အိပ်နေစဉ်မှာ လိင်ဆက်ဆံခြင်း (Sleep Sex) ဆိုတာဘာလဲ
အိပ်နေစဉ်မှာ လမ်းလျှောက်ခြင်း၊ အိပ်နေစဉ်မှာ စကားပြောခြင်းနဲ့ အိပ်ပျော်နေစဉ် ကားမောင်းခြင်းတွေဆိုတာ အဖြစ်များတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေပါ။ သင့်အနေနဲ့ ဒီလို ဝေဒနာတွေကို ကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါမှမဟုတ် ကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ဒါဖြင့်ရင် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ ဆိုတာ ဘာကိုခေါ်တာလဲ။ အိပ်စက်ဆိုင်ရာ ပြဿနာတွေဆိုတာ ပုံမှန်ကောင်းကောင်းမွန်မွန် အိပ်ပျော်နေတဲ့ အချိန်မှာ ကောင်းကောင်း မအိပ်စက်နိုင်တဲ့ ဝေဒနာ တွေကိုခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တတ်သလို စိတ်ဖိစီးမှု များတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ လူအများစုဟာ ဒီလို အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို စိတ်ဖိစီးတဲ့အခါ၊ အလုပ်တွေ အရမ်းများတဲ့အခါ၊ တစ်ခြားသော ပြင်ပ အကြောင်းရင်းများနဲ့ ကြုံတွေ့ရတဲ့အခါမှာ တစ်ခါတစ်ရံ ခံစားရလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလို အိပ်စက်ဆိုင်ဆိုင်ရာ ပြဿနာတွေ အမြဲဖြစ်နေပြီဆိုရင်တော့ ဒါဟာဝေဒနာ စွဲစွဲမြဲမြဲဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဖြစ်ပွားရတဲ့ အိပ်စက်ဆိုင်ရာပြဿနာ အပေါ်မူတည်ပြီး အိပ်ပျော်ဖို့ ခက်ခဲတာမျိုး၊ ဒါမှမဟုတ် တစ်နေကုန် ပင်ပန်းနေတာမျိုး ခံစားရနိုင်ပါတယ်။ အိပ်မပျော်ခြင်းဟာ ခွန်အား နည်းပါးခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းနဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော ဖြစ်ရပ်တွေမှာ ရောဂါများနဲ့ စိတ်ကျန်းမာရေး ချို့ယွင်းခြင်းကြောင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ရောဂါတွေကြောင့် ဖြစ်ရတာဆိုရင်တော့ ဒီရောဂါအတွက် ကုသမှု ခံလိုက်ရုံနဲ့ ပျောက်ကင်းသွားတတ်ပါတယ်။ ရောဂါကြောင့် ဖြစ်ရတာ မဟုတ်ဘူးဆိုရင် နေထိုင်စားသောက်မှု ပုံစံပြောင်းခြင်း ဖြင့် ကုသမှုခံယူနိုင်ပါတယ်။