ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။

အိပ်ခန်းထဲမှာ သုက်အလွှတ်မြန်လို့ ရှက်ရွံ့မှုကို ခံစားနေရပါသလား။ ဒါကို အချိန်မတိုင်မီ သုက်လွှတ်ခြင်း သို့မဟုတ် သုက်လွှတ်စောခြင်း လို့ ခေါ်ပါတယ်။ သုက်လွှတ်စောခြင်း ဘာကြောင့်ဖြစ်တာလဲ။ လှုံ့ဆော်မှု လွန်ကဲတဲ့အခါ အချိန်မတိုင်မီ သုက်လွှတ်ခြင်း အဖြစ်များပါတယ်။ ဒါပေမယ့် အချိန်မတိုင်မီ သုက်လွှတ်တတ်တဲ့ လူတွေဟာ လှုံ့ဆော်မှု အနည်းငယ်နဲ့တောင်မှ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါဟာ စိတ်ကျေနပ်ဖွယ်မကောင်းတဲ့ လိင်ဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး နှစ်ဖက်လုံး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေကို စိတ်ခံစားမှုတွေက ပိုမိုဆိုးဝါးစေပါတယ်။ စိတ်ပူပန်မှု၊ အပြစ်တင်မှု၊ စိတ်ကျမှုတွေဟာ ဒါကို ပိုဆိုးစေပါတယ်။ သုက်လွှတ်စောခြင်းက အမျိုးသားတွေအတွက် အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါက အမျိုးသားတွေရဲ့ ဘဝတလျှောက်မှာ တစ်ချိန်ချိန်မှာ ကြံရနိုင်ပေမယ့် အမျိုးသားတွေဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လိင်ဆက်ဆံစဉ်မှာ သုက်လွှတ်စောခြင်း ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဘ၀ စိတ်လှုပ်ရှားစရာပိုကောင်းစေလာမယ့် နည်းသုံးနည်း

၁။ အိမ်မှာရှိတဲ့အိပ်ရာအပြင် အခြားနေရာအနှံ့အပြား အမျိုးသမီးအများစုဟာ သက်တောင့်သက်သာ ဖြစ်ပြီး ဇိမ်ကျတာကြောင့် အိပ်ရာပေါ်မှာ လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တခြား စကားနဲ့ ပြောရရင် လူတိုင်းကတော့ မီးဖို၊ ဧည့်ခန်းနဲ့ ရေချိုးခန်းတွေမှာ လိင်ဆက်ဆံခြင်းကို မကြိုက်နှစ်သက်ကြပါဘူး။ ဒါဟာ အိပ်ရာထဲမှာ လိင်ဆက်ဆံခြင်းဟာ ပျင်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လိင်ဆွဲဆောင်မှုရှိတဲ့ ညဝတ်အင်္ကျီဝတ်ပြီး သော်လည်းကောင်း လိင်ပိုင်းဆိုင်ရာ အရုပ်တွေ အသုံးပြုခြင်းနဲ့သော်လည်းကောင်း အရာရာကို အရှိန်မြှင့်တင်နိုင်ပါတယ်။ သင်ဟာ စွန့်စားမှုတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသား (သို့) အမျိုးသမီးတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် (သို့) အသစ်အဆန်းတစ်ခုကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အိပ်ရာမဟုတ်တဲ့ အခြားနေရာတွေမှာ လိင်ဆက်ဆံကြည့်ဖို့ မရှက်ပါနဲ့။ လှေကားထစ်တွေပေါ်မှာ (သို့) မီးဖိုကြမ်းပြင်ပေါ်မှာ လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ လိင်မှုဘဝကို ပိုမိုလေးနက်စေပါတယ်။   ၂။ သင့်ကိုယ်ခန္ဓါ အကြောင်း ကလေးမွေးပြီးရင် စုံတွဲတွေဟာ လိင်ဆက်ဆံဖို့ကို တွန့်သွားတတ်ကြပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သုက်ဟာ ဘာအရသာရှိသလဲ။

သုက်ပိုးဟာ အမျိုးသားတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီးတော့ ကလေးရရှိဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သုက်ဟာ ဘာအရသာရှိသလဲ။ လို့ တွေးတောဖူးပါသလား။ အဖြေကတော့ အချို့အရာတွေက အရသာအပေါ် အကျိုးသက်ရောက်မှု ရှိတဲ့အတွက် လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်ပါတယ်။ အဲဒီအရာတွေထဲမှာတော့ သင်စားတဲ့အစားအသောက်ဟာ သုက်ပိုးရဲ့ အရသာကို အကျိုးသက်ရောက်မှု ရှိပါတယ်။ သုက်ဟာ ဘာအရသာရှိသလဲ။ သုက်ဟာ ဘာအရသာရှိသလဲ။ သုက်ပိုးရဲ့အရသာဟာ သုက်မှာပါဝင်တဲ့ ပစ္စည်းတွေပေါ်မှာ မူတည်ပါတယ်။ သုက်မှာ ရေ၉၆% နဲ့ သုက်ကောင် ၂% ပါဝင်ပါတယ်။ ကျန်တဲ့ ၂% ကတော့ သုက်ကောင်တွေကို အာဟာရဖြစ်စေတဲ့ Fractose၊ သုက်ပိုးတွေကို မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ်ရှိတဲ့ ပတ်ဝန်းကျင်ကနေ ကာကွယ်ပေးတဲ့ sodium bicarbonate၊ သုက်ပိုးတွေကို ပိုကျန်းမာစေတဲ့ vitamin […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား

ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ...... သုက်ပိုးတွေဟာ လူအချို့အတွက် ရမ္မက် နှိုးဆွဖွယ် ဖြစ်ပေမယ့် ကျန်တဲ့သူတွေအတွက်တော့ ရွံစရာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေထဲမှာ လိင်ဆက်ဆံစဉ်မှာ လိင်ဆက်ဆံဖက်ရဲ့ မျက်နှာပေါ် (သို့) ပါးစပ်ထဲကို သုက်လွှတ်ခြင်းလည်း ပါဝင်ပါတယ်။ လိင်ဆက်ဆံသူဟာ သူ့ရဲ့ သုက်ပိုးတွေကို အကုန်ထွက်သွားပြီး အကုန်ပြန်ယူသွားတာကို လိုချင်တာဖြစ်ပါတယ်။ ဒီလိုရွေးချယ်မှုကတော့ လူပေါ်မူတည်ပါတယ်။ သို့သော်လည်း လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနဲ့ လိင်ဆက်ဆံဖက်နဲ့ နားလည်မှုရှိခြင်းအားဖြင့် သုက်ပိုး မျိုချမှုနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ရှာဖွေနိုင်ပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ဆိုတော့ သုက်ရည်တွေကို မျိုချနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမလုပ်ခင် သင်ရော လိင်ဆက်ဆံသူပါ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ မရှိဖို့ အရေးကြီးပါတယ်။ ဘယ်သူမှ မစစ်ဆေးထားရသေးရင်တာ့ အကာအကွယ်သုံးသင့်ပါတယ်။ သုက်ရည်ဆို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ

စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ ဆိုတာလည်း အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ပါ သိထားသင့်တဲ့ အချက်တွေပါပဲ။ လေ့လာချက်တစ်ခုအရ အမျိုးသားချင်း လိင်ဆက်ဆံသူများရဲ့ ၉၀ ရာခိုင်နှုန်းနှင့် လိင်စိတ်နိုးကြွတဲ့ အမျိုးသမီးများရဲ့ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဟာ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။   စအိုမှ လိင်ဆက်ဆံ ခြင်းဆိုတာ ဘာလဲ အမျိုးသားရဲ့ လိင်တံကို စအိုထဲ ထိုးသွင်းပြီး ဆက်ဆံတာကို ခေါ်တာပါ။ စအိုဆိုတာ အာရုံကြောများ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုဆက်ဆံမှုပုံစံဟာ ကျန်းမာရေးအရ ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။ စအိုဟာ အဆက်ဆံခံရသူအတွက် လိင်မှုဆိုင်ရာ ခံစားမှုတွေ ပေးနိုင်တဲ့နေရာဖြစ်သလို၊ ထိုးသွင်းဆက်ဆံသူအတွက်လည်း တင်းကြပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ တချို့သောလူတွေအတွက် စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ အဆင်ပြေတယ်ဆိုပေမယ့် သေသေချာချာ ဂရုစိုက်ရမယ့်အချက်တွေလည်း ရှိပါတယ်။   စအိုမှ လိင်ဆက်ဆံ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မကြာခဏလိင်ဆက်ဆံခြင်းက ဆိုးသလား

လိင်ဆက်ဆံခြင်းဟာ လူ့ဘဝရဲ့ ရှောင်လွှဲမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးအပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများရဲ့ ရှုထောင့်အတော်များများကို တိုးတက်စေပါတယ်။ လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ပျော်ရွှင်စေတယ်လို့ ပြောကြပေမယ့် တခြားလေးနက်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံခြင်းရဲ့ အကျိုးသက်ရောက်မှုအကြောင်း အပိုပြောကြတာတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ကောင်းပါတယ်။ ၁.လိင်ဆက်ဆံမှုလွန်ကဲခြင်းဟာ နှလုံးရပ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါဟာ အဖြစ်မများပေမယ့် အချို့လူတွေမှာ လိင်ဆက်ဆံစဉ် နှလုံးနာကျဉ်ခြင်းကို ခံစားရတတ်ပါတယ်။ လူအများစုအတွက်ကတော့ လိင်ဆက်ဆံခြင်းဟာ နှလုံးသွေးကြောအတွက် ကောင်းမွန်တယ်လို့ ပြောကြပေမယ့် နှလုံးရောဂါ အခံရှိသူတွေကတော့ သတိပြုသင့်ပါတယ်။ ၂.မောပန်းခြင်းဆိုတာဟာ လိင်ဆက်ဆံမှု လွန်ကဲခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ လိင်ဆက်ဆံမှု လွန်ကဲခြင်းဟာ ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ အလုပ်အပါအဝင် သင့်ဘဝကို လွှမ်းမိုးနိုင်ပါတယ်။ ပင်ပန်းခြင်းကြောင့် သင်အလုပ်ကို ကောင်းကောင်းလုပ်ဖို့နဲ့ လိုအပ်ချက်တွေ အကုန်ပြည့်စုံဖို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ..... လိင်ဆက်ဆံခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ ဒါပေမယ့်လည်း လိင်ဆက်ဆံမှုအကြိမ် အရေအတွက် များလွန်းခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုထိခိုက်စေနိုင်သလဲဆိုရင် အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ..... ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ သွေးခြည်ဥခြင်းနှင့် ပွန်းပဲ့ဒဏ်ရာများ အဝတ်နဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်ချင်း ပွတ်တိုက်မှုတွေကြောင့် သွေးခြည်ဥတာတွေ၊ အမှတ်အသားတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါဟာ လိင်ဆက်ဆံထားတဲ့၊ ပြောရရင် ပြင်းပြင်းလေး ဆက်ဆံထားတဲ့ လက္ခဏာတွေပါပဲ။ ပွန်းပဲ့မှုများကတော့ ပိုပြီး ထင်သာမြင်သာ ပါတယ်။ အဲဒါတွေကြောင့် တချို့သော လိင်ဆက်ဆံမှုပုံစံတွေမှာ မသက်မသာ ဖြစ်စေပြီးသတိထားမိတဲ့အချိန်မှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုသွေးခြည်ဥခြင်း၊ ပွန်းပဲ့ခြင်းများ ဖြစ်စေတဲ့ ပုံစံမျိုးတွေနဲ့ မဆက်ဆံတာကတော့ အကောင်းဆုံးပါပဲ။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍အမျိုးသားများသိထားသင့်သော အချက်(၇)ချက်

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍ အမျိုးသားများသိထားသင့်သော အချက် (၇)ချက် မိခင်မှပေးထားသော သဘာဝတရားမှလွဲ၍ လိင်မှုကိစ္စသည် သင်ထင်သည်ထက် ကျန်းမာရေးနှင့်ပျော်ရွှင်မှုရလဒ်များ ပိုမိုရရှိစေသည်။ အသက်အရွယ်ကြီးမှ လိင်ဆက်ဆံခြင်းသည် သင့်ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းမကောင်းသိပါသလား။ သို့မဟုတ်အမျိုးသမီးများသည် အမျိုးသားများထက် ဆန္ဒပိုပြင်းပြပါသလား။ လိင်ကိစ္စနှင့်ပတ်သက်၍ တစ်ခုတည်းသောပြဿနာမှာ ဤအကြောင်းအရာနှင့်ပတ်သက်၍ သိပ်မပြောချင်ကြခြင်းဖြစ်သည်။ မပြောအပ်မလုပ်အပ်သောခေါင်းစဉ်သည် ကျွန်ုပ်တို့ဤစကားလုံးကို ဖွင့်ဟပြောရုံမျှဖြင့် ရှက်ကြောက်အောင်ပြုလုပ်ထားပါသည်။ အောက်ပါအံသြဖွယ်အချက်များက သင့်ကိုလိင်မှုကိစ္စတွင် အဆင်ပြေအောင်လုပ်ပေးပါမည်။ ထို့ကြောင့်ကျွန်ုပ်တု့ိ လိင်ပိုင်းဆိုင်ရာပညာပေးခြင်းနှင့် လိင်ကိစ္စနှင့်ပတ်သက်၍ လူတိုင်းသိထားသင့်သောအချက်(၇)ချက်ကို သိပ္ပံနည်းအရ အရေးပေးဖော်ပြပါမည်။ ဖော်ပြပါလူမှုရေးဆိုင်ရာ အမူအကျင့်များ မြင့်တင်ပေးခြင်းဖြင့် သင်သည်ကျွန်ုပ်တို့အားလုံးရင်းနှီးသော ဤအပြုအမူနှင့်ဆိုင်သော အသစ်အဆန်းကို သင်ယူမိပါလိမ့်မည်။   (၁) အမျိုးသမီးများသည်အမျိုးသားများကဲ့သို့ လိင်မှုကိစ္စကိုအလိုရှိပါသည်။ ၎င်းသည်ကျွန်ုပ်တို့အတွက်အံ့သြစရာမဟုတ်ပါ။ အမျိုးသမီးမျာသည်လည်း ဆန္ဒရှိကြပါသည်။ အမှန်တွင်ကြာရှည်စွာ တွဲလာသော အမျိုးသားများသည် သူတု့ိအမျိုးသမီးအဖော်၏ ကာမဆန္ဒအတိုင်းအတာပေါ်တွင် အလွန်အထင်သေးကြသည်။ ယူဆချက်တစ်ခုမှာ ကာမဆန္ဒနည်းသော အမျိုးသမီးအဖော်ကို စွန့်လွှတ်နိုင်ချေရှိသည်ဟု ပြောခြင်းကို ၁၀၀ရာခိုင်နှုန်းသဘောတူညီကြောင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ဆိုသည်မှာ ဘာလဲ။

အကယ်၍သင်သည် အိပ်ပျော်နေစဉ်လိင်ဆက်ဆံနေလျှင် သင့်တွင်အိပ်ပျော်စဉ်လိင်ဆက်ဆံခြင်းပြဿနာ (sexsomnia) ရှိနိုင်သည်။ ဤဆောင်းပါးမှ ဤရောဂါနှင့်ပတ်သက်၍ သိသင့်သည်များကိုဖော်ပြပါမည်။ လူအတော်များများသည် အိပ်နေရင်းလမ်းလျှောက်ခြင်းကို ရင်းနှီးကြပါသည်။ သို့သော်အိပ်ပျော်နေစဉ်လိင်ဆက်ဆံခြင်း (sexsomnia) ဖြစ်လျှင် အများစုသည်အံ့သြသွားကြသည်။ အိပ်နေရင်း လမ်းလျှောက်ခြင်းလိုပင် sexsomnia သည် အိပ်နေစဉ်တွင် လိင်ဆက်ဆံသည်ကိုတွေ့ရပါသည်။ ဤအကြောင်းသဘာ၀ sexsomnia ကို တွေ့ကြုံရသူများက မှားယွင်းစွာ နားလည် ကုသမိကြပါသည်။   အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း (sexsomnia)ဆိုသည်မှာဘာလဲ။ အိပ်နေရင်းလိင်ဆက်ဆံခြင်းဖြစ်သည်။ ၎င်းသည်NREM (အိပ်တဝက်နိုးတဝက်အခြေအနေ) ပုံစံမျိုးဖြစ်ကာ လူများကိုလိင်ဆက်ဆံသည့်အပြုအမူဖြစ်သည့် ပွတ်သပ်ခြင်း၊ လိင်အင်္ဂါကိုလက်နှင့်နှိုးဆွကာ ကာမဂုဏ်ခံစားခြင်း၊ လိင်ဆက်ဆံခြင်းနှင့် တစ်ခါတစ်ရံမုဒိမ်းကျင့်ခြင်း စသည်တို့ကိုအိပ်ပျော်နေစဉ် ပြုလုပ်မိစေပါသည်။ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းရှိသည့် လူတစ်ယောက်သည် လုံးဝနှစ်ခြိုက်စွာအိပ်ပျော်နေလျှင် ရှေ့ရက်ကဘာတွေဖြစ်ခဲ့သည်ကို မှတ်မိနိုင်မည်မဟုတ်ပေ။ အများဆုံးတွေ့ရသည်မှာ လူတစ်ဦးသည်တွေ့ကြုံခဲ့သော အဖြစ်အပျက်ကို သတိမရနိုင်(သို့) ငြင်းဆိုနေမည်ဖြစ်သည်။ ဘာတွေကအိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ကိုဖြစ်စေသလဲ။ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း အပါအဝင်အိပ်စက်ခြင်းဆိုင်ရာ ပြဿနာအများအပြားသည် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင်မသိရှိနိုင်တဲ့ ယောက်ျားလေးတွေရဲ့ လိင်စိတ်ဖြေဖျောက်ခြင်း နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးခု

လိင်စိတ်ဖြေဖျောက်ခြင်း ဆိုတာ ယောက်ျားလေးတိုင်း ကျွမ်းကျင်ကြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်၊၊ အောက်ဖော်ပြပါ လျှို့ဝှက်ချက်တွေကို သိရဲ့လားလို့ ကြည့်လိုက်ကြရအောင်။ အမျိုးသားတွေက ကိုယ့်ရဲ့ လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်ဟုတ်ရဲ့လားဆိုတာ တွေးတောတတ်ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတောင် ပုံမှန်ဟုတ်ခြင်းနဲ့ ပုံမှန်မဟုတ်ခြင်းကို တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မပေးနိုင်ပါဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ အမျိုးသားတွေကြားမှာ လိင်စိတ်ဖြေဖျောက်တဲ့ အကြိမ်အရေအတွက်နဲ့ ပြုလုပ်ပုံကွာခြားလို့ပဲ ဖြစ်ပါတယ်။ နောက်တစ်နည်းပြောရရင် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တဲ့အတွက် ပုံသေသတ်မှတ်ထားလို့မရပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကြိုက်တဲ့နေရာမှာ၊ ကြိုက်တဲ့အရာနဲ့ သူ့ဟာသူလိင်စိတ်ဖြေဖျောက်နိုင်ပါတယ်။ (၁) လိင်စိတ်ဖြေဖျောက်ခြင်း မှာ လိင်ဆက်ဆံခြင်းလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ မရှိပါဘူး။ ဟုတ်ပါတယ်။ လိင်ဆက်ဆံခြင်းကတော့ သွေးဖိအား၊ နှလုံးနဲ့ ဆီးကျိတ်စတာတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ အကျိုးပြုပါတယ်။ ဒါပေမယ့် လိင်အထွတ်အထိပ်ရောက်ခြင်းပုံစံအားလုံးကတော့ အကျိုးရရှိပုံခြင်းမတူပါဘူး။ တကယ်တော့ လိင်စိတ်ဖြေဖျောက်ခြင်း ဟာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)