အိမ်ထောင်သည်တွေ ကိုယ်ဝန်တားမယ်ဆိုရင်လည်း အမျိုးသမီးတွေပဲ တားဆေးတွေ ထိုးလိုက်၊ သောက်လိုက် လုပ်လေ့ရှိသလို လက်မထပ်ရသေးဘဲ အတူနေတဲ့ အခါမှာလည်း ကိစ္စပြီးသွားတဲ့အခါမှာ အမျိုးသမီးတွေကပဲ အရေးပေါ် တားဆေး သောက်ရလေ့ ရှိပါတယ်။ တကယ်တော့ ကိုယ်ဝန်တားတာ၊ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်တာက နှစ်ဦး နှစ်ယောက်လုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် အမျိုးသားထုတွေကြားမှာ ကွန်ဒုံး သုံးတဲ့ အလေ့အထက နည်းနေတုန်းပါပဲ။