ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ပိုး ကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ

HIV ပိုး ဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့ CD4 ဆဲလ်တွေကို အဓိက ဖျက်ဆီးပါတယ်။ ခုခံအားဆဲလ်တွေထဲကို ဝင်နေတာ ဖြစ်တဲ့အတွက် ကိုယ်ခံအားစနစ်က ပြန်တိုက်ဖို့ ခက်ပါတယ်။ ဒီပိုးဟာ သွေးကနေ တစ်ဆင့် ကူးစက်နိုင်သလို၊ ရောဂါပိုးရှိတဲ့ မိခင်ကနေလည်း ကလေးကို ကူးစက်နိုင်ပါတယ်။ နောက်ထပ် ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ သုက်၊ သွေးတွေဟာ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ကူးစက်နိုင်ပါတယ်။ HIVကူးစက်ခံရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ခါးနာရှိသောသူတွေအတွက် လိင်ဆက်ဆံနိုင်မည့် ခန္ဓါကိုယ်အနေအထားများ

နာတာရှည်ခါးနာခြင်းက လိင်မှုကိစ္စတွေမှာ အနှောက်အယှက်ပေးနိုင်ပါတယ်။ နာကျင်ကိုက်ခဲနေတဲ့အချိန်မှာ ဖီးလ်တက်ဖို့ ခက်ခဲပါတယ်။ လိင်မှုကိစ္စဟာ အချစ်ရေးအချစ်ရာရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ ခါးနာတာလေးနဲ့ သာယာမှုကို အဖျက်စီးမခံလိုက်ပါနဲ့။ ဒါတွေကတော့ ခါးနာတဲ့လူတွေအတွက်လိင်ဆက်ဆံရာမှာ အဆင်ပြေစေမယ့် ကိုယ်နေကိုယ်ဟန်တွေပဲ ဖြစ်ပါတယ်။ ၁။ mQUAD1 mQUAD 1 က အနောက်ဘက်ကနေ လိင်ဆက်ဆံတာပါ။ ဒေါ်ဂီစတိုင် လို့သိကြပါတယ်။ အမျိုးသမီးက ဒူးထောက်ထားရမှာပါ။ ထိုကိုယ်နေကိုယ်ဟန်က ခါးကုန်းရတဲ့အခါ သို့မဟုတ် အကြာကြီးထိုင်ရတဲ့အခါ ခါးအရမ်းနာတတ်တဲ့ ယောက်ျားတွေ အတွက် သင့်တော်ပါတယ်။ ၂။ mQUAD 2 ဒေါ်ဂီစတိုင်နောက်တစ်မျိုးပါပဲ။ mQUAD 1 နဲ့ mQUAD 2 နဲ့ ကွဲပြားတာက အမျိုးသမီး လက်ထောက်ခြင်းနဲ့ မထောက်ခြင်းပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ထိုကိုယ်နေကိုယ်ဟန်က ကျောရိုးပေါ်မှာ ဖိအားအနည်းငယ်ပဲ သက်ရောက်တယ်လို့ သိရပါတယ်။ ၃။ mMISS 1 mMISS […]


Trichomoniasis ရောဂါပိုးဝင်ခြင်း

Trichomoniasis ရောဂါအကြောင်း သိကောင်းစရာ

Trichomoniasis ဆိုတာ လိင်ကတဆင့်ကူးစက်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်ရတဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး ဘယ်လောက်အကြာမှာ ရောဂါကူးစက်ခံရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးပေမယ့် ၅ရက်ကနေ ၂၈ရက်ကြား ဖြစ်လိမ့်မယ်လိုတော့ အကြမ်းဖျင်းခန့်မှန်းထားပါတယ်။ ရောဂါကူးစက်ခံထားရသူ အမျိုးသမီးတွေမှာ မိန်းမကိုယ်မှ အနံ့နံတဲ့အရည် ဆင်းခြင်း၊ မိန်းမကိုယ်ယားယံခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း စတဲ့ လက္ခဏာတွေ ပြလေ့ရှိပြီး အမျိုးသားတွေမှာတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒီရောဂါကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေ များပါတယ်။ Trichomoniasis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ဒီရောဂါကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အမျိုးသမီးတွေအနေနဲ့ အောက်ဖော်ပြပါ လက္ခဏာများရှိမရှိ မိမိကိုယ်ကိုယ် သတိပြုစစ်ဆေးသင့်ပါတယ်။ မိန်းမကိုယ်မှ အဖြူရောင်၊ မီးခိုးရောင်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင် အနံ့ဆိုးဆိုးအရည် အများအပြားဆင်းခြင်း မိန်းမကိုယ်တဝိုက် နီရဲခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ […]


သားဆက်ခြားခြင်း

လိင်ကိစ္စနဲ့သားဆက်ခြားခြင်းကိစ္စများအတွက် မိမိကိုယ်တိုင်တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်

လူကိုမြင်တာနဲ့ ဘယ်တော့အိမ်ထောင်ပြုမှာလဲ၊ အိမ်ထောင်ကျသွားရင်လည်း ဘယ်တော့ကလေးယူမှာလဲ မေးရင်းနှုတ်ဆက်တတ်ကြတာ မြန်မာ့ပတ်ဝန်းကျင်ရဲ့ဓလေ့တစ်ခုလိုဖြစ်နေပါတယ်။ ချစ်သူရည်းစားထားရင်းအချိန်ကြာလာလို့ မယူသေးရင် ပတ်ဝန်းကျင်အမြင်ကမကောင်းဘူး၊ အိမ်ထောင်ကျပြီး နှစ်လေးစွန်းလာလို့ ကလေးမယူသေးရင်ပဲကလေးမရနိုင်တဲ့ချို့ယွင်းချက်ရှိသူလိုလို၊ စရိတ်မတတ်နိုင်သလိုလိုပတ်ဝန်းကျင်ရဲ့ထင်ကြေးတွေကိုစိုးထိတ်နေကြသူတွေရှိပါတယ်။ အဲဒီလိုပတ်ဝန်းကျင်ရဲ့သက်ရောက်မှုတွေအပြင် မိသားစုရဲ့ဖိအားတွေကိုပါရင်ဆိုင်လာရတဲ့ အမျိုးသမီးတွေဟာကိုယ်ရည်မှန်းထားတဲ့အနေအထားအထိမပြင်ဆင်ရသေးခင် အိမ်ထောင်ပြုလိုက်ရတာ၊ ကလေးယူလိုက်ရတာတွေဖြစ်လာတာပေါ့။ ရလဒ်ကျ ဘာဖြစ်လာလဲဆိုတော့ တစ်ပါးသူတွေရဲ့လွှမ်းမိုးမှုနဲ့ရှေ့ဆက်ရင်းဘဝမှာတိုးတက်အောင်မြင်ဖို့၊ သာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့၊ စနစ်တကျထက်မြက်တဲ့သားသမီးတွေကိုပျိုးထောင်နိုင်ဖို့လမ်းကမှုန်ဝါးလာနိုင်ပါတယ်။ အဆင်သင့်မဖြစ်သေးဘဲလက်ခံလိုက်ရတဲ့ ဘဝရဲ့ပင်ပန်းမှုတွေကြားရုန်းကန်လှုပ်ရှားရင်းပေါ့။ ဥပမာတစ်ဦးနဲ့တစ်ဦးနားလည်မှု၊သံယောဇဉ်မခိုင်မာသေးခင်ပြုလိုက်ရတဲ့ အိမ်ထောင်ရဲ့အဆင်မပြေမှုတွေ၊ အသက်ငယ်ငယ်နဲ့ကလေးယူလိုက်ပြီးနောက် မိခင်တာဝန်ကျေပွန်နိုင်အောင် အသိပညာမပြည့်စုံတဲ့အခက်အခဲတွေလိုမျိုး။ အမှန်တော့ အမျိုးသမီးတစ်ယောက်ဟာဘယ်နေရာမှာပဲနေနေ၊ ဝင်ငွေဘယ်လောက်ပဲရှိနေပါစေ၊ ဘာလူမျိုးပဲဖြစ်ဖြစ် သူ့ရဲ့ခန္ဓာကိုယ်နဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးဘာမဆိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါဟာလိင်ကိစ္စနဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအခွင့်အရေး(SRH Rights) လို့ခေါ်တဲ့ အမျိုးသမီးတွေရဲ့အခြေခံကျတဲ့လူ့အခွင့်အရေးပါ။ လိင်မှုကိစ္စနဲ့သားဆက်ခြားကျန်းမာရေးဆိုင်ရာအခွင့်အရေးတွေကိုသိရှိနားလည်ထားတဲ့အမျိုးသမီးငယ်တွေဟာအိမ်ထောင်ရေးကိစ္စနဲ့ သားသမီးယူရေးကိစ္စတွေမှာကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီးပညာရေးဆုံးခန်းတိုင်အောင်ရှေ့ဆက်မလား၊ အလုပ်ဆက်လုပ်မလားစသည်ဖြင့် ကိုယ့်ဘဝအတွက်လုပ်ပိုင်ခွင့်တွေကိုအသုံးချနိုင်လာပါလိမ့်မယ်။ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ပဲအရာရာစိတ်ကိုလျှော့ပြီးကိုယ့်ဆုံးဖြတ်ပိုင်ခွင့်ကိုလက်မလွှတ်လိုက်ပါနဲ့။ အိမ်ထောင်ပြု၊သားမွေးဆိုတဲ့အတိုင်းမိန်းကလေးတွေရဲ့ဘဝပေးတာဝန်လို့ သတ်မှတ်ပြီးခင်ပွန်းသို့မဟုတ် မိသားစုရဲ့တိုက်တွန်းမှုအရသားသမီးယူလိုက်ကြတာများပါတယ်။ သားဆက်ခြားနည်းလမ်းတစ်ခုခုကျင့်သုံးခြင်းကမတော်တဆကိုယ်ဝန်ရခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းတွေကို ဖြစ်နိုင်ခြေလျော့နည်းစေမယ့် အဖြေဖြစ်ပါတယ်။ သားဆက်ခြားနည်းတွေရဲ့ ဘေးကင်းမှုနဲ့ပတ်သက်ပြီးအမှားတွေသိထားတာ၊ ဗဟုသုတနည်းပါးတာတွေကအမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်မှာအနှောင့်အယှက်တွေဖြစ်စေတဲ့အချက်တွေထဲပါဝင်ပါတယ်။ အဲ့ဒီအခါ သားဆက်ခြားခြင်းအတွက်ကတစ်ဦးတည်း၊တစ်ဖက်တည်းသဘောမဟုတ်ဘဲခင်ပွန်းနဲ့ဇနီးကြားညှိနှိုင်းမှုတွေလိုအပ်သလိုအမျိုးသမီးဘက်ကလည်းကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရပါမယ်။ သားဆက်ခြားနည်းရွေးချယ်တဲ့အခါ လက်ရှိကိုယ့်အနေအထားနဲ့ သင့်တော်မယ့် နည်းလမ်းကိုစဉ်းစားရွေးချယ်ရမှာပါ။ ဥပမာ -အလုပ်တစ်ဖက်နဲ့အမျိုးသမီးတွေဆိုသားအိမ်တွင်းထည့်ပစ္စည်း IUD […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာ ဘာတွေ သတိထားသင့်သလဲ

နှစ်ကိုယ်တူ သဘောမျှပြီး ချစ်ပွဲဝင်ကြရာမှာ ဘာလုပ်လုပ်တင့်တယ် ဆိုသလိုပါပဲ။ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါတယ်။ လိင်ဆက်ဆံရာမှာ အဓိက ကြောက်ကြတာက မလိုချင်တဲ့ ကိုယ်ဝန်ရှိလာမှာကို ဆိုပေမယ့် တကယ်တမ်း ကြောက်သင့်တာက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ။ ဒီရောဂါတွေဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ယေဘုယျအားဖြင့် ယောနိ၊ စအို၊ လိင်အင်္ဂါတွေရဲ့ အရေပြား စတဲ့ နေရာတွေကတဆင့် ရောဂါပိုးတွေ ကူးစက်တယ်ဆိုပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာ လည်း ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ယောနိ သို့မဟုတ် စအိုနဲ့ လိင်ဆက်ဆံသလောက် ကူးစက်နှုန်း မများသည့်တိုင် ကံကိုယုံပြီး ဆူးပုံသွားနင်းလို့ မရပါဘူး။ အများသိကြတဲ့အတိုင်း ကွန်ဒုံးစွပ်တာက အကောင်းဆုံးဆိုပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါဒီလိုမျိုး ကွန်ဒုံးစွပ်ဖို့ကို အတော်များများက လက်ရှောင်ကြပါတယ်။ ဒါပေမယ့် အခြားသော […]


လိင်အင်္ဂါကြွက်နို့များ

လိင်မှတဆင့်အများဆုံးကူးစက်သောရောဂါအကြောင်း ကျွန်တော်လူတွေကို အသိပညာပေးပါတယ်

ကလေးသူငယ်များ HPV(လေးမျိုးစပ်ကာကွယ်ဆေး)မထိုးရသေးခြင်းသည်မိဘများကိုယ်တိုင် မသိသေးသောကြောင့်ဖြစ်နိုင်ပါသည်။ ဆယ်ကျော်သက်များ ကာကွယ်ဆေးထိုးဖြစ်ရန်ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆရာဝန်များ၏ အကြံပြုချက်သည် အဓိက အခန်းမှ ပါဝင်သည်ဟုယူဆရသည့် အချက်အလက်များရှိသည်။ HPV ကာကွယ်ဆေးထိုးခြင်းကို မသိရှိရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆယ်ကျော်သက်လေးတို့ရဲ့ ဆရာဝန်များ သူနာပြုများက ကာကွယ်ဆေးထိုးဖို့ရန် အကြံမပေးသောကြောင့်ဖြစ်သည်။ လူတွေသတိမထားမိသော အချက်ကတော့ ေယာက်ျားလေးများလည်း မိန်းကလေးများလို HPV ရောဂါပိုး ကူးစက်နိုင်သည်။ ထို့ကြောင့် ဆရာဝန်တစ်ယောက်အနေဖြင့် HPV ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုးများအား ရှင်းပြခြင်းဖြင့် ထိုးသင့်သော အသက်အပိုင်းအခြားရောက်နေသောသူတိုင်း ကာကွယ်ဆေးထိုးပြီးသားဖြစ်ရန်အတွက် အကောင်းဆုံး လုပ်သင့်ပါသည်။ မိဘများအား HPV ဗိုင်းရပ်စ်ရောဂါပိုးအကြောင်းနှင့် ကာကွယ်ဆေးအကြောင်းဘယ်လိုရှင်းပြသင့်သနည်း။ ဆရာဝန်များအနေဖြင့် ကလေးတိုင်း ထိုးသင့်သောကာကွယ်ဆေးများအကြောင်း မိဘများအားရှင်းပြလျှင် HPV ကာကွယ်ဆေးအကြောင်းလည်း ထည့်ပြောသင့်ပါသည်။ ထိုအခါ မိဘများဘက်မှ မေးလာမည့် ကာကွယ်ဆေးအကြောင်းနှင့် ဆေး၏ကောင်းကျိုးများအား ပြန်လည်ရှင်းပြရန် အတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစား ဆက်စပ်မှု ရှိသလား

လိင်တံအရွယ်အစားဆိုတာဟာ အမျိုးသားတွေကြားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆွေးနွေးစရာ တခု ဖြစ်ပါတယ်။ ဒါဟာ ယောက်ျားပီသမှု၊လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတခုအဖြစ် အဓိက ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမယ့် လေ့လာချက်အသစ်တခုအရတော့ လိင်တံအရွယ်အစားဟာ ဒီထက်အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကတော့ ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစားဟာ ဆက်စပ်မှုရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။   ယေဘုယျအားဖြင့် အမျိုးသားတဦးရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်ချေ ရှိမရှိ)ကို အတိအကျ သိဖို့ဆိုရင် သုတ်ကောင်တွေရဲ့ အရေအတွက်၊အရည်အသွေး စတာတွေကို ဓါတ်ခွဲခန်းမှာ စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် University of Utah က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ပျမ်းမျှ လိင်တံအရွယ်အစားထက် ပိုသေးတဲ့ အမျိုးသားတွေဟာ မျိုးအောင်နိုင်ချေနည်းတယ်လို့ သိရှိခဲ့ရပါတယ်။   ဘယ်သူတွေကို လေ့လာခဲ့သလဲ   ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆေးရုံဆေးခန်းတွေဆီ ရောက်လာခဲ့ကြတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေမှာ ကြုံတွေ့ရတတ်တဲ့ လိင်စိတ်ဆန္ဒ လျော့နည်းလာမှု ပြဿနာ

လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အအိပ်၊ အစား၊ ကာမဆိုတဲ့ အရာ၃မျိုးလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေအတွက်တော့ ကာမသုခပြီးပြည့်စုံမှသာ တစ်နေ့တာ လုပ်ငန်းဆောင်တာ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားသွားနိုင်မှာပါ။ ကာမသုခပြီးမြောက်ဖို့ စွမ်းဆောင်ရည်ကောင်းဖို့ လိုတယ်၊ ကာမစွမ်းဆောင်နိုင်ဖို့ လိင်စိတ်ဆန္ဒ မြင့်တက်နေဖို့ လိုပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ လျော့နည်းလာမှု ပြဿနာ ရှိတတ်ကြပါတယ်။ လိင်စိတ်ဆန္ဒမြင့်တက်ဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်စားသောက်တဲ့ ပုံစံဟာ မှန်ကန်နေဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်တော့ ဒီ လိင်စိတ်ဆန္ဒ လျော့နည်းလာတဲ့ပြဿနာဟာ ယောက်ျားလေးတော်တော်များများမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ ပတ်ဝန်းကျင်က ကိုယ့်ကို ယောက်ျားမပီသတော့ဘူးလို့ ထင်သွားမှာ ကြောက်ရွံ့တာ၊ ရှက်ရွံ့တာကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် သေချာမကုသဖြစ်ပဲ ပစ်ထားလိုက်ရာကနေ အခြေအနေတွေဟာ ပိုဆိုးသွားနိုင်ပါတယ်။ ဘာကြောင့် ယောက်ျားတွေမှာ လိင်စိတ်ဆန္ဒ […]


သားဆက်ခြားခြင်း

သင့်အမျိုးသားကို သားဆက်ခြားခြင်းနည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောမလဲ

ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ်တည်ဆောက်တဲ့နေရာမှာ နားလည်မှုရှိဖို့နဲ့ ပွင့်လင်းမှုရှိဖို့ကတော်တော်လေးအရေးကြီးပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာရော အိမ်ထောင်ရေးမှာပါ ဒီအချက်တွေကအရေးပါတာပါ။ ကျွန်မတို့မြန်မာအမျိုးသမီးတော်တော်များများက ငယ်စဉ်ပျိုးထောင်ကတည်းက စည်းကမ်းတင်းကျပ်လွန်းစွာကြီးပြင်းခဲ့ရတာကြောင့် ကိစ္စတော်တော်များများကို ဖွင့်ထုတ်မတိုင်ပင်ရဲကြတာများပါတယ်။ အထူးသဖြင့် အိမ်ထောင်မှုရေးရာနဲ့ လိင်မှုကိစ္စတွေကိုပေါ့။ အိမ်ထောင်တစ်ခုကို ထူထောင်တဲ့အခါမြန်မာအမျိုးသမီးအများစုက လင်ယောက်ျားကို အိမ်ထောင်ဦးစီးဆိုပြီးလေးစားကြတာက မမှားပေမယ့် ကိစ္စတိုင်းကိုတော့ တစ်ဦးတည်းသဘောနဲ့ လိုက်လုပ်နေစရာမလိုပါဘူး။ လူတိုင်းမှာ အခွင့်အရေးကိုယ်စီရှိတာမို့ အချို့ကိစ္စတွေမှာ သူဖြစ်ချင်တာ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ညှိနှိုင်းကြည့်ဖို့ပြောပါရစေ။ ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးဘယ်နှယောက်ယူမယ်ဆိုတာနဲ့ ဘယ်လိုသားဆက်ခြားနည်းက အဆင်ပြေဆုံးဖြစ်မလဲဆိုတာတွေကို နှစ်ဦးသားပွင့်ပွင့်လင်းလင်းဆွေးနွေးမှုကနေတဆင့် အကောင်းဆုံးအဖြေထုတ်နိုင်ပါတယ်။ မိမိလက်တွဲဖော်နဲ့ သားဆက်ခြားနည်းအကြောင်းတိုင်ပင်တဲ့အခါ သားဆက်ခြားနည်းက အရေးကြီးတာကြောင့် မိမိရဲ့လက်တွဲဖော်နဲ့တိုင်ပင်ဖို့ကို အားနာတာရှက်ရွံ့တာတွေမလုပ်ပါနဲ့။ သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်တာက နှစ်ယောက်စလုံးအတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။ လက်တွဲဖော်နဲ့ သားဆက်ခြားနည်းပြောရတာက အခက်အခဲရှိနိုင်ပေမယ့် မပြောလို့မဖြစ်တဲ့ အရေးကြီးတဲ့ကိစ္စပါ။ ကျွန်မတို့မြန်မာအမျိုးသမီးအများစုက သားဆက်ခြားနည်းရွေးချယ်တဲ့အခါ အိမ်ထောင်ဘက်နဲ့ မဆွေးနွေးမိဘဲ မိခင် ဒါမှမဟုတ် အမလိုမျိုးဆွေမျိုးရင်းချာတွေနဲ့ […]


လိင်အင်္ဂါကြွက်နို့များ

HPVနဲ့ ပတ်သက်လို့ သိထားသင့်တာလေးများ

HPVနဲ့ ပတ်သက်လို့ သိထားသင့်တာလေးများ က ဘာတွေများ ဖြစ်မလဲ! ကိုယ်တိုင်ရော HPV နဲ့ ပတ်သက်လို့ သိထားတာတွေ မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါ။ HPVနဲ့ ပတ်သက်လို့ သိထားသင့်တာလေးများ HPVနဲ့ ပတ်သက်လို့ သိထားသင့်တာလေးများ ကတော့ - HPV ( Human Papilloma Virus )ဆိုတာ ဘာလဲနဲ့ အရွယ်ရောက်ပြီးသား ယောက်ျားလေးနဲ့ မိန်းကလေးတိုင်းဘာကြောင့်သတိထားသင့်သလဲ။  HPV (သို့မဟုတ် ) Human Papilloma Virusသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည် လိင်အင်္ဂါတစ်ဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနဲ့ သေစေနိုင်လောက်သည်အထိ ပြင်းထန်သော ကင်ဆာများဖြစ်သည့် လိင်တံကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊ စအိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့် အာသီးကင်ဆာများ ဖြစ်နိုင်သည်။ လူတော်တော်များများက HPVသည် ယောက်ျားမိန်းမမရွေးဘဲ ကောင်းကောင်းဒုက္ခပေးနိုင်သည်ဆိုတာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း