အသားအရေလေး ကျန်းမာလှပဖို့အတွက် အသားအရေထိန်းသိမ်းမှု (Skin Care) လုပ်ဖို့လိုတယ်ဆိုပေမယ့် အသားအရေထိန်းသိမ်းမှုဆိုတာကလည်း တန်ဆေး လွန်ဘေး ဆိုသလိုပါ။ ဒီတစ်ခေါက်တော့ အသားအရေကောင်းချင်ဇောနဲ့ အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပြီလားဆိုတာကို ပြောပြပေးပါရစေ။