင်ပါတယ်။ တော်တော်များများက မျက်နှာမှာပဲ ဝက်ခြံပေါက်တတ်တယ်လို့ ထင်မှတ်ထားတတ်ကြပေမယ့် တကယ်တော့ ဝက်ခြံဆိုတာ ကိုယ်ခန္ဓါနေရာအနှံ့ ပေါက်နိုင်ပါတယ်။ အထူးသဖြင့် တင်ပါးလိုနေရာမှာ ဝက်ခြံပေါက်လာပြီဆိုရင်တော့ ယားတိုင်းလည်း ကုတ်ချင်သလို ကုတ်မရနဲ့ စိတ်ကသိကအောက် နိုင်လွန်းပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ တင်ပါးပေါ်က ဝက်ခြံလေးတွေကို အိမ်မှာ သဘာဝအတိုင်း ပျောက်ကင်းသက်သာစေနိုင်တဲ့ နည်းလမ်း (၉)ချက်ကို ဝေမျှပေးမယ်နော်။ ၁။ ပုံမှန်ဆေးကြောသန့်စင်ပါ။ လူတော်တော်များများက ရေချိုးပြီဆိုရင် လိင်အင်္ဂါနဲ့ တင်ပါးကို သေချာသန့်ရှင်းရေးလုပ်ဖို့ မေ့လျော့တတ်ပါတယ်။ အဲ့လိုနေရာတွေက အတွင်းခံကျပ်ကျပ်တွေနဲ့ မကြာခဏ ပွတ်မိတာ၊ ချွေးအရမ်းထွက်တတ်တဲ့အပြင် ခုလို သေချာမသန့်ရှင်းတဲ့အခါမှာ ဝက်ခြံပေါက်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ တင်ပါးကို မနက်တစ်ခါ၊ ညတစ်ခါ […]


အခြားအရေပြားပြဿနာများ

ခြေဆီလက်ဆီ အထွက်များတဲ့သူတွေ အတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလေးတွေ။။

အဆီပြန်တတ်တဲ့ အသားအရေဟာ မျက်နှာပေါ်တွင်ရှိနေရုံ စိတ်ညစ်ရတာ မဟုတ်ပါဘူး။ ခြေဆီ လက်ဆီ ထွက်လွန်းရင်လည်း ကိုင်လိုက်တဲ့ ပစ္စည်းတွေ ချော်ကျ၊ စာရွက်တွေကိုင်လိုက်ရင်လည်း စာရွက်တွေမှာ စွန်း၊ အဝတ်အစားတွေမှာလည်း စွန်းနဲ့ အင်မတန်မှ စိတ်ညစ်ရပါတယ်။ ဒီလို ထွက်နိုင်လွန်းတဲ့ ခြေဆီလက်ဆီတွေကို အပြီးသတ် မတိုက်နိုင်ရင်တောင် ထိန်းနိုင်တဲ့ နည်းတွေရှိတယ်ဆိုတာ သင်သိပြီးပြီလား ။ ။ ခြေဆီလက်ဆီတွေ ဘာကြောင့် အထွက်များရတာလဲ ။ ။ ခြေဆီ လက်ဆီအထွက်များတယ်ဆိုတာ အရေပြားပေါ်က အဆီဂလင်းလေးတွေ အရမ်း အလုပ်လုပ်လို့ ဖြစ်ရတာပါ။ ဒီလို ပုံမှန်ထက် ပိုအလုပ်လုပ်ရတာကတော့ ဟော်မုန်းြပဿနာကြောင့် စိတ်ဖိစီးမှု များတာကြောင့် ရာသီဥတု အပြောင်းအလဲကြောင့် နဲ့ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီး ဖြစ်ရတာပါ။ ဒါဆို ဒီပြဿာနာကို ဘယ်လိုဖြေရှင်းကြမလဲ ။ […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပအတွက် ဟိမဝန္တာပန်းရောင်ဆားရဲ့အသုံးဝင်ပုံ (၁၀) မျိုး

ဟိမဝန္တာတောင်တန်းဒေသမှာ သဘာဝအတိုင်းဖြစ်လာတဲ့ ပန်းရောင်ဆားဟာ ကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောကြပါတယ်။ အရိုးတွေသန်မာစေတယ်၊ သွေးတိုးတောင်ကျစေတယ်လို့သူ့ရဲ့အစွမ်းအာနိသင်အကြောင်းလည်း လူပြောများကြတာစုံလို့ပါပဲ။ သိပ္ပံပညာအရ အတည်ပြုနိုင်တဲ့တွေ့ရှိမှုနည်းသေးပေမယ့် Spaတွေမှာက ပန်းရောင်ဆားကို အသုံးပြုနေတာ ဒီအကြောင်းရင်းတွေကြောင့်ဆိုတာပြောပြချင်လို့ပါ။ အလှအပရေးရာအတွက် ပန်းရောင်ဆားက ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲလေ့လာကြည့်ရအောင် - အလှအပအတွက် ဟိမဝန္တာပန်းရောင်ဆားရဲ့အသုံးဝင်ပုံ (၁၀) မျိုး (၁) အသားအရေကို အဆိပ်အတောက်သန့်စင်စေတယ် ပန်းရောင်ဆားက ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်တွေကို သန့်စင်နိုင်သလိုချွေးပေါက်တွေအတွင်းကို ဝင်ရောက်နေတဲ့ချေးတွေ၊ဖုန်တွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သူက အသားအရေကို ကြည်လင်သန့်စင်စေနိုင်ပါတယ်။ ရေချိုးကန်နဲ့ဆို ရေနွေးစပ်ထားတဲ့အထဲ ပန်းရောင်ဆားပန်းကန်လုံးတစ်လုံးလောက်ရောထည့်ပြီး လာဗင်ဒါဆီလေးထည့်ချိုးလို့ရပါတယ်။ ရိုးရိုးရေဇလားနဲ့ဆို ဆားလျှော့ထည့်ပေါ့။ (၂) ဆဲလ်သေဖယ်ရှားနိုင်တယ် Salt scrubတွေက အရင်တည်းက ကြားရတာအဆန်းမဟုတ်ပေမယ့် ပန်းရောင်ဆားကိုတော့ အခုနောက်ပိုင်းခေတ်စားလာတာပါ။ ပန်းရောင်ဆားက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွတ်စေပါတယ်။ ပန်းကန်လုံးထဲမှာ ပန်းရောင်ဆားတွေထည့်ပြီး သံလွင်ဆီ သို့မဟုတ် အုန်းဆီအနည်းငယ်ထည့်ပါ။ တစ်ပတ်တစ်ကြိမ်လောက် scrub လုပ်ပေးလို့ရပါတယ်။ (၃) အရေပြား pH […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း