မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ……..
မိုးရာသီမှာ အသားအရေလေး Glow ပြီး လှစေဖို့ဆိုရင် ဒါလေးတွေကို စားပေးသင့်ပါတယ်။
မိုးရာသီမှာ သီးတဲ့ သရက်သီး၊ သစ်တော်သီး၊ မက်မွန်သီး၊ သပြေသီးလိုမျိုး အသီးတွေမှာ အသားအရေကို ကျန်းမာနေစေဖို့ အထောက်အပံ့ပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီအာနိသင်က အသားအရေကို နေ့စဉ်လှုပ်ရှားသွားလာမှုအတွင်း ထိတွေ့မိနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေ။ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေကြောင့် အသားအရေ မွဲခြောက်တာ၊ အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ပေးမှာပါ။
ဒါကြောင့် မိုးတွင်းမှာ အသားအရေလေး Glow ဖို့ဆိုရင် ရာသီစာ အသီးအနှံလေးတွေကို စားပေးပါ။
မိုးအေးအေးဆို
အစားစားချင်စိတ်က အခြားအချိန်တွေထက် ပိုမို ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် စားချင်စိတ် ဖြစ်လာတယ်ဆိုပြီး လမ်းဘေးစာတွေကို မစားဖို့ ပြောပါရစေ။ မိုးတွင်းမှာ လမ်းဘေးစာတွေ စားသုံးတာက
ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို ဆိုင်မှာ ထိုင်စားတာက အရေပြားကို ပိုးဝင်ကူးစက်ခံရနိုင်ခြေ ပိုများစေပါတယ်။
အဆီများတဲ့ အစားအစာတွေက
အစာအိမ်ကိုရော အသားအရေကိုပါ ထိခိုက်စေနိုင်တာကြောင့် မိုးကာလမှာ အသားအရေ ကျန်းမာစေဖို့ဆိုရင် အဆီများတဲ့ ဆီကြော်စာတွေ လမ်းဘေးစာတွေကို မစားဖို့ ပြောပါရစေ။
အရေပြားဆဲလ်တွေမှာ အဓိက ပါဝင်ဖွဲ့စည်းထားတာက ရေဓာတ်ပါ။ ရေသောက်နည်းမယ်ဆိုရင် အသားအရေက ခြောက်သွေ့ ကွဲအက်ပြီး ထိခိုက်လွယ်ပါတယ်။ မိုးအေးတာကြောင့် ရေသောက်နည်းတာက အသားအရေရဲ့ ကြည်လင်လှပနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ အသားအရေလေး ကြည်လင်လှပနေစေဖို့ဆိုရင် နေ့စဉ် ရေ ၈ ခွက်ထက်မနည်းသောက်ပေးဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။