လိင်ကိစ္စဆိုတာ လူတိုင်း သိချင်ကြပေမယ့် ဘယ်သူမှ ပေါ်ပေါ်ထင်ထင် ဖွင့်မပြောတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရရင်လည်း ရေငုံနှုတ်ပိတ်နေကြသလို၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ခံစားရရင်လည်း ဆေးကုသမှု ခံယူဖို့ လက်တွန့်တတ်ကြပါတယ်။ ဒါပေမယ့်လည်း လိင်မှုဘဝ ဆိုတာ အများစု ကြုံတွေ့ရမယ့် အတွေ့အကြုံတစ်ခုပါပဲ။