ချစ်တင်းမနှောခင် စားစေချင်

ရေးသားသူ

Update Date ဇူလိုင် 1, 2021 . 2 mins read
Share now

လိင်ဆက်ဆံချိန်မှာ အင်အားပြည့်ဖြိုးပြီး စွမ်းဆောင်ရည်ကောင်းစေမယ့် အစားအစာတွေနဲ့ ဆေးဝါးတွေကို လူတွေရှာဖွေလာခဲ့တာ ထောင်စုနှစ်ပေါင်းမြောက်များစွာ ကြာမြင့်နေပါပြီ။ ဒါကြောင့်  ချစ်တင်းမနှောခင် မှာ သင့်လျော်တဲ့ အစားအစာတွေကို အစားအစာတွေ မှီဝဲပေးနိုင်ရင် အကောင်းဆုံးပေါ့။

ချစ်တင်းမနှောခင် အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းဖို့ စိတ်ကျေနပ်မှုကောင်းဖို့ လိုသလိုပြီးမြောက်နိုင်ဖို့အတွက် ဆေးမြီးတိုတွေ ဓာတ်စာတွေကို အမျိုးမျိုးအသုံးချခဲ့ကြပါတယ်။ အဆင်ပြေတာလည်းရှိသလို ချင်း(ဂျင်း)တွေလည်း ပါနေတယ်မဟုတ်လား။

တကယ်တော့ လူသားတွေရဲ့ လိင်ဆက်ဆံခြင်းအမှုမှာ အကောင်းဆုံး စွမ်းအားတွေကို ပေးအပ်နိုင်တဲ့အရာတွေက သဘာဝတရားက ဖန်တီးပေးထားတဲ့ အရာတွေပါပဲ။ ဘယ်ဆေးတွေ၊ ဘယ်လိုဓာတ်စာတွေ ကောင်းတယ်ဆိုဆို သဘာဝတရားက ဖန်တီးပေးထားတဲ့အရာတွေထက်တော့ ပိုသာပြီး မကောင်းနိုင်ပါဘူး။

တကယ်လို့သင်က ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ချင်နေတယ်၊ ပိုပြီးကျေနပ်ကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ခုဖော်ပြပေးမယ့် အစားအစာတွေကို မှီဝဲကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ခုဖော်ပြပေးမယ့် အစားအစာတွေက သင့်ရဲ့ ချစ်တင်းနှောနိုင်စွမ်းကို သိသိသာသာပြောင်းလဲသွားစေပါလိမ့်မယ်။

ချစ်တင်းမနှောခင် မှီဝဲသင့်သော အစားအစာများ

  • ကမာ – Zinc ဓာတ် ကြွယ်ဝတဲ့ ကမာကောင်တွေဟာ လိင်မှုဘဝအတွက် အရေးအပါဆုံး Testosterone ထုတ်လုပ်မှုကို ကောင်းကောင်းကြီး အားပေးပါတယ်။ Testosterone ဟိုမုန်းဆိုတာကလည်း လိင်စွမ်းဆောင်ရည် မြင့်မားဖို့နဲ့ လိင်စိတ်အာရုံကောင်းစေဖို့ အရေးအကြီးဆုံး ဟိုမုန်းဓာတ်မဟုတ်လား။
  • သလဲသီး (Pomegranates) – သလဲသီး (တလည်းသီး) ဟာ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်စွမ်းကို အားကောင်းဖွံ့ဖြိုးစေသလို စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါတယ်။ စိတ်ခံစားချက်ကိုကောင်းမွန်စေတာ၊ testosterone  လယ်ဗယ်ကို မြင့်တင်ပေးတာ၊ သွေးစီးဆင်းနှုန်းကောင်းစေတာတွေကို ဖြစ်စေတာမို့ သလဲသီးဟာ လူတစ်ယောက် အိပ်ယာပေါ်မှာ လိုအပ်တဲ့အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်လို့တောင် တင်စားကြပါတယ်။
  • ချောကလက် – လိင်မှုကိစ္စတွေနဲ့ ချောကလက်က ဆက်စပ်တယ်လို့ လူတွေ ယုံကြည်ခဲ့ကြတာ ရာစုနှစ်ချီနေပါပြီ။ တကယ့်သိပ္ပံ စမ်းသပ်ချက်တွေမှာလည်း ဒီအတိုင်းပါပဲ။ ချောကလက်က Serotonin ဟိုမုန်းတွေ ထွက်လာအောင် လှုံ့ဆော်နိုင်ပြီး ဒီဟိုမုန်းက ပျော်ရွှင်စေပြီး လိင်စိတ်ကိုနိုးကြွစေပါတယ်။
  • ဟင်းနုနယ်ရွက် – ဟင်းနုနယ်ရွက်ကို အနောက်နိုင်ငံတွေမှာ Sexy vegetable လို့ ခေါ်ကြပါသေးတယ်။ ဟင်းနုနယ်ရွက်က လိင်စိတ်တက်ကြွစေဖို့ တွန်းအားပေးနိုင်ပါတယ်။ သူ့ရဲ့ အစိမ်းရောင်အရွက်ထဲမှာ ကြွယ်ဝစွာပါဝင်နေတဲ့ Magnesium တွေက Testosterone ကို ပိုထွက်စေနိုင်တယ်လေ။ Iron ကတော့ အမျိုးသမီးတွေကို ပိုအကျိုးပြုပြီး ပြီးမြောက်ချိန်မှာ စိတ်ကျေနပ်မှုပိုမိုခံစားရတာမျိုး ဖြစ်စေပါတယ်။
  • ဖရဲသီး – အရည်ရွှွှမ်းပြီး အရသာချိမြတဲ့ ဖရဲသီးတွေဟာ အာဟာရဓာတ်ပြည့်ဝရုံတင်မကပါဘူး။ အိမ်ယာပေါ်က စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါသေးတယ်။ ဖရဲသီးမှာ Citrulline လို့ခေါ်တဲ့  Amino acid တစ်မျိုးပါဝင်ပြီးတော့ ၎င်းက လိင်အင်္ဂါတွေဆီကို သွေးစီးဆင်းမှုကို ပိုမိုအားကောင်းစေပါတယ်။ ဒါကြောင့်လည်း ဖရဲသီးကို သဘာဝ ဗီယာဂရာ (Viagra) လို့ ခေါ်ကြတာပါ။

  • ထောပတ်သီး – ထောပတ်သီးကတော့ နှလုံးကို ကျန်းမာစေတဲ့ အစားအစာတစ်မျိုးပါ။ ဒါတင်မကပါဘူး သူ့မှာပါတဲ့ ဗီတာမင် B6 က အိပ်ယာပေါ်မှာ ခွန်အားပြည့်ဝနေစေဖို့ ကူညီပါလိမ့်မယ်။
  • စတော်ဘယ်ရီ – အချစ်သီးလေးတွေလို့ခေါ်ကြတဲ့ စတော်ဘယ်ရီသီးကတော့ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ဒီအချက်ကြောင့်ပဲ လိင်စိတ်တက်ကြွမှုကို အားပေးပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ စတော်ဘယ်ရီသီးရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အချစ်ဟိုမုန်းလို့ခေါ်ကြတဲ့ Oxytocin တွေကို အမြောက်အများ ထွက်ရှိစေတာပါပဲ။
  • ကော်ဖီ (သို့) လက်ဖက်ရည်ကြမ်း – ကော်ဖီနဲ့ လက်ဖက်ရည်ကြမ်းတွေမှာပါဝင်တဲ့ ကဖိန်းဓာတ်က အာရုံကြောစနစ်ကို တက်ကြွစေပါတယ်။ လိင်မှုကိစ္စပြုခါနီးမှာ အရက်သောက်သုံးတာထက် ကော်ဖီ၊ လက်ဖက်ရည်ကြမ်းလိုအရာတွေ သောက်သုံးတာက ပိုပြီး ထိရောက်တဲ့ အကူအညီဖြစ်ပါတယ်။ ဒါ့အပြင် ကဖိန်းဓာတ်ဟာ အမျိုးသားတွေ လိင်အင်္ဂါတောင်မတ်နိုင်စွမ်း အားနည်းတာကိုလည်း ကုစားပေးနိုင်ပါတယ်။
  • အဆီများတဲ့ ပင်လယ်ငါးများ – ဆဲလ်မွန်တို့၊ မက်ခရီယယ်တို့၊ ဆာဒင်းတို့လို ပင်လယ်ငါးတွေမှာ Omega-3 ပါဝင်ပါတယ်။ Omega-3 ဟာ အဆီတစ်မျိုးဖြစ်ပေမယ့် လိင်ကျန်းမာရေးအတွက် အလွန်အသုံးတည့်တဲ့အရာပါ။

လိင်မှုကိစ္စ အဝအဝနဲ့ပတ်သက်လာရင် စားသောက်နေထိုင်မှုပုံစံက သိပ်ကို အရေးပါပါတယ်။ ချစ်တင်းမနှောခင် မှန်ကန်သင့်လျော်တာတွေကို မှီဝဲဖို့လိုအပ်သလို တချို့အစားအစာတွေကိုလည်း ရှောင်ကျဉ်နိုင်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် တစ်ချို့အစားအစာတွေက လိင်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။

ဥပမာပြောရရင်တော့ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတာမျိုး၊ အဆီအဆိမ့်တွေကို လွန်လွန်ကဲကဲ မှီဝဲစားသောက်တတ်တာမျိုးတွေက သင့်ရဲ့ လိင်ကျန်းမာရေးနဲ့ လိင်မှုစွမ်းဆောင်ရည်ကို လျော့နည်းကျဆင်းစေနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

ဗီတာမင်နဲ့ သက်စောင့်ဓာတ် ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးစား တာဟာ ကိုယ်အလေးချိန် လျော့ကျစေတာအပြင် သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ကိုယ် အိပ်မပျော်ဖြစ်နေရင် ဒါမှမဟုတ် Insomnia ဝေဒနာခံစားနေရတယ်ဆိုရင် သက်သာမှုပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေ သိထားသင့်တယ် မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အိပ်ရေးဝဝအိပ်ချင်သူတွေ သောက်သုံးပေးသင့်တဲ့ အဖျော်ယမကာ ၁၀ မျိုး

အိပ်မပျော်တဲ့ ဒီအခြေအနေကို ကုစားပေးနိုင်မယ့် နည်းလမ်းကတော့ အိပ်ယာဝင်ခါနီးမှာ သင့်လျော်တဲ့ အဖျော်ယမကာ တချို့ကို မှီဝဲ သောက်သုံးပေးတာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကင်ဆာရောဂါများ, ရင်သားကင်ဆာ အောက်တိုဘာ 15, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
eat for sleep debt

ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read