backup og meta

ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

    ကျားမ မရွေး လူတိုင်းနီးပါးဟာ မိမိတို့ဆံသားတွေ ကျန်းမာလှပနေတာကို လိုလားကြပါတယ်။ ဆံသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ လူတစ်ဦးချင်းစီအလိုက် ကွဲပြားမှုရှိပါတယ်။ အခုဆောင်းပါးလေးမှာတော့ အဖြစ်များတဲ့ ဆံပင် ပြဿနာတွေနဲ့ ဖြေရှင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ဆံပင် နဲ့ ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

    (၁) ဗောက်ထခြင်း

    ဗောက်ထခြင်းဟာ အဖြစ်များသော ဆံသားပြဿနာတစ်ခုဖြစ်ပြီး အာဟာရပြည့်ဝအောင်မစားခြင်း၊ ဦးရေပြားပိုးဝင်ခြင်းနဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်များ မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ – အရည်အသွေးကောင်းသော ဗောက်ပျောက်ခေါင်းလျှော်ရည်ဖြင့် ခေါင်းပုံမှန်လျှော်ပါ။ လိုအပ်ပါက ဦးရေပြားဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

    (၂) ဆံပင်ကျွတ်ခြင်း

    ဆံပင်ပါးခြင်းနဲ့ ကျွတ်ခြင်းကို အမျိူးသမီးတွေမှာ ပိုမိုတွေ့ရတတ်ပါတယ်။ အမျိူးသားတွေအနေနဲ့ကတော့ ထိပ်ပြောင်သောပုံစံ အဖြစ်များလေ့ရှိပါတယ်။ အမျိူးသမီးများအနေနဲ့ စိတ်ဖိစီးမှု၊ဟော်မုန်းပြောင်းလဲမှုနဲ့ သန္ဓေတားဆေးတွေကြောင့် ဆံပင်ကျွတ်လေ့ရှိပါတယ်။

    အချို့သော ဆံပင်ဆိုးဆေးများ၊ chemicalများသော ဆံသားပုံသွင်းခရင်မ်များ၊ ဆံပင်ကို မကြာခဏအပူပေးခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်လေ့ရှိပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ – Chemicalပါဝင်မှုနည်းသော ခေါင်းလျှော်ရည်နဲ့ ပုံသွင်းခရင်မ်များကို အသုံးပြုပါ။ အာဟာရပြည့်ဝအောင် စားသောက်ပါ။

    (၃) ဆံသားခြောက်ခြင်း

    ခေါင်းမကြာခဏလျှော်ခြင်းနဲ့ ဆံသားအဆီဓာတ်နည်းပါးခြင်းတို့က ဆံသားခြောက်ခြင်းကို ဖြစ်စေပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ – Chemicalနည်းသော ခေါင်းလျှော်ရည်တွေက ဦးရေပြားရဲ့ အဆီဂလင်းတွေကို လှုံ့ဆော်ပေးတာမို့ ဆံသားခြောက်တာ သက်သာစေပါတယ်။ အရည်အသွေးကောင်းသော ဆံသားပျော့ဆေးနဲ့ ဆံသားလိမ်းအဆီတို့ကို အသုံးပြုပါ။

    (၄) ဆံသားနှစ်ခွဖြစ်ခြင်း

    ဆံပင်အဖီးများခြင်း၊ ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်းကို မကြာခဏပြုလုပ်ခြင်း၊ ဆံပင်ပျော့ဆေး အသုံးမပြုခြင်းတို့က ဆံသားကို ကြမ်းစေပြီး အဖျားနှစ်ခွတွေ ဖြစ်စေပါလိမ့်မယ်။

    ဘယ်လိုဖြေရှင်းမလဲ – ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးပါ။ ဆံသားအားဖြည့်ဆီကို ပုံမှန်လိမ်းပေးပါ။ ဆံပင်ကို အကြာကြီးအပူပေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

    (၅) ဆံသားအဆီပြန်ခြင်း

    ဦးရေပြားဟာ လိုအပ်သော သဘာဝအဆီပမာဏထက်ပိုများသော အဆီများကို ထုတ်ပေးတဲ့အခါ ဆံသားအဆီပြန်ခြင်း ဖြစ်ပေါ်လာပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ – အဆီပြန်သော ဦးရေအတွက် ထုတ်ထားသော ရှန်ပူကို အသုံးပြုပါ။ အချိုနဲ့ အဆီများသောအစားအစာတွေကို လျှော့စားပါ။

    (၆) ဆံပင်ဖြူခြင်း

    ဆံပင်ဖြူခြင်းဟာ ရင့်ကျက်ခြင်းကိုပြသတဲ့ လက္ခဏာတစ်ခုဆိုပေမယ့်လည်း လူတိုင်းလိုလိုဟာ ဆံပင်ဖြူခြင်းကို လက်မခံလိုကြပါဘူး။ အသက်ကြီးခြင်း၊ စိတ်ဖိစီးမှုများ၊ ဟော်မုန်းအပြောင်းအလဲများဖြစ်ခြင်း၊ မျိူးရိုးလိုက်ခြင်းစသည်ဖြင့် ဆံပင်ဖြူခြင်းကို ဖြစ်စေသောအကြောင်းရင်းများစွာ ရှိပါတယ်။

    ဘယ်လိုဖြေရှင်းမလဲ – ဆံပင်ဖြူခြင်းကို ပြန်လည်မည်းနက်အောင် များသောအားဖြင့် ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ယာယီအနေနဲ့ ဆံပင်ဆိုးဆေးများအသုံးပြုနိုင်ပါတယ်။

    ရေးသားသူ – Dr Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement