HIV ဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓါကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့ CD4 ဆဲလ်တွေကို အဓိက ဖျက်ဆီးပါတယ်။ တခြားသော ရောဂါပိုးတွေနဲ့ မတူပဲ HIV ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်က တိုက်ဖျက်လို့ မရပါဘူး။