ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်အင်္ဂါကြွက်နို့များ

သင့်လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ဒီအရာကဖျက်ဆီးနိုင်ပါတယ်

HPVဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း-ငယ်သောအမျိုးသားနှင့်အမျိုးသမီးများတွင်အဖြစ်အများဆုံးသောကျန်းမာရေးပြဿနာတစ်ခု HPV (သို့မဟုတ် ) Human Papilloma Virusသည်အဖြစ်အများဆုံးလိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်သောဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည်လိင်အဂါၤတဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနှင့် သေစေနိုင်လောက်သည်အထိပြင်းထန်သောကင်ဆာများဖြစ်သည့်လိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊စအိုကင်ဆာ၊လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့်အာသီးကင်ဆာများဖြစ်နိုင်သည်။ကင်ဆာများမဖြစ်နိုင်လျှင်တောင်ပေါက်နေသောကြွက်နို့များသည်သင့်၏လိင်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်စွမ်းယုံကြည်ချက်ရှိမှုကိုထိခိုက်စေပါသည်။ ကြွက်နို့များသည်လိင်အဂါၤပတ်လည်တဝိုက် နှင့်စအိုတစ်ဝိုက်တွင်မနာသောအဖုလေးများအဖြစ်ပေါက်တတ်သည် ။အရွယ်အစားနှင့်ပုံစံများကွဲပြားနိုင်ပါသည်။တစ်ချို့သောကြွက်နို့များသည်ပန်းဂေါ်ဖီကဲ့သို့အဖြူဖတ်များအထပ်လိုက်ပုံစံမျိုးနှင့်ရှိနေတတ်ပါသည်။ ကြွက်နို့များသည်သင့်ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ဒုက္ခမပေးနိုင်သော်လည်းုသင်၏စိတ်ပိုင်းဆိုင်ရာကိုတော့ထိခိုက်နိုင်ပါသည်။ HPVသည်သင်၏လိင်ပိုင်းဆိုင်ရာယုံကြည်မှုကို်ဘယ်လိုထိခိုက်နိုင်စေသနည်း။ ၁ ။ ြကွက်နို့များ လူ့အသိုင်းအဝိုင်းရဲ့လက်ခံမှုအရလိင်အဂါၤတစ်ဝိုက်တွ င် ကြွက်နို့များပေါက်နေလျှင်သင့်ကိုယ်သင်မသန့်ရှင်းဘူးဟုခံစားရပါလိမ့်မယ်။တချို့လူများကသင်သည်ကာမကိစ္စလိုက်စားသဖြင့် ကြွက်နို့ပေါက်ရခြင်းဖြစ်သည်ဟုယူဆထားကြသည် ။ မည်သို့ပင်ဖြစ်စေကာမူပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုသွားပြောနေ၍မရပေ။ချီးမွမ်း၇ရက်ကဲ့ရဲ့ ၇ရက်မဟုတ်လား။ဤသို့အပြောခံရမည်မှာထုံးစံပင် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားသင့်သည်။ အကယ်၍သင့်တွင်လက်တွဲဖော်ရှိပြီးသားဖြစ်လျှ င်သင့်၏ကိုယ်ကျင့်တရားသည်သူတို့အတွက်မေးခွန်းထုတ်စရာဖြစ်နေလိမ့်မည်။သူတို့အားသင်ကလှည့်စားသည်ဟုပင်သံသယဝင်နေနိုင်သည်။သင့်တွင်သာမကသင့်လက်တွဲဖော်တွင်ပါ HIV(ခုခံအားကျဆင်းမှုကူးစက်ရောဂါ)ရှိနေလျှင်သင်သာအပြစ်တင်ခံရမည်မှာမုချဖြစ်သည်။သင်တို့၏အိမ်ထောင်ရေးလည်းပြိုကွဲသွားလိမ့်မည်။ တစ်ကိုယ်တည်းသမားဖြစ်နေလျှင်တော့လိင်အဂါၤ မှ ကြွ က်နို့များသည်သင့်အားတစ်ကိုယ်တည်းဘဝမှ ကျွတ်ရန်ပိတ်ပင်နေလိမ့်မည်။သင်ကိုယ်တိုင်လည် း ကိုယ့်ခန္ဓါအားရွံရှာနေလိမ့်မည်။လူတော်တော်များများကကြွက်နို့ပေါက်သည်ဟုသတိထားမိပြီးတာနဲ့သူတို့ကိုယ်သူတို့တောင်မကြည့်ချင်တော့ဟုပြောကြသည်။သင်အပြင်ထွက်တာနှင့်သင့်စိတ်ထဲတွင်စတင်စဉ်းစားသည်က“ငါ့မှာကြွက်နို့ရှိတာသူတို့တွေသိနေလား” “သိသွားရင်သူတို့ရွံကြမှာလား” “လက်ကောလက်ခံနိုင်ပါ့မလား”ဆိုသည့်အတွေးဖြစ်သည်။မည်သို့ပင် ဖြစ်စေကာမူကုမရသောလိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါရှိသူကိုချစ်သူတော်ရမည်မှာခက်ခဲသောအရာပင်ဖြစ်သည်။ ကြွက်နို့များအားအချိန်အတော်ကြာကုယူရမည်။ကုသတိုင်းပျောက်ချင်မှလည်းပျောက်နိုင်သည်။ထိုအခါမိမိကိုယ်ကိုအထင်အမြင်သေးမှုနှင့်ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်သည့်ယုံကြည်မှုများတဖြည်းဖြည်းမှေးမှိန်လာပြီးစိတ်ကျရောဂါများစတင်ဝင်ရောက်လာပါတော့သည်။ ၂ ။ကင်ဆာေရာဂြါဖစ်နေလျှင် လိင်စိတ်တက်ကြွမှု နှင့်ကင်ဆာကြားတွင်ဆက်သွယ်မှုတော့သိပ်မရှိပေ။မျိုးပွားအင်္ဂါများတွင်ကင်ဆာဖြစ်နေလျှင်တော့သင့်ကိုယ်သင်သိမ်ငယ်နေမှုသည်သင့်အတွက်ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။ကင်ဆာမှရသောနာကျင်မှုအပြင်သိမ်ငယ်မှုများလည်းရနိုင်ပါသည်။သင့် ၏လွတ်လပ်မှုများဆုံးရှုံးသွားပြီးသင်လုပ်နေကျအလုပ်များတွင်လည်းမပျော်မွေ့တော့ပေ။သင်စတင်ပင်ပန်းလာပြီးအရင်ကလုပ်နေကျအလုပ်များပင်သင့်အတွက်စတင်ခက်ခဲလာသည်။သင်၏အနာဂါတ်အစီအစဉ်များကိုလည်းရပ်ထားလိုက်ရပြီးသင့်ဘဝကိုသင်စိတ်တိုင်းကျဆေးခြယ်၍မရတော့ဘူးဆိုသည့်အတွေးများစတင်ဝင်ရောက်လာသည်။ဤသို့ဖြင့်သင်ဟာဘယ်သူဖြစ်တယ်သင်ဘာဖြစ်ချင်တယ်သင်လုပ်နိုင်တယ်ဆိုသည့် ယုံကြည်ချက်များလျော့ကျလာသည်။ထို့ကြောင့်သိမ်ငယ်စိတ်မဝင်ဖို့နှင့်စိတ်ဓါတ်ခိုင်မာဖို့ယုံကြည်မှုများသည်သင့်၏ဆန့်ကျင်ဘက်လိင်ဆွဲဆောင်မှုနှင့်လိင်ကိစ္စများတွင်အဓိကျသောအပိုင်းများဖြစ်လာသည်။ သင့်ရဲ့လိင်ပိုင်းဆိုင်ရာစွဲဆောင်မှုကိုHPVကာကွယ်ဆေးနှင့်ကာကွယ်ထားလိုက်ပါ။ လူအများစုသည်ဆေးထိုးခံရမည်ကိုမကြောက်ကြပေ။ဤသို့ဖြင့်သူတို့တွင် HPVကာကွယ်ဆေးထိုးပြီးကြပြီးကြွက်နို့များနှင့်ကင်ဆာများအားကာကွယ်ပြီးသားဖြစ်နေတတ်သည် ။သင်ရောဘယ်လိုလဲ။သင်နှင့်သင်ချစ်ရသောသူကိုပါရောဂါဖြစ်မှုမှကာကွယ်မည်ဆိုလျှင်သင်ကာကွယ်ဆေးထိုးမည်လား။ကာကွယ်ဆေးမထိုးဘဲကြွက်နို့များမရချင်ဘူးဆိုလျှ င်အကောင်းဆုံးမှာလိင်မဆက်ဆံဘဲနေဖို့ဖြစ်သည်.။သင် ၁၀၀%လိင်မဆက်ဆံဘူးတာသေချာနေလျှင်ကာကွယ်ဆေးထိုးခြင်းကိုဆန့်ကျင်နိုင်ပါသည်။ HPVကာကွယ်ဆေးထိုးခြင်းဖြင့် ကြွက်နို့များလိင်အင်္ဂါတွင်ပေါက်ခြင်းနှင့်ကင်ဆာများကိုဖြစ်စေတတ်သည့် HPVဗိုင်းရပ်စ်ပိုးများအားကာကွယ်ပြီးဖြစ်သည် ။ဗိုင်းရပ်စ်ပိုးနှင့်တစ်ခါမှမထိတွေ့ဖူးလျှင် (သို့မဟုတ်)လိင်တစ်ခါမှမဆက်ဆံဖူးသေးသည့်အချိန်တွင်ကာကွယ်ဆေးထိုးလျှင်ဆေးအာနိသင်အကောင်းဆုံးကိုရနိုင်သည်။သင်လူပျိုဖော်၊အပျိုဖော်ဝင်သည့်အရွယ်ရောက်သည့်အခါတွင်လည်းဆေးအာနိသင်ရှိနေတုန်းဖြစ်သည်။ကာကွယ်ဆေး၏သက်ရောက်မှုကိုအပြည့်အဝရရှိမည်ဖြစ်သည်။သင်အသက်၄၅နှစ်အောက် ဖြစ်နေသရွေ့ကာကွယ်ဆေးထိုးရန်နောက်မကျသေးပေ။ကာကွယ်ဆေးသည်သင့်အားရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်သည့် အပြင် ပြင်းထန်သောဆိုးကျိုးများလည်းမပေးနိုင်သည့်အတွက်ယခုပဲကာကွယ်ဆေးထိုးလိုက်ပါ။ Hello Health […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ

ပုံမှန်အားဖြင့် ကိစ္စတခုခုကို ဆောင်ရွက်ရတဲ့အခါ နှောင့်နှေးကြန့်ကြာတာကို လူတွေမကြိုက်ကြပေမယ့် ကြာလေပိုကြိုက်လေဆိုတဲ့ ကိစ္စတခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အားလုံး သိကြတဲ့အတိုင်း ချစ်မှုရေးရာ လိင်ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစားအသောက်၊ အနေအထိုင်၊ လေ့ကျင့်မှု စတာတွေ အများကြီးနဲ့ သက်ဆိုင်ပေမယ့် အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ 'ကြာဆေး'တွေ သုံးစွဲခြင်းကို လူအများစုက ရွေးချယ်လိုက်ကြပါတော့တယ်။ ယေဘုယျအားဖြင့် ဒီလိုဆေးတွေဟာ ဆရာဝန်ဆေးစာပါမှ ဝယ်ယူခွင့်ရှိတဲ့ ဆေးတွေဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ကြိုက်တဲ့လမ်းဘေးဆေးဆိုင်မှာ အလွယ်တကူ ပျော်ပျော်ကြီး ဝယ်လို့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာ ဖြစ်ပေါ်လာရပါတယ်။ ဘယ်လိုမျိုး ဆိုးကျိုးတွေ ပေါ်ပေါက်လာသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ 'ကြာဆေး'တွေ ကို စိတ်ထင်တိုင်း မသောက်ပါနဲ့လို့ ပြောရတာက 'ကြာဆေး'တွေ ဘယ်လို အလုပ်လုပ်သလဲ ဒီဆေးတွေရဲ့ ဆိုးကျိုးအကြောင်း မပြောခင် သူတို့တွေ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မုဒိမ်းမှုနဲ့ မှုခင်းဆရာဝန်

သိပ်မကြာသေးခင်က နာမည်ကြီးခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတခုမှာ မုဒိမ်းမှုဖြစ်ကြောင်း (ကာမစပ်ယှက်မှုရှိခဲ့ကြောင်း) အတော်လေး သိသာထင်ရှားတဲ့ အချက်တွေ ရှိနေလျက်နဲ့ မှုခင်းဆရာဝန်က တရားခွင်မှာ ထွက်ဆိုတဲ့အခါ အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းမှာ သုတ်ရည်မတွေ့ရှိကြောင်း အစစ်ခံခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပြစ်တင်ဝေဖန်ကြ၊(ထုံးစံအတိုင်း)ဆဲကြဆိုကြနဲ့ အတော်လေး သောသောညံခဲ့ပါတယ်။ ဒါဟာ သာမန်ပြည်သူတွေအနေနဲ့ ဥပဒေကို တိတိပပ မသိနားမလည်ခြင်းနဲ့ မှုခင်းဆရာဝန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို မသိရှိတာကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဥပဒေပိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်မှာ မဟုတ်ဘဲ မှုခင်းဆရာဝန်နဲ့ ပတ်သက်တဲ့ အပိုင်းတွေကိုပဲ ဆေးပညာရှုထောင့်က မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။   မှုခင်းဆရာဝန်ဆိုတာ ဘာလဲ။ သူ့ရဲ့ တာဝန်ကရော ဘာတွေလဲ   မှုခင်းဆရာဝန်အကြောင်း မပြောခင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း က မှာ သင်ရတဲ့ မှုခင်းရေးရာဆေးပညာ (Forensic […]


သားဆက်ခြားခြင်း

အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ

လူရယ်လို့ဖြစ်လာရင် လုပ်စရာအလုပ်တွေက တော်တော်လေးတော့ များသား။ နေ့စဉ်လုပ်နေကျ အလုပ်တွေနဲ့ ရှုပ်နေတာနဲ့တင် သားဆက်ခြားမယ့်ကိစ္စကိုတွေးဖို့ဆိုတာ အချိန်မရှိနိုင်အောင်ပါ။ အိမ်မှုကိစ္စတွေကို လုပ်နေရတာနဲ့တောင် တော်တော်အလုပ်များနေရတဲ့အထဲ အိမ်ထောင်ဝင်ငွေအတွက်ပါ မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက်ကတော့ နေ့စဉ်အားတဲ့အချိန်ရယ်လို့ သိပ်တောင်မရှိဘူးဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဒီလို အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ အကြောင်း ပြောပြချင်ပါတယ်။ အမျိုးသမီးတော်တော်များများက သားဆက်ခြားနည်း ရွေးချယ်စရာများပေမယ့် အများသုံးတာကိုပဲ လိုက်သုံးလေ့ရှိကြပါတယ်။ အခုဆိုရင် သားဆက်ခြားနည်းတွေက အများသားပါ။ မိမိနဲ့ အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အလွယ်တကူအသုံးပြုလို့ရနေပါပြီ။ အလွယ်ဆုံးပြောပြရမယ်ဆိုရင် သားဆက်ခြားနည်းကို အဓိကအားဖြင့် ကာလတိုသားဆက်ခြားနည်းနဲ့ ကာလရှည်သားဆက်ခြားနည်းဆိုပြီး ခွဲခြားလို့ရပါတယ်။ သားဆက်ခြားနည်း ရွေးချယ်မယ် သားဆက်ခြားနည်းရွေးတဲ့အခါ ကိုယ့်ရဲ့မိသားစုနေထိုင်မှုပုံစံပေါ်မှာ အခြေခံပြီးရွေးချယ်တာက အကောင်းဆုံးပါ။ အလုပ်များတဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့တစ်လုံးပုံမှန်သောက်ရတဲ့ သန္ဓေတားသောက်ဆေး (COC) […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

HD တွေ ထွက်ကုန်ပြီလား

HD တွေ ထွက်ကုန်ပြီလား ........ HD ဆိုတဲ့ စာလုံးဟာ လူမှုကွန်ယက်နဲ့ မရင်းနှီးသူ ဒါမှမဟုတ် တခြားနိုင်ငံသားတွေအတွက် High-definition (ဝါ) ကြည်လင်ပြတ်သားပြီး အရည်အသွေးကောင်းမွန်တဲ့ ရုပ်သံဖိုင်တခုဆိုတဲ့ အဓိပ္ပာယ်ဆောင်မှာ ဖြစ်ပေမယ့် လူမှုကွန်ယက်နဲ့ အကျွမ်းတဝင်ရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီစာလုံးဟာ အဓိပ္ပာယ်တမျိုး သက်ရောက်ပါတယ်။ အားလုံးပဲ သိတော်မူကြတဲ့အတိုင်း HD ဆိုတာဟာ စုံတွဲတတွဲ လိင်ဆက်ဆံနေကြတာကို (အဆိုပါ စုံတွဲထဲက တယောက်ယောက် သို့မဟုတ် အခြားသူတယောက်ယောက်က) ခိုးရိုက်ထားတဲ့ ရုပ်သံဖိုင် သို့မဟုတ် မိမိတို့စုံတွဲကိုယ်တိုင် အလိုတူအလိုပါ ရိုက်ထားပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ပျံ့နှံ့သွားတဲ့ ခပ်ပြာပြာ ရုပ်သံဖိုင်တွေကို ဆိုလိုတာပါ။ အင်တာနက်နဲ့ ဖုန်းဟာ လက်တကမ်းဆိုတာထက် ပိုနီးစပ်လာတဲ့ အခြေအနေမှာ သင့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေဟာ တမဟုတ်ချင်းမှာပဲ […]


လိင်အင်္ဂါကြွက်နို့များ

သင့်ကလေးငယ်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက သင်ကိုယ်တိုင်ပါ

မိဘရယ်လို့ဖြစ်လာပြီဆိုရင်မဖြစ်မနေလုပ်ဆောင်ရမှာကကလေးကိုကျန်းမားပျော်ရွှင်နေအောင်ပျိုးထောင်ပေးဖို့ပါ။မိဘတိုင်းကသားသမီးတွေကိုကျောသားရင်သားမခွဲခြားဘဲချစ်နိုင်ကြတဲ့သူတွေပေါ့။ ဒါပေမယ့်သားလေးတွေကိုအုပ်ထိန်းစောင့်ရှောက်ပေးတဲ့ပုံစံနဲ့သမီးလေးတွေကိုအုပ်ထိန်းစောင့်ရှောက်တဲ့ပုံစံချင်းကတော့မတူနိုင်ဘူးပေါ့။အားလုံးလိုလိုလက်ခံထားတဲ့ဒီသဘောတရားကမှန်ကန်တယ်လို့မဆိုနိုင်ပါဘူး။ HPVခံစားရတဲ့အခြေအနေမှာဆိုရင်သားမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာ၊သမီးမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာတွေကမဖြစ်သင့်ဘူးလို့ပြောပါရစေ။သားယောက်ျားလေးဖြစ်ဖြစ်၊သမီးမိန်းကလေးဖြစ်ဖြစ် HPVကာကွယ်မှုကိုတော့တန်းတူညီမျှရရှိနိုင်ဖို့လိုပါမယ်။ HPVဆိုတာဘာလဲ၊ HPVက ရင်သွေးလေးတွေကိုဘယ်လိုထိခိုက်မှုတေွြဖစ်စေနိုင်လဲ Human papillomavirusလို့သိထားကြတဲ့ HPVဗိုင်းရပ်စ်ကလိင်ဆက်ဆံမှုကနေတဆင့်အများဆုံးကူးစက်တတ်တဲ့ရောဂါတွေထဲကတစ်ခုပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေမှာလိင်အင်္ဂါကြွက်နို့တွေဖြစ်နိုင်သလိုလိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ပါးစပ်၊လည်ချောင်းနဲ့လည်ပင်းအနောက်ဘက်ပိုင်းတွေမှာကင်ဆာဖြစ်တာတွေလိုမျိုးသေစေနိုင်တဲ့အနေအထားမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ လူတော်တော်များများကHPVဗိုင်းရပ်စ်ကအမျိုးသမီးတွေရောအမျိုးသားတွေမှာပါကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတာကိုမသိကြပါဘူး။လူအများကလက်ခံယုံကြည်ထားတဲ့အယူအဆကအပြည့်အဝမမှန်ပါဘူး။ HPVဗိုင်းရပ်စ်ကအမျိုးသမီးတွေပဲကူးစက်ဖြစ်ပွားတာမဟုတ်ပါဘူး။အမျိုးသားတွေနဲ့ဆယ်ကျော်သက်ကောင်လေးတွေမှာလည်းHPVဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။အချို့သောHPVဗိုင်းရပ်စ်တွေကအမျိုးသားတွေမှာပိုအဖြစ်များပါတယ်။ သိထားသင့်တဲ့HPV အန္တရာယ် HPV ကရင်သွေးလေးတွေကိုကင်ဆာဖြစ်စေနိုင်လား HPVဗိုင်းရပ်စ်ကြောင့်သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာ၊မွေးလမ်းကြောင်းကင်ဆာ၊လိင်တံကင်ဆာနဲ့စအိုကင်ဆာလိုမျိုးရောဂါတွေအပါအဝင် လျှာရင်းပိုင်းနဲ့အာသီးကင်ဆာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာတင်ဖြစ်စေနိုင်တာမဟုတ်ပါဘူး။လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေနိုင်ပါသေးတယ်။လိင်အင်္ဂါကြွက်နို့ကယောက်ျားလေးမှာရောမိန်းကလေးတွေမှာပါဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရမှုကအလွယ်တကူဖြစ်နိုင်တာကြောင့်သေသေချာချာသတိထားဖို့တော့လိုပါမယ်။ဂရုမပြုမိတဲ့အခိုက်အတန့်တစ်ခုမှာရောဂါကူးစက်ခံလိုက်ရတာမျိုးမဖြစ်စေဖို့အတွက်ပါ။ HPVကူးစက်ခံရတာကြောင့် ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုအချိန်ယူပြီးသေသေချာချာကုသလို့ရတယ်ဆိုပေမယ့် HPVဗိုင်းရပ်စ်ကမကုသဘဲပျောက်ကင်းတယ်လို့တော့မရှိပါဘူး။ HPVဗိုင်းရပ်စ်ကတစ်ခါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေပြီးတစ်ခါခါမှာပြန်ပေါ်လာတတ်ပါတယ်။ဆိုလိုတာကတော့တစ်ခါကူးစက်ခံရပြီးဆိုရင်အမြဲတမ်းရှိသွားတာဖြစ်နိုင်ပါတယ်။သင့်ကလေးငယ်အနေနဲ့လိင်ဆက်ဆံမှုကနေတင့်အခြားသူတစ်ဦးထံကနေHPVရောဂါပိုးကိုကူးစက်ခံရနိုင်ပါတယ်။များသောအားဖြင့်ကတော့ HPVဗိုင်းရပ်စ်ကိုလိင်ဆက်ဆံမှုကနေတဆင့်ကူးစက်ခံရတာပါ။လိင်ဆက်ဆံမှုဆိုတာမှာပါးစပ်နဲ့လိင်ဆက်ဆံမှုကနေလည်းကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံဖော်မှာHPVဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လက္ခဏာမရှိရင်တောင်မှရောဂါပိုးရှိနေမယ်ဆိုရင်လိင်ဆက်ဆံမှုကနေတဆင့် HPVဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးရှိနေသူနဲ့လိင်ဆက်ဆံမိခဲ့ပြီးနှစ်တော်တော်ကြာမှရောဂါလက္ခဏာပေါ်လာတာမျိုးဖြစ်နိုင်ပါတယ်။လူတော်တော်များများကသူတို့ကိုယ်တိုင် HPVဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုမသိကြပါဘူး။သူတို့ကိုယ်တိုင်ရောဂါရှိနေတာကိုမသိတာကြောင့်သူတို့ရဲ့လက်တွဲဖော်တွေဟာသူတို့ကြောင့်ရောဂါပိုးကူးစက်ခံကြရတယ်ဆိုတာကိုမသိကြပါဘူး။ ဘာကြောင့်ရင်သွေးလေးတွေကိုHPVကာကွယ်ဆေးထိုးနှံပေးသင့်တာလဲ HPVဗိုင်းရပ်စ်ကူးစက်ခံထားရလားဆိုတာကိုမြင်ရုံနဲ့မသိနိုင်ပါဘူး။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာနဲ့အခြားသောကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေ (အထူးသဖြင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါခံစားနေရသူတွေ)ဟာHPVဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းနည်းကြပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေမှာရောဂါခံစားရနိုင်ခြေကပုံမှန်ထက်ပိုများနေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ကင်ဆာရောဂါတွေကရောဂါအခြေအနေဆိုးရွားတဲ့အဆင့်မရောက်ခင်အထိသတိပြုမိဖို့ခက်ခဲကြပါတယ်။ရောဂါကတော်တော်လေးပြင်းထန်ချိန်မှသိရတဲ့အတွက်ကုသဖို့ကတော်တော့်ကိုခက်ခဲနိုင်ပါတယ်။ ဒါကြောင့် HPVဗိုင်းရပ်စ်ကိုမကူးစက်ခံရခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါကြောင့်ရင်သွေးလေးကသားသားလေးဖြစ်ဖြစ်မီးမီးလေးဖြစ်ဖြစ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်စေဖို့အတွက် HPVကိုကာကွယ်ပေးထားတာအကောင်းဆုံးဖြစ်မှာပါ။ ကလေးကအသက်၉နှစ်လောက်ကနေစပြီးHPVကာကွယ်ဆေးကိုထိုးနှံပေးပါ။HPVကာကွယ်ဆေးကိုယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အသက် ၉ နှစ်ကနေစပြီးကာကွယ်ဆေးထိုးပေးလို့ရပါပြီ။ကလေးကလူပျိုဖော်ဝင်ချိန်အပျိုဖော်ဝင်ချိန်ထိစောင့်နေစရာမလိုပါဘူး။ကလေးကအရွယ်မရောက်ခင်မှာကာကွယ်ဆေးကိုစတင်ထိုးပေးတာကထိရောက်မှုပိုကောင်းပါတယ်။ HPVကာကွယ်ဆေးကကင်ဆာနဲ့လိင်အင်္ဂါကြွက်နို့တွေမဖြစ်အောင်ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။ HPVကာကွယ်ဆေးတွေကစိတ်ချရသလိုထိရောက်မှုရှိပြီး၁၀ နှစ်လောက်အထိကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လိင်ဆက်ဆံမှုလုံးဝမလုပ်ဆောင်ရသေးတဲ့အရွယ်မှာကာကွယ်ဆေးထိုးတာကအထိရောက်ဆုံးဖြစ်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးတတ်နိုင်သမျှမြန်မြန်ကလေးကိုHPVကာကွယ်ဆေးထိုးပေးလိုက်ပါ။ Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။ ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။


လိင်အင်္ဂါကြွက်နို့များ

သင့်ကလေးကို HPV ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး သိသင့်သမျှ

Human papillomavirus (HPV)ဆိုတာဘာလဲ HPVဆိုတာhuman papillomavirusရဲ့အတိုကောက်ဖြစ်ပါတယ်။ HPVဟာ ဗိုင်းရပ်စ်ပေါင်း၁၅၀ကျော်ပါဝင်တဲ့ ဗိုင်းရပ်အုပ်စုတစ်ခုဖြစ်ပါတယ်။ အဲဒီအုပ်စုထဲက HPVဗိုင်းရပ်စ်တစ်မျိုးချင်းစီဟာ သူ့အမျိုးအစားအလိုက် နံပါတ်တစ်ခုစီရှိပါတယ်။ HPVအမျိုးအစားတချို့ကြောင့်ဖြစ်လာစေတဲ့ ကြွက်နို့ (papillomas)တွေကြောင့် အမည်ပေးထားတာဖြစ်ပြီး တခြားအမျိုးအစားတွေကတော့ကင်ဆာဖြစ်စေနိုင်ပါတယ်။ HPVကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ခံတွင်းသို့မဟုတ် လည်ချောင်းကင်ဆာနဲ့ စအိုသို့မဟုတ် စအိုလမ်းကြောင်းကင်ဆာတွေ ဖြစ်စေနိုင်တယ်။ အမျိုးသားတွေမှာ လိင်တံကင်ဆာ၊ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း၊ မိန်းမကိုယ်လမ်းကြောင်း၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် HPVကူးစက်မှုကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။   ကမ္ဘာမှာ HPVကူးစက်ခံရသူ သန်း၆၃၀ခန့်ရှိနေပြီဖြစ်ပါတယ်။ သားအိမ်ခေါင်းကို ကူးစက်မှုအများစုက လက္ခဏာမပြကြသလို ရောဂါတွေ့ရှိသူ၉၀%ကျော်ဟာ၂နှစ်အတွင်း ပျောက်ကင်းသက်သာသွားကြတာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရပြီး အလိုအလျောက်ကာကွယ်နိုင်စွမ်းနဲ့ ခုခံနိုင်စွမ်းက ဘယ်အတိုင်းအတာထိရှိနိုင်လဲဆိုတာအတိအကျမသိရသေးပါဘူး။ HPVကူးစက်မှုအတွက် ကုသနိုင်တဲ့ဆေးမရှိပေမယ့် ကာကွယ်ဆေးနဲ့တော့ ကာကွယ်တားဆီးနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာဖြန့်ချီထားတဲ့ HPVကာကွယ်ဆေးနှစ်မျိုးရှိပြီး ထိရောက်မှုလည်းရှိပါတယ်။ ဒီကာကွယ်ဆေးကြောင့် ရောဂါပိုးကူးစက်မှု ၈၆%ကျဆင်းသွားတယ်လို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အိပ်နေစဉ်မှာ လိင်ဆက်ဆံခြင်း (Sleep Sex) ဆိုတာဘာလဲ

အိပ်နေစဉ်မှာ လိင်ဆက်ဆံခြင်း (Sleep Sex) ဆိုတာဘာလဲ အိပ်နေစဉ်မှာ လမ်းလျှောက်ခြင်း၊ အိပ်နေစဉ်မှာ စကားပြောခြင်းနဲ့ အိပ်ပျော်နေစဉ် ကားမောင်းခြင်းတွေဆိုတာ အဖြစ်များတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေပါ။ သင့်အနေနဲ့ ဒီလို ဝေဒနာတွေကို ကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါမှမဟုတ် ကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ဒါဖြင့်ရင် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ ဆိုတာ ဘာကိုခေါ်တာလဲ။ အိပ်စက်ဆိုင်ရာ ပြဿနာတွေဆိုတာ ပုံမှန်ကောင်းကောင်းမွန်မွန် အိပ်ပျော်နေတဲ့ အချိန်မှာ ကောင်းကောင်း မအိပ်စက်နိုင်တဲ့ ဝေဒနာ တွေကိုခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တတ်သလို စိတ်ဖိစီးမှု များတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ လူအများစုဟာ ဒီလို အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို စိတ်ဖိစီးတဲ့အခါ၊ အလုပ်တွေ အရမ်းများတဲ့အခါ၊ တစ်ခြားသော ပြင်ပ အကြောင်းရင်းများနဲ့ ကြုံတွေ့ရတဲ့အခါမှာ တစ်ခါတစ်ရံ ခံစားရလေ့ရှိပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း မိန်းကလေးတစ်ယောက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားတယ် ဒါမှမဟုတ် ယောက်ျားလေးအုပ်စုထိုင်နေတဲ့ နေရာရှေ့က ဖြတ်သွားတယ်။ ဒါဆိုရင် 'ဟေ့ အသည်းလေး ဘယ်သွားမလို့လဲ'၊'ရွှတ် ရွှတ်' ဆိုတဲ့ အဆင့်ကနေ 'ဆော်ကြီးက မိုက်လိုက်တာကွာ၊ xxxxx လိုက်ရရင်တော့ ရှယ်ပဲ' အစရှိတဲ့ ညစ်ညစ်ညမ်းညမ်း စကားလုံးတွေအထိ တိုးတိုးတစ်နည်း၊ ကျယ်ကျယ်တစ်ဖုံ ပြောကြတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဘတ်စ်ကားစီးတယ်ဆိုရင်လည်း မိန်းကလေးရဲ့ ကျော၊ တင်ပါး စတာတွေကို အမျိုးသားရဲ့ မတော်ရာနဲ့ လိုက်ထိနေတာစသဖြင့် ရှိတတ်ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အဝေးပြေးကားပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ တင်ပါးကို အနောက်ကနေ ခြေထောက်နဲ့ မထိခလုတ်၊ထိခလုတ် ထိုးနေတာကြောင့် ပြဿနာဖြစ်တာကို ကြားလိုက်ကြဦးမှာပါ။ ဒါတွေဟာ အနိုင်ကျင့်တယ်ဆိုတဲ့ အတိုင်းအတာ မကတော့ပါဘူး။'လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း'ဆိုတဲ့ အဆင့်ကို ရောက်သွားပါပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ကျား၊ […]


HIV နှင့် AIDS ရောဂါ

HIV နှင့် သတိပြုဖွယ်များ

HIV နှင့် သတိပြုဖွယ်များ အကြောင်း လေ့လာလိုက်ရအောင်နော်။ HIV နှင့် သတိပြုဖွယ်များ “ကျွန်တော်ပြောရတာတော့စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ဆေးစစ်ကြည့်တာတွေ အရတော့အကို့မှာ HIV ပိုးရှိနေပါတယ်။” “ဟုတ်ရဲ့လား ဆရာ၊ သေချာရဲ့လား” “ဆရာတို့ဘက်က သေချာအောင်သုံးကြိမ်စစ်ထားပါတယ်။ သေချာပါတယ်” “တကယ်လား ဆရာရယ်၊ ကျွန်တော်ဘဝမှာ မကောင်းတာဆိုလို့တစ်ကြိမ်လောက်ပဲ အပျော်အပါးလိုက်စားဖူးတာပါ။ ကောင်မလေးပုံစံကလည်းသန့်သန့်လေးပါ” “HIV ပိုးက တစ်ကြိမ်တည်းနဲ့လည်းကူးနိုင်ပါတယ်၊ ရောဂါပိုးရှိမရှိဆိုတာကလည်း အပေါ်ယံကြည့်ရုံနဲ့မသိနိုင်ပါဘူး။ သွေးစစ်ကြည့်မှသေချာတာဆိုတော့၊ အဲ့တုန်းက ကွန်ဒုံးတော့မသုံးလိုက်ဘူးမဟုတ်လား” “ကျွန်တော့အမျိုးသမီးကိုတော့အသိမပေးပါနဲ့ဆရာရယ်၊ သူကျွန်တော့ကိုစိတ်ဆိုးမှာ” “မဟုတ်သေးဘူးအကို၊ သူ့မှာလည်း ရောဂါပိုးကူးစက်ခံထားရနိုင်တယ်၊ သူ့ကိုသေချာနားလည်အောင်ပြောပြပြီး သွေးစစ်ခိုင်းဖို့လိုပါတယ်” HIV ပိုးရှိမှန်း အခုမှတွေ့ရှိသွားသူနှင့်သူ၏ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။ HIV ရောဂါကူးစက်ခံရခြင်း အားလုံးသိပြီးသားအတိုင်းပင်၊ HIV ရောဂါပိုးသည် • လိင်တူလိင်ကွဲ အကာအကွယ်မဲ့ဆက်ဆံခြင်း • ရောဂါပိုးရှိသော သွေးကိုသွင်းမိခြင်း • ရောဂါပိုးရှိသူသုံးပြီးသား အပ်ကိုထပ်မံသုံးစွဲမိခြင်း • ရောဂါပိုးရှိသူမိခင်မှသားသမီးထံသို့ကူးစက်ခြင်း စသည့်နည်းလမ်းများဖြင့်အဓိက ကူးစက်ပါသည်။ ရောဂါပိုးသည်သွေးနှင့်ကိုယ်ခန္ဓါမှထွက်သော အရည်များတွင်ပါဝင်တတ်သောကြောင့်တစ်ယောက်နဲ့တစ်ယောက်ထိုသို့အရည်များထိတွေ့နိုင်သော တခြားနည်းလမ်းများဖြင့်လည်းကူးနိုင်ပါသည်။ ရောဂါပိုးသည်အနာမရှိသော အရေပြားကိုမဖောက်ဝင်နိုင်သော်လည်း ပွန်းပဲ့နေသော အရေပြားကို ဖြတ်သန်းဝင်ရောက်နိုင်ပါသည်။ ရောဂါပိုးရှိသူ၏ သွေးပေနေသော ဓါးဖြင့်နောက်တစ်ယောက်ရှမိပါက ကူးစက်နိုင်ပါသည်။ထို့ကြောင့်လည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း