သင့်ကို စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ ဖိအားပေးဖူးသူ၊ အရှက်ရစေသူ၊ စော်ကားသူ၊ ထိခိုက်စေသူနဲ့ အကောင်းဆုံးကို မျှော်လင့်ပြီး လိင်ဆက်ဆံတာမျိုး မပြုလုပ်ပါနဲ့။ သင်သူနဲ့ လိင်ဆက်ဆံလို့လဲ ဒီလူဟာ သူ့အကျင့်တွေကို ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒီလူတွေနဲ့ လိင်ဆက်ဆံမှု ပြုလုပ်တာဟာသေချာပေါက် အကျိုးဆက်တွေ ရှိလာမှာပါ။
သင်ဟာ သင့်ကို လုံခြုံစိတ်ချမှု ခံစားရစေပြီး သင်လုပ်တဲ့ အလုပ်တွေမှာ ယုံကြည်မှု ရှိစေတဲ့ လူမျိုးနဲ့သာ လိင်ဆက်ဆံသင့်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံခြင်းဟာ မှားယွင်းတယ်လို့ ခံစားရပြီး သင့်ကို အရှက်ရစေတယ် ဆိုရင် ဒါဟာ လိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ပြဿနာ ဟုတ်ချင်မှ ဟုတ်မှာပါ။ သင့်နှလုံးသားကဒီလူက သင့်အတွက် မဟုတ်ဘူးဆိုတာ ပြောပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
- လိင်ဆက်ဆံစဉ် အကာအကွယ်သုံးရဲ့လား။
လိင်ဆက်ဆံစဉ်မှာ အမြဲ အကာအကွယ် သုံးပါ။ တစ်ခါတစ်လေတောင် မလွတ်သွားပါစေနဲ့။ အကာအကွယ် မပါဘဲ တစ်ခါလောက် လိင်ဆက်ဆံခြင်းကတောင် သင်ချစ်တဲ့သူနဲ့ သင့်ရဲ့ ဆက်ဆံရေးအပြင် သင့်ဘဝကိုပါ ပျက်စီးစေတဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ သယ်ဆောင်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။