၂။ ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေဖနောင့်ကို အကာအကွယ်မပေးနိုင်တဲ့ ဖိနပ်မျိုးကို မစီးပါနဲ့။ ဒါ့အပြင် fit မဖြစ်တဲ့ဖိနပ်တွေကိုစီးပြီး အချိန်အကြာကြီး မတ်တပ်ရပ်တာမျိုးကို အထူးရှောင်ရပါမယ်။
၃။ နေ့စဉ် ရေချိုးတဲ့အခါ ခြေဖနောင့်မှာရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ပျော့ပြောင်းတဲ့ brush (သို့) pumice stone လိုမျိုး ခြေဖနောင့်ကို ပွတ်တိုက်ဖို့ အသုံးပြုတဲ့ ချေးချွတ်ကျောက်တုံးလေးတွေနဲ့ အသာအယာပွတ်တိုက်ပေးပါ။ ခြေဖနောင့်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး၊ အလွန်အကျွံ ချေးချွတ်တာမျိုး၊ ဆပ်ပြာကြမ်းကြမ်း တွေ သုံးတာမျိုးကို ရှောင်ပါ။
၄။ ညအိပ်ရာမဝင်ခင် ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ၁၀ မိနစ်ခန့် စိမ်ပေးပါ။ ပူကျစ်နေတဲ့ ရေကို မသုံးမပြုပါနဲ့။
၅။ ဆေးကြောသန့်စင်ပြီးလို့ ခြေထောက်သုတ်တဲ့အခါ အဝတ်နဲ့ အသာအယာ ဖိပြီးသုတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးကို ရှောင်ပါ။
၆။ မျက်နှာကို ရေဓာတ်ပြည့်ဝနေအောင် moisturizer လိမ်းပေးသလိုပဲ ခြေဖနောင့်လေးကိုလည်း ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ပေးပါ။
ခြေဖနောင့်မှာ အသားအရေခြောက်သွေ့လာတာမျိုး၊ အသားမာတက်လာတာမျိုး စဖြစ်နေပြီဆိုရင်တော့ ရေဓာတ်ပြည့်အောင် ကူညီပေးနိုင်မယ့် moisturizer တွေ (သို့) သဘာ၀ နေကြာဆီ၊ အုန်းဆီ၊ အစေ့အဆန်တွေကထုတ်လုပ်ထားတဲ့ အဆီအနှစ်တွေပါဝင်တဲ့ product မျိုး (သို့) petroleum jelly ပါဝင်တဲ့ အသုံးအဆောင်တွေကို အနည်းဆုံးတစ်နေ့ နှစ်ကြိမ်ခန့် လိမ်းပေးသင့်ပါတယ်။
အသားမာတက်နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် alpha hydroxyl acid, salicylic acid နဲ့ urea စတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ exfoliator မျိုးကို လည်း moisturizer, oil တွေနဲ့ တစ်လှည့်စီ အသုံးပြုပေးနိုင်ပါတယ်။
ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။