အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ

    အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ

    အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ ဘာတွေကြောင့် ဖြစ်တာလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် ဆိုတာ အမြဲများနေတတ်တာပါ။ မဟုတ်ဘူးလား။ မဟုတ်ပါဘူး။ အမျိုးသားငါးယောက်မှာတစ်ယောက်ဟာလိင်စိတ်ကျဆင်းခြင်းကိုခံစားနေရပါတယ်။

    အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ

    ဆရာဝန်တွေကတောင်မှ အမျိုးသားတွေကိုအမြဲလိင်ဆက်ဆံချင်နေတဲ့ လိင်စက်ရုပ်တွေလို မြင်ကြပါတယ်လို့Pioneering sex researcher, Irwin Goldstein က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ ပြဿနာမဟုတ်ပါဘူးလို့ သူကဆက်ပြောပါတယ်။ ၂၀%သောအမျိုးသားတွေဟာ လိင်စိတ်လျော့နည်းလွန်းလို့ လိင်ဆက်ဆံတာကလွဲပြီးအကုန်လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်လို့သူဟာ WebMD မဂ္ဂဇင်းကိုပြောပါတယ်။

    အမျိုးသားငါးယောက်မှာတစ်ယောက်ကလိင်စိတ်လျော့နည်းတယ်၊ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဆိုဘာလို့များမကြားဖူးရတာလဲ။ တကယ်တော့ အမျိုးသမီးတော်တော်များများဟာယောက်ျားတွေရဲ့ ဒီညတော့ အဆင်မပြေဘူးဆိုတာမျိုးကို ကြားဖူးပေမယ့် သူတို့ကဒါဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေလို့ ထင်ကြတာပါ။ တကယ်တော့ ၃၀% သောအမျိုးသမီးတွေဟာသူတို့ဟာသူတို့ အမျိုးသားတွေထက် လိင်စိတ်ပိုမိုများပြားတယ်လို့ ဝန်ခံခဲ့ ကြပါတယ်။

    လိင်စိတ်လျော့နည်းခြင်း အကြောင်းရင်း

    ဒါဆိုဘာလို့ လိင်စိတ်လျော့နည်းတာပါလဲ။ များပြားသောအသက်ကြီးသူတွေဟာလိင်ကိစ္စကိုအလွန်စိတ်ဝင်စားတတ်ပေမယ့် အသက်ကြီးလာခြင်းဟာလည်းအရေးကြီးတဲ့ အကြောင်းရင်းတစ်ခုပါပဲလို့ Goldstein က ပြောပါတယ်။ အခြားအရာတွေလိုပဲလိင်စိတ်ကလည်းပြောင်းလဲတတ်ပါတယ်။ အမျိုးသားအများစုကတော့ ပုံမှန်ပါပဲ။ အချို့ကတော့ လိင်ကိစ္စကိုအလွန်စွဲလမ်းတတ်ကြပါတယ်။ အခြားတစ်ဖက်မှာတော့လိင်စိတ်အလွန်နည်းတဲ့ အမျိုးသားတွေလည်းရှိပါတယ်။ ဒါဟာလိင်စိတ်လျော့နည်းမှုဆိုင်ရာရောဂါ (Hypoactive sexual desire drive) ခံစားနေရတဲ့ အမျိုးသားတွေ ဖြစ်ပါတယ်။

    အမျိုးသားတွေဟာအစွန်းနှစ်ဖက်လုံးမှာရှိပါတယ်လို့ Goldstein က ပြောပါတယ်။ ၂၅% လောက်အထိကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ …

    • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

    ပုံမှန်ဘဝ၊ ဆက်ဆံရေး၊ မိသားစုဆိုင်ရာ ပြဿနာတွေကနေ ဖြစ်လာတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ရောဂါတွေဟာလိင်စိတ်ကိုထိခိုက်နိုင်ပါတယ်။

    • ကျန်းမာရေး ပြဿနာများ

    – ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်းနဲ့ ကိုလက်စထရောများခြင်း၊ ဆံပင်ပေါက်ဆေး၊ HIV ဆေးနဲ့ အခြားဆေးတွေဟာလိင်စိတ်လျော့နည်းစေပါတယ်။

    • ဟော်မုန်း ပြဿနာများ

    ယောက်ျားဟော်မုန်းဟာအမျိုးသမီးတွေ အတွက်ရောအမျိုးသားတွေအတွက်ပါ ဆန္ဒကိုသက်ရောက်မှုရှိတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ဒီဟော်မုန်းနည်းခြင်းဟာလိင်စိတ်လျော့ကျစေပါတယ်။ အသက်ကြီးရင် ဟော်မုန်းလျော့ကျနိုင်ပါတယ်။ အခြားအကြောင်းရင်းတွေကတော့ ဆေးတွေ နဲ့ နာတာရှည်ရောဂါတွေပဲ ဖြစ်ပါတယ်။ အခြားဟော်မုန်းနည်းတာ (သိုင်းရွက်ဟော်မုန်းနည်းတာ၊ ဦးနှောက်အောက်ခြေမှာရှိတဲ့ ဂလင်းကထွက်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Prolactin များတာ) တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

    • Dopamine ပမာဏနည်းခြင်း

    – လိင်စိတ်နဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ရဲ့ သတင်းပို့တဲ့ အပိုင်းမှာပါဝင်တဲ့ ဟော်မုန်းတစ်ခုကတော့ Dopamine ဖြစ်ပါတယ်။ ဆရာဝန်တွေကစိတ်ကစဉ့်ကလျားရောဂါအတွက် Dopamine သောက်တဲ့ လူနာတွေမှာလိင်စိတ်များလာတာတွေ့ရတယ်လို့ ပြောပါတယ်။ Goldstein က ဒီဆေးတွေဟာအမျိုးသားအချို့ကို HSDD ရောဂါကိုကူညီပေးတယ်လို့ ပြောပါတယ်။

    လိင်စိတ်လျော့နည်းရတဲ့ အကြောင်းရင်းတိုင်းမှာကုသမှုတွေ ရှိပါတယ်။ စိတ်ရောဂါကြောင့် ဖြစ်တယ်ဆိုရင် လိင်မှုဆိုင်ရာကုထုံးတွေနဲ့ နည်းပညာတွေ အသုံးပြုပြီးလိင်စိတ် သာယာမှု ပြန်လည် ရရှိဖို့ ကုသနိုင်ပါတယ်။ Goldstein က ဒါဟာစိတ်ရောဂါကုသတာမဟုတ်ပဲလိင်ပြဿနာတွေပေါ်မှာအဓိကထားတဲ့ စိတ်ပိုင်းဆိုင်ရာတိုင်ပင်ဆွေနွေးမှုဖြစ်တယ် လို့ ဆိုပါတယ်။

    ယောက်ျားဟော်မုန်းနည်းတာကြောင့်ဖြစ်တယ်ဆိုရင် ဖြည့်စွက် ဟော်မုန်းတွေကိုသုံးစွဲနိုင်ပါတယ်။ ၂၅% သောအမျိုးသားတွေကတော့ တစ်ပတ်တစ်ခါ ဟော်မုန်းဆေးထိုးကြပြီးအများစုကတော့ ကပ်တဲ့အပြား (သို့) ဂျယ်တွေကိုရင်ဘတ်၊ ပုခုံးနဲ့ ဝမ်းဗိုက် အရေပြားပေါ်မှာတိုက်ရိုက် အသုံးပြုကြတယ်လို့ Goldstein က ပြောပါတယ်။

    လိင်စိတ်ပျောက်ဆုံးတဲ့ အမျိုးသားတွေဆိုတာမကောင်းတဲ့သူတွေ မဟုတ်ပါဘူး။ အဓိကကတော့ သူတို့ဟာသူတို့နဲ့ လိင်ဆက်ဆံသူနဲ့ အဓိကကျတဲ့ ရင်းနှီးမှု ပြန်လည် ရယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာနဲ့ ဒီလိုကျန်းမာပျော်ရွှင်တဲ့ ဘဝရဲ့ အဓိကသော့ချက်ကသူတို့ ကိုယ်တိုင်ပဲဆိုတာကိုလဲသိနားလည်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    When a man’s sex drive is too low
    http://www.webmd.com/sex-relationships/features/when- a-mans- sex-drive- is-too- low
    Accessed November 31, 2016

     

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 05/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။