ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံမှုနဲ့ပတ်သက်တဲ့ အမျိုးသမီးတွေသိထားသင့်တဲ့ အချက် ၁၃ ချက်

အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီးရှိပါတယ်။ အောက်ပါအချို့အချက်များကိုသိထားခြင်းဟာသင့်ကို ပြီးပြည့်စုံတဲ့ လိင်ဆက်ဆံမှုတစ်ခုကိုရရှိစေပါလိမ့်မယ်။   (၁) ယောက်ျားတစ်ယောက်မှာယောက်ျားအင်္ဂါအပြင် အရေးကြီးတာတွေရှိပါသေးတယ်။ လိင်တံဟာလိင်စိတ်နဲ့ တိုက်ရိုက်စက်သွယ်မှုရှိပြီးသူ့ရဲ့ ယောက်ျားပီသမှုကိုဖော်ပြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ခံစားမှုလွယ်ကူပြီးသူ့ကိုအလွယ်တကူလိင်စိတ်တက်ကြွအောင်လုပ်နိုင်တဲ့ အခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေ ရှိပါသေးတယ်။ နှုတ်ခမ်း၊ လည်ပင်း၊ နား၊ ရင်ဘတ်၊ နောက်ကျော၊ ကုပ်ပိုး၊ ပေါင်အတွင်းဘက်နဲ့ ပေါင်ခြံတွေလိုမျိုးကိုနမ်းရှုပ်ခြင်း၊ ထိတွေ့ခြင်းနဲ့ ညင်သာစွာပွတ်သပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။   (၂) သင့်ရဲ့ ချို့ယွင်းချက်တွေကိုသူသတိမထားမိပါဘူး။ လိင်ဆက်ဆံစဉ်မှာယောက်ျားတစ်ယောက်ရဲ့ လိင်စိတ်ဟာပျော်ရွှင်စရာခံစားမှုတွေနဲ့ ဖုံးလွှမ်းခံရတဲ့အတွက် သင့်ချို့ယွင်းချက်တွေကိုသူသတိထားမိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ခန္ဓါကိုယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်စိတ်တွေကိုမေ့လိုက်ပါ။ သင်ဟာသင့်ပုံစံနဲ့ သင်လှပနေတယ်ဆိုတာကိုသတိရပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိတဲ့သူဟာသူ့ရဲ့ မျက်လုံးထဲမှာလည်းလှပနေမှာဖြစ်ပြီးလိင်စိတ် တက်ကြွစေမှာပါ။   (၃) ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ နှစ်ယောက်လုံးမှာနာကျင်မှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စည်းချက်ညီညီလှုပ်ရှားမှုတွေမှာအခက်အခဲတွေ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအတွေ့အကြုံနဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အမျိုးသားတွေအတွက် နည်းလမ်းကောင်းများ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အချိန်ရော အားအင်ပါ လိုအပ်ပါတယ်။ ဒါဟာ အမြဲတော့ မလွယ်ကူနိုင်ပါဘူး။ အလုပ်များပြားလှတာကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘဲ လိင်စိတ်ထက်သန်မှုတွေ ပျောက်ဆုံးနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံခြင်းနည်းလမ်းတွေကို အပြောင်းအလဲလုပ်သင့်ပါတယ်။ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုဆိုတာ နာရီပေါင်းများစွာ အာသာဖြေတာ၊ လိင်စိတ်ဖြေဖျောက်တဲ့ ပစ္စည်းတွေ အသုံးပြုတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာ ပုံမှန်လုပ်နေတာထက် နည်းနည်းလေးပဲ ထူးခြားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ရရှိစေဖို့အတွက် နည်းလမ်းဆယ်ခု ဖြစ်ပါတယ်။ ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ နည်းလမ်းများ စကားပြောပါ။ ဆက်ဆံရေးတစ်ခုမှာ အချိန်ကြာလာတဲ့အမျှ ပျင်းရိဖွယ်ဖြစ်လာပြီး အိပ်ရာထဲမှာ သင်ဘာလိုချင်တယ်ဆိုတာဖော်ပြမယ့်အစား ပုံမှန်ပြုနေကျ အပြုအမူတွေကိုသာ ပြုမူတတ်ကြပါတယ်။ Williams Lucena ကတော့ ဒီစက်ဝိုင်းကြီးကို ပွင့်လင်းတဲ့ စကားပြောဆိုမှုနဲ့ ဖြတ်တောက်သင့်ပါတယ်လို့ ပြောပါတယ်။ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

သင့်လိင်စိတ် ဘာလို့ကျဆင်းတာလဲ

ဆေးပညာအရလိင်ဆက်ဆံရင် ဆန္ဒနည်းပါးမှုရောဂါကိုလိင်စိတ်ကျဆင်းမှု (low libido) လို့ သိရှိကြပါတယ်။ ဒါဟာအသက်အရွယ်မရွေးအမျိုးသားရော၊ အမျိုူးသမီးမှာပါ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာမစွမ်းဆောင်နိုင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ မကြာသေးမီကလေ့လာမှုတစ်ခုက၁၀ ယောက်မှာ ၄ယောက်သော အသက်၄၅နှစ်အထက် အမျိုးသားတွေဟာလိင်စိတ်ပျောက်ဆုံးတတ်ပါတယ်။ အသက် ၁၈နှစ်ကနေ ၅၉နှစ်ကြားအမျိုးသမီးတွေမှာတော့ သုံးပုံမှာတစ်ပုံဟာလိင်စိတ်လျော့နည်းခြင်းကိုခံစားနေကြရပါတယ်။ တကယ်လို့ လိင်စိတ်ကျဆင်းခြင်းဟာအချိန်အကြာကြီး ကြာမြင့်မယ်ဆိုရင် (သို့) ခဏခဏပြန်ဖြစ်နေမယ်ဆိုရင် လိင်ဆက်ဆံဖက် နှစ်ဦးလုံးအတွက် သူတို့ရဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ ဘာလို့ လိင်စိတ်လျော့နည်းတာလဲ။ လိင်စိတ်ပျောက်ဆုံးခြင်းဟာအကြောင်းအရာများစွာကြောင့် ဖြစ်ပွားတတ်ပါတယ်။ ယောက်ျားဟော်မုန်းနည်းပါးခြင်း - ဒီဟော်မုန်းဟာသင့်ရဲ့ လိင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အဓိကဟော်မုန်းဖြစ်ပါတယ်။ တကယ်လို့ ကျဆင်းနေပြီဆိုရင်တော့ သင့်လိင်စိတ်လဲကျလာတာပါပဲ။ အသက်ကြီးလာတာနဲ့ အမျှ ယောက်ျားဟော်မုန်းပမာဏဟာလည်းကျဆင်းလာပါတယ်။ ဒါ့ကြောင့် သင့်လိင်စိတ်ကျဆင်းခြင်းဟာအသက်ကြီးလာမှုနဲ့လည်းသက်ဆိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားသောဆေးများ - အချို့ဆေးတွေဟာဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သင့်ရဲ့ ယောက်ျားဟော်မုန်းပမာဏကိုကျဆင်းစေပါတယ်။ ရုတ်တရက် ကျဆင်းမှုကြောင့် သင့်လိင်စိတ်ကိုမထင်မှတ်ပဲကျဆင်းမှုကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်အထွတ်အထိပ် ရောက်တဲ့အခါ သင့်ခန္ဓါကိုယ်မှာ ဘာတွေဖြစ်လာတာလဲ။

လိင်ဆက်ဆံရခြင်းရဲ့ အကြောင်းရင်းရာတွေဟာအင်မတန်များပြားပြီးရှုပ်ထွေးသော်လည်းလိင်စိတ်အထွတ်အထိပ်ရောက်မှုဟာယေဘုယျအားဖြင့် အဓိကပန်းတိုင်ဖြစ်ပါတယ်။ လူတစ်ယောက်ချင်းစီဟာကွဲပြားခြားနားစွာဖြစ်တည်နေတဲ့အတွက် လိင်စိတ်အထွတ်အထိပ်ရောက်မှုကိုစာတစ်ကြောင်းတည်းနဲ့ ဖေါ်ပြဖို့ မဖြစ်နိုင်ပါဘူး။ လူအတော်များများသဘောတူတဲ့ အချက်ကတော့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဟာ ပြင်းထန်သော်လည်းသာယာဖွယ်ဖြစ်တဲ့ အတွေ့အကြုံဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဆိုတာဘာလဲ။ သံသယရှိခဲ့ရင် အဘိဓ္ဓါန်ကိုဖွင့်ကြည့်လိုက်ပါ။ Oxford အဘိဓါန်ကတော့ လိင်စိတ်အထွတ်အထိပ်ခြင်းကိုရုတ်တရက် တုန်ခါ၊ ကျုံ့၊ တက်တဲ့ လှုပ်ရှားမှု၊ ရုတ်တရက်တက်လာတဲ့ ရာဂနှိုးဆွမှု တစ်ခုဖြစ်ပါတယ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။Merriam-Websterအဘိဓ္ဓါန်ကတော့ ဒီလိင်အတွေ့အကြုံကိုပိုအသေးစိတ်ဖေါ်ပြထားပါတယ်။ အမျိုးသားတွေမှာသုတ်ပိုးလွှတ်ခြင်းနဲ့ အမျိုးသမီးတွေမှာမိန်းမကိုယ်ကျုံ့ခြင်းတို့နဲ့အတူ ဖြစ်ပေါ်လာတဲ့ လိင်စိတ်အထွတ်အထိပ် အရောက်မှာအာရုံကြောနဲ့ကြွက်သားဆိုင်ရာအရည်များပေါက်ထွက်ထားခြင်းလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လူအတော်များများကတော့ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ဘာတွေလိုအပ်လဲဆိုတာသိကြပါတယ်။ ဒါပေမယ့် အချိ့သူတွေမှာလိင်စိတ်အထွတ်အထိပ်မရောက်နိုင်တာ၊ ဒီလိုတုံ့ပြန်မှုကိုဘာကြောင့်ဖြစ်တယ်ဆိုတာ၊ နဲ့ ဒီအတွေ့အကြုံဖြတ်သန်းရရင် ခန္ဒါကိုယ်မှာဘာတွေဖြစ်တယ်ဆိုတာကိုတော့ မသိကြပါဘူး။ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ခန္ဓါကိုယ်ရဲ့ တုန့်ပြန်မှုအဆင့် သုံးခု ၎င်းလှုပ်ရှားမှုတွေမှာပါဝင်ဆောင်ရွက်တဲ့အခါ (ထိုးသွင်းတဲ့ လိင်ဆက်ဆံမှု၊ တစ်ကိုယ်ရည် ဆန္ဒဖြေဖျောက်ခြင်းနဲ့ လိင်မဆက်ဆံခင် လှုံ့ဆော်မှု)ဖြစ်ပေါ်လာတဲ့ အစီအစဉ်ကျတဲ့ အဖြစ်အပျက်တွေ” လို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပိုမိုသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဘဝအတွက် အမူအကျင့်များ

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်သူချင်းဆက်ဆံမှုတွေမှာတောင် ချစ်သူတွေဟာ “scripted sex” လို့ ခေါ်တဲ့ ပုံမှန်လိင် ဆက်ဆံနေကျ ပျင်းစရာကောင်းတဲ့ လုပ်ရိုးလုပ်စဉ်ကိုအဖန်တလဲလဲ ပြုလုပ်နေကြပါတယ်။ ဒီလိုပျင်းစရာကောင်းတဲ့ လိင်ဆက်ဆံမှုတွေဟာလက်ထပ်ပြီး နှစ်နှစ်ကနေသုံးနှစ်ကျော် ကြာရင်ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာတော့ လက်ထပ်ပြီးလပိုင်းလောက်ကြာတာနဲ့ စတင်ဖြစ်တတ်ပါတယ်။ ဒီလိုသင့်ရဲ့လိင်မှုဘဝဟာပျင်းစရာကောင်းပြီးခန့်မှန်းနိုင်နေပြီဆိုရင်တော့ ပင်ကိုသဘာဝကျတဲ့ အသစ်အဆန်းတစ်မျိုးမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ရောသင့်ချစ်သူကိုပါ အသစ်အသစ်သောခံစားမှုတွေကိုခံစားရစေမှာပါ။ ပျင်းရိငြီးငွေ့ဖွယ် လိင်ဆက်ဆံမှုကစပြီးလိင်ဆက်ဆံမှုနည်းပါးသွားမယ့်အစားအောက်ဖေါ်ပြပါ ကျန်းမာပျော်ရွှင်စေတဲ့ အလေ့အကျင့်တို့ကိုလုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်းများများပြုလုပ်ပါ တကယ်လို့သင်ဟာသွေးပူချင်တယ်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုကို မြှင့်တင်သင့်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာအမျိုးသားရောအမျိုးသမီးတွေကိုပါ သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံရင် သာယာမှုပိုမိုရရှိစေပြီးလိင်စိတ်နိုးကြွစေပါတယ်။ လိင်အင်္ဂါတွေကိုသွားတဲ့ သွေးလည်ပတ်မှုကို မြှင့်တင် ပေးခြင်းအားဖြင့် လိင်စိတ်မြင့်မားစေတာဖြစ်ပါတယ်။ အားကစားကြောင့် လိင်နဲ့ ပတ်သတ်တဲ့ ဟော်မုန်းတွေ သင့်ခန္ဓါကိုယ်အတွင်းများပြားလာခြင်းဟာလည်းသင့်ကိုစိတ်ကြည်လင်စေပြီးအားအင်ပိုမိုရရှိစေပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင်ခန္ဓါကိုယ်ကိုပိုမို ကြည့်ကောင်းလာစေပြီးဆွဲဆောင်မှုလည်းရှိစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အသီးအရွက်တွေကိုစားသုံးခြင်းဟာလည်းသင့်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အပြာကား အကြည့်များရင် အမျိုးသမီးတွေ ကွာရှင်းနိုင်ခြေပိုများတယ်ဆိုတာ

အပြာကား တွေ သို့မဟုတ် ညစ်ညမ်းရုပ်ရှင်တွေဟာ ယနေ့လို အင်တာနက်ကို လူတိုင်းလက်လှမ်းမီတဲ့ အချိန်အခါမှာတော့ ကျား/မ မရွေး ကြည့်ရှုဖို့ ခက်ခဲတဲ့ အရာတစ်ခုမဟုတ်တော့ပါဘူး။ လေ့လာချက်တစ်ခုက ညစ်ညမ်းခွေ အပြာကား ကြည့်ခြင်းဟာအိမ်ထောင်ကွာရှင်းလိုသူအရေအတွက်ကို နှစ်ဆတိုးစေတယ်လို့ ဖေါ်ပြထားပါတယ်။ ညစ်ညမ်းရုပ်ရှင်ဟာ ရုပ်ရှင်လောကမှာ အငြင်းပွားအလွယ်ဆုံးကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို ထောက်ခံတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုလေ့လာမှုအသစ်တစ်ခုက အပြာကားတွေဟာ လူတွေကို အထူးသဖြင့် အိမ်ထောင်ရှင်တွေကို ဝေးကွာစေပါတယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အိမ်ထောင်ရှင်တွေအနက် အပြာကားကြည့်သူတွေဟာ မကြည့်သူတွေထက် အိမ်ထောင်ကွာရှင်းမှု နှစ်ဆပိုမို ဖြစ်ပေါ်နိုင်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာ American Sociological Association မှာ ပြသခဲ့တဲ့ လေ့လာချက်တစ်ခုအရ ဒီလိုပဲအပြာကားကြည့်တဲ့ အမျိုးသမီးတွေဟာ ကွာရှင်းဖို့ သုံးဆပိုမိုဖြစ်နိုင်ပါတယ်။ သို့သော်လည်း အမျိုးသားရောအမျိုးသမီးပါ အတူကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအပေါ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။

သင့်ဘဝ တလျှောက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် အိပ်စက်ခြင်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ လုံလောက်တဲ့ နားနေချိန်တွေဟာ မိမိကို စိတ်ချမ်းသာစေရုံသာမက သင့်ချစ်သူပေါ်မှာလည်း အကောင်းမြင်စိတ်တွေ ပိုမို ဖြစ်ထွန်းစေနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုဟာ သင့်ကို လန်းဆန်းတက်ကြွ အားအင်ပြည့်စေတယ် ဆိုတာတော့ အားလုံးသိပြီးကြမှာပါ။ ဒီလိုပဲ ဒါဟာ သင့်ရဲ့ တုံ့ပြန်မှုနဲ့ သင်တို့နှစ်ယောက် ပတ်သက် ဆက်နွယ်မှုတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှု ရှိကြပါတယ်။ လို့ သုတေသီတွေက ရှာဖွေတွေ့ရှိထားပါတယ်။ အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။ အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှု […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် နေနိုင်သလား

သိပ္ပံပညာရှင် များက စောစောပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသော အမျိုးသားများ၏ သုက်ရည်ထဲ၌လအနည်းငယ်သာ အသက်ရှင်နိုင်သည်ဟု တွေးထင်ခဲ့ကြသည်။ ယခုအခါတွင်မူ Lancet Global Health စာစောင်တွင် ဖော်ပြခဲ့သော လေ့လာမှုအသစ်တစ်ခုက သေဆုံးမှုမြင့်မားသော ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲ၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုမိုကြာရှည်စွာနေနိုင်သည်ဟု ဖော်ပြခဲ့ပါသည်။   (၁)လေ့လာမှုအသစ်ပါဖော်ပြချက် လိုင်ဘီးရီးယား အမျိုးသားကျန်းမာရေး စစ်ဆေးမှုတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသား ၄၄၆ ဦး၏ သုက်ရည်တို့ကိုလေ့လာခဲ့ကြသည်။ ထိုအထဲမှ ၃၈ ဦးသည် ရောဂါသက်သာပြီး အနည်းဆုံး ၁နှစ်ကြာအထိ သုက်ရည်ထဲတွင် အီဘိုလာပိုးရှိနေသည်ကို တွေ့ရသည်။ မှတ်တမ်းများအရ အများစုမှာ အသက် ၄၀ ကျော် အမျိုးသားများ ဖြစ်ကြသည်။ အံ့အားသင့်စရာမှာ အမျိုးသားတစ်ဦးသည် ရောဂါလုံးဝပြန်လည်ကောင်းမွန်ပြီး ၅၆၅ ရက်ကြာအထိ သူ၏ သုက်ရည်ထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေခြင်းဖြစ်သည်။ ထိုတွေ့ရှိချက်မတိုင်မီက ဗိုင်းရပ်စ်ပိုးသည် ရောဂါသက်သာပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်မှုအတွက် ဖြေရှင်းနည်းများ

လိင်မှုကိစ္စသည်လက်ထပ်ခြင်းတွင်အလွန်အရေးပါသည်။ ခင်ပွန်းနှင့်ဇနီး သည်ကြား မျှဝေခံစားခြင်း ဖြစ်သကဲ့သို့အခြားသူများနှင့်မတူသော နှစ်ဦးကြား နက်ရှိုင်းသည့်ပတ်သက်မှုလည်းဖြစ်သည်။ သို့သော်လည်း အချို့စုံတွဲများသည် လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကို တွေ့ရသည်။ အကြောင်းမှာလိင်ဆက်ဆံနေစဉ် လွန်စွာနာကျင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့်ထိုအခက်အခဲအတွက် ဖြေရှင်းနည်းများကိုရှာဖွေနေပါက ဤဆောင်းပါးကိုဖတ်ရှုပါ။   လိင်ဆက်ဆံစဉ်နာကျင်ရသောအကြောင်းရင်းများ ချောမွေ့မှုမရှိခြင်း အချို့အမျိုးသမီးများ၏မွေးလမ်းကြောင်းသည် ခြောက်သွေ့နေတတ်သည့်အတွက်လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကိုတွေ့ရမည်။ ချောမွေ့မှုမရှိပါက လိင်ဆက်ဆံမှုပြုရာတွင်နာကျင်နိုင်ပါသည်။   စိတ်ဖိစီးမှုများ လုပ်ငန်းခွင် အခက်အခဲပေါင်းများစွာက သင့်ကိုစိတ်ဖိစီးစေသည်။ အိပ်ယာဝင်ချိန်အထိပင်ပန်းနွမ်းနယ်စေသည်။ ထိုကဲ့သို့သောသူများတွင်လိင်မှုရေးရာ၌ပျော်ရွှင်သာယာမှုရရန်ခက်ခဲသည့်အပြင်တစ်ခါတရံနာကျင်ခြင်းကိုပါခံစားရတတ်သည်။   လိင်အဂါၤကူးစက်ရောဂါများ လိင်အင်္ဂါတွင်ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်။( ဥပမာ - လိင်အင်္ဂါရေယုန်၊ ထရိုင်ခိုမိုနာ ရောဂါ ) ထိုရောဂါများသည်အမျိုးသမီးအင်္ဂါစပ်နှင့်မွေးလမ်းကြောင်းတို့ကိုနာကျင် ရောင်ရမ်းစေသည့်အတွက် လိင်ဆက်ဆံရာတွင် အဆင်မချောခြင်း၊ နာကျင်ခြင်းတို့ကိုဖြစ်စေသည်။   Endometriosis (သားအိမ်ဆဲလ်များ သားအိမ်ပြင်ပရောက်နေသော ရောဂါ) ဟုခေါ်သည့်မီးယပ်ရောဂါ ပုံမှန်အားဖြင့်သားအိမ်အတွင်းရှိသောဆဲလ်များသည် သားအိမ်ပြင်ပအခြား နေရာများသို့ရောက်ရှိပါက Endometriosis ရောဂါကိုခံစားရသည်။ အမျိုးသမီးများ၏ ၇ ရာခိုင်နှုန်း ခန့်တွင်ထိုရောဂါကိုတွေ့ရတတ်ပြီး လိင်ဆက်ဆံရာတွင်နာကျင်ခြင်းကိုဖြစ်စေတတ်ပါသည်။   မီးယပ်သွေးဆုံးအခြေအနေ မီးယပ်သွေးဆုံးခါနီး(သို့မဟုတ်)သွေးဆုံးပြီးချိန်များတွင်ဟော်မုန်းဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်သည့်အတွက်ထိုအချိန်များတွင်လိင်ဆက်ဆံမှုပြုပါကနာကျင်စေတတ်ပါသည်။   နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (IBS ) နာတာရှည် အူလမ်းကြောင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ပတ်လျှင် တစ်ကြိမ်မျှသာ လိင်မှုကိစ္စပြုသူများသည် အပျော်ရွှင်ဆုံးစုံတွဲများဖြစ်ကြသည်

လူအများစုအတွက် လိင်ကိစ္စသည်နှစ်ဦးသားဆက်ဆံရေး၏ သော့ချက်ဖြစ်သဖြင့်လိင်ကိစ္စမကြာခဏပြုသူများသည် ပျော်ရွှင်သောစုံတွဲများဖြစ်လာကြသည်ဟု ထင်ကြသည်။ သို့သော်လည်း ထိုအချင်းအရာသည် အလုံးစုံ မှန်နေသည်မဟုတ်ပါ။ ချစ်ခြင်းမေတ္တာကလည်းအရေးကြီးပါသေးသည်။ ထို့ကြောင့်လိင်မှုကိစ္စသည် များတိုင်းကောင်းသည် ဟုတော့မဆိုနိုင်ပါ။ (၁)လိင်မှုကိစ္စနှင့်ပတ်သက်သောအတွေးအမြင်သစ် လေ့လာမှုအသစ်တစ်ခုကအပျော်ရွှင်ဆုံးစုံတွဲများသည်တစ်ပတ်လျှင် တစ်ကြိမ်သာလိင်ဆက်ဆံသည်ဟုဆိုသည်။ ထိုလေ့လာမှုတွင်အမေရိကန်လူမျိုးသုံးသောင်းကျော်ကိုနှစ် ၃၀ ကျော်ကြာမျှမေးခွန်းများပြုလုပ်ခဲ့သည်။ မကြာခဏလိင်ဆက်ဆံခြင်းကပျော်ရွှင်မှုကိုဖြစ်စေသည် ဆိုခြင်းမှာ တစ်ပတ်လျှင်တစ်ကြိမ်ခန့်အထိသာဖြစ်ပါတယ်။ ထို့ထက်စိပ်သော လိင်ဆက်ဆံမှုသည်နေထိုင်ကောင်းမှုနှင့်စိတ်ကျေနပ်မှုကိုမပေးစွမ်းနိုင်ပါ။ ထို့ကြောင့်စုံတွဲများအနေဖြင့်လိင်ဆက်ဆံမှုပြုနိုင်သမျှပြုရန်မလိုအပ်ပါ။ လိင်မှုကိစ္စသည်အရေးပါသည်မှန်သော်လည်းလက်တွေ့တွေ့ရှိချက်များ နှင့်လည်းချိန်ထိုးစဉ်းစားရန်လိုအပ်ပါသည်။   (၂)မှားယွင်းနေသော လိင်နောက်ခံဒဏ္ဍာရီပုံပြင်များ အမျိုးသားများသည် လိင်နှင့်ပတ်သက်လျှင်ဆန္ဒပြင်းပြပြီး ငယ်ရွယ်သူများက အသက်ကြီးသူများထက် ပို၍စိတ်ဆန္ဒရှိကြသည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း လေ့လာမှုအရ မတူညီသော အသက်အရွယ်၊ ကျား/မ၊ လက်တွဲခဲ့သောကြာချိန်တို့ပေါ် မူတည်၍ လိင်ကိစ္စသည်ကွဲပြားမှုမရှိပါဟုဆိုသည်။ အမျိုးသား/အမျိုးသမီး ဖြစ်စေ လူငယ်/လူကြီးဖြစ်စေ ၊ဘယ်အချိန်က လက်ထပ်ထားသောသောစုံတွဲဖြစ်စေ အားလုံး အတူတူပင်ဖြစ်သည်ဟုဆိုသည်။   (၃)လိင်ဆက်ဆံမှုများလေ ပိုမိုပျော်ရွှင်လေဟုမဆိုနိုင်ပါ လေ့လာမှုကစုံတွဲများကို တစ်ဦးနှင့်တစ်ဦးကြည်ဖြူငြိမ်းချမ်းရေးအတွက် ကူညီပေးခဲ့သည်။ ကျွန်ုပ်တို့သိပြီးဖြစ်သည့်အတိုင်း လိင်ဆက်ဆံခြင်းသည် တစ်ဦးနှင့်တစ်ဦးပိုမိုနီးကပ်စေခြင်း၊ တွယ်တာစေခြင်း အပြင်မိမိ၏လက်တွဲဖော်က မိမိအပေါ် အလိုရှိကြောင်း ပြသခြင်းတစ်မျိုးလည်းဖြစ်သည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း