ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် Botox ထိုးသွင်းတဲ့နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ရေဓာတ်လုံလုံလောက်လောက် ပြန်လည်ဖြည့်တင်းတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းဖို့ကတော့ အရေးအကြီးဆုံးပါပဲ။
အရေပြားအရောင်ပြောင်းခြင်း
Pigmentation ဒါမှမဟုတ် Hyperpigmentation ပြဿနာဟာ မိုးရာသီမှာ အဖြစ်များလေ့ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အချက် ၂ ချက်ကတော့ ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ ပမာဏမျိုးနဲ့ Melanin ထုတ်လုပ်တာကြောင့် ဒါမှဟုတ် နေရောင်ခြည်ကြောင့် Melanocytes တွေ အလွန်အမင်း လှုပ်ရှားသက်ဝင်နေတတ်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒီပြဿနာအတွက် အဓိက နည်းလမ်းကတော့ နေရောင်ခြည်ကို ရှောင်ရှားတာပါပဲ။ နေပူထဲသွားရင် နေရောင်ပြင်းပြင်းမထိအောင် ရှောင်ရှားသွားလာတာအကောင်းဆုံးပါ။
ဝက်ခြံ
ဝက်ခြံကလည်း မိုးရာသီမှာ ပိုပြီးအဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကိုဖြစ်လွယ်ပါတယ်။
မျက်နှာအသားအရေဟာလည်း မိုးရာသီမှာခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေပျော်ပျော်ကြီးနေရာယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားတာက ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ပါ။
ဦးရေပြား ယားယံခြင်း
မိုးရေမကြာခဏ စိုနေပြီဆိုရင် ဦးရေပြားယားယံတာနဲ့ ဗောက်ထတာတွေက နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆံပင်တွေမှာ လှိုင်းအတွန့်တွေပေါ်လာတာပါ။ ဒါကတော့ လေထဲမှာ အစိုဓာတ်တွေ ပိုလျှံနေခြင်းကြောင့်ဖြစ်တာပါ။
ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို ရေလေးနဲ့ရောကာ ဦးရေပြားမှာ လိမ်းပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ပြီး ခေါင်းလျှော်ပါ။
ခြေသည်းမှိုစွဲခြင်း
ခြေသည်းနဲ့ခြေထောက်မှာ မှိုစွဲတဲ့အခါမှာ သဲဝဲစားတာ၊ ဝဲပေါက်တာ၊ ခြေသည်းကြား သဲတွေဝင်ပြီး ခြေစွယ်ငုတ်တာတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ အနာဖြစ်နိုင်တဲ့အပြင် ပြည်တည်တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါဟာ မိုးရေထဲမှာလျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီးဖြစ်တာပါ။
ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်း ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက်ဆေးကြောရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။