backup og meta

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

    ချစ်မှုရေးရာ လိင်ဆက်ဆံမှုကိစ္စရပ်တွေက အမြဲတမ်းသာယာချမ်းမြေ့မှုကိုချည်းပေးတာတော့မဟုတ်ပါဘူး။ အချစ်ကပေးတဲ့ဒါဏ်ရာ ဒါမှမဟုတ် ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ ဆိုပါတော့။

    အချစ်ကပေးတဲ့ဒါဏ်ရာ လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ တချို့ဝေဒနာတွေကဆိုးရွားပြင်းထန်ပါတယ်။ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်စေတဲ့ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေတာကို သိနားလည်ထားဖို့တော့လိုအပ်ပါလိ့မယ်။

    ပုံမှန်အားဖြင့်တော့ ချစ်တင်းနှောတယ်ဆိုတာက လူနှစ်ဦးအကြား စိတ်ကျေနပ်သာယာစေဖို့ပါ။ တခါတလေမှာတော့ ဆန်းဆန်းပြားပြား ဆက်ဆံတာမျိုးတွေ၊ ဒါမှမဟုတ် တခြားသော မမျှော်လင့်ထားတဲ့ အခြေအနေမျိုးတွေကြောင့် နာကျင်မှုဝေဒနာတွေ၊ ထိခိုက်ဒါဏ်ရာရတာတွေ၊ ကျန်းမာရေးထိခိုက်စေတာတွေလည်း ဖြစ်တတ်ပါတယ်။

    ဒီဆောင်းပါးမှာတော့ လိင်ဆက်ဆံနေချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ထိခိုက်ဒါဏ်ရာတွေအကြောင်းကို ပြောပြပေးသွားပါမယ်။

    အချစ်ကပေးတဲ့ဒါဏ်ရာ များ

    ၁။ မျက်ရည်ကျအောင် နာကျင်ခြင်း

    မိန်းမကိုယ် ဒါမှဟုတ် စအိုဝကို ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတာမျိုး၊ လိင်အင်္ဂါမဟုတ်တဲ့ အရာဝတ္ထု သို့ Toy နဲ့ ဆက်ဆံမိတာမျိုးတွေကြောင့် ပြင်းထန်စွာနာကျင်ခံစားရတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ဆိုရင် ချောဆီအသုံးပြုဖို့ လိုအပ်ပါတယ်။

    ၂။ လိင်အင်္ဂါကျိုးခြင်း

    ယောင်္ကျားအတော်များများ ယုံတမ်းစကားတစ်ခုအသွင် နောက်ပြောင်ပြောဆိုတတ်ကြပေမယ့် တကယ်ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အရိုးလို သွင်သွင်ကျိုးတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်အင်္ဂါတောင်မတ်နေချိန်မှာ ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်နဲ့ အံမဝင်၊ လွဲချော်တာမျိုးဖြစ်ပြီး ကောက်ကွေးသွားတာမျိုးကလည်း အချစ်ကပေးတဲ့ဒါဏ်ရာ ပါ။ ပြင်းထန်စွာ နာကျင်ရတတ်ပါတယ်။

    ၃။ ကြွက်သားစုတ်ပြဲခြင်း

    များသောအားဖြင့် အထွတ်အထိပ်ရောက်ခါနီး ပြင်းပြင်းထန်ထန် လှုပ်ရှားချိန်မှာဖြစ်တတ်တဲ့ ခါး ဒါမှမဟုတ် နောက်ကျောမှာဖြစ်တတ်တဲ့ ပြဿနာဖြစ်ပြီးတော့ နာကျင်မှုကို ၂ ရက် ၃ ရက်လောက် ခံစားနေရတတ်ပါတယ်။

    ၄။ အသားလန်တာ

    မာကြောတဲ့ မျက်နှာပြင်တွေနဲ့ ပြင်းပြင်းထန်ထန် ပွတ်တိုက်မိပြီး အရေခွံလန်သွားတာမျိုးကို ဆိုလိုပါတယ်။ စိတ်ဆန္ဒပြင်းပြစွာ လိင်ဆက်ဆံနေစဉ်မှာ ကြုံရတတ်တဲ့ မတော်တဆဖြစ်မှုမျိုးဖြစ်ပြီး ဒူး၊ နောက်ကျောနဲ့ ခြေထောက်တွေမှာ အများဆုံး ကြုံရပါတယ်။

    ၅။ လိင်အင်္ဂါအတွင်း ပစ္စည်းညပ်ခြင်း

    Vibrators ၊ dildos ၊ anal beads ၊ butt plugs စတဲ့ Sex toys တွေဟာ စိတ်သာယာမှုပိုစေဖို့ ဖန်တီးထားတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် တခါတလေမှာ မတော်တဆ ပြန်ထုတ်မရတာမျိုး ကြုံရတတ်ပါတယ်။ အဆိုပါပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် အရွယ်အစားနဲ့ အရည်အသွေးတွေကို သတိထားဖို့ လိုအပ်မှာပါ။ နောက်ပြီး ကြုံရာပစ္စည်းနဲ့ စိတ်ဖြေတာမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။

    ၆။ ဓာတ်မတည့်ခြင်း

    လူတိုင်း လိင်ဆက်ဆံတယ်ဆိုပေမယ့် တချို့လူတွေဟာ သုက်လိုအရာတွေနဲ့ ဓာတ်မတည့်တတ်ပါဘူး။ တချို့တွေဆိုရင်လည်း ကွန်ဒုံး၊ ချောဆီစတာတွေနဲ့ ဓာတ်မတည့်တာမျိုး ရှိတတ်ပါတယ်။ ဒီလိုဓာတ်မတည့်တာမျိုးက ယားယံတာနဲ့ အနီကွက်တွေထတာကနေစလို့ အသက်အန္တရာယ်အထိ ပြင်းထန်သွားတတ်တာမို့ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ကြိုတင်သိနားလည်အောင် ပြုလုပ်ထားသင့်ပါတယ်။

    ၇။ နှလုံးဖောက်ခြင်း

    နှလုံးရောဂါသည်တွေဟာ လိင်ဆက်ဆံနေစဉ်မှာ နှလုံးဖောက်တာမျိုး ဖြစ်တတ်ပါတယ်။ လိင်စိတ်ကြောင့် အထွတ်အထိပ်ရောက်လာချိန်မှာ အသက်ရှုကြပ်တာ၊ နှလုံးခုန်နှုန်းမြန်တာနဲ့ ရင်ဘတ်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။

    ၈။ နောက်ကျောဒါဏ်ရာ

    လိင်ဆက်ဆံချိန်မှာ ခါးက အလွန်အရေးကြီးပါတယ်။ ခါး အနေအထားမမှန်ခြင်းကြောင့် နောက်ကျောနာကျင်တဲ့ ဝေဒနာကို မကြာခဏ ကြုံရတတ်ပါတယ်။ ဒါကလည်း အချစ်ကပေးတဲ့ဒါဏ်ရာ တစ်မျိုးပါ။

    ၉။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

    အမျိုးသမီးတွေရဲ့ လိင်အင်္ဂါအဝမှာ သဘာဝအားဖြင့်ကို ဘက်တီးရီးယားပိုးမွှားတွေ ရှင်သန်ပေါက်ဖွားကြပါတယ်။ လိင်ဆက်ဆံနေစဉ်အချိန်အတွင်း အမျိုးသားတွေရဲ့ လိင်အင်္ဂါ၊ လက်ချောင်း၊ Sex Toy စတဲ့ ပစ္စည်းတွေ ထိုးသွင်းရာမှာ သန့်ရှင်းမှုမရှိရင် ရောဂါပိုးတွေ ဆီးလမ်းကြောင်းထဲ ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကိုရော ထိုးသွင်းမယ့် ပစ္စည်းကိုပါ သန့်စင်အောင်ပြုလုပ်ထားသင့်ပါတယ်။

    ၁၀။ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ (STI)

    တဖက်သားမှာ ဘာရောဂါရှိတယ်ဆိုတာ သိဖို့ခက်ခဲပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးအသုံးပြုဖို့ လိုအပ်ပါတယ်။ အခန့်မသင့်ရင် လိင်ဆက်ဆံတာကနေတဆင့် ရောဂါပိုးတွေ ကူးစက်နိုင်တာကြောင့်ပါ။

    ၁၁။ Post-Orgasmic Illness Syndrome

    အထွတ်အထိပ်မရောက်ခင်မှာ ဓာတ်မတည့်တာလိုလို ဖျားနာတာလိုလိုဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရက်အနည်းငယ်လောက် ခံစားရတတ်ပါတယ်။

    ၁၂။ Post-Sex Depression

    လိင်ဆက်ဆံတယ်ဆိုတာက စိတ်ကျေနပ်ပြီး အထွတ်အထိပ်ခံစားချက်နဲ့သာ အဆုံးသတ်သင့်ပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ လိင်ဆက်ဆံပြီးချိန်မှာ စိတ်ဖိစီးမှုတွေ၊ ပူပင်သောကတွေ ဖြစ်တတ်ကြပါတယ်။ ဒီဝေဒနာကို Post-Sex Depression လို့ ခေါ်ပါတယ်။

    ၁၃။ လိင်အင်္ဂါ အပူလောင်ခြင်း

    လိင်အင်္ဂါ ဒါမှမဟုတ် မိန်းမကိုယ်မှာ အပူလောင်သလို ခံစားနေရတာက သဘာဝဖြစ်ရပ်မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအများကြီးရှိပေမယ့် မိန်းမကိုယ် ခြောက်သွေ့လွန်းတာ၊ Estrogen ဟိုမုန်းလျော့နည်းလွန်းတာတွေကြောင့် အဖြစ်များပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement