လူရယ်လို့ဖြစ်လာရင် လုပ်စရာအလုပ်တွေကတော်တော်လေးတော့များသား။နေ့စဉ်လုပ်နေကျအလုပ်တွေနဲ့ ရှုပ်နေတာနဲ့တင် သားဆက်ခြားမယ့်ကိစ္စကိုတွေးဖို့ဆိုတာအချိန်မရှိနိုင်အောင်ပါ။ အိမ်မှုကိစ္စတွေကို လုပ်နေရတာနဲ့တောင်တော်တော်အလုပ်များနေရတဲ့အထဲ အိမ်ထောင်ဝင်ငွေအတွက်ပါ မိမိတတ်သိထားတဲ့ ပညာနဲ့တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့လေဒီတွေအတွက်ကတော့နေ့စဉ်အားတဲ့အချိန်ရယ်လို့သိပ်တောင်မရှိဘူးဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ဒီလိုအလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းလေးအကြောင်းပြောပြချင်ပါတယ်။