သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပြီဆိုရင် သားဆက်ခြား ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ သဘာဝဘေးအန္တရာယ်တွေ ပြီးသွားလို့ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့အချိန်အတွင်းမှာတောင် ဆေးရုံဆေးခန်း သွားဖို့ မလွယ်တာကြောင့် မတော်တဆ ကိုယ်ဝန်ရလာခဲ့ရင် ဒီကိုယ်ဝန်ကို ကောင်းကောင်းစောင့်ရှောက်နိုင်မလားဆိုတာ မသေချာပါဘူး။ အထူးဂရုစိုက်ဖို့ လိုတဲ့ လနုချိန်မှာ ဒီကိုယ်ဝန်ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူးဆိုရင် အမေရော ကလေးရော အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သဘာဝဘေးနဲ့ ကြုံနေရချိန်မှာ ကိုယ်ဝန်ယူဖို့ ခဏလောက် နောက်ဆုတ်ထားစေချင်ပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။