ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ

အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ ဘာတွေကြောင့် ဖြစ်တာလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် ဆိုတာ အမြဲများနေတတ်တာပါ။ မဟုတ်ဘူးလား။ မဟုတ်ပါဘူး။ အမျိုးသားငါးယောက်မှာတစ်ယောက်ဟာလိင်စိတ်ကျဆင်းခြင်းကိုခံစားနေရပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ ဆရာဝန်တွေကတောင်မှ အမျိုးသားတွေကိုအမြဲလိင်ဆက်ဆံချင်နေတဲ့ လိင်စက်ရုပ်တွေလို မြင်ကြပါတယ်လို့Pioneering sex researcher, Irwin Goldstein က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ ပြဿနာမဟုတ်ပါဘူးလို့ သူကဆက်ပြောပါတယ်။ ၂၀%သောအမျိုးသားတွေဟာ လိင်စိတ်လျော့နည်းလွန်းလို့ လိင်ဆက်ဆံတာကလွဲပြီးအကုန်လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်လို့သူဟာ WebMD မဂ္ဂဇင်းကိုပြောပါတယ်။ အမျိုးသားငါးယောက်မှာတစ်ယောက်ကလိင်စိတ်လျော့နည်းတယ်၊ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဆိုဘာလို့များမကြားဖူးရတာလဲ။ တကယ်တော့ အမျိုးသမီးတော်တော်များများဟာယောက်ျားတွေရဲ့ ဒီညတော့ အဆင်မပြေဘူးဆိုတာမျိုးကို ကြားဖူးပေမယ့် သူတို့ကဒါဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေလို့ ထင်ကြတာပါ။ တကယ်တော့ ၃၀% သောအမျိုးသမီးတွေဟာသူတို့ဟာသူတို့ အမျိုးသားတွေထက် လိင်စိတ်ပိုမိုများပြားတယ်လို့ ဝန်ခံခဲ့ ကြပါတယ်။ လိင်စိတ်လျော့နည်းခြင်း အကြောင်းရင်း ဒါဆိုဘာလို့ လိင်စိတ်လျော့နည်းတာပါလဲ။ များပြားသောအသက်ကြီးသူတွေဟာလိင်ကိစ္စကိုအလွန်စိတ်ဝင်စားတတ်ပေမယ့် […]


သားဆက်ခြားခြင်း

ဘယ်ကိုယ်ဝန်တားနည်းက သင့်အတွက် သင့်လျော်ပါသလဲ။

ဘယ်ကိုယ်ဝန်တားနည်းက သင့်အတွက် သင့်လျော်ပါသလဲ။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီပါရှိတဲ့ ကိုယ်ဝန်တားနည်းပေါင်းများစွာရှိတဲ့အတွက် သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။ အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ ကိုယ်ဝန်တားဆေးအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။   ကွန်ဒုံး Latex ဒါမှမဟုတ် ပလပ်စတစ်နဲ့လုပ်ထားတဲ့ အလွှာလေးဖြစ်ပြီးတော့ လိင်တံတစ်လျှောက်မှာ ဆန့်ထုတ်ပြီး သုံးစွဲရတာဖြစ်ပါတယ်။ အမျိုးသမီး ကွန်ဒုံးကိုတော့ သုတ်ပိုးနဲ့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ အမျိုးသားသုံး ကွန်ဒုံးဟာ ၈၂% ထိရောက်မှု ရှိပြီးတော့ အမျိုးသမီးသုံး ကွန်ဒုံးကတော့ ၇၆% ထိရောက်မှု ရှိပါတယ်။   မိန်းမကိုယ်တွင်းထည့် ပစ္စည်း လိပ်ခုံးပုံ စီလီကွန်ခွက်ဟာ စားပွဲတင်ဇွန်းတစ်ဇွန်းစာ သုတ်ပိုးသတ်ဆေးတွေနဲ့ ပြည့်နှက်နေပြီးတော့ မိန်းမကိုယ်ထဲကို ထည့်သွင်းအသုံးပြုရတဲ့ အရာဖြစ်ပါတယ်။ ဒီကိရိယာကတော့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ အကြောင်း လေ့လာလိုက်ရအောင်နော်။ လိင်ကိစ္စမှာစိတ်ဝင်စားမှု လျော့နည်းတာဟာ ပုံမှန်ဖြစ်ပြီး လိင်စိတ် စွမ်းအားဟာလည်း ဘဝတစ်လျှောက်မှာ ကွဲပြားမှု ရှိပါတယ်။ သင့်ချစ်သူနဲ့ တစ်ခါတစ်ရံလိင်မဆက်ဆံချင်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အချိန်အကြာကြီး လိင်စိတ် လျော့နည်းတာဟာ အချို့သူတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ လိင်စိတ် လျော့နည်းခြင်းဟာ မမြင်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေရဲ့ လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ အောက်ဖော်ပြပါအချက်တွေကတော့ အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ ဖြစ်ပါတယ်။ ၁။ ယောက်ျားဟော်မုန်းနည်းခြင်း။ ယောက်ျားဟော်မုန်းဟာ အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ၎င်းကို ဝှေးစေ့အတွင်းကနေ ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာစေပြီး သုက်ပိုးထွက်ရှိမှုကို အားပေးပါတယ်။ ဟော်မုန်းပမာဏဟာလည်း လိင်စိတ်ရရှိဖို့အတွက် အဓိကကျပါတယ်။ သင့်ယောက်ျားဟော်မုန်းပမာဏဟာ ၃၀၀ ကနေ ၃၅၀ ng/dl […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ သင်မသိသေးတဲ့အရာလေးခု

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (ပေး/ ၊ယူ) မလုပ်ခင် ဗဟုသုတမရှိခြင်းကြောင့်ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေကိုကာကွယ်ဖို့ တချို့အချက်တွေကိုသင်သိထားသင့်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ လူတွေ ပါးစပ်ကတစ်ဆင့် HPV ပိုးကူးစက်ခံရခြင်းကိုလေ့လာတဲ့ သုတေသနအနည်းငယ်သာရှိသော်လည်းလေ့လာမှုတွေကအဖြေအမျိုးမျိုး ပြကြပါတယ်။ အချို့သောသုတေသီတွေကoral HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာပါးစပ်နဲ့ လိင်ဆက်ဆံမှု (ပါးစပ်မှ စားအိုဝကိုဖြစ်စေ၊ ပါးစပ်မှ လိင်အင်္ဂါတွေကိုဖြစ်စေ)၊ဒါမှမဟုတ် ပါးစပ်ဖွင့်နမ်းခြင်း (French Kiss) ကတစ်ဆင့် ကူးစက်နိုင်တယ်လို့ ယုံကြည်သလိုအချို့ကလည်းယုံကြည်ခြင်းမရှိပါဘူး။ ဒါ့ကြောင့် HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကိုကူးစက်နိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုသိရှိခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အချိန် အကြာကြီးအတူရှိနေခဲ့တဲ့ လိင်ဆက်ဆံဘက်တွေဟာရောဂါပိုးကူးစက် ခံရနိုင်ပါတယ်။ (နှစ်ယောက်လုံးမှာရောဂါပိုးရှိနိုင်ပါတယ်)။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမပြုလုပ်မီမှာကင်ဆာ (လည်ချောင်း၊ ပါးစပ်) ရရှိနိုင်ခြေကိုသေချာစွာတွေးတောသင့်ပါတယ်။   ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။ လူတွေ ထင်နေသလိုမျိုးပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။ နောက်တစ်နည်းပြောမယ်ဆိုရင် အချို့သူတွေကပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာသူတို့ရဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံဖို့ သူမကို ဆွဲဆောင်နိုင်မယ့် နည်းလမ်း ၄ သွယ်

လိင်ဆက်ဆံဖို့ ဆိုတာဟာ အတင်းအကျပ် မဖြစ်သင့်သလို လုပ်ကိုလုပ်ရမယ့် အရာတစ်ခုလို့လည်း မသတ်မှတ်သင့်ဘဲ သာယာပျော်ရွှင်ဖွယ် ကောင်းသင့်ပါတယ်။ ဒါ့ကြောင့် သင်ချစ်တဲ့သူတစ်ယောက်ကို သင့်ကို ဘယ်လိုစိတ်ပါလက်ပါ အဖြေပေးအောင်လုပ်မလဲ။ ဒီဆောင်းပါးမှာအလွယ်ကူဆုံးပြုလုပ်နည်းလေးမျိုးကိုဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ စိတ်ကူးယဉ်ဆန်တဲ့ အပြုအမူတွေ ပြုလုပ်ပါ။ အမျိုးသားတွေနဲ့ မတူတဲ့အချက်ကတော့ အမျိုးသားတွေဟာသူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အစာအိမ်ကိုအခြေခံစဉ်းစားပေမယ့် အမျိုးသမီးတွေကတော့ အချစ်နဲ့ ပတ်သက်သည်ဖြစ်စေ၊ လိင်ဆက်ဆံဖို့စဉ်းစားရာမှာဖြစ်စေ သူတို့ရဲ့ နှလုံးသားရော ဦးနှောက်ပါ အခြေခံပြီးစဉ်းစားကြပါတယ်။ အမျိုးသမီးတွေဟာ ဝိုင်၊ ပန်းစည်းနဲ့ သူတို့ကို စိတ်လှုပ်ရှားစေတဲ့ အရာတွေနဲ့ စိတ်ကူးယဉ်ဆန်အောင် ပြုလုပ်ခြင်းကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အထူးတလည်လုပ်ဖို့ မလိုတဲ့ အခြေအနေမျိုးမှာတောင် သူမကြိုက်နှစ်သက်တဲ့အရာတွေနဲ့ အံ့သြသွားအောင် ပြုလုပ်ပါ။ ပြီးတော့ သူမဘယ်လောက်လှကြောင်းပြောပြပေးပါ။ သူမကို မကြာခဏနမ်းရှုပ်ပြီး သူမရဲ့ ဆံပင်ပုံစံအသစ် (သို့) အဝတ်အစားအသစ်ကိုချီးကျူးပြောဆိုပါ။ ဒီလိုလုပ်ခြင်းဟာ သင်တို့နှစ်ယောက်လုံးအတွက် လိင်ဆက်ဆံခြင်းမှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု

လိင်ဆက်ဆံခြင်းဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကိုပါ ပေးစွမ်းနိုင်တာကြောင့် အလေးအမြတ်ထားကြပါတယ်။ သင်လိင်မဆက်ဆံခင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အောက်ဖော်ပြပါ မေးခွန်းလေးခုကို သေချာဖတ်ကြည့်ပါ။ လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု ကတော့ ဒီလူဟာသင့်အတွက် သင့်လျော်ပါသလား။ လူတစ်ယောက်ဟာ သင့်အတွက် လျော်ကန်မှု ရှိမရှိဆိုတာ အစကတည်းက သိနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူနဲ့ အချိန်အနည်းငယ် ပိုမိုဖြုန်းကြည့်ရင် လူတစ်ယောက်ဟာ အပေါ်ယံထင်ရသလို အမြဲမဟုတ်ဘူးဆိုတာ တွေ့လာပါလိမ့်မယ်။ လိင်မဆက်ဆံခင် သင့်ချစ်သူဟာ မိန်းမရှုပ်သူလား၊ အရက်သောက်သူလား၊ လောင်းကစားသမားလား၊ အခြားပြဿနာဘာတွေရှိလဲဆိုတာ သေချာပြန်စဉ်းစားဖို့ လိုပါတယ်။ ဒီလူနဲ့ အတူနေဖို့ကိုရွေးချယ်လိုက်ရင် ဒီပြဿနာတွေဟာ တစ်ချိန်ချိန်မှာ သင့်ဘဝကို ဒုက္ခပေးနိုင်ပါတယ်။ ဒါဟာ အချိန်ကောင်းဟုတ်ရဲ့လား။ တခါတလေမှာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံမှုနဲ့ပတ်သက်တဲ့ အမျိုးသမီးတွေသိထားသင့်တဲ့ အချက် ၁၃ ချက်

အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီးရှိပါတယ်။ အောက်ပါအချို့အချက်များကိုသိထားခြင်းဟာသင့်ကို ပြီးပြည့်စုံတဲ့ လိင်ဆက်ဆံမှုတစ်ခုကိုရရှိစေပါလိမ့်မယ်။   (၁) ယောက်ျားတစ်ယောက်မှာယောက်ျားအင်္ဂါအပြင် အရေးကြီးတာတွေရှိပါသေးတယ်။ လိင်တံဟာလိင်စိတ်နဲ့ တိုက်ရိုက်စက်သွယ်မှုရှိပြီးသူ့ရဲ့ ယောက်ျားပီသမှုကိုဖော်ပြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ခံစားမှုလွယ်ကူပြီးသူ့ကိုအလွယ်တကူလိင်စိတ်တက်ကြွအောင်လုပ်နိုင်တဲ့ အခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေ ရှိပါသေးတယ်။ နှုတ်ခမ်း၊ လည်ပင်း၊ နား၊ ရင်ဘတ်၊ နောက်ကျော၊ ကုပ်ပိုး၊ ပေါင်အတွင်းဘက်နဲ့ ပေါင်ခြံတွေလိုမျိုးကိုနမ်းရှုပ်ခြင်း၊ ထိတွေ့ခြင်းနဲ့ ညင်သာစွာပွတ်သပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။   (၂) သင့်ရဲ့ ချို့ယွင်းချက်တွေကိုသူသတိမထားမိပါဘူး။ လိင်ဆက်ဆံစဉ်မှာယောက်ျားတစ်ယောက်ရဲ့ လိင်စိတ်ဟာပျော်ရွှင်စရာခံစားမှုတွေနဲ့ ဖုံးလွှမ်းခံရတဲ့အတွက် သင့်ချို့ယွင်းချက်တွေကိုသူသတိထားမိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ခန္ဓါကိုယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်စိတ်တွေကိုမေ့လိုက်ပါ။ သင်ဟာသင့်ပုံစံနဲ့ သင်လှပနေတယ်ဆိုတာကိုသတိရပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိတဲ့သူဟာသူ့ရဲ့ မျက်လုံးထဲမှာလည်းလှပနေမှာဖြစ်ပြီးလိင်စိတ် တက်ကြွစေမှာပါ။   (၃) ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ နှစ်ယောက်လုံးမှာနာကျင်မှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စည်းချက်ညီညီလှုပ်ရှားမှုတွေမှာအခက်အခဲတွေ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအတွေ့အကြုံနဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အမျိုးသားတွေအတွက် နည်းလမ်းကောင်းများ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အချိန်ရော အားအင်ပါ လိုအပ်ပါတယ်။ ဒါဟာ အမြဲတော့ မလွယ်ကူနိုင်ပါဘူး။ အလုပ်များပြားလှတာကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘဲ လိင်စိတ်ထက်သန်မှုတွေ ပျောက်ဆုံးနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံခြင်းနည်းလမ်းတွေကို အပြောင်းအလဲလုပ်သင့်ပါတယ်။ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုဆိုတာ နာရီပေါင်းများစွာ အာသာဖြေတာ၊ လိင်စိတ်ဖြေဖျောက်တဲ့ ပစ္စည်းတွေ အသုံးပြုတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာ ပုံမှန်လုပ်နေတာထက် နည်းနည်းလေးပဲ ထူးခြားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ရရှိစေဖို့အတွက် နည်းလမ်းဆယ်ခု ဖြစ်ပါတယ်။ ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ နည်းလမ်းများ စကားပြောပါ။ ဆက်ဆံရေးတစ်ခုမှာ အချိန်ကြာလာတဲ့အမျှ ပျင်းရိဖွယ်ဖြစ်လာပြီး အိပ်ရာထဲမှာ သင်ဘာလိုချင်တယ်ဆိုတာဖော်ပြမယ့်အစား ပုံမှန်ပြုနေကျ အပြုအမူတွေကိုသာ ပြုမူတတ်ကြပါတယ်။ Williams Lucena ကတော့ ဒီစက်ဝိုင်းကြီးကို ပွင့်လင်းတဲ့ စကားပြောဆိုမှုနဲ့ ဖြတ်တောက်သင့်ပါတယ်လို့ ပြောပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

သင့်ချစ်သူနဲ့ ပြန်လည်ရင်းနှီးဖို့ ကြိုးစားနေပါသလား။ ရိုးစင်းပေမယ့် စိတ်ဝင်စားစရာကောင်းပြီး လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း ကို စမ်းသပ်ကြည့်ပါလား။ တစ်ခါတလေမှာ စုံတွဲတွေက လိင်ဆက်ဆံဖို့ အရေးကြီးတဲ့အချက်အချို့ကို ကျော်သွားတတ်ကြပါတယ်။ ဆိုလိုချင်တာက သူတို့က လိင်ဆက်ဆံဖက်ရဲ့ခန္ဓာကိုယ်ကို လျစ်လျူရှုလိုက်တာပဲ ဖြစ်ပါတယ်။ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်ခြင်းဆိုတာ စုံတွဲတွေမှာ အရင်က လိင်စိတ်မနိုးကြားစေခဲ့ဖူးတဲ့ လိင်ဖက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအသစ်တွေကို ရှာဖွေတွေ့ရှိစေပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်မှုတွေ အကြောင်းကို တစ်ဆင့်ချင်းစီ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့် လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့် ကတော့ ၁။ သင့်တော်တဲ့ နေရာကို ရွေးချယ်ပါ။ လိင်ဆက်ဆံဖို့အတွက် ပျော့ပျောင်းတဲ့ ခုတင်ဟာ အကောင်းဆုံးဖြစ်ပေမယ့် အကောင်းမွန်ဆုံး နှိပ်နယ်မှုအတွက် နေရာကတော့ တောင့်တင်းခိုင်ခံ့ပြီး မာကြောတဲ့ မျက်နှာပြင်တစ်ခု ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်နေရာပြောင်းလိုက်ရင် သင့်ချစ်သူကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

အချို့သုတေသီတွေဟာ အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အမှားများစွာကို ပြုလုပ်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ အောက်ပါအချက်တွေကတော့ လိင်ဆက်ဆံစဉ် အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု နဲ့ သင်နဲ့ ထိုက်တန်တဲ့ သာယာမှုကိုဘယ်လိုရယူရမလဲဆိုတာတွေဖြစ်ပါတယ်။ အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု ကတော့ လိင်ဆက်ဆံရာတွင်အရင်စတင်ခြင်းမပြုကြခြင်း ကျွန်မတို့ အတော်များများဟာ မိန်းမဆန်တဲ့ အပြုအမူတွေ အပေါ် စိတ်ပူပန်မှု ရှိတတ်ကြပါတယ်။ အတင်းအကြပ်လုပ်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့ စိတ်တိုလွယ်တဲ့ မိန်းကလေးတစ်ယောက်ပုံစံနဲ့ မတူညီချင်ကြပါဘူး။ ဒါကြောင့် လိင်ကိစ္စကို အရင်စတင်ခြင်း မပြုလုပ်မှုဟာ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ လေးနက်တဲ့ အမှားတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေဟာ သူတို့ကပဲ အမြဲအရင်စနေရတဲ့သူတွေလို့ ခံစားရပြီး ဒါကပဲ သင်တို့ရဲ့ ဆက်ဆံရေးကြားမှာစိတ်ထက်သန်မှု ပမာဏ မညီမျှမှုကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့်တော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း