အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

စတော်ဘယ်ရီ နဲ့ အလှအပရေးရာ

အရောင်အသွေး၊ အနံ့အရသာပြည့်စုံတဲ့ စတော်ဘယ်ရီ သီးလေးတွေက စားလို့တင်အရသာရှိတာမဟုတ်ပါဘူး။ လေဒီလေးတွေရဲ့ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဘယ်လိုများ အသုံးဝင်လဲ တူတူကြည့်ရအောင်လား…… စတော်ဘယ်ရီ ကပေးတဲ့ အလှအပတရား အရောင်နီနီရဲရဲ အနံ့မွှေးမွှေးလေးရှိပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ စတော်ဘယ်ရီ သီးလေးက ပေးတဲ့ကျန်းမာရေး အာနိသင်က တော်တော်လေးတော့များပါ။ ဒါတွထဲကမှ အလှအပအတွက် ဘယ်လိုတွေထောက်ပံ့ပေးလဲဆိုတာကို ပြောပြပေးပါရစေလား။ ဝိတ်ကျစေနိုင်တယ် သွယ်လျလှပပြီး အဆီပိုကင်းတဲ့ ခန္ဓာကိုယ်အချိုးအစားက ပျိုမေလေးတွေကို အလှတိုးစေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ စတော်ဘယ်ရီ မှာပါတဲ့ ellagic acid နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေး နိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းမှုတွေကြောင့် ဝိတ်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်တွင်းက ဟော်မုန်းတွေ ကိုလည်း အကောင်းဆုံးထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဝိတ်ကျစေဖို့ အားပေးတဲ့ ဟော်မုန်းတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်တစ်ချက်က anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစားစားချင်စိကို ထိန်းညှိ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ

နေရောင်ကနေ ကာကွယ်ဖို့နေလောင်ကာခရင်မ်ကို လူးနေကြတယ်။ ဒါပေမယ့်  နေလောင်ကာခရင်မ် ကို နေမလောင်အောင်သာလူးမိနေတယ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ ကတော့ အများကြီးများဖြစ်နေလား..... ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နေလောင်ကာခရင်မ် နေလောင်ကာခရင်မ်ဆိုတာက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့ UV-A နဲ့ UV-B တို့ကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်​ပေးတာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် မွန်းတည့်ချိန်မှာ ပူတဲ့နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည်က အသားအရေကို ဘယ်လိုထိခိုက်စေနိုင်လဲ......... နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို နေလောင်စေတယ် အသားအရေမွဲခြောက်မှု ဖြစ်စေတယ် အသားအရောင် မညီတာမျိုး ဖြစ်စေတယ် အရေးအကြောင်းတွေ ဖြစ်စေတယ် အစက်အပြောက်တွေ ဖြစ်စေတယ် အရေပြားကင်ဆာ ဖြစ်စေတယ် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး ဖြစ်စေတယ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

Skin Care တွေအလွန်အကျွံ လုပ်မိနေပြီလား......

အသားအရေလေး ကျန်းမာလှပဖို့အတွက် အသားအရေထိန်းသိမ်းမှု (Skin Care) လုပ်ဖို့လိုတယ်ဆိုပေမယ့် အသားအရေထိန်းသိမ်းမှုဆိုတာကလည်း တန်ဆေး လွန်ဘေး ဆိုသလိုပါ။ ဒီတစ်ခေါက်တော့ အသားအရေကောင်းချင်ဇောနဲ့ အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပြီလားဆိုတာကို ပြောပြပေးပါရစေ။ အသားအရေကျန်းမာရေးအတွက် လိုအပ်ချက် အသားအရေထိန်းသိမ်းမှုက အသားအရေကျန်းမာရေးအတွက် လိုအပ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ဆဲသေလ်ဖယ်ရှားတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် မျက်နှာ ကို Sheet Mask ကပ်တယ်ဆိုတာလောက်ကတော့ ပုံမှန်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ နေ့တိုင်းလိုလို ဆဲလ်သေတွေဖယ်ရှားမယ်။ ညတိုင်း Sheet Mask တွေကပ်နေမယ်ဆိုရင်တော့ အသားအရေကျန်းမာဖို့ထက် ကိုယ့်လက်နဲ့ ကိုယ့်အသားအရေကို ထိခိုက်စေနေတာပါပဲ။ အသားအရေထိန်းသိမ်းမှု (Skin Care) တွေ အလွန်အကျွံလုပ်မိနေပြီလား......... သင့်မှာ အခုလို လက္ခဏာတွေပြနေပြီဆိုရင်တော့ သင်က အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပါပြီ။ အသားက တင်းတင်းကြီး ဖြစ်နေမယ် အသားအရေထိန်းသိမ်းမှုတွေ လုပ်နေပေမယ့် အသားအရေက အရင်ကထက်ပိုပြီး တင်းတင်းကြီးဖြစ်လာမယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

Sunscreen ကို နည်းစနစ်မှန်မှန် လိမ်းကြမယ်

နေရောင်ကြောင့် အသားအရေထိခိုက်မှာစိုးတယ်။ ဘာလုပ်ရမလဲ......... ဒါများစဉ်းစားနေသေးတယ်။ နေလောင်ကာခရင်မ် လူးလေလို့ ပြန်ပြောမယ် မဟုတ်လား..... နေရောင်ထဲထွက်ရင် နေလောင်ကာခရင်မ် လူးရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန်ရော လူးမိရဲ့လား.....နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန် မလူးမိဘူးဆိုရင်တော့ အလကားဖြစ်သွားမှာပါ။ ဒီတော့ နေရောင်ဒဏ်ကနေ အသားအရေကို အထိရောက်ဆုံး ကာကွယ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်လိုက်ကြည့်လိုက်ပါ။ နေလောင်ကာခရင်မ် သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ.............. နေလောင်ကာခရင်မ် ပုံမှန်အသုံးပြုပေးတာက အသားအရေကို နေလောင်တာကနေ ကာကွယ်ပေးတယ် အသားအရေမွဲခြောက်မှု မဖြစ်အောင် ကာကွယ်နိုင်တယ် အသားအရောင် မညီတာမျိုး မဖြစ်အောင် ကာကွယ်နိုင်တယ် အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ် အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ပေးတယ် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်။ စတဲ့ အသားအရေထိခိုက်မှုတွေကို ကင်းစေမှာပါ။ နည်းစနစ်မှန်မှန်နဲ့ Sunscreen လိမ်းကြမယ် နေလောင်ကာခရင်မ်လိမ်းတိုင်း […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း

နေရောင်ခြည်နုနုလေးက ကျန်းမာရေးအတွက်ကောင်းတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် D ဖြည့်စွက်ပေးတယ်ဆိုပေမယ့် နေ့လယ်ခင်းမှာ ပူတဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင် မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက နေလောင်ကာခရင်မ် လိမ်းတာလည်း အပါအဝင်ပါ။ ဒီတစ်ခေါက်တော့ အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း ကို ဖော်ပြပေးလိုက်ပါတယ်။ ဘာကြောင့် နေလောင်ကာခရင်မ် လိမ်းသင့်တာလဲ........... နေလောင်ကာခရင်မ်လိမ်းသင့်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ အသားအရေကို နေလောင်တာကနေ ကာကွယ်ဖို့ အသားအရေမွဲခြောက်မှု မဖြစ်အောင် ကာကွယ်ဖို့ အသားအရောင် မညီတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ဖို့ အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ဖို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ စတဲ့ အသားအရေကျန်းမာရေးကို အားပေးဖို့အတွက် နေလောင်ကာခရင်မ်လိမ်းသင့်ပါတယ်။ ဘယ်လိုရွေးမလဲ......... နေလောင်ကာခရင်မ် နေလောင်ကာခရင်မ်ဆိုတိုင်း […]


အသားအရေ ထိန်းသိမ်းခြင်း

ညဘက်မှာရော နေလောင်ကာခရင်မ် လိမ်းမလား...မလိမ်းဘူးလား.....

နေလောင်ကာခရင်မ် ကို နေ့ဘက်မှာ နေရာင်ဒဏ်ကနေ ကာကွယ်ဖို့ လိမ်းတာက သဘာဝကျပါတယ်။ ညဘက်မှာတော့ နေရောင်မရှိလို့ လူးစရာလိုမယ်မထင်ပါဘူးဆိုတာ အများက လက်ခံထားတဲ့အချက်တစ်ခုပါ။ ဒီတစ်ခေါက်တော့ ညဘက်မှာရော နေလောင်ကာခရင်မ် လူးဖို့လိုမလား... ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ...ဆိုတာတွေကို ပြောပြပေးချင်ပါတယ်။ နေလောင်ကာခရင်မ် ရဲ့ အဓိကတာဝန်က ဘာလဲ......... ဒါကတော့ ရှင်းပါတယ်။ နေလောင်ကာခရင်မ် ဆိုမှတော့ အသားအရေကို နေရောင်ဒဏ်ကနေ ကာကွယ်ပေးတာပေါ့။ နေရောင်ကြောင့် အသားအရေ ထိခိုက်တာ မွဲခြောက်တာ အသားအရောင်မညီတာ အရေးအကြောင်းတွေဖြစ်တာ အစက်အပြောက်တွေဖြစ်တာ အရေပြားကင်ဆာ နဲ့ နေရောင်ကြောင့်ဖြစ်နိုင်တဲ့ အရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်ပေးတာပါ။ နေလောင်ကာခရမ် ကို ညဘက်လိမ်းဖို့လိုမလား.......... နေလောင်ကာခရင်မ်က နေရောင်ဒဏ်ကနေ အသားအရေကို ကာကွယ်ပေးတယ်ဆိုမှတော့ ညဘက်လူးဖို့လိုပါ့မလား....... လို့မေးစရာ အကြောင်းရှိပါမယ်။ ညဘက်မှာ နေလောင်ကာခရင်မ်ကိုလိမ်းပြီး အိပ်မယ်ဆိုရင် ချွေးပေါက်တွေပိတ်ဆို့လို့ ဝက်ခြံတွေထွက်မယ်၊ အသားအရေကို ထိခိုက်စေမယ်လို့ ယူဆစရာရှိပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက်

အသားအရေကြည်လင်ခြင်း က အလှတိုးစေသလို အလှပြင်ဖို့ စိတ်မဝင်စားတဲ့ လေဒီလေးတွေ အတွက်လည်း တော်တော်လေး အဆင်ပြေစေတဲ့အချက်တစ်ခုပါ။ ဒါပေမယ့် အလှမပြင်ချင်ဘူးဆိုရင်တောင် အသားအရေထိန်းသိမ်းဖို့တော့လိုပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေကြည်ကြည်လင်လင်လေးနဲ့ လှနေသူတွေရဲ့ နေ့စဉ်အလေ့အထတွေက ဘာတွေများလဲဆိုတာကို ပြောပြပေးမယ်နော်။ အသားအရေကြည်လင်ခြင်း ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ကြည်လင်တဲ့ အသားအရေဆိုတာက အသားအရောင်ညီညာပြီး၊ အစက်အပြောက်တွေမရှိရပါဘူး။ အဆီပြန်တာမျိုးမရှိရပါဘူး။ ချွေးပေါက်ကျယ်နေတာမျိုးမရှိရပါဘူး။ ဝက်ခြံ နဲ့ အဆီဖုတွေလည်း မရှိရပါဘူး။ အရေပြားပြဿနာကင်းစင်နေတဲ့အသားအရေမျိုးပါ။ အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက် အသားအရေကြည်လင်သူ တော်တော်များများမှာ အခုလို အလေ့အထလေးတွေပိုင်ဆိုင်ထားကြပါတယ်။ ကဲ .... အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက် တွေကတော့ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်တယ် အသားအရေကြည်လင်သူတွေက အလှပြင်ဖို့ စိတ်မဝင်စားဖူးဆိုရင်တောင် တစ်နေ့ကို နှစ်ကြိမ်ပုံမှန် မျက်နှာသစ်တတ်ကြပါတယ်။ မနက်နိုးတဲ့အချိန် တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်ပါ။ ဒါမှ အရေပြားပေါ်က ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးရွေးသုံးတယ် မျက်နှာသစ်ဆေးတိုင်းက […]


ဝက်ခြံ

Gym ဆော့ရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား၊ အလွဲသက်သက်လား

Gym ဆော့တဲ့သူတွေဟာ တခြားသူတွေထက် ဝက်ခြံပိုပေါက်တယ်ဆိုတဲ့ စကားသံတွေ ခဏခဏ ကြားနေရဆဲပါပဲ။ တကယ်တော့ ဒါဟာ ၁၀၀ ရာခိုင်နှုန်း အလွဲသက်သက်ပဲတော့ မဟုတ်ပါဘူးခင်ဗျ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူတွေထင်ထားကြတာက Gym ဆော့ရင် ကိုယ်ခန္ဓာက ဟော်မုန်းအပြောင်းအလဲဖြစ်တယ်၊ ဒါကြောင့်ပဲ ဝက်ခြံက ပိုထွက်လွယ်တယ်ဆိုတာပါပဲ။ တကယ်တမ်းမှာက Gym ဆော့နေတဲ့ သူတစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုပေါ်ကိုပဲ မူတည်နေတာပါ။ အကြောင်းအရင်း အပြည့်အစုံကို ဒီဆောင်းပါးမှာ သေချာရှင်းပြပေးချင်ပါတယ်။ Gym ဆော့တဲ့အခါ အရေပြားမှာ ဘယ်လိုပြောင်းလဲမှုဖြစ်လဲ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နေရတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်နှုန်းကောင်းစေတယ်။ သွေးထဲက အောက်စီဂျင်တွေကို ခန္ဓာကိုယ်နေရာအနှံ့ သယ်ယူပို့ဆောင်ပေးနိုင်တယ်။ ချွေးထွက်တာကြောင့် အသားအရေကို ကြည်လင်စေတယ်။ အရေပြားဆဲလ်အသစ်တွေကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်တယ်။ အဲ့မှာ ပြဿနာက ချွေးထွက်များတာပါပဲ။ ခန္ဓာကိုယ်ထဲက ရေဓာတ်က အပူရှိန်ကြောင့် အပြင်ဘက်ကို […]


အသားအရေ ထိန်းသိမ်းခြင်း

ဘာနှုတ်ခမ်းနီဆိုးဆိုး အရောင်ထွက်မလှတာ ဘာလို့လဲ

နှုတ်ခမ်းနီအရောင်လေးလှနေလည်း ကိုယ့် နှုတ်ခမ်း ပေါ်ရောက်ရင် အရောင်မတူတော့ဘူး။ နဂိုအောက်ခံဖြစ်တဲ့ ကိုယ့်နှုတ်ခမ်းသားက မွဲခြောက်နေတာကိုး။ နှုတ်ခမ်းသားက ခြောက်သွေ့နေမယ်၊ အဖတ်တွေကွာနေမယ်၊ နူးညံ့မှုမရှိဘူး၊ အရောင်အသွေးမစိုဘူးဆိုတာ နှုတ်ခမ်းသားကို ဂရုမစိုက်လို့ပါ။ တကယ်တော့ နှုတ်ခမ်း လှတယ်မလှဘူးဆိုတာ ကိုယ့်ရဲ့သတ်မှတ်မှုပါ။ နှုတ်ခမ်းပုံစံက လူတစ်ယောက်နဲ့တစ်ယောက် မတူကြတော့ ကိုယ့်အလှနဲ့ကိုယ်ပါပဲ။ ဒါပေမယ့် နှုတ်ခမ်းသားကျန်းမာရေးကို ဂရုစိုက်မှုနဲ့ စောင့်ရှောက်မှုတို့ကိုမူတည်ပြီး အလှဒီဂရီ ကွာခြားသွားတတ်ပါတယ်။ ဒါ့ကြောင့် - နှုတ်ခမ်း ကို သန့်ရှင်းအောင်ထားပါ နှုတ်ခမ်းဟာ အစားအသောက်တွေအပြင် လေထုထဲက ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုထိတွေ့ရတာဖြစ်လို့ နှုတ်ခမ်းသန့်ရှင်းရေးကို ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းကိုသန့်စင်ပေးပါ။ နှုတ်ခမ်းသားပေါ် ပျားရည်နဲ့ပွတ်သုတ်ပေးတာက သန့်ရှင်းစင်ကြယ်စေတဲ့အပြင် စိုပြေလန်းဆန်းစေပါတယ်။ lip balm သုံးပါ နှုတ်ခမ်းက လေနဲ့ထိတွေ့ရင်ခြောက်သွေ့လွယ်တာကြောင့် ရေဓာတ်ထိန်းသိမ်းနိုင်ဖို့ lip balm ပုံမှန်သုံးပေးပါ။ lip balm ကို သွားလေရာယူသွားပြီး လိုအပ်တဲ့အချိန်တိုင်း နှုတ်ခမ်းမခြောက်အောင်ဆိုးပေးပါ။ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီယေးစစ် (Psoriasis)ပြဿနာအဖြေရှာရအောင်

ဆိုရီယေးစစ်ဆိုတာ အရေပြားပြဿနာတစ်မျိုးပါ။ အကြောင်းရင်းမရှိဘဲ ရုတ်တရက် အရေပြားမှာ အကွက်တွေပေါ်လာပြီး ယားယံတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အမြစ်ပြတ်ပျောက်အောင် ကုလို့လည်းမရသေးပါဘူး။ ဒါပေမယ့် လက္ခဏာသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။ ဆိုရီယေးစစ်ဆိုတာဘာလဲ။ ဆိုရီယေးစစ်ဆိုတာ အရေပြားဆဲလ်တွေ ပုံမမှန်ပွားတာကြောင့် အရေပြားမျက်နှာပြင်မှာ ဆဲလ်တွေစုပုံလာပြီး ထူထူကြီးဖြစ်လာတာပါ။ အင်ပျဉ်ထတာနဲ့ ပုံစံတူပါတယ်။ ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ပါတယ်။ နာတာရှည်အရေပြားရောဂါပါ။ ဆိုရီယေးစစ်အမျိုးအစားများ (၁) Plaque psoriasis အတွေ့ရအများဆုံးပုံစံပါ။ အင်ပျဉ်ထသလို ဖောင်းနေပြီး အရေပြားက ခြောက်သွေ့အက်ကွဲနေပါတယ်။ အကြေးခွံနဲ့တူပါတယ်။ ယားတာ၊ နာတာရှိပါတယ်။ လိင်အင်္ဂါနဲ့ ပါးစပ်ပေါက်အပါအဝင် ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ (၂) လက်သည်း ဆိုရီယေးစစ် လက်သည်းခွံချိုင့်တာ၊ ပုံမမှန်ရှည်ထွက်တာ၊ အရောင်ပြောင်းတာ၊ ကြွတ်ဆတ်တာ၊ ကျွတ်ထွက်တာအထိဖြစ်နိုင်ပါတယ်။ (၃) Guttate psoriasis ဒီအမျိုးအစားက ကလေးတွေနဲ့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ ဘတ်တီးရီးယားပိုးတစ်မျိုးကြောင့် လည်ပင်းနာတာခံစားရပြီးတဲ့နောက်ပိုင်းမှာ တွေ့ရတတ်ပါတယ်။ အရေပြားအဖတ်လန်တဲ့ပုံစံမျိုးနဲ့ တွေ့ရတတ်ပါတယ်။ (၄) […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း