backup og meta

အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

    အချို့သုတေသီတွေဟာ အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အမှားများစွာကို ပြုလုပ်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ အောက်ပါအချက်တွေကတော့ လိင်ဆက်ဆံစဉ် အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု နဲ့ သင်နဲ့ ထိုက်တန်တဲ့ သာယာမှုကိုဘယ်လိုရယူရမလဲဆိုတာတွေဖြစ်ပါတယ်။

    အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

    အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု ကတော့

    လိင်ဆက်ဆံရာတွင်အရင်စတင်ခြင်းမပြုကြခြင်း

    ကျွန်မတို့ အတော်များများဟာ မိန်းမဆန်တဲ့ အပြုအမူတွေ အပေါ် စိတ်ပူပန်မှု ရှိတတ်ကြပါတယ်။ အတင်းအကြပ်လုပ်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့ စိတ်တိုလွယ်တဲ့ မိန်းကလေးတစ်ယောက်ပုံစံနဲ့ မတူညီချင်ကြပါဘူး။ ဒါကြောင့် လိင်ကိစ္စကို အရင်စတင်ခြင်း မပြုလုပ်မှုဟာ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ လေးနက်တဲ့ အမှားတစ်ခု ဖြစ်ပါတယ်။

    အမျိုးသားတွေဟာ သူတို့ကပဲ အမြဲအရင်စနေရတဲ့သူတွေလို့ ခံစားရပြီး ဒါကပဲ သင်တို့ရဲ့ ဆက်ဆံရေးကြားမှာစိတ်ထက်သန်မှု ပမာဏ မညီမျှမှုကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေ နည်းတူ သူတို့ရဲ့ လိင်ဆက်ဆံဖက်နဲ့ ပတ်သက်ပြီးပူပန်မှုတွေ ရှိတတ်ကြပါတယ်။

    တဖြည်းဖြည်း တိုးတက်လာမှုနဲ့ သင့်ရဲ့ စိတ်ထက်သန်မှုကို ပြသပါ။ သင့်အိမ်ထောင်ဘက်ဟာ ဒါကို အသိအမှတ်ပြုမှာဖြစ်ပြီး သင့်ရဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံမှာ သာယာမှု နောက်တစ်ဆင့် တက်သွားတာကို တွေ့ရှိရပါလိမ့်မယ်။

    သင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာ စိုးရိမ်ပူပန်နေခြင်း

    လိင်ဆက်ဆံစဉ်မှာ သင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာ တွေးတောနေခြင်းဟာ သင့်ရဲ့သာယာမှုတွေကို တားမြစ်ပြီးတော့ လိင်စိတ် အထွတ်အထိပ်ရောက်စေတဲ့ အခွင့်အလမ်းတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။

    သင့်ဝမ်းဗိုက်အဆီ (သို့) မျက်နှာပေါ်က မိတ်ကပ်အကြောင်းကို မတွေးပါနဲ့။ အပြုအမူပေါ်မှာ သာယာကြည်နူးမှုကိုသာ အာရုံစိုက်ပါ။ သင့်ကိုယ်သင် လိင်စိတ်အထွတ်အထိပ်ရောက်စေဖို့ ခွင့်ပြုမှုတွေ ပေးရမှာ ဖြစ်ပါတယ်။

    Why Him, Why Her စာအုပ်ရေးသားသူနဲ့ Rutgers University က ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ Helen Fisher က အမျိုးသားတွေဟာ အမျိုးသမီးတွေ စိတ်စွဲလမ်းနေတဲ့ အရာတွေရဲ့ တစ်ဝက်လောက်ကိုတောင် သတိမထားမိဘူးလို့ ဖော်ပြခဲ့ပါတယ်။

    အမျိုးသားတွေဟာ သင်စိတ်လှုပ်ရှားနေလား၊ တက်ကြွနေလား၊ သူတို့ကိုစိတ်ဝင်စားနေလားနဲ့ စိတ်ပျော့ပျောင်းနေလားဆိုတာတွေပေါ်မှာ အာရုံမစိုက်ကြဘူးဆိုတာကတော့ အံ့သြဖို့ ကောင်းပါတယ်။

    Fisher ပြောခဲ့သလိုမျိုး အမျိုးသားတွေဟာ သူတို့ရဲ့ ခန္ဓါကိုယ်ချို့ယွင်းချက်တွေကို ထောက်ရှုမမြင်နိုင်ခြင်းတွေအတွက် ထပ်ဆင့်ပြောင်းလာတဲ့ ရှင်းပြမှုတစ်ခုရှိပါတယ်။ အမျိုးသားတွေဟာ (သတိမထားမိပဲ (သို့) တမင်တကာ) ကျန်းမာတဲ့ ကလေးတွေ မွေးဖွားနိုင်တဲ့ အမျိုးသမီးတွေကိုရှာဖွေလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စတင်ပြီး အမျိုးသားတွေဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေကို သဘောကျပြီး ကလေးအမြောက်အများ ယူကြပါတယ်။ ဒါဟာဒီခေတ်မှာတော့ မရှိမဖြစ် အရာတစ်ခု မဟုတ်တော့ပေမယ့် Fisher က ရှေးကလက်ကျန်လုပ်နည်းတွေ ဆက်လက်ကျန်ရှိနေပါတယ် လို့ဆိုပါတယ်။

    အမျိုးသားတွေဟာ ကျန်းမာငယ်ရွယ်ပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုကို ပိုခံရတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ခါး၊ တင်ပဆုံတွေရဲ့ ပုံပန်းသဏ္ဍာန်ကို ပူပန်နေမယ့်အစား သင့်ရဲ့ စွမ်းအား၊ စိတ်အားထက်သန်မှုနဲ့ သူ့အပေါ်စိတ်လှုပ်ရှားမှုတွေသာ ပူပန်ပါလို့ Fisher က ပြောပါတယ်။

    လိင်ဆက်ဆံမှုဆိုတာအမျိုးသားတွေအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့သာယူဆခြင်း

    ရှေးတုန်းက အယူအဆတွေဖြစ်တဲ့ မိန်းမတွေဟာ လိင်မှုကိစ္စကို စိတ်မဝင်စားဘဲ လိင်ဆက်ဆံခြင်းဟာလည်း အမျိုးသားတွေ အတွက်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေကို လက်လွှတ်လိုက်ဖို့သင့်ပြီလို့ ယူဆကြပါတယ်။ အချို့အမျိုးသားတွေအတွက်က လိင်ဆက်ဆံမှုဆိုတာ အင်မတန် အရေးကြီးတဲ့ အပြုအမူပါပဲ။ ဒါကို လျှော့မတွေးသင့်ပါဘူး။

    သုတေသနတစ်ခုက အတည်ရည်ရွယ်ပြီးဖြစ်တဲ့ ဆက်ဆံရေးတစ်ခုမှာ ယောက်ျားနဲ့ မိန်းမကိုယ်လက်နှီးနှောမှုဟာ ပိုပြီးစိတ်ကျေနပ်ဖွယ်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို ထောက်ခံခဲ့ပါတယ်။

    Parrot ကပြောပါတယ် “သုတေသန အတော်များများက အရည်အသွေးပြည့်ဝတဲ့ မကြာခဏ လိင်ဆက်ဆံခြင်းဟာ လက်ထပ်ထားတဲ့ အိမ်ထောင်ဖက်တွေမှာပဲရှိပါတယ်ဆိုတဲ့ အချက်ကို သေချာထင်ရှားစေခဲ့ပါတယ်။ မယူရသေးသော လူချင်းလိင်ဆက်ဆံမှုဟာ သာယာမှု အလုံအလောက် မရဘူးလို့ ဆိုလိုနေပါတယ်။”

    Fisher နဲ့ သူမရဲ့ တက္ကသိုလ်က အတန်းဖော်တွေ ပြုလုပ်ခဲ့တဲ့ လေးနက်မှုမရှိတဲ့ (တစ်ညအိပ်ရုံ) ဆက်ဆံရေးတွေမှာ ပါဝင်တဲ့ တက္ကသိုလ်က ကျောင်းသားတွေပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေနည်းတူ လိင်ကိစ္စရော ဆက်ဆံရေးကိုပါ အလေးအနက်ထားပါတယ်လို့ ကိန်းဂဏန်းတွေကဖော်ပြပါတယ်။ တကယ်တော့ တစ်ညအိပ်ရုံ ဆက်ဆံရေးတွေမှာပါဝင်တဲ့ ၅၀% သောအမျိုးသမီးတွေနဲ့ ၅၂% သောအမျိုးသားတွေဟာ ကြာမြင့်တဲ့ ဆက်ဆံမှုတစ်ခုဖြစ်ဖို့ မျှော်လင့်ကြပါတယ်လို့ Fisher က ဆိုပါတယ်။ သူတို့တွေရဲ့ သုံးပုံတစ်ပုံကတော့ တကယ်ပဲ ဖြစ်သွားကြပါတယ်။ ဒါဆို သင်ခန်းစာက ဘာပါလဲ။

    Fisher က အမျိုးသားတစ်ယောက်ဟာ စိတ်ကူးယဉ်မဆန်ဘူးလို့ ဘယ်တော့မှ မယူဆပါနဲ့ လို့ပြောပါတယ်။ ဒီယဉ်ကျေးမှုမှာ ကြီးမားတဲ့ အမှားနှစ်ခုကတော့ အမျိုးသမီးတွေဟာ လိင်ကိစ္စ စိတ်မဝင်စားဘူးဆိုတာနဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေလိုမျိုး စိတ်ကူးယဉ် မဆန်ဘူးဆိုတာတွေ ဖြစ်ပါတယ်။

    သူဟာအမြဲပဲလိင်ဆက်ဆံမှု ပြုချင်မယ်လို့ယုံကြည်နေခြင်း

    သင်မေးလိုက်တဲ့ အချိန်တိုင်း အမြဲအဆင်သင့်ဖြစ်နေပြီး စိတ်ပါနေတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသား အတော်တော်များများလိုတော့ အရွယ်ရောက်ပြီးအမျိုးသားတွေဟာ မဖြစ်နိုင်ပါဘူး။ နေ့စဉ်ဘဝရဲ့ စိတ်ရှုပ်ထွေးမှုတွေဖြစ်တဲ့ မိသားစု၊ အလုပ်၊ ကျသင့်ငွေတောင်းခံလွှာတွေဟာ အမျိုးသားတွေရဲ့ လိင်စိတ်ကိုပျက်စီးစေပါတယ်။ အမျိုးသားတွေရဲ့ လိင်စိတ်ကျဆင်းခြင်းကို တစ်မျိုးတွေးနေတာကြောင့် ဒါဟာအမျိုးသမီးတွေအတွက် အံ့အားသင့်စရာဖြစ်နေပါတယ်။

    ဒါကြောင့် အမျိုးသမီးတွေဟာ သူတို့ လိင်ဆက်ဆံဖက်တွေက လိင်ဆက်ဆံဖို့ စိတ်မပါဘူးလို့ ပြောတဲ့အခါမှာ မယုံကြည်နိုင်ဘဲ သူတို့အတွက် အံ့သြဖွယ် ဖြစ်နေပါတယ်။ သူတို့ဟာ လိင်ဆက်ဆံမှုမှာ အမြဲစိတ်လှုပ်ရှားနေတာမျိုး မရှိတာ ကိုယ့်ကိုကိုယ် သိရှိကြပေမယ့် သူတို့ရဲ့ အမျိုးသားကိုတော့ ချစ်ခင်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေက လိင်မဆက်ဆံချင်ဘူးလို့ ပြောတဲ့အခါမှာ သူတို့ကို မချစ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာ မမှန်ကန်ပါဘူး။ သူဟာလိင်ဆက်ဆံမှုကိုပဲ မပြုလိုတာ ဖြစ်ပါတယ်။

    လမ်းညွှန်ချက် မပေးခြင်း

    အချိန်တစ်ခုအထိအတူရှိနေသူ (သို့) ရင်းနှီးနေတဲ့သူနဲ့တောင်မှ ရုတ်တရက် လိင်ဆက်ဆံမှု၊ ဘယ်လိုကြိုက်နှစ်သက်တယ်ဆိုတာနဲ့ ဘာကိုမကြိုက်ဘူးဆိုတာပြောခြင်းဟာစိတ်မသက်မသာခံစားရစေပါတယ်။ ဒါပေမယ့် ဒါဟာ လိင်မှုဆိုင်ရာဆက်ဆံရေးတွေရဲ့ စိတ်ကျေနပ်မှုကိုရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။

    အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ လိင်ဆက်ဆံမှု အတွေ့အကြုံအတွက် တာဝန်ရှိပါတယ်။ သူမနဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကိုတာဝန်မယူရင် ဘယ်အမျိုးသားကမှ သူမကို လိင်စိတ်အထွတ်အထိပ်ရောက်အောင် ခေါ်သွားနိုင်မှာမဟုတ်ပါဘူး။ အကောင်းဆုံး လိင်ဆက်ဆံသူတောင်မှ သူမ ပေးမသိရင် သူမဘာကို လိုချင်တယ်ဆိုတာ မသိနိုင်ပါဘူး။

    ကောင်းတဲ့အချက်ကတော့ အမျိုးသားတွေဟာသူတို့ရဲ့ အမျိုးသမီးတွေကိုသာယာမှု ရရှိစေလိုပါတယ်။

    သူတို့ရဲ့ အတ္တကို ထိခိုက်တာမျိုးမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပြောရင် သူတို့က ဒါကိုအသိအမှတ်ပြုမှာပါ။ သူနားထောင်နေတဲ့အတွက် သူမဟာ မကြိုက်နှစ်သက်တဲ့အရာများကို သူမကြိုက်သောအရာ ငါးခုကြားမှာ ညှပ်ပြောသင့်ပါတယ်လို့ အကြံပေးထားပါတယ်။ နောက်တစ်ကြိမ် အတူနေချိန်အထိ သင်သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ ပြတ်ပြတ်သားသားပြောထားရင် အမျိုးသားတွေ နားထောင်တာကို တွေ့ရမှာပါ။

    သူအသစ်တစ်ခုခုကို အကြံပြုရင် စိတ်တိုခြင်း

    စုံတွဲတစ်တွဲဟာ အချိန်တစ်ခုအထိ အတူတူနေခဲ့ ပြီးပြီဆိုရင် အရာရာကို အနည်းငယ် ပုံစံကွဲစွာနဲ့ အရှိန်မြှင့်တင်ချင်တာဟာ ပုံမှန်ဖြစ်ပါတယ်။ အသစ်တစ်ခုကို ကြိုးစားကြည့်ခြင်းက သူဟာသင်နဲ့ မပျော်ရွှင်ဘူး (သို့) သင်နဲ့ လိင်ဆက်ဆံမှုကို မကြိုက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အတိုပြောရရင် တစ်မျိုးမမြင်ပါနဲ့။

    ဒါပေမယ့် သင့်အတွက် သက်တောင့်သက်သာဖြစ်အောင် ညှိနှိုင်းဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင့် အမျိုးသားက သင့်ရဲ့သိက္ခါကို ကျော်လွန်တဲ့ အသစ်အဆန်းတစ်ခုကို ပြုလုပ်ဖို့ အကြံပြုတယ်ဆိုရင် ဒါဟာ သင့်သည်းခံမှုကို ကျော်လွန်တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောပြီး ဘာကြောင့်ဆိုတာ ရှင်းပြပါ။ သေချာတာကတော့ ဒါကို သင်တတ်နိုင်သမျှ ချိုချိုသာသာပြောပါ။

    ဒါကသင့်ရဲ့ သိက္ခါနဲ့ ပတ်သက်တဲ့ အရာမဟုတ်ပေမယ့် သင်မလုပ်ချင်ဘူးဆိုရင် အကြောင်းပြချက်ကို ရှင်းပြပါ။ တကယ်လို့ ဒါဟာ ရိုးရိုးမယုံနိုင်လောက်တဲ့ တောင်းဆိုမှု တစ်ခုဖြစ်နေပြီးတော့ သင့်အတွက် စစချင်း မလွယ်ကူရင်တောင် လိုအပ်တာထက် ပိုမိုပြီး မတုံ့ပြန်ဖို့ ကြိုးစားပါ။ အဲဒီအစား သင်ဒါကို စဉ်းစားဖို့ အချိန်လိုတယ်ဆိုတာ သူ့ကိုပြောပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement