backup og meta

မြင်သူတိုင်းငေးတဲ့ ခြေထောက်လှလှလေးဖြစ်ဖို့

မြင်သူတိုင်းငေးတဲ့ ခြေထောက်လှလှလေးဖြစ်ဖို့

လူတစ်ယောက်ကိုစကြည့်ရင် မျက်နှာကနေစကြည့်တယ်နော်။ပြီးရင် ဘယ်အစိတ်အပိုင်းကိုဆက်ကြည့်မိမယ်ထင်လဲ။ လက်နဲ့ ခြေထောက်လေးတွေပါ့။ လူတစ်ယောက်ကို စွဲဆောင်မှုရှိစေတဲ့အချက်တွေထဲမှာ မျက်နှာသွင်ပြင်လှတာက အရေးပါသလိုခြေထောက်လေးတွေ လက်လေးတွေဖြူဖွေးသန့်စင်မှုကလည်းတော်တော်လေးအရေးပါတာပါ။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်ကြီးကို စွဲဆောင်မှုပြည့်ဝတဲ့သူတစ်ဦးဖြစ်စေဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ခြေချောင်းလေးတွေ ဖြူဖွေးသန့်စင်အောင်ဘယ်လိုလုပ်ရမလဲပြောပြပါရစေနော်။

ခြေထောက်ကိုနေ့တိုင်းသန့်စင်မိရဲ့လား

ဒီအမေးကို အင်း….လုပ်တာပေါ့။နေ့တိုင်းပဲလေလို့ ဖြေလိုက်မိတယ်ဆိုရင်တော့ ပရိသတ်ကြီးက စမတ်ကျတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာသေချာနေပြီနော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လူတော်ေ်တာ်များများကရေသာချိုးလိုက်ကြတာ၊ခြေထောက်ကိုကြေးတွန်းဖို့ကျတော့မေ့နေတတ်တယ်လေ။ တကယ်တော့ရေချိုးတိုင်းမှာခြေထောက်ကြေးတွန်းတဲ့ အလေ့အကျင့်ကိုမွေးမြူသင့်ပါတယ်။ ဒါမှလည်း ကြည့်လိုက်တိုင်းခြေထောက်လေးတွေကဖြူဖွေးသန့်စင်နေတော့မှာပေါ့။

ခြေထောက်လေးကိုမြင်သူငေးစေချင်တယ်ဆိုရင်

ကိုယ့်ရဲ့ခြေထောက်လေးကိုမြင်သူငေးရတဲ့ခြေထောက်လေးဖြစ်စေဖို့ဆိုရင် မဖြစ်မနေလုပ်ရမှာကကြေးချွတ်သန့်စင်ဖို့ပါ။

ခြေထောက်ကိုကြေးချွတ်သန့်စင်ဖို့ ဒါလေးတွေလိုပါမယ်

  • ခြေထောက်ကြေးချွတ်သန့်စင်တော့မယ်ဆိုရင်
  • ဇလုံတစ်လုံး (ခြေထောက်ထည့်စိမ်လို့အဆင်ပြေမယ့် အနေအထား)
  • ချည်သားတဘက်တစ်ထည်
  • ကြေးတွန်းကျောက်တုံး (ဆဲလ်သေတွေကိုဖယ်ရှားနိုင်ဖို့ပါ)
  • ခြေထောက်လိမ်းလို့ရမယ့် ခရင်မ်တစ်မျိုးမျိုး

ခြေထောက်ကြေးချွတ်ရအောင်

ခြေထောက်ကို အခုပြောပြမယ့်နည်းလေးတွေထဲက ကိုယ်နှစ်သက်လွယ်ကူတဲ့နည်းနဲ့ကြေးချွတ်လို့ရပါတယ်။

သံပရိုသီးသုံးမယ်

ခြေထောက်ကကြေးတွေကိုဖယ်ရှားပေးပြီးခြေထောက်ကွဲတာကို သက်သာစေနိုင်ပါတယ်။ ဇလုံထဲကိုရေနွေး တဝက်လောက်ထည့်လိုက်ပါ။ပြီးရင်ရေနွေးထဲကို သံပရိုသီး အရည်ညှစ်ထည့်လိုက်ပါ။ ဒီရောစပ်ထားတဲ့ရေခပ်နွေးနွေးလေးထဲကိုခြေထောက်တွေကို မိနစ် ၂၀လောက်စိမ်ထားပေးပါ။ပြီးရင်တော့ကြေးတွန်းကျောက်ကိုသုံးလို့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ပြီးရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီး အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခု လူးပေးလို့ရပါတယ်နော်။

ဗီနီကာသုံးမယ်

ခြေဆီထွက်တာ၊ခြေထောက်အနံ့ဆိုးတာတွေကို ပါသက်သာစေနိုင်တာပါနော်။ရေနွေးထဲကို ဗီနီကာလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးရေအေးသွားတဲ့အထိစိမ်ပေးပါ။ ၁၀ မိနစ်ကနေ မိနစ် ၂၀လောက်ထိစိမ်ပေးပါနော်။ပြီးရင်တော့ ပုံမှန်အတိုင်းရေချိုးသန့်စင်လိုက်ပါ။

ပျားရည်သုံးမယ်

ခြေထောက် အသားခြောက်သူတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးပါနော်။ ခြေထောက်အသားအရေလေး အိစက်နေစေချင်သူတွေ လုပ်သင့်ပါတယ်နော်။ ခုံတစ်ခုမှာ ထိုင်လို့ ခြေထောက်ကို ပျားရည်နဲ့ ၁၀ မိနစ်လောက်နှိပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ရေနွေးနွေးလေးထဲမှာ စိမ်လို့ ကြေးတွန်းကျောက်ကို သုံးပြီး ဆဲလ်သေတွေကို ဖယ်ရှားလိုက်ပါ။ပြီးရင်တော့ တဘက်နဲ့ ရေခြောက်အောင်သုတ်ပြီး ခရင်မ်တစ်ခုခုလူးပေးပါ။

ခရမ်းချဉ်သီးသုံးမယ်

ခြေထောက် အရေပြားပေါ်က နေလောင်ကွက်တွေကို သက်သာစေမယ့် နည်းလေးတစ်ခုပါ။ ဖနောင့်ကွဲတတ်သူတွေအနေနဲ့ နေ့တိုင်းလုပ်ပေးလို့ရပါတယ်နော်။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ဖနောင့်ကွဲတဲ့နေရာတွေကို ပွတ်ပေးလိုက်ပါ။ပြီးရင်တော့ အပေါ်မှာပြောခဲ့သလိုပါပဲနော်။ ရေနွေးနွေးလေးထဲကို ခြေထောက်ထည့်စိမ်ပြီး ကြေးတွန်းကျောက်နဲ့ ကြေးတွန်းလိုက်ပါ။ ပုံမှန်လေးလုပ်ပေးရင် သိသာတဲ့ရလဒ်ကို ရလာမှာပါနော်။

ကြက်သွန်နီကိုသုံးမယ်

ခြေဖနောင့်ကွဲလို့ နာတောင်နာတယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ အနံ့တော့ပြင်းနိုင်ပေမယ့် တကယ်ကိုလည်း ထိရောက်ပါတယ်နော်။ တစ်ပတ်ကို နှစ်ကြိမ်လောက် သုံးပေးရင်တောင် တော်တော်လေးသက်သာစေမှာပါ။ ရေနွေးထဲကို ကြက်သွန်နီတစ်လုံးကနေရတဲ့ သတ္တုရည်ကို ထည့်လိုက်ပါ။ ပြီးရင် ခြေထောက်ကို မိနစ် ၂၀လောက်ထည့်စိမ်လို့ ကြေးချွတ်လိုက်ပါနော်။ နောက်တစ်ဆင့်ကတော့ ရေခြောက်အောင်သုတ်ပြီး ခရင်မ်လူးပေါ့။

ဆားကိုသုံးမယ်

အလွယ်ဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။ခြေထောက်ပေါ်က ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ လက်ဖဝါးထဲမှာ ဆားထည့်ပြီး ခြေဖဝါးမှာ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်လောက် ထည့်စိမ်ပေးလိုက်ပါ။ ပြီးရင်တော့ ကြေးတွန်းကျောက်ကို သုံးလို့ ကြေးတွေစင်အောင်တွန်းပေတော့။ ပြီးရင် ရေဆေးချပြီး ခြေထောက်ကို ရေခြောက်အောင်သုတ်လို့ ခရင်မ်တစ်ခုခုလူးပေးနော်။

ဒီနည်းလေးတွေကိုသုံးလို့ ကိုယ့်ခြေထောက်လေးတွေကိုမြင်သူငေးအောင်လုပ်လိုက်တော့နော်………………………

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Ways to Properly Clean Your Feethttps://foottherapy.net/10-ways-properly-clean-feet/ Accessed Date 10 April 2019

Why You Should Be Washing Your Feet Every Dayhttps://www.footfiles.com/health/diseases/article/why-you-should-be-washing-your-feet-every-day Accessed Date 10 April 2019

WHY YOU NEED TO WASH YOUR FEET EVERY NIGHThttps://www.beautyheaven.com.au/feet/foot-soak-wash/how-to-wash-feet-properly Accessed Date 10 April 2019

ယခုပုံစံ

19/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခြေထောက်အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရ

ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများ



Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement