အသက်အရွယ်အရဖြစ်စေ၊ အရေပြားအခြေအနေကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် အသားအရေ ခြောက်သွေ့အက်ကွဲခြင်းဟာ နေရထိုင်ရခက်စေပါတယ်။ အသားအရေခြောက်သွေ့ခြင်းကို xerosis လို့ခေါ်ဝေါ်ပြီး အရေပြားရဲ့ အပြင်ဆုံးအလွှာမှာ စိုစွတ်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် အရေပြားများအက်ကွဲပြီး ရောဂါပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒီအတွက် ဈေးကြီးပေးဝယ်နေရတဲ့ အလှအပရေးရာ အသုံးအဆောင်တွေကလည်း ဈေးကြီးပေမယ့် ထိရောက်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။