မျက်နှာလှပစေဖို့ Skin careနဲ့ မိတ်ကပ်တွေရဲ့ အကူအညီကို ကျွန်မတို့ယူကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာတွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝနေခြင်းဖြင့် အသားအရေကို ပိုမို Glow စေတယ်ဆိုတာကော သတိထားမိကြပါသလား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အခုဆောင်းပါးလေးမှာတော့ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်ပြီး အသားအရေကို ကြည်လင်လှပစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်တယ်နော်။
ဗီတာမင်စီကြွယ်ဝသော ကီဝီသီးကို နေ့စဉ်စားခြင်းဖြင့် ကိုယ်ခံအားကောင်းစေရုံမကဘဲ အသားအရေဖြူစင်ကြည်လင်ခြင်း၊ အရေးကြောင်းတွေကို ကာကွယ်ခြင်း၊ အသားအရေအစိုဓာတ်ကို ထိန်းပေးခြင်းစတဲ့ အကျိူးကျေးဇူးတွေပါ ရရှိစေမှာဖြစ်ပါတယ်။ ကီဝီသီးတစ်လုံးမှာ အသားအရေအတွက် ကောင်းကျိူးပြုတဲ့ အာဟာရဓာတ်ပေါင်း ၆၀မီလီဂရမ်ပါဝင်ပါတယ်။
ကိုကိုး၊ ဝိုင်နီနဲ့ လက်ဖက်ရည်ကြမ်းတို့မှာပါတဲ့ Flavonoids ဆိုသော anti-oxidantsပါဝင်တဲ့အတွက် ပုံမှန်စားသုံးပေးပါက အသားအရေကို နေရောင်ခြည်ကြောင့်ပျက်စီးခြင်းကနေ ကာကွယ်ပေးခြင်း၊ အရေပြားဆီ သွေးလှည့်ပတ်မှုကောင်းစေခြင်းနဲ့ အရေပြားကြမ်းတမ်းခြင်းကို ကာကွယ်ပေးပါတယ်။
ဗာဒံစေ့တွေဟာ ဗီတာမင်အီး၊ antioxidantsများနဲ့ linoleic acidပါဝင်တဲ့အတွက် အသားအရေကို လှစေပြီး နေရောင်ခြည်ကြောင့် ပျက်စီးခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။
ဖရဲသီးတွေဟာ ချိူမွေးပြီး ရင်ကိုအေးစေမယ့်အပြင် အသားအရေအတွက်လည်း ကောင်းကျိူးများစွာ ပေးနိုင်ပါတယ်။ လိုင်ကိုပင်း၊ ကရိုတီးနွိုက်ကွန်ပေါင်းများ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေကို နူးညံ့စေပြီး နေရောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။
ပဲပိစပ်တွေမှာ isoflavonesလို့ခေါ်တဲ့ antioxidantsတွေ ပါဝင်နေပြီး အရေပြားကြမ်းတမ်းခြင်းကို ကာကွယ်ပေးတဲ့အပြင် ကော်လဂျင်ပိုမိုထွက်စေပြီး အသားအရေကို တင်းရင်းလှပစေနိုင်ပါတယ်။
ဟင်းနုနယ်၊ ကိုက်လန်နဲ့ အခြားအစိမ်းရင့်ရောင်အရွက်တွေမှာ Luteinဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်တဲ့အတွက် ပိုမိုကျန်းမာသောအရေပြားကို သင့်အတွက် ပေးစွမ်းပါလိမ့်မယ်။ အီတလီနိုင်ငံမှ လေ့လာချက်တစ်ခုအရ တစ်နေ့ကို အစိမ်းရင့်ရောင်အရွက်သုံးခွက်ခန့်စားသူတွေဟာ အရေပြားကင်ဆာဖြစ်ခြင်းနည်းပါးပါတယ်။
Beta-carotene ကြွယ်ဝသော မုန်လာဥနီများဟာ နေရောင်ခြည်ကြောင့်ဖြစ်သော အမည်းစက်များနဲ့ အရေးအကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီအပြင် ကန်စွန်းဥ၊ သရက်သီး၊ သင်္ဘောသီး၊ ဟင်းနုနယ်နဲ့ ကိုက်လန်တို့ကိုလည်း စားသုံးနိုင်ပါတယ်။
လက်ဖက်စိမ်းရေနွေးကြမ်းကို နေ့စဉ်သောက်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိူးများစွာ ရနိုင်တာ အားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ်။
ရေနွေးနေ့စဉ်သောက်သူတွေဟာ မျက်နှာအရေးအကြောင်းတွေဖြစ်ခြင်းကို လျှော့ချနိုင်တဲ့အပြင် အသားအရေကို ပိုမိုတင်းရင်းစေပါတယ်။ ထို့ပြင် အရေပြားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
ပျိူမေတို့ရေ ဈေးကြီးတဲ့ skin careတွေသုံးနေရုံနဲ့ မပြီးသေးဘူးနော်။ အသားအရေလေး အမြဲတမ်း Glowဖို့ အတွက် အခုဖော်ပြသွားတဲ့အစားအစာတွေကိုလည်း နေ့စဉ်စားပေးကြပါဦးနော်။
ရေးသားသူ – Dr. Rose
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။